Seize the Moment

 Unicode  

ယခုလက်ရှိအခါသမယကို ဖမ်းယူဆုပ်ကိုင်ပါ။

လုကာခရစ်ဝင်ကျမ်း ၉း၆၂   “ယေရှုက၊ ထွန်ကိုင်းကို ကိုင်လျက်နောက်သို့ လှည့်၍ကြည့်သောသူ မည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်နှင့် မထိုက်မတန်ဟု မိန့်တော်မူ၏။" 

သမ္မာကျမ်းစာတွင် ဗာတိမဲ ဟုခေါ်သော လူကန်းတစ်ဦးအကြောင်းကို ပြောထားပါတယ်။ တစ်နေ့တွင် သခင်ယေရှုနှင့် တပည့်တော်တို့ ယေရိခေါမြို့ ထိုလူကန်း တောင်းစားရာလမ်းနားသို့ ‌ရောက်လာခဲ့ပါတယ်။ သခင်ယေရှု အနီးအနား၌ ရောက်ရှိကြောင်းကို ထိုလူကန်းကြားလျှင် “ဒါဝိဒ်၏ သား‌တော် အကျွန်ုပ်ကို ကယ်မသနားတော်မူပါ”ဟု စတင် ဟစ်ကြော်ခဲ့ပါတယ်။ ရှင်မာကုခရစ်ဝင်ကျမ်း ၁၀း၄၇ “နာဇရက်မြို့သား ယေရှုရှိကြောင်းကို ကြားရလျှင်၊ ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို ကယ်မ သနားတော်မူပါဟု ဟစ်ကြော်လေ၏။”

ထိုနေ့ရက်တွင် သခင်ယေရှု ဖြတ်သန်းသွားမည့်အကြောင်းကို မနက်ခင်း နိုးထချိန်၌ ဗာတိမဲ စဉ်းစားမိမှာ မဟုတ်ပါဘူး။ သူ၏ ရှိမြဲနေရာ ၊ တောင်းစားနေမှု တွေသည် နေ့စဉ်ဓူဝအတိုင်း ဖြစ်နေမည်ဟုသာ ထင်မှတ်နေခဲ့ပါမည်။

သို့ပေမဲ့ ရုတ်တရက် သခင်ယေရှု ရောက်လာခဲ့ပါတယ်။ ဗာတိမဲသည် သူ၏ လုပ်ဆောင်မှုပေါ်တွင် ပြင်ဆင်မှု ၊ စဉ်းစားနေမှုတွေ ရှိမနေခဲ့ပါဘူး။ သခင်ယေရှု ‌ရောက်ရှိလာခြင်းက သူအတွက် လက်ခုပ်ထဲ ကျရောက်လာသော အခွင့်အရေး ဖြစ်နေခဲ့ပါတယ်။ ထိုအခွင့်အရေးကို နှောင့်‌နှေးခြင်း ၊ အချိန်ဆွဲခြင်း မပြု ဘဲ ယခုပင် စတင်ဖို့ သူလုပ်ဆောင်မှု ပြုခဲ့ပါတယ်။ 

၎င်းဖြစ်ရပ်သည် သင့်အသက်တာ၌လည်း အသစ်တဖန် စတင်မှု ပြုဖို့ရန် သော့ချက် ဖြစ်ပါတယ်။ သင်လုပ်ဆောင်စရာများကို ယခုပင် လုပ်ဆောင်ပါ။ “နောက်နှစ်မှ အသစ်စတင်မယ်” (သို့) ‘နောက်လမှဘဲ ပြောင်းလဲမှု လုပ်တော့မယ်” (သို့) ‘နက်ဖြန်မှဘဲ ထိုအရာကို ဦးစားပေးလုပ်လိုက်မယ်” ဆိုပြီး မပြောပါနဲ့။ ယခုလား (သို့) နောင်ဘယ်သောအခါမှလား။ ယခုအချိန်အခါသမယကို ဖမ်းယူဆုပ်ကိုင်ပါ။

နေ့ရက်တိုင်း ကျွန်ုပ်တို့တွင် အသစ်တဖန်စတင်ဖို့ရန်အတွက် အခွင့်အလမ်းတွေ ရှိနေပါတယ်။ သို့ပေမဲ့ ထိုအပေါ်တွင် အခွင့်ကောင်းမယူကြပါဘူး။ ဘာကြောင့်လဲ။ အချိန်ဆွဲနေလို့ ဖြစ်ပါတယ်။


အချိန်ဆွဲခြင်းက ထူးဆန်းတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ အချိန်ဆွဲခြင်းက သင့်အသက်တာကို ပိုပြီး သက်တောင့်သက်သာ ဖြစ်စေမယ်လို့ သင်ထင်ကောင်း ထင်နိုင်ပေမဲ့ တကယ်တမ်းတွင် ဆန့်ကျင်ဘက်အဖြစ် စိတ်ဖိစီးမှု ယန္တယား ဖြစ်စေပါတယ်။

လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်ရန် သိမြင်တဲ့အခါ ယနေ့ပင် လုပ်ဆောင်လိုက်ပါ။ နက်ဖြန်နေ့ထိ စောင့်ဆိုင်းလုပ်ဆောင်လို့ ရနိုင်တယ်လို့တော့ မယူဆပါနှင့်။

သမ္မာကျမ်းစာတွင် နက်ဖြန်နေ့ကို မှန်းဆခြင်းအပေါ်  ထပ်ခါထပ်ခါ သတိပေးထားပါတယ်။ နက်ဖြန်နေ့အတွက် ကျွန်ုပ်၌ အာမခံ ရထားခြင်း မရှိပါ။ သင်၌လည်း မရှိပါ။ လုကာ ၉း၆၂ တွင် သခင်ယေရှု ဆိုထားသည်မှာ “ယေရှုက၊ ထွန်ကိုင်းကို ကိုင်လျက်နောက်သို့ လှည့်၍ကြည့်သောသူ မည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်နှင့် မထိုက်မတန်ဟု မိန့်တော်မူ၏။ "


နက်ဖြန်နေ့၌ သင်အသက်ရှင်လိမ့်မယ်လို့ အာမခံချက် သင်၌ မရှိနေပါ။ ဘာကိုဘဲ သင်လုပ်ဆောင်ရပါစေ.. ယခုပင် လုပ်ဆောင်လိုက်ပါ။

သင့်အား ယနေ့ပင် အသစ်တဖန်စတင်ဖို့ရန် သခင်ယေရှု ကမ်းလှမ်းပါသသား။ မနှောင့်နှေးပါစေနှင့်။ ဗာတိမဲ၏ ပုံဥပမာအားဖြင့် အချိန်အခါသမယကို ဖမ်းယူဆုပ်ကိုင်လိုက်ပါ။

ဆင်ခြင်ရန်

- အချိန်အခါသမယကို ဆုပ်ကိုင်ဖို့ရန် သင့်အသက်တာရှိ မည့်သည့်အရာကို နှောင့်နှေးခြင်း ၊ အချိန်ဆွဲခြင်းမှ ရပ်တန့်ဖို့ရန် လိုအပ်ပါသနည်း။

- နက်ဖြန်နေ့သည် သင့်အတွက် မဖြစ်လာခဲ့ဘူးလို့ သင်သိမြင်ပါလျှင် ယနေ့၌ သင်မည်သည့်အရာကို ပြီးစီးစေမည်နည်း။

- ယနေ့တွင် အသစ်တစ်ဖန် စတင်မှုပြုဖို့ရန် သင့်အား မည်သည့်နေရာ၌ သခင်ယေရှု ဖိတ်ခေါ်နေ ပါသနည်း။


-----------------------------------------------------------------------------------------------------

Zawgyi 

ယခုလက္ရွိအခါသမယကို ဖမ္းယူဆုပ္ကိုင္ပါ။

လုကာခရစ္ဝင္က်မ္း ၉း၆၂   “ေယရႈက၊ ထြန္ကိုင္းကို ကိုင္လ်က္ေနာက္သို႔ လွည့္၍ၾကည့္ေသာသူ မည္သည္ကား၊ ဘုရားသခင္၏ ႏိုင္ငံေတာ္ႏွင့္ မထိုက္မတန္ဟု မိန္႔ေတာ္မူ၏။ "


သမၼာက်မ္းစာတြင္ ဗာတိမဲ ဟုေခၚေသာ လူကန္းတစ္ဦးအေၾကာင္းကို ေျပာထားပါတယ္။ တစ္ေန႔တြင္ သခင္ေယရႈႏွင့္ တပည့္ေတာ္တို႔ ေယရိေခါၿမိဳ႕ ထိုလူကန္း ေတာင္းစားရာလမ္းနားသို႔ ‌ေရာက္လာခဲ့ပါတယ္။ သခင္ေယရႈ အနီးအနား၌ ေရာက္ရွိေၾကာင္းကို ထိုလူကန္းၾကားလွ်င္ “ဒါဝိဒ္၏ သား‌ေတာ္ အကြၽႏ္ုပ္ကို ကယ္မသနားေတာ္မူပါ”ဟု စတင္ ဟစ္ေၾကာ္ခဲ့ပါတယ္။ ရွင္မာကုခရစ္ဝင္က်မ္း ၁၀း၄၇ “နာဇရက္ၿမိဳ႕သား ေယရႈရွိေၾကာင္းကို ၾကားရလွ်င္၊ ဒါဝိဒ္၏သားေတာ္ေယရႈ၊ အကြၽႏ္ုပ္ကို ကယ္မ သနားေတာ္မူပါဟု ဟစ္ေၾကာ္ေလ၏။”

ထိုေန႔ရက္တြင္ သခင္ေယရႈ ျဖတ္သန္းသြားမည့္အေၾကာင္းကို မနက္ခင္း ႏိုးထခ်ိန္၌ ဗာတိမဲ စဥ္းစားမိမွာ မဟုတ္ပါဘူး။ သူ၏ ရွိၿမဲေနရာ ၊ ေတာင္းစားေနမႈ ေတြသည္ ေန႔စဥ္ဓူဝအတိုင္း ျဖစ္ေနမည္ဟုသာ ထင္မွတ္ေနခဲ့ပါမည္။

သို႔ေပမဲ့ ႐ုတ္တရက္ သခင္ေယရႈ ေရာက္လာခဲ့ပါတယ္။ ဗာတိမဲသည္ သူ၏ လုပ္ေဆာင္မႈေပၚတြင္ ျပင္ဆင္မႈ ၊ စဥ္းစားေနမႈေတြ ရွိမေနခဲ့ပါဘူး။ သခင္ေယရႈ ‌ေရာက္ရွိလာျခင္းက သူအတြက္ လက္ခုပ္ထဲ က်ေရာက္လာေသာ အခြင့္အေရး ျဖစ္ေနခဲ့ပါတယ္။ ထိုအခြင့္အေရးကို ေႏွာင့္‌ေႏွးျခင္း ၊ အခ်ိန္ဆြဲျခင္း မျပဳ ဘဲ ယခုပင္ စတင္ဖို႔ သူလုပ္ေဆာင္မႈ ျပဳခဲ့ပါတယ္။ 

၎ျဖစ္ရပ္သည္ သင့္အသက္တာ၌လည္း အသစ္တဖန္ စတင္မႈ ျပဳဖို႔ရန္ ေသာ့ခ်က္ ျဖစ္ပါတယ္။ သင္လုပ္ေဆာင္စရာမ်ားကို ယခုပင္ လုပ္ေဆာင္ပါ။ “ေနာက္ႏွစ္မွ အသစ္စတင္မယ္” (သို႔) ‘ေနာက္လမွဘဲ ေျပာင္းလဲမႈ လုပ္ေတာ့မယ္” (သို႔) ‘နက္ျဖန္မွဘဲ ထိုအရာကို ဦးစားေပးလုပ္လိုက္မယ္” ဆိုၿပီး မေျပာပါနဲ႔။ ယခုလား (သို႔) ေနာင္ဘယ္ေသာအခါမွလား။ ယခုအခ်ိန္အခါသမယကို ဖမ္းယူဆုပ္ကိုင္ပါ။

ေန႔ရက္တိုင္း ကြၽႏ္ုပ္တို႔တြင္ အသစ္တဖန္စတင္ဖို႔ရန္အတြက္ အခြင့္အလမ္းေတြ ရွိေနပါတယ္။ သို႔ေပမဲ့ ထိုအေပၚတြင္ အခြင့္ေကာင္းမယူၾကပါဘူး။ ဘာေၾကာင့္လဲ။ အခ်ိန္ဆြဲေနလို႔ ျဖစ္ပါတယ္။


အခ်ိန္ဆြဲျခင္းက ထူးဆန္းတဲ့ ျဖစ္စဥ္တစ္ခုျဖစ္ပါတယ္။ အခ်ိန္ဆြဲျခင္းက သင့္အသက္တာကို ပိုၿပီး သက္ေတာင့္သက္သာ ျဖစ္ေစမယ္လို႔ သင္ထင္ေကာင္း ထင္ႏိုင္ေပမဲ့ တကယ္တမ္းတြင္ ဆန႔္က်င္ဘက္အျဖစ္ စိတ္ဖိစီးမႈ ယႏၲယား ျဖစ္ေစပါတယ္။

လုပ္သင့္လုပ္ထိုက္သည္မ်ားကို လုပ္ေဆာင္ရန္ သိျမင္တဲ့အခါ ယေန႔ပင္ လုပ္ေဆာင္လိုက္ပါ။ နက္ျဖန္ေန႔ထိ ေစာင့္ဆိုင္းလုပ္ေဆာင္လို႔ ရႏိုင္တယ္လို႔ေတာ့ မယူဆပါႏွင့္။

သမၼာက်မ္းစာတြင္ နက္ျဖန္ေန႔ကို မွန္းဆျခင္းအေပၚ  ထပ္ခါထပ္ခါ သတိေပးထားပါတယ္။ နက္ျဖန္ေန႔အတြက္ ကြၽႏ္ုပ္၌ အာမခံ ရထားျခင္း မရွိပါ။ သင္၌လည္း မရွိပါ။ လုကာ ၉း၆၂ တြင္ သခင္ေယရႈ ဆိုထားသည္မွာ “ေယရႈက၊ ထြန္ကိုင္းကို ကိုင္လ်က္ေနာက္သို႔ လွည့္၍ၾကည့္ေသာသူ မည္သည္ကား၊ ဘုရားသခင္၏ ႏိုင္ငံေတာ္ႏွင့္ မထိုက္မတန္ဟု မိန္႔ေတာ္မူ၏။ "


နက္ျဖန္ေန႔၌ သင္အသက္ရွင္လိမ့္မယ္လို႔ အာမခံခ်က္ သင္၌ မရွိေနပါ။ ဘာကိုဘဲ သင္လုပ္ေဆာင္ရပါေစ.. ယခုပင္ လုပ္ေဆာင္လိုက္ပါ။

သင့္အား ယေန႔ပင္ အသစ္တဖန္စတင္ဖို႔ရန္ သခင္ေယရႈ ကမ္းလွမ္းပါသသား။ မေႏွာင့္ေႏွးပါေစႏွင့္။ ဗာတိမဲ၏ ပုံဥပမာအားျဖင့္ အခ်ိန္အခါသမယကို ဖမ္းယူဆုပ္ကိုင္လိုက္ပါ။

ဆင္ျခင္ရန္

- အခ်ိန္အခါသမယကို ဆုပ္ကိုင္ဖို႔ရန္ သင့္အသက္တာရွိ မည့္သည့္အရာကို ေႏွာင့္ေႏွးျခင္း ၊ အခ်ိန္ဆြဲျခင္းမွ ရပ္တန႔္ဖို႔ရန္ လိုအပ္ပါသနည္း။

- နက္ျဖန္ေန႔သည္ သင့္အတြက္ မျဖစ္လာခဲ့ဘူးလို႔ သင္သိျမင္ပါလွ်င္ ယေန႔၌ သင္မည္သည့္အရာကို ၿပီးစီးေစမည္နည္း။

- ယေန႔တြင္ အသစ္တစ္ဖန္ စတင္မႈျပဳဖို႔ရန္ သင့္အား မည္သည့္ေနရာ၌ သခင္ေယရႈ ဖိတ္ေခၚေန ပါသနည္း။