Unicode Version
ကောလောသဲဩဝါဒစာ ၄း၁၂ "သင်တို့အထဲကဖြစ်သော ခရစ်တော်၏ကျွန် ဧပဖြသည် သင်တို့ကို နှုတ်ဆက်၏။ သင်တို့သည် စုံလင်လျက်၊ ဘုရားသခင်၏ အလိုတော်ကို အကုန်အစင် လေ့ကျက်လျက် တည်ကြည်မည်အကြောင်း သူသည် သင်တို့အဘို့ ကာလအစဉ်ကြိုးစား၍ ဆုတောင်းတတ်၏။"
ကောလောသဲတွင် ဆုတောင်းခြင်း တိုက်ပွဲနှင့် ပတ်သက်ပြီး ရှင်ပေါလု ရေးသားသည်မှာ "သင်တို့သည် စုံလင်လျက်၊ ဘုရားသခင်၏ အလိုတော်ကို အကုန်အစင် လေ့ကျက်လျက် တည်ကြည်မည်အကြောင်း ...သင်တို့အဘို့ ကာလအစဉ်ကြိုးစား၍ ဆုတောင်းတတ်၏။"
ဧပဖြသည် ကျွန်တော့အတွက်တော့ သူရဲကောင်းဖြစ်ပါတယ်။ သင့်နှင့်ပတ်သက်ပြီး ကျွန်တော်မသိပါ။ သို့ပေမဲ့ ဆုတောင်းခြင်းက ကျွန်တော့အတွက်ကောင်း ခက်ခဲပါတယ်။ သဘာဝအတိုင်း ဖြစ်လာမယ်လို့ သင်ထင်မြင်ပေမဲ့ ကျွန်တော့အတွက်တော့ မဟုတ်ခဲ့ပါဘူး။ ဒါကြောင့် ဧပဖြသည် လူတွေအတွက် ဆုတောင်းဖို့ အချိန်ယူခြင်းကို အမြဲတမ်း စည်းကမ်းတကျ ရှိခြင်း်အရာက ကျွန်တော့ကို ပိုပြီး သဘောကျစေပါတယ်။
သို့ပေမဲ့ လူတွေ ဝိညာဉ်ရေးရာ ကြီးထွားဖို့ရန်အတွက် ဆုတောင်းပေးခဲ့တဲ့ အဖြစ်ကိုလည်း ကျွန်တော် သဘောကျပါတယ်။ ကျွန်ုပ်တို့သည်လည်း တခြားသူတို့ရဲ့ လိုအပ်ချက်တွေ ၊ ကျန်းမာရေး ၊ ငွေကြေး နှင့် ပေါင်းသင်းဆက်ဆံမှုအရေးတို့အတွက် အမြဲတမ်း ဆုတောင်းပေးပေမဲ့လည်း သူတို့ရဲ့ ဝိညာဉ်ရေးရာ ကြီးထွားဖို့အတွက် တော့ အချိန်များစွာယူပြီး ဆုတောင်းခြင်း မပြုပါဘူး။ ဘုရားသခင် သဘောသဘာဝနည်းတူ သူတို့တွေ တူညီလာစေဖို့ရန် သူတို့၏ စရိုက်လက္ခဏာတို့ကို ဘုရားသခင် ပြောင်းလဲပေးဖို့ရန် ကျွန်ုပ်တို့ ဆုမတောင်းပါဘူး။ ဤကဲ့သို့သော ဆုတောင်းမျိုးကို ဘယ်လို ပြုရမလဲဆိုတာကို ကျွန်ုပ်တို့ မသိရှိခြင်းကလည်း တစ်ခုသော အကြောင်းရင်း ဖြစ်တယ်လို့ ကျွန်တော် ထင်မြင်ပါတယ်။
ကျေးဇူးတော်အားဖြင့်သာ သမ္မာကျမ်းစာ၌ တစုံတယောက်၏ ဝိညာဉ်ရေးရာ ကြီးထွားဖို့ ဘယ်လို ဆုတောင်းရမလဲဆိုတဲ့ အကြောင်းနှင့် ပတ်သက်ပြီး ဖော်ပြထားတဲ့ ကျမ်းပိုဒ်များစွာ ဖြင့် ပြည့်နေပါတယ်။
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သူတို့သိရှိရန် ဆုတောင်းပါ
ဧဖက်ဩဝါဒစာ ၄း၁၉ "ကိုယ်ဥာဏ်နှင့်မသိနိုင်သော ခရစ်တော်၏ မေတ္တာတော်ကို သိနားလည်ခြင်းငှါ၎င်း၊ သင်တို့သည် တတ်စွမ်းနိုင်သဖြင့် ဘုရားသခင်၏ ပြည်စုံတော်မူခြင်းရှိသမျှနှင့်အညီ ပြည့်စုံကြပါမည်အကြောင်း၊ ငါသည် ဆုတောင်းလေ့ရှိ၏။"
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို လိုအပ်ပြီး ရုန်းကန်နေရနိုင်တဲ့ သူတစ်ဦးဦးကို သင်သိပါသလား။ သူ့အကြောင်းက သင့်စိတ်ကူးထဲရောက်လာသည့်အတိုင်း " အဖဘုရားသခင် ... သူတို့ကို ဘုရားရှင် မည်မျှ ချစ်ကြောင်းကို ယနေ့တွင် သူတို့သိရှိစေပါ" လို့ပြောပါ။
သူတို့သည် ယုံကြည်ခြင်းအရာ၌ ဘုရားသခင်ကို လေ့လာဖို့ရန် ဆုတောင်းပါ။
ရောမဩဝါဒစာ ၁၅း၁၃ "သင်တို့သည်သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးအားဖြင့် မြော်လင့်ခြင်းပါရမီနှင့်ကြွယ်ဝစေခြင်းငှါ၊ ယုံကြည်သောစိတ်ရှိ၍ ဝမ်းမြောက်သက်သာခြင်း အမျိုးမျိုးတို့နှင့်ပြည့်စုံမည်အကြောင်း၊ မြော်လင့် ခြင်း၏အရှင်၊ ဘုရားသခင်သည် ကယ်မသနားတော်မူပါ စေသော။"
ဘယ်သူတွေက မျှော်လင်ခြင်း (သို့) ပျော်ရွှင်ခြင်း (သို့) ငြိမ်သက်ခြင်းတွေကို အသက်တာ၌ ပို၍ မလိုအပ်ပါသနည်း။ ဆုတောင်းလိုက်ပါ။ "အဖဘုရားသခင် .... မျှော်လင့်ခြင်း တစ်ချို့ကို လိုအပ်နေတဲ့ သူတစ်ယောက်ကို ကျွန်ုပ်သိနေပါတယ်။ ခက်ခဲ့တဲ့ အခြေအနေအတွင်း သခင်ဘုရား၌သာ ယုံကြည်ဖို့ရန် သူ့အား ကူညီမစတော်မူပါ။"
သူတို့တွေ ဘုရားသခင်၏ ဉာဏ်ပညာကို ရရှိဖို့ရန် ဆုတောင်းပါ။
ဧဖက် ၁း၁၇ "ဆုတောင်းသောအချက်ဟူမူကား၊ ငါတို့သခင် ယေရှုခရစ်၏ ဘုရားသခင်ဖြစ်တော်မူသော ဘုန်းကြီး သော အဘခမည်းတော်သည် ကိုယ်တော်မြတ်ကို သိခြင်း အလိုငှါ ပညာကို၎င်း၊ ထိုးထွင်းသောဥာဏ်ကို၎င်း၊ သင်တို့အား ပေးပါမည်အကြောင်း၊"
ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ရင်ဆိုင်နေရတဲ့ သူတစ်ဦးဦးကို သင်သိပါသလား။ ထိုသူအား ဘုရားသခင် ဉာဏ်ပညာ ပေးဖို့ရန် ဆုတောင်းလိုက်ပါ။
ဘုရားသခင်ထံ၌ ခွန်အားရရှိစေဖို့ရန် ဆုတောင်းပါ။ ဧဖက် ၃း၁၆ "ဆုတောင်းသောအချက်ဟူမူကား၊ ဝိညာဉ်တော်အားဖြင့် သင်တို့၏အတွင်းလူကို ခွန်အားနှင့် မြဲမြံ ခိုင်ခံ့စေ၍၊"
ဘဝ၏ လွှမ်းမိုခြင်းအရာ၌ ခံစားနေရတဲ့ (သို့) အရာအားလုံးကို ကိုယ့်အစွမ်းအစဖြင့် လုပ်ဆောင်ရဖို့ ရှိနေတဲ့ သူတွေကို သင်သိပါသလား။ သူတို့အတွက် ဆုတောင်းပေးလိုက်ပါ။ "အဖဘုရားသခင် ...ယနေ့တွင် သူတို့ တစ်ဦးတည်းသာ မဟုတ်ကြောင်းကို သိရှိစေဖို့ရန် ကူညီမစတော်မူပါ။ သူတို့အား ခွန်အားနှင့် အစွမ်း ပေးသနားတော်မူပါ။"
ယနေ့တွင် အချင်းချင်း တစ်ယောက်ကို တစ်ယောက်အတွက် ဆုတောင်းကြပါစို့။
ဆင်ခြင်ရန်
ဆုတောင်းခြင်းကို သင့်အသက်တာတွင် ဝိညာဉ်ရေးအလေ့အထဖြစ်စေရန် ယနေ့ သင်လုပ်ဆောင်နိုင်သည့် အဆင့်တစ်ဆင့်မှာ အဘယ်နည်း။
သူ့အတွက် သမ္မာကျမ်းအတိုင်း ဆုတောင်းတဲ့အခါ ဘုရားသခင် ဘယ်လိုခံစားရလဲ။
သင့်အသက်တာတွင် ဝိညာဉ်ရေးကြီးထွားလာစေရန်အတွက် သင်မည်သူ့ကို ဆုတောင်းပေးနိုင်သနည်း။
------------------------------------------------------------
Zawgyi Version
ေကာေလာသဲဩဝါဒစာ ၄း၁၂ "သင္တို႔အထဲကျဖစ္ေသာ ခရစ္ေတာ္၏ကြၽန္ ဧပျဖသည္ သင္တို႔ကို ႏႈတ္ဆက္၏။ သင္တို႔သည္ စုံလင္လ်က္၊ ဘုရားသခင္၏ အလိုေတာ္ကို အကုန္အစင္ ေလ့က်က္လ်က္ တည္ၾကည္မည္အေၾကာင္း သူသည္ သင္တို႔အဘို႔ ကာလအစဥ္ႀကိဳးစား၍ ဆုေတာင္းတတ္၏။"
ေကာေလာသဲတြင္ ဆုေတာင္းျခင္း တိုက္ပြဲႏွင့္ ပတ္သက္ၿပီး ရွင္ေပါလု ေရးသားသည္မွာ "သင္တို႔သည္ စုံလင္လ်က္၊ ဘုရားသခင္၏ အလိုေတာ္ကို အကုန္အစင္ ေလ့က်က္လ်က္ တည္ၾကည္မည္အေၾကာင္း ...သင္တို႔အဘို႔ ကာလအစဥ္ႀကိဳးစား၍ ဆုေတာင္းတတ္၏။"
ဧပျဖသည္ ကြၽန္ေတာ့အတြက္ေတာ့ သူရဲေကာင္းျဖစ္ပါတယ္။ သင့္ႏွင့္ပတ္သက္ၿပီး ကြၽန္ေတာ္မသိပါ။ သို႔ေပမဲ့ ဆုေတာင္းျခင္းက ကြၽန္ေတာ့အတြက္ေကာင္း ခက္ခဲပါတယ္။ သဘာဝအတိုင္း ျဖစ္လာမယ္လို႔ သင္ထင္ျမင္ေပမဲ့ ကြၽန္ေတာ့အတြက္ေတာ့ မဟုတ္ခဲ့ပါဘူး။ ဒါေၾကာင့္ ဧပျဖသည္ လူေတြအတြက္ ဆုေတာင္းဖို႔ အခ်ိန္ယူျခင္းကို အၿမဲတမ္း စည္းကမ္းတက် ရွိျခင္း္အရာက ကြၽန္ေတာ့ကို ပိုၿပီး သေဘာက်ေစပါတယ္။
သို႔ေပမဲ့ လူေတြ ဝိညာဥ္ေရးရာ ႀကီးထြားဖို႔ရန္အတြက္ ဆုေတာင္းေပးခဲ့တဲ့ အျဖစ္ကိုလည္း ကြၽန္ေတာ္ သေဘာက်ပါတယ္။ ကြၽႏ္ုပ္တို႔သည္လည္း တျခားသူတို႔ရဲ႕ လိုအပ္ခ်က္ေတြ ၊ က်န္းမာေရး ၊ ေငြေၾကး ႏွင့္ ေပါင္းသင္းဆက္ဆံမႈအေရးတို႔အတြက္ အၿမဲတမ္း ဆုေတာင္းေပးေပမဲ့လည္း သူတို႔ရဲ႕ ဝိညာဥ္ေရးရာ ႀကီးထြားဖို႔အတြက္ ေတာ့ အခ်ိန္မ်ားစြာယူၿပီး ဆုေတာင္းျခင္း မျပဳပါဘူး။ ဘုရားသခင္ သေဘာသဘာဝနည္းတူ သူတို႔ေတြ တူညီလာေစဖို႔ရန္ သူတို႔၏ စ႐ိုက္လကၡဏာတို႔ကို ဘုရားသခင္ ေျပာင္းလဲေပးဖို႔ရန္ ကြၽႏ္ုပ္တို႔ ဆုမေတာင္းပါဘူး။ ဤကဲ့သို႔ေသာ ဆုေတာင္းမ်ိဳးကို ဘယ္လို ျပဳရမလဲဆိုတာကို ကြၽႏ္ုပ္တို႔ မသိရွိျခင္းကလည္း တစ္ခုေသာ အေၾကာင္းရင္း ျဖစ္တယ္လို႔ ကြၽန္ေတာ္ ထင္ျမင္ပါတယ္။
ေက်းဇူးေတာ္အားျဖင့္သာ သမၼာက်မ္းစာ၌ တစုံတေယာက္၏ ဝိညာဥ္ေရးရာ ႀကီးထြားဖို႔ ဘယ္လို ဆုေတာင္းရမလဲဆိုတဲ့ အေၾကာင္းႏွင့္ ပတ္သက္ၿပီး ေဖာ္ျပထားတဲ့ က်မ္းပိုဒ္မ်ားစြာ ျဖင့္ ျပည့္ေနပါတယ္။
ဘုရားသခင္၏ ခ်စ္ျခင္းေမတၱာကို သူတို႔သိရွိရန္ ဆုေတာင္းပါ
ဧဖက္ဩဝါဒစာ ၄း၁၉ "ကိုယ္ဥာဏ္ႏွင့္မသိႏိုင္ေသာ ခရစ္ေတာ္၏ ေမတၱာေတာ္ကို သိနားလည္ျခင္းငွါ၎၊ သင္တို႔သည္ တတ္စြမ္းႏိုင္သျဖင့္ ဘုရားသခင္၏ ျပည္စုံေတာ္မူျခင္းရွိသမွ်ႏွင့္အညီ ျပည့္စုံၾကပါမည္အေၾကာင္း၊ ငါသည္ ဆုေတာင္းေလ့ရွိ၏။"
ဘုရားသခင္၏ ခ်စ္ျခင္းေမတၱာကို လိုအပ္ၿပီး ႐ုန္းကန္ေနရႏိုင္တဲ့ သူတစ္ဦးဦးကို သင္သိပါသလား။ သူ႔အေၾကာင္းက သင့္စိတ္ကူးထဲေရာက္လာသည့္အတိုင္း " အဖဘုရားသခင္ ... သူတို႔ကို ဘုရားရွင္ မည္မွ် ခ်စ္ေၾကာင္းကို ယေန႔တြင္ သူတို႔သိရွိေစပါ" လို႔ေျပာပါ။
သူတို႔သည္ ယုံၾကည္ျခင္းအရာ၌ ဘုရားသခင္ကို ေလ့လာဖို႔ရန္ ဆုေတာင္းပါ။
ေရာမဩဝါဒစာ ၁၅း၁၃ "သင္တို႔သည္သန္႔ရွင္းေသာဝိညာဥ္ေတာ္၏ တန္ခိုးအားျဖင့္ ေျမာ္လင့္ျခင္းပါရမီႏွင့္ႂကြယ္ဝေစျခင္းငွါ၊ ယုံၾကည္ေသာစိတ္ရွိ၍ ဝမ္းေျမာက္သက္သာျခင္း အမ်ိဳးမ်ိဳးတို႔ႏွင့္ျပည့္စုံမည္အေၾကာင္း၊ ေျမာ္လင့္ ျခင္း၏အရွင္၊ ဘုရားသခင္သည္ ကယ္မသနားေတာ္မူပါ ေစေသာ။"
ဘယ္သူေတြက ေမွ်ာ္လင္ျခင္း (သို႔) ေပ်ာ္႐ႊင္ျခင္း (သို႔) ၿငိမ္သက္ျခင္းေတြကို အသက္တာ၌ ပို၍ မလိုအပ္ပါသနည္း။ ဆုေတာင္းလိုက္ပါ။ "အဖဘုရားသခင္ .... ေမွ်ာ္လင့္ျခင္း တစ္ခ်ိဳ႕ကို လိုအပ္ေနတဲ့ သူတစ္ေယာက္ကို ကြၽႏ္ုပ္သိေနပါတယ္။ ခက္ခဲ့တဲ့ အေျခအေနအတြင္း သခင္ဘုရား၌သာ ယုံၾကည္ဖို႔ရန္ သူ႔အား ကူညီမစေတာ္မူပါ။"
သူတို႔ေတြ ဘုရားသခင္၏ ဉာဏ္ပညာကို ရရွိဖို႔ရန္ ဆုေတာင္းပါ။
ဧဖက္ ၁း၁၇ "ဆုေတာင္းေသာအခ်က္ဟူမူကား၊ ငါတို႔သခင္ ေယရႈခရစ္၏ ဘုရားသခင္ျဖစ္ေတာ္မူေသာ ဘုန္းႀကီး ေသာ အဘခမည္းေတာ္သည္ ကိုယ္ေတာ္ျမတ္ကို သိျခင္း အလိုငွါ ပညာကို၎၊ ထိုးထြင္းေသာဥာဏ္ကို၎၊ သင္တို႔အား ေပးပါမည္အေၾကာင္း၊"
ႀကီးမားတဲ့ ဆုံးျဖတ္ခ်က္တစ္ခုကို ရင္ဆိုင္ေနရတဲ့ သူတစ္ဦးဦးကို သင္သိပါသလား။ ထိုသူအား ဘုရားသခင္ ဉာဏ္ပညာ ေပးဖို႔ရန္ ဆုေတာင္းလိုက္ပါ။
ဘုရားသခင္ထံ၌ ခြန္အားရရွိေစဖို႔ရန္ ဆုေတာင္းပါ။ ဧဖက္ ၃း၁၆ "ဆုေတာင္းေသာအခ်က္ဟူမူကား၊ ဝိညာဥ္ေတာ္အားျဖင့္ သင္တို႔၏အတြင္းလူကို ခြန္အားႏွင့္ ၿမဲၿမံ ခိုင္ခံ့ေစ၍၊"
ဘဝ၏ လႊမ္းမိုျခင္းအရာ၌ ခံစားေနရတဲ့ (သို႔) အရာအားလုံးကို ကိုယ့္အစြမ္းအစျဖင့္ လုပ္ေဆာင္ရဖို႔ ရွိေနတဲ့ သူေတြကို သင္သိပါသလား။ သူတို႔အတြက္ ဆုေတာင္းေပးလိုက္ပါ။ "အဖဘုရားသခင္ ...ယေန႔တြင္ သူတို႔ တစ္ဦးတည္းသာ မဟုတ္ေၾကာင္းကို သိရွိေစဖို႔ရန္ ကူညီမစေတာ္မူပါ။ သူတို႔အား ခြန္အားႏွင့္ အစြမ္း ေပးသနားေတာ္မူပါ။"
ယေန႔တြင္ အခ်င္းခ်င္း တစ္ေယာက္ကို တစ္ေယာက္အတြက္ ဆုေတာင္းၾကပါစို႔။
ဆင္ျခင္ရန္
ဆုေတာင္းျခင္းကို သင့္အသက္တာတြင္ ဝိညာဥ္ေရးအေလ့အထျဖစ္ေစရန္ ယေန႔ သင္လုပ္ေဆာင္ႏိုင္သည့္ အဆင့္တစ္ဆင့္မွာ အဘယ္နည္း။
သူ႔အတြက္ သမၼာက်မ္းအတိုင္း ဆုေတာင္းတဲ့အခါ ဘုရားသခင္ ဘယ္လိုခံစားရလဲ။
သင့္အသက္တာတြင္ ဝိညာဥ္ေရးႀကီးထြားလာေစရန္အတြက္ သင္မည္သူ႔ကို ဆုေတာင္းေပးႏိုင္သနည္း။