Unicode Version
သင် ကယ်တင်ခြင်း ခံရကြောင်း မည်သို့ သိနိုင်မည်နည်း။
ရှင်လုကာ ခရစ်ဝင်ကျမ်း ၂၃း၄၂ တွင် သခင်ယေရှု ဘေးရှိ ကားတိုင်ပေါ်ဆွဲထားသော လူဆိုးတစ်ယောက်က “သခင် ၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျက်ကြွလာတော်မူသောအခါ အကျွန်ုပ်ကို အောက်မေ့ တော်မူပါဟု ယေရှုကို လျှောက်ဆို၏။”
ထိုအချိန်ကာလ၌ အံ့ဩဖွယ်ရာ လုပ်ဆောင်ခြင်းအတွက် သခင်ယေရှုသတင်းသည် ကျော်ကြားပါတယ်။ သို့ပေမဲ့ ထိုလူဆိုးသည် ပြင်းထန်စွာ နာကျင်နေသော်လည်း သခင်ယေရှုအား ၎င်း၏ နာကျင်မှုများ ရပ်တန့်ပေးဖို့ရန် မတောင်းဆိုပါဘူး။ သေခြင်းမှလည်း ကယ်တင်ဖို့လည်း မတောင်းဆိုခဲ့ပါဘူး။
ထိုသူ ဆိုခဲ့သည်မှာ “သခင် ၊ အကျွန်ုပ်အား သတိရတော်မူပါ” ဘာကြောင့်လဲ. ဘာကြောင့်လဲဆိုတော့ သူ၏ အနက်ရှိုင်းဆုံးသော လိုအပ်မှုသည် ကယ်တင်ခြင်း ဖြစ်ကြောင်းနှင့် ကောင်းကင်ဘုံရှိ အိမ်တော်အကြောင်းကို သူသိနေလို့ ဖြစ်ပါတယ်။ ပြီးတော့ သူ့အား သခင်ယေရှု ပေးကြောင်းနိုင်ကြောင်းကို သူယုံကြည်လို့ ဖြစ်ပါတယ်။
တမန်တော် ၁၆း၃၁ “ထိုသူတို့ကလည်း၊ သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင်သင်နှင့်သင်၏အိမ်သူ အိမ်သား တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်”
ဒါကြောင့် အပြစ်မှ ကယ်တင်ခြင်း ခံရပြီဆိုတာကို သေချာဖို့ရန် သင်ဘယ်လို သိရှိမလဲ။ သင်သေဆုံးပြီး နောက်တွင် ကောင်းကင်ဘုံသို့ သွားရမယ်ဆိုတာ ဘယ်လို သိမလဲ။ သင်၏ သံသယတွေကို ဘယ်လို ဖယ်ရှားမလဲ။
ကယ်တင်ခြင်းဆိုတဲ့ အာမခံချက်သည် သင်၏ လုပ်ဆောင်ချက်တွေပေါ် မတည်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကယ်တင်ခြင်းကို ကိုယ်တိုင် ရယူလို့ မရပါဘူး။
ဒါဆိုရင် သင်၏ ကယ်တင်ခြင်းကို ဘယ်အရာက အာမခံပေးနိုင်မလဲ။ ဘုရားသခင်ရဲ့ ကတိတော်ဖြစ်ပါတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော် ကတိတော်တွေကို သင်ယုံကြည်နိုင်ပါတယ်။ ကိုးစားလို့ ရပါတယ်။
ကားတိုင်ထက်က လူဆိုးကို သခင်ယေရှု ပြန်ပြောသည်မှာ “ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ရှိလိမ့်မည်ဟု မိန့်တော်မူ၏။” သင်၌လည်း ထိုနည်းတူ ကယ်တင်ခြင်း အာမခံချက် ရှိပါတယ်။ သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင်သင်နှင့်သင်၏အိမ်သူ အိမ်သား တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်” ဟု ဘုရားသခင်၏ ကတိတော်ရှိပါတယ်။
ဆင်ခြင်ရန်
သမ္မာကျမ်းစာနှင့် ဘုရားသခင့်ကတိတော်များကို သင်ယုံကြည်နိုင်တယ်ဆိုတာကို မည်သို့ သိရှိပါသနည်း။
ကယ်တင်ခြင်းအတွက် ယေရှုကို သင်ယုံကြည်ခဲ့ပါသလား။ မဟုတ်ရင် ဒီနေ့ လုပ်ဖို့ အဆင်သင့်ဖြစ်ပြီလား။
သခင်ယေရှုကို ယုံကြည်ကိုးစားပါက၊ ခရစ်တော်အားဖြင့် ရရှိသော ကယ်တင်ခြင်း အာမခံချက်ကြောင့် သင်သည် မည်သို့ ခြားနားစွာ အသက်ရှင်နေထိုင်မည်နည်း။
---------------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်