You Can Be Saved, No Matter What You’ve Done
 Unicode Version
သင်ဘာကိုဘဲ လုပ်ဆောင်ခဲ့ပါစေ သင်ကယ်တင်ခြင်း ရရှိနိုင်ပြီ။
ရောမ ၃း၂ “၂ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့်၊ ယုံကြည်သောသူအပေါင်းတို့အဘို့ဖြစ်၍၊ ထိုသူအပေါင်းတို့ အပေါ်သို့ရောက်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်း တရားသည် ထင်ရှားခဲ့ပြီ။ ခြားနားခြင်းအလျှင်းမရှိ။”
သခင်ယေရှု ကားတိုင်ထက် အဖိုးအခ ပေးဆပ်ခဲ့ပြီးဖြစ်လို့ သင်ပြုသမျှသော ဒုစရိုက်အပြစ်တို့အားလုံးသည် လွှတ်ခြင်းအခွင့်ရရှိပြီ ဖြစ်သည်။ သင်၏ အပြစ်တို့ကို ဝန်ခံပြီး နောင်တရတဲ့အခါ ဘုရားသခင်က သင့်ကို လွှတ်လက်စွာ ၊ လုံးလုံးလျားလျား ၊ ချက်ချင်း , ထပ်ခါထပ်ခါ ခွင့်လွှတ်ပါတယ်။
အကယ်၍ကောင်းကင်ဘုံကဲ့သို့သောအရာ မရှိခဲ့ပင်လျှင် (တကယ်ပင် ရှိပါတယ်), သခင်ယေရှု၌ ယုံကြည်ခြင်း အားဖြင့် ကြည်လင်သော ဩတ္တပ္ပစိတ်ကို ရရှိခြင်းအရာက တန်ဖိုးရှိပါတယ်။ လူထောင်ပေါင်းများစွာနဲ့ ကျွန်ုပ်စကားပြောခဲ့ပါတယ်။ ထိုသူတို့မှာ လျှို့ဝှက်နေတဲ့အပြစ်တွေ သယ်ဆောင်ခြင်း ၊ လျှို့ဝှက်စွာ ဝမ်းနည်းခြင်း တွေနှင့် ရှက်ကြောက်ခြင်းတွေ ရှိနေပါတယ်။ ၎င်းအရာတွေအားလုံး လုံးလုံး ခွင့်လွှတ်ခြင်း ခံရနိုင်ပြီ ဖြစ်သည်။
ရောမ ၃း၂ “၂ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့်၊ ယုံကြည်သောသူအပေါင်းတို့အဘို့ဖြစ်၍၊ ထိုသူအပေါင်းတို့ အပေါ်သို့ရောက်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်း တရားသည် ထင်ရှားခဲ့ပြီ။ ခြားနားခြင်းအလျှင်းမရှိ။”
ထိုနောက်ဆုံးသော ကျမ်းပိုဒ်လေးကို ကျွန်ုပ် နှစ်သက်ပါတယ်။ သင်ဘယ်သူဘဲ ဖြစ်ဖြစ်၊ ဘာကိုဘဲ လုပ်ဆောင် ခဲ့ပါစေ အရေးကိစ္စမရှိပါ။ သင်ကယ်တင်ခြင်း ခံရနိုင်ပြီဖြစ်သည်။ အပြစ်လွှတ်ခြင်း ခံရနိုင်ပြီ။ သခင်ယေရှုကို ယုံကြည်လိုက်တာနဲ့ အရာအားလုံး အပြစ်လွှတ်ခြင်း ခံရပါပြီ။
လူတိုင်း တစ်စုံတစ်ခု ယခုပင် ရင်ဆိုင်ဖြတ်သန်းနေရပါမည်။ မှောင်မိုက်သော နေ့ရက်တွေ ၊ စိတ်ဓါတ်ကျ ခြင်းတွေ၊ သံသယတွေ ကို ဖြတ်သန်းရနိုင်ပါတယ်။ အကယ်၍ သင်၌ဖြစ်နေပါက သင့်အား ယုံကြည်ဖို့ရန် ကျွန်ုပ် ပြောပါရစေ။
စိုးရိမ်ခြင်း ၊ ပင်ပန်းနွမ်းနယ်ခြင်းနေ့ရက်တွေကို သင်ဖြတ်သန်းနေရလည်း သင်ယုံကြည်ဖို့ ကျွန်ုပ်ပြောပါရစေ။ 
ရှုပ်ထွေးမှုတွေနှင့် ဖြတ်သန်းနေရလည်း သင်၌ ဘဝအတွက် ဘာလုပ်သင့်သလဲ၊ ဘာလို လမ်းညွှန်မှုကို လုပ်သင့်သလဲ ဆိုတဲ့ စိတ်ကူးမရှိခဲ့ပါလျှင် ယုံကြည်ဖို့ရန် ကျွန်ုပ်ပြောပါရစေ။
ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁း၁၂”ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သော သူတို့ အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။”
ဘယ်လို ရင်ဆိုင်မှုတွေ တွေ့ကြုံတဲ့အခါတိုင်း ဘုရားသခင်ထံ တိုးဝင်ပါ။ သူနှင့် အဆက်မပြတ်ပါစေနှင့်။ ယုံကြည်ပါ။ ဘယ်မှာမှ ရှာမတွေ့နိုင်တဲ့ သင်လိုအပ်နေသော နှစ်သိမ့်ခြင်းမျိုး တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ၎င်းနှစ်သိမ့်ခြင်းသည် သင်မည်သူမည်ဝါ ဖြစ်သည်ကို လက်ခံသည်။ ချစ်သည်။ အပြစ်လွှတ်ခြင်း ခံရကြောင်းကို သိရှိခြင်းမှာ လာပါသည်။ 
ဆင်ခြင်ရန်
ဘုရားသခင်ရဲ့ ကယ်တင်ခြင်းနဲ့ ကျေးဇူးတော်ကမ်းလှမ်းမှုကို ယုံကြည်ပြီး လက်ခံဖို့ ဘာကြောင့် ခက်ခဲနေပါသနည်း။ 
ဘုရားသခင်နှင့် “မှန်ကန်သော” ခံရခြင်းဟူသည် အဘယ်အရာကိုဆိုလိုသနည်း။
ရောမ 3:22 မှကြားနာပြီး အားပေးမှုရရန် သင့်အသက်တာတွင် မည်သူလိုအပ်သနည်း။
--------------------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်