You Can’t Get to Heaven on Your Own
 Unicode Version
ကောင်းကင်နိုင်ငံသို့ သင့်အစီအစဉ်ဖြင့် မရောက်နိုင်ပါ။
ရောမဩဝါဒစာ ၁၁း၆ "ကျေးဇူးတော်အားဖြင့်ရှိလျှင်၊ ကိုယ်ကျင့်သောအကျင့်အားဖြင့်မရှိ၊ ရှိလျှင်ကျေးဇူးသည် ကျေးဇူးမဟုတ်။ ကိုယ်ကျင့်သောအကျင့်အားဖြင့်ရှိလျှင်၊ ကျေးဇူးအားဖြင့်မရှိ၊ ရှိလျှင်ကိုယ်ကျင့်သောအကျင့်သည် အကျင့် မဟုတ်။"
လူတော်တော်များများသည် ကောင်းကင်ဘုံသို့ ဘယ်ကဲ့သို့ ရောက်မည်ကို သိရှိကြတယ်လို့ ထင်မြင်ကြပါတယ်။  အလျဉ်းသင့်သလို လူတွေကို မေးကြည့်မယ်ဆိုရင် "တကယ့်ကို ကြိုးကြိုးစားစား လုပ်ရုံပါ" ၊ "အဆိုးထက် အကောင်းကို ပိုလုပ်ဆောင်ပါ ၊ (သို့) "လူတိုင်းအပေါ် ကောင်းပါ" စသဖြင့် အဖြေကို သင်ကြားရနိုင်ပါတယ်။
ထိုအဖြေတွေက လူအများစုတို့ တွေးထင်သည့်အရာ ဖြစ်နိုင်ပေမဲ့ ၎င်းတို့သည် မမှန်ကန်ပါဘူး။
မှန်ကန်သော အရာက သင်၏ လုပ်နိုင်စွမ်းတို့ဖြင့် ကောင်းကင်ဘုံကို ရောက်ရှိဖို့ အခွင့်အရေး မရပါ။ သင်ဘယ်တော့မှ ပြည့်စုံမှာ မဟုတ်ပါ။ ဆိုလိုတာက ပြီးပြည့်စုံတဲ့ နေရာဆီသို့ ဝင်ရောက်ရဖို့ရန် သင်၌ ကောင်းမြတ်ခြင်းတွေ ဘယ်တော့မှ လုံလောက်မှာ မဟုတ်ပါဘူး။
ကောင်းကင်ဘုံအတွက်ဆိုရင် ကောင်းကောင်း ကြိုးစားရမှာပေါ့လို့ ပြောတတ်ကြပါတယ်။ သို့ပေမဲ့ သမ္မာကျမ်းစာက ဖော်ပြထားသည်မှာ ဆန့်ကျင်ဘက် နည်းလမ်းဖြင့် ကောင်းကင်ဘုံ ဝင်ရဖို့ ပြောပါတယ်။ ရောမ ၁၁း၆ "ကျေးဇူးတော်အားဖြင့်ရှိလျှင်၊ ကိုယ်ကျင့်သောအကျင့်အားဖြင့်မရှိ၊ ရှိလျှင်ကျေးဇူးသည် ကျေးဇူးမဟုတ်။ ကိုယ်ကျင့်သောအကျင့်အားဖြင့်ရှိလျှင်၊ ကျေးဇူးအားဖြင့်မရှိ၊ ရှိလျှင်ကိုယ်ကျင့်သောအကျင့်သည် အကျင့် မဟုတ်။"
ဤအကြောင်းအရာက ယုံကြည်သူခရစ်ယာန်တွေနှင့် တခြားသော ဘာသာဝင်တွေကြား ကွဲပြားတဲ့ လေးနက်မှု ဖြစ်ပါတယ်။ "ကျင့်ဆောင်ပါ" ဆိုတဲ့ စကားလုံးကို တခြားသော ဘာသာတွေမှာ တွေ့ရမှာဖြစ်ပြီး မတူညီတဲ့ အချက်ပေါင်းများစွာ ဖြင့် ကောင်းကင်ဘုံဝင်ရဖို့ရန် နာခံသင့်တယ်ဆိုတာ ဘာသာတစ်ခုချင်းစီမှာ ဖော်ပြတာတွေ ရှိကြပါတယ်။ ဘုရားဆီ ရောက်ရှိဖို့ လုပ်ဆောင်ကြရပါတယ်။
သမ္မာကျမ်းစာမှာတော့ ထိုအရာတို့နှင့် ဆန့်ကျင်မှုကို ပေးထားပါတယ်။ သင့်အတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်က လက်ဝါးကားတိုင်မှာ အသေခံခဲ့ပြီးတဲ့ သခင်ယေရှုခရစ်တော်၏ အမှုပြီးပြီ ဆိုတာကို လက်ခံခြင်းအားဖြင့် ကောင်းကင်ဘုံ ဝင်ရဖို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ကောင်းကင်ဘုံ သင်ရောက်ရှိဖို့ရန် လုပ်ဆောင်ဖို့ လိုအပ်သောအရာအားလုံး ပြီးမြောက်ခဲ့ပြီဖြစ်ပါတယ်။ သခင်ယေရှု လုပ်ဆောင်ခဲ့ပြီ ဖြစ်ပါတယ်။ ၎င်းသည် အခမဲ့ဖြစ်ပါတယ်။
သင့်အတွက် ယေရှု လုပ်ဆောင်ပေးခဲ့တဲ့အရာပေါ် အသိအမှတ်ပြုလျက် သင်၏ ကယ်တင်ရှင် သခင်အဖြစ် လက်ခံပါ။ သင်၏ အပြစ်တို့ကို ဝန်ခံပြီး ကယ်တင်ခြင်းထဲ ဝင်ရောက်ဖို့သာ ဖြစ်ပါတယ်။
တစ်နေ့နေ့တွင် ကားအကောင်းစား ကြီးကို သင်ရကောင်းရပါလိမ့်မည်။ များစွာသော ငွေကြေးတွေ ရကောင်းရပါမည်။ သို့ပေမဲ့ ဘုရားသခင်၏ ကျေးဇူးတော်ထက် ဘယ်အရာကမှ မကြီးမြတ်ပါဘူး။
ဘုရားသခင် ၏ ကယ်တင်ခြင်း ကျေးဇူးတော်ကို သင်လက်ခံဖို့ရန် အဆင်သင့်ဖြစ်ပါလျှင် ဤဆုတောင်းကို ပြုလိုက်ပါ။
"သခင်ယေရှုဘုရား..... သခင့်အား ယုံကြည်ပါလျှင် ကျွန်ုပ်လုပ်ဆောင်ခဲ့သော မှားယွင်းမှု မှန်သမျှအားလုံး လွှတ်ခြင်းခံရပြီး တစ်နေ့တွင် ကောင်းကင်ဘုံ အိမ်တော်ထက်သို့ ဝင်ရောက်ခြင်းအခွင့် လက်ခံရရှိလိမ့်မည်ဆိုတဲ့ ကတိတော် သခင်၌ ရှိပါ၏။
သခင့်အား ဆန့်ကျင်ခဲ့သော ကျွန်ုပ်၏ အပြစ်တို့ကို ဝန်ချ ဖော်ပြပါ၏။ သခင့်အား ကျွန်ုပ်၏ ကယ်တင်ရှင်အဖြစ် ယုံကြည်ပါ၏။ အကျွန်ုပ်အား ခွင့်လွှတ်တော်မူပါ။ အကျွန်ုပ်၏ ကြိုးစား လုပ်ဆောင်ချက်အားဖြင့် မဟုတ်ဘဲ ယုံကြည်ခြင်းဖြင့် သခင်ပြောသော ကယ်တင်ခြင်း သည် ကျေးဇူးတော်အားဖြင့် ရရှိကြောင်းကို ကျွန်ုပ် ယုံကြည်ပါ၏။ ကျွန်ုပ်အသက်တာ ၌ သခင် အဖြစ်ရှိပေးတော်မူပါ။ ကျွန်ုပ်၏ ဆန္ဒ ၊ ထိန်းချုပ်မှု တို့ကို သခင့်အား အပ်နှံပါ၏။ ယနေ့တွင် ကျွန်ုပ်အသက်တာ၏ အစိတ်အပိုင်းအားလုံးတို့ကို သခင်ထံ လှည့်ပါ၏။ သခင်ပြောသည့်အတိုင်း လုပ်ဆောင်ပြီး သခင် သွားစေလိုသည့်အတိုင်း သွားပါမည်။
အသက်တာ ကျန်ရှိသော ကာလတို့ကို မိမိအတွက် ဝန်ထမ်းခြင်းမဟုတ်ဘဲ သခင့်အတွက် ဝန်ထမ်းဖို့ရန် အသုံးပြုတော်မူပါ။ သခင်နှင့်အတူ လျှောက်လှမ်းဖို့ ကျွန်ုပ်ဝန်ခံပါ၏။ သခင်အား တစ်နေ့ ကောင်းကင်ဘုံ၌ မတွေ့ခင်အချိန်ထိ သခင်၏ ကတိတော်တွေကို ယုံကြည်ပြီး သခင့်အား ပိုပြီး လေ့လာချင်ပါတယ်။ သခင့်၏ နာမတော်မြတ်၌ တောင်းလျှောက်ပါ၏။ အာမင်....
ဆင်ခြင်ရန်
-သင်ကိုယ်တိုင်ကြိုးစားအားထုတ်မှုဖြင့် ကောင်းကင်ဘုံသို့သွားရန် အခွင့်အလမ်းမရှိဟု သင်ဖတ်မိသောအခါ ထိုသတင်းသည် သင့်အတွက် ကောင်းသတင်း (သို့) မကောင်းသတင်းဖြစ်ပါသလား။ အဘယ်ကြောင့်နည်း။
-လူအချို့ကို စိတ်ဆွဲဆောင်နိုင်စေဖို့ရန် နှင့် လုပ်ဆောင်မှုပြုခြင်းဖြင့် လက်ခံနိုင်စေရန်ဆိုသည့်အရာတွေက မည်သို့သော ဘာသာရေးကို ဖြစ်စေပါသနည်း။ ကျေးဇူးတရားကို လက်ခံဖို့ ဘာကြောင့် ခက်ခဲပါသနည်း။
-အကြီးမားဆုံးသော ကယ်တင်ခြင်း ဆုကျေးဇူးအကြောင်းကို သင့်အသက်တာတွင် မည်သူ ကြားရဖို့ ရှိပါသနည်း။ ထိုသူကြားရဖို့ရန် မည်ကဲ့သို့သော သေချာသော လုပ်ဆောင်မှုကို သင်ပြုနိုင်ပါမည်နည်း။
--------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်