How Do You Respond to Grace?
Unicode Version
ကျေးဇူးတော်ကို သင်မည်သို့ တုန့်ပြန်ပါသနည်း
ရောမ ၃း၂ “၂ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့်၊ ယုံကြည်သောသူအပေါင်းတို့အဘို့ဖြစ်၍၊ ထိုသူအပေါင်းတို့ အပေါ်သို့ရောက်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်း တရားသည် ထင်ရှားခဲ့ပြီ။ ခြားနားခြင်းအလျှင်းမရှိ။”
ကယ်တင်ခြင်းဆိုသည်မှာ အခမဲ့ ဖြစ်ပါတယ်။ သင်၏ အပြစ်ရှိသမျှတို့ လွှတ်ခြင်းအခွင့်ရရှိပြီး ကောင်းကင်ဘုံသို့ ဝင်ရောက်ခွင့် လက်မှတ် (အခမဲ့) ရရှိတာ ဖြစ်ပါတယ်။ သို့ပေမဲ့ ကယ်တင်ခြင်းက သင့်အတွက် အခမဲ့ ဖြစ်ပေမဲ့လည်း အဖိုးအခရှိနေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်စုံတစ်ယောက်က သင့်အတွက် အဖိုးအခ ပေးချေခဲ့တာ ဖြစ်ပါတယ်။ သခင်ယေရှု ကားတိုင်ထက် အသေခံခဲ့ခြင်းအရာက သင် အပြစ်လွှတ်ခြင်း ရရှိဖို့ရန်အတွက် အဖိုးအခ ပေးခဲ့တာ ဖြစ်ပါတယ်။
သင့်အတွက် ကောင်းကင်ဘုံဝင်ရောက်ရဖို့ရန် တခြားသောနည်းလမ်း ရှိနေမယ်ဆိုရင် ဘုရားသခင်က ၎င်းကို အသုံးပြုမယ်လို့ သင်ထင်ပါသလား။ သန့်ရှင်းမြင့်မြတ်သော ဘုရားသခင်အတွက် ပြည့်ဝစုံလင်ခြင်းမရှိတဲ့လူကို ပြည့်ဝစုံလင်ခြင်းရှိတဲ့ ကောင်းကင်ဘုံသို့ ဝင်ခွင့်ပေးဖို့ရန်  တစ်ပါးတည်သော သားတော် ယေရှုကို စွန့်တော်မူခြင်းအရာထက် တခြားသော နည်းလမ်းရှိခဲ့ပါလျှင် အသုံးပြုနှင့်ပြီဖြစ်မယ်လို့ သင်ထင်သည် မဟုတ်လော။ ဟုတ်ပါတယ် တခြားနည်းလမ်းရှိမယ်ဆိုရင် သုံးမှာ ဖြစ်ပါတယ်။
“အသွေးသွန်းလောင်ခြင်းမရှိ၊ အပြစ်လွှတ်ခြင်းမရှိ။” ( ဟေဗြဲ ၉း ၂၂ )
အသွေးတော်ကြောင့်ကယ်တင်ခြင်း သို့ရောက်ရ၏။........ အသွေးတော်ကြောင့်ဖြောင့်မတ် ရာသို့ရောက်ကြ၏။...... အသွေးတော်ကြောင့်ထာဝရအသက်ကိုပိုင်ဆိုင်ရ၏...... အသွေးသွန်းလောင်းသေ ာအရှင်သည် ချစ်ခြင်းမေတ္တာအရှင်ဖြစ်တော်မူ၏။
လူကောင်းတစ်ဉီးဖြစ်ခြင်း ၊ ဘုရားသခင်၌ တည်နေခြင်းတို့သည် ကောင်းကင်ဘုံသို့ ဝင်နိုင်သည်ဟု တစ်ချို့သော လူတွေက ဆိုကြပါတယ်။ ၎င်းသည် မှန်နေပါက သခင်ယေရှု ဘာကြောင့် အသေခံရမည်နည်း။ မလိုအပ်ဘဲ ဒီလိုဝေဒနာမျိုးကို သူခံယူမှာမဟုတ်ပါဘူး။
အမှန်တရား က လူတိုင်းအပြစ်နဲ့ ပြည့်နေပါတယ်။ ပြီးပြည့်စုံတဲ့ဘုရားသခင်အတွက် ထိုအပြစ်အတွက် ကြီးမားတဲ့ အဖိုးအခ မပေးဆပ်ဘဲ စုံလင်တဲ့ ကောင်းကင်ဘုံဆီ သင့်အား ဝင်ခွင့်မပြုနိုင်ပါ။ ထို့ကြောင့် လူကောင်းတစ်ယောက်ဖြစ်လို့ မလုံလောက်နိုင်ပါ။ သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ လူအပေါင်းတို့သည် ဒုစရိုက်ကို ပြု၍ ဘုရားသခင်ရှေ့၌ အသေရေပျက်ကြပြီ။ ထို့ကြောင့် ကယ်တင်ခြင်း လိုအပ်တာ ဖြစ်ပါတယ်။ 
သမ္မာကျမ်းစာတွင် ဖော်ပြထားသည်မှာ ရောမ ၃း၂ “၂ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့်၊ ယုံကြည်သောသူအပေါင်းတို့အဘို့ဖြစ်၍၊ ထိုသူအပေါင်းတို့ အပေါ်သို့ရောက်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်း တရားသည် ထင်ရှားခဲ့ပြီ။ ခြားနားခြင်းအလျှင်းမရှိ။”
သင် ဘယ်သူဘဲ ဖြစ်ဖြစ် ၊ ဘယ်လို အရာတွေ ပြုခဲ့ပါစေ သခင်ယေရှုထံ လာရောက်နိုင်ပါတယ်။ ၎င်းအရာသည် သင့်အတွက် ကြင်နာစိတ် အရှိဆုံးသော အရာ မဟုတ်ဘူးလား။ 
ဘယ်လိုအရာကို လုပ်ဆောင်ခြင်းက သင့်အတွက် အရှက်ရဆုံး ဖြစ်စေသနည်း။ ၎င်းအတွက် သခင်ယေရှု ပေးဆပ်ခဲ့ပြီးပါပြီး။ သင့်ကိုယ်သင် ထပ်တလဲလဲ ထုရိုက်ခြင်းခံနေခြင်းမှ ရပ်တန့်ပြီး သင့်အစား သခင်ခံယူခွင့်ကို ပေးလိုက်ပါ။ သခင် ယေရှု ပေးဆပ်ခဲ့ပြီးသော အရာအတွက် သင်ပေးချေဖို့ မလိုတော့ပါဘူး။
ကောလောသဲ ၁း၁၄ “ထိုသားတော်၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနှုတ် တော်မူခြင်း ကျေးဇူး ကို ငါတို့သည် ခံရကြ၏။”
သင်၏ အပြစ်ပြုခြင်းအရာတွေမှ ပြန်လှည့်ပြီး ၎င်းအပြစ်အတွက် ကားတိုင်ထက် သခင်ယေရှု ပေးဆပ်ခဲ့ပြီးကြောင်းကို ယုံကြည်လိုက်ပါ။ အမှုပြီးပြီ။ ၎င်းသည် သခင်ယေရှု သင့်အား မည်မျှချစ်ကြောင်းကို ဖော်ပြနေတာ ဖြစ်ပါတယ်။
ဆင်ခြင်ရန်
ကောင်းကင်ဘုံသို့ ဝင်ရောက်ခြင်းအတွက် —သခင်ယေရှုမှလွဲ၍ အခြားအရာတစ်ခုခုကို (“လူကောင်း” သို့မဟုတ် ဘုရားသခင်၌သင် တည်နေကြောင်းကို ယုံကြည်ရုံမျှဖြင့်)  အတိတ် (သို့) ယခုလက်ရှိကာလပင်လျှင်  သင် မည်သို့ ကိုးစားယုံကြည်ပါသနည်း။ 
သင် အရှက်ရဆုံး အပြစ်အတွက် ယေရှု ပေးဆောင်ခဲ့ကြောင်း သိရခြင်းအရာသည် မည်သို့ ကွာခြားမှု ဖြစ်စေ သနည်း။
သင်မည်သူဖြစ်သည်ဖြစ်စေ၊ ဘာကို ဘဲလုပ်ဆောင်ခဲ့သည်ဖြစ်စေ သခင်ယေရှုထံသို့ သင်လာရောက်နိုင်ပါတယ်။ ထိုအမှန်တရားသည် သင့်အတွက် ဘယ်လို အဓိပ္ပါယ်ဖြစ်စေသနည်း။
----------------------------------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်