Unicode Version
သင်၏ပြသနာများကို
နည်းလမ်း (၅) မျိုးဖြင့် ဘုရားသခင် အသုံးပြုပါတယ်
ဆာလံ ၁၁၉း၇၁-၇၂ “အထုံးအဖွဲ့တော်တို့ကို
သွန်သင်စေခြင်းငှါ၊ အကျွန်ုပ်ဆင်းရဲခံရသော ကျေးဇူးသည် ကြီးပါ၏။
နှုတ်တော်ထွက်
တရားတော်သည် ရွှေငွေ အထောင်အသောင်းထက်မက၊ အကျွန်ုပ်၌သာ၍ ကောင်းပါ၏။”
အလူအများစုတို့သည် ရင်ဆိုင်တွေ့ကြုံရသော အခက်အခဲတို့ပေါ် စိတ်လိုက်မာန်ပါ တုံ့ပြန်ခြင်း(သို့) စိတ် နာကျည်းခြင်းတို့ ဖြစ်လာကြပါတယ်။ ထိုပြသနာတို့သည် မည်သို့သော ရလဒ်ကိုဖြစ်ပွားစေနိုင်ကြောင်းကို ဆင်ခြင်ဖို့ရန် သူတို့ အလေးအနက် မပြုကြပါဘူး။ ရလဒ်ကတော့ ထိုပြသနာတွေကို အသုံးပြုပြီး သူတို့အသက်တာကို ဘုရားသခင် ဘယ်လို ကောင်းမွန်စေမလဲဆိုတာကို သူတို့ ဘယ်တော့မှ မမြင်ပါဘူး။
ဘုရားသခင်သည် သင်၏ အသက်တာရှိ ပြသနာတို့ကို နည်းလမ်း (၅) မျိုးဖြင့် အသုံးပြုပါတယ်။ ၎င်းတို့က ဘာတွေဖြစ်မလဲဆိုတာကို သင်သိမြင်နားလည်ဖို့ရန် ကျွန်ုပ်အလိုရှိပါတယ်။ သို့မှသာ နောက်တဖန် အခက်အခဲ ရင်ဆိုင်ရချိန်မှာ ဘုရားသခင် ဘယ်လိုအလုပ်လုပ်နေတယ်ဆိုတာကို သင်ရှာဖွေ တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။
(၁) သင့်အား လမ်းညွှန်မှုပြုဖို့ရန် ပြသနာတွေကို
ဘုရားအသုံးပြုပါတယ်။
တစ်ခါတစ်ရံတွင် ဘုရားသခင်သည် သင့်အား ဆက်လက်ရွေ့လျားနေဖို့ရန်
မီးထွန်းညှိုခြင်း ပြုပါတယ်။ ပြသနာတွေသည် သင့်အား ဦးတည်ချက်အသစ်တစ်ခုကို ညွှန်ပြနိုင်ပြီး
သင့်အား ပြောင်းလဲဖို့ရန် နိုးဆော်ပေး နိုင်ပါတယ်။ သင့်အာရုံကို ဖမ်းစားရန် ဘုရားသခင်
ကြိုးစားသလား။ သုတ္တံကျမ်း ၂ဝး၃၀ တွင် “အနာကိုမွှေ နှောက်ခြင်းအားဖြင့် အဆိုးအညစ် နှင့်ကင်းစင်တတ်၏။
ဒဏ်ချက်ရာတို့သည်လည်း၊ ကိုယ် အတွင်းအရပ်တို့၌ ထိုသို့သော ကျေးဇူးကို ပြုတတ်၏။”
(၂) သင့်အား စုံစမ်းစစ်ဆေးဖို့ရန် ပြသနာတွေကို
ဘုရားသခင် အသုံးပြုပါတယ်။
လူတွေက လက်ဖက်ရည်အိတ်တွေလိုပေါ့။ ၎င်းအိတ်ထဲမှာ
ဘာရှိလဲသိချင်ရင် ရေနွေးထဲ နှစ်လိုက်ရုံပါဘဲ။ ပြသနာဖြင့် သင်၏ ယုံကြည်ခြင်းကို ဘုရားသခင်
စမ်းသပ်ဖူးပါသလား။ ထိုပြသနာက သင့်အကြောင်းကို မည်သို့ လှစ်ဟ ပုံဖော်ပါသနည်း။ ယာကုပ်
၁း၂-၃ “ငါ့ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်း အရာသည် သည်းခံခြင်းကို
ပွားစေတတ်သည်ဟုသိမှတ်လျက်၊ အထူးထူးအပြားပြား စုံစမ်းနှောင့်ရှက်ခြင်းနှင့် တွေ့ကြုံသော
အခါ၊ ဝမ်းမြောက်စရာ အကြောင်းသက်သက်ဖြစ်သည်ဟု
မှတ်ကြလော့။”
(၃) သင့်အား အမှန်ပြင်နိုင်ဖို့ရန် ပြသနာတွေကို
ဘုရားသခင် အသုံးပြုပါတယ်။
တစ်ချို့သော သင်ခန်းစာတွေသည် နာကျင်ခြင်း နှင့် ကျရှူံးခြင်းအားဖြင့်သာ
ကျွန်ုပ်တို့ သင်ယူရရှိတာဖြစ်ပါတယ်။ သင်ငယ်စဉ်အရွယ်တွင် မိဘတို့က မီးဖိုကို မထိဖို့
ပြောထားမှာဖြစ်ပါတယ်။ သို့ပေမဲ့ မိဘတို့ရဲ့ ညွှန်ကြားထားမှုကို လစ်လျူရှုပြီး အပူလောင်ခြင်း
မခံရသရွေ့တော့ သင်ကောင်းကောင်း သင်ခန်းစာ ရရှိမှာ မဟုတ်ပါဘူး။ တခါတရံ အရာတစ်ခုခု -ဥပမာ
ကျန်းမာရေး ၊ ငွေကြေး ၊ (သို့) ပေါင်းသင်းဆက်ဆံရေး ဆုံးရှူံးခြင်းမှသာ တန်ဖိုးဆိုတာကို
ကျွန်ုပ်တို့ လေ့လာသင်ယူနိုင်တာ ဖြစ်ပါတယ်။ ၎င်းသည် ဆာလံဆရာတွက် မှန်ကန်ခဲ့ပါတယ်။ ဆာလံ ၁၁၉း၇၁-၇၂ “အထုံးအဖွဲ့တော်တို့ကို သွန်သင်စေခြင်းငှါ၊ အကျွန်ုပ်ဆင်းရဲခံရသော
ကျေးဇူးသည် ကြီးပါ၏။ နှုတ်တော်ထွက် တရားတော်သည် ရွှေငွေ
အထောင်အသောင်းထက်မက၊ အကျွန်ုပ်၌သာ၍ ကောင်းပါ၏။”
(၄) သင့်အား ကာကွယ်ဖို့ရန် ပြသနာတို့ကို
ဘုရားသခင် အသုံးပြုပါတယ်။
ပိုမိုပြင်းထန်သော တစ်စုံတစ်ခုကြောင့်
သင့်အား ထိခိုက်မှု မဖြစ်စေရန် ဘုရားသခင်သည် တားဆီးမည်ဆိုလျှင် ပြသနာတစ်ခုကို ရုပ်ဖျက်ထားသော
ကောင်းချီးတစ်ခု ဖြစ်စေနိုင်ပါသည်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်ုပ်၏ မိတ်ဆွေတစ်ယောက်သည်
သူ၏ အလုပ်ရှင်က သူ့အား သိက္ခာမဲ့မှု တစ်ခုကို စေခိုင်းသည့်အရာပေါ် ငြင်းဆန်မှု အတွက်
အလုပ်ထုတ်ခံခဲ့ရပါတယ်။ သူ၌ အလုပ်လက်မဲ့ပြသနာဖြစ်ခဲ့ပေမဲ့ တစ်နှစ်အကြာ သူ၏ အလုပ်ရှင်
ပြုခဲ့သောအရာတွေ ပေါ်လွင်ထင်ရှားလာပြီး သူ့အား သားကောင်အဖြစ် ထောင်ချခြင်းအရာမှ ကယ်တင်နိုင်ခဲ့
ပါတယ်။ ယောသပ် ပြုခဲ့သလိုမျိုး သူပြောနိုင်ခဲ့ပါတယ်။ ကမ္ဘာဦးကျမ်း
၅ဝး၂၀ “သင်တို့သည် ကျွန်ုပ်ကို ညှဉ်းဆဲ မည်ကြံကြသော်လည်း၊ ဘုရားသခင်သည် ယနေ့ဖြစ်သည်အတိုင်း၊
လူများ အသက်ချမ်းသာ စေခြင်းငှါ ကျေးဇူးပြု မည် ကြံတော်မူ၏။” “You intended to harm me, but God intended it for good” (Genesis 50:20 NIV).
(၅) သင့်အား ပြည့်ဝစုံလင်စေဖို့ရန် ပြသနာတို့ကို
ဘုရားသခင် အသုံးပြုပါတယ်။
ပြသနာတို့ကို မှန်ကန်စွာ တုံ့ပြန်တဲ့အခါတွင်
ဇာတ်ကောင်တွေက ဖန်တီးသူများ ဖြစ်ပါတယ်။ ရောမဩဝါဒစာ ၅း၃-၄
“ထိုမျှမက၊ ဒုက္ခဆင်းရဲခြင်းကိုခံ၍ ဝါကြွား ဝမ်းမြောက်ခြင်းရှိကြ၏။ အကြောင်းမူကား၊
ဒုက္ခ ဆင်းရဲခြင်းသည် သည်းခံခြင်းကို ပြုစုတတ်၏။ သည်းခံခြင်းသည်လည်း သက်သေထင်ရှားခြင်းကို
ပြုစုတတ်၏။ သက်သေ ထင်ရှားခြင်းသည်လည်း မြော်လင့်ခြင်းကို ပြုစုတတ်၏။” ဘုရားသခင်သည်
သင်၏ သက်သာရာ ရှိခြင်းထက် သင်၏ စရိုက်လက္ခဏာကို ပိုပြီး စိတ်ဝင်စားပါတယ်။ ဘုရားသခင်နှင့်
ရင်းနှီးကျွမ်းဝင်မှုနှင့် စရိုက်လက္ခဏာ နှစ်မျိုးသည်သာလျှင် နိစ္စထာဝရဆီသို့ သင်နှင့်အတူ
ယူဆောင်ပါရှိနိုင်မည့်အရာ ဖြစ်ပါတယ်။
ဆင်ခြင်ရန်
-
သင့်အသက်တာတွင်
ခက်ခဲသောအချိန်များက သင့်အကြောင်းကို မည်သို့ ဖော်ပြနေပါသနည်း။
-
အမှားတစ်ခု
(သို့) နာကျင်ခြင်း အတွေ့အကြုံမှ မည်သို့သော တန်ဖိုးရှိသော အရာကို သင်ယူခဲ့ရပါသနည်း။
-
စိန်ခေါ်မှုတွေက
သင့်အား သန်မာစေတယ် (သို့) ရေရှည်အသက်တာခရီးမှာ ပိုမိုကောင်းမွန်စေတယ်လို့ သင် ဘာကြောင့်
ထင်မြင်ပါသနည်း။
------------------------------------------------------------------------------------------------------------------------
Zawgyi Version
ဘဝဆိုတာ ပြသနာဖြေရှင်းမှု ဆိုင်ရာ တသီတတန်း အခွင့်အရေးများ ဖြစ်ပါတယ်။ သင်တွေ့ကြုံရင်ဆိုင်ရတဲ့ ပြသနာတွေသည် သင့်အား အနိုင်ပိုင်းခြင်း (သို့) ဖွံ့ဖြိုးတိုးတက်စေခြင်း သည် သင် ၎င်းတို့ကို တုံ့ပြန်မှုပေါ် မူတည်ပါလိမ့်မည်။
အခက်အခဲတွေကို သင်ရင်ဆိုင်တွေ့ကြုံရမှာ ဖြစ်ပါတယ်။ လူတိုင်းပါဘဲ။ သင်ရင်ဆိုင်ရတဲ့အခါ သင်၌ ရွေးချယ်မှု ရှိတယ်ဆိုတာကို သတိရပါ။ ထိုအခက်အခဲတွေက သင့်အား အနိုင်ယူခွင့်ပေးခြင်း သင်ပြုနိုင်ပါတယ်။ (သို့) ထိုပြသနာများမှ လမ်းညွှန်မှုပြုဖို့ရန် ၊ စစ်ဆေးဖို့ရန် ၊ အမှန်ပြင်ဖို့ရန် ၊ ကာကွယ်ဖို့ရန် နှင့် ပြည့်ဝစုံလင်စေဖို့ရန် ဘုရားသခင်အား သင်ခွင့်ပေးလိုက်နိုင်ပါတယ်။
ဆင်ခြင်ရန်