How to Be a ‘Show and Tell’ Christian
 Unicode Version
ခရစ်ယာန်ဖြစ်ခြင်း အဖြစ်ကို မည်ကဲ့သို့ ပုံဖော်မည်နည်း။
ကောလောသဲ ဩဝါဒစာ ၃း၁၇ "စကားပြောသော်၎င်း၊ အမှုဆောင်ရွက်သော်၎င်း၊ သခင်ယေရှု၏ နာမတော်ကို ထောက်၍ ခပ်သိမ်း သောအမှုတို့ကို ပြုမူလျက်၊ ကျေးဇူးတော်ကြီးလှပါ၏ဟု ထိုသခင်ကို အမှီပြု၍ ခမည်းတော်ဘုရားသခင်ရှေ့၌ ဝန်ခံကြလော့။"
သင့်အသက်တာ၌ ဘုရားသခင်သည် သတ်မှတ်ထားသော လူတွေကို အကြောင်းပြချက်တစ်ခု အတွက် ထားရှိပေးပါတယ်။ သင်သည် ထိုသူတို့အတွက် ဘုရားသခင်၏ ကိုယ်စားလှယ် တစ်ဦးဖြစ်ပါတယ်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ နှင့် ပေးကမ်းသော ကယ်တင်ခြင်း အကြောင်းကို သူတို့အား မပြောပါလျှင် ဘယ်သူက သူတို့ကို ပြောမည်နည်း။
သင်၏ ဆွေမျိုးများ ၊ မိတ်ဆွေများ ၊ အိမ်နီးချင်းများ နှင့် လုပ်ဖော်ကိုင်ဖက် တို့နှင့်အတူ ဘုရားသခင်၏ ဧဝံဂေလိတရားကို ဝေမျှနိုင်ဖို့ရန် ဘုရားသခင်သည် သင့်အား ထူးခြားသော အခြေအနေတွင် ထားရှိပါတယ်။ သူတို့အပေါ်ထားရှိသော ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် ဘုရားသခင်၏ မိသားစု ဝင်များ အဖြစ် အလိုတော်ရှိခြင်းအကြောင်းကို သူတို့တွေ ကြားရဖို့ လိုအပ်ပါတယ်။ သို့ပေမဲ့ ထိုအကြောင်းကို သူတို့အတွက် မိုးသားထက်၌ ဘုရားသခင်  ရေးသားမှာတော့ မဟုတ်ပါဘူး။ Telegram အားဖြင့်လည်း ပို့မှာ မဟုတ်ပါဘူး။ သင့်အား ပို့နှင့်ပြီ ဖြစ်ပါတယ်။ ဘုရားသခင်၏ သဘောသဘာဝ နည်းတူ သင်လေ့လာဖို့ကိုလည်း အလိုတော်ရှိပါတယ်။ သို့မှသာ သင်လည်း သူတစ်ပါးတို့ကို ဘုရား၏ အပြစ်လွှတ်ခြင်း ၊ စာနာတတ်ခြင်း ၊ သည်းခံခြင်း နှင့် သစ္စာရှိခြင်းကို ဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ်။
၎င်းနှင့် ပတ်သက်ပြီး သမ္မာကျမ်းစာက ရှင်းလင်းစွာ ဖော်ပြထားသည်မှာ "ပြင်ပလူတို့ရှေ့၌ လျောက်ပတ်စွာကျင့်၍ အဘယ်မျှ မလိုရအောင်၊ငါတို့သည် အထက်က မှာထားသည်နှင့်အညီ ငြိမ်ဝပ်စွာနေ၍၊ ကိုယ်အမှုကို ဆောင်ရွက်လျက်၊ ကိုယ်လက်နှင့် လုပ်ဆောင်ခြင်းငှါ စေတနာစိတ်နှင့် ကြိုးစားအားထုတ်မည်အကြောင်းကို၊ ငါတို့သည် တိုက်တွန်း သွေးဆောင်ကြ၏။" ၁သက် ၄ ၁၁-၁၂
The Bible is very clear about this: “Do all you can to live a peaceful life. Take care of your own business, and do your own work . . . If you do, then people who are not believers will respect you” (1 Thessalonians 4:11-12 NCV).  
လျှောက်နေသောလမ်း ၊ ပြောနေသော စကားအတိုင်း လျှောက်လှမ်းသော အသက်တာရှိတဲ့ ခရစ်ယာန်တွေကို ကျွန်ုပ်တို့ လိုအပ်ပါတယ်။ ဤစကားသုံးကို သင်အရင်ကလည်း ကြားခဲ့ဖူးမှာပါ။ သို့ပေမဲ့ ၎င်းသည် တကယ့်ကို ရိုးရှင်းပါတယ်။ သစ္စာရှိသော ခရစ်ယာန်တို့သည် သူတို့ ယုံကြည်သောအရာကိုသာ ပြောနေရုံမျှမက လိုက်လျှောက်အသက်ရှင်ကြပါတယ်။ သို့မှသာ သူတို့၌ ရှိသော မျှော်လင့်ခြင်း နှင့် ဝမ်းမြောက်ခြင်းတို့သည် သခင်ယေရှုအားဖြင့် ရရှိကြောင်းကို သူတစ်ပါးတို့ တွေ့မြင်မှာ ဖြစ်ပါတယ်။ ထို ခရစ်ယာန်တို့သည် ပုံသက်သေ ဖြစ်ကြသော ယုံကြည်သူခရစ်ယာန် ဖြစ်ပါတယ်။ ဧဝံဂေလိ သတင်းစကားကို သူတို့၏ နှုတ်မှ ပြောကြတယ်။ အသက်တာ၌လည်း ဧဝံဂေလိတရားကို ဖော်ပြ အသက်ရှင်ကြတဲ့သူတွေ ဖြစ်ပါတယ်။ 
ကောလောသဲ ဩဝါဒစာ ၃း၁၇ "စကားပြောသော်၎င်း၊ အမှုဆောင်ရွက်သော်၎င်း၊ သခင်ယေရှု၏ နာမတော်ကို ထောက်၍ ခပ်သိမ်း သောအမှုတို့ကို ပြုမူလျက်၊ ကျေးဇူးတော်ကြီးလှပါ၏ဟု ထိုသခင်ကို အမှီပြု၍ ခမည်းတော်ဘုရားသခင်ရှေ့၌ ဝန်ခံကြလော့။"
“Whatever you do or say, do it as a representative of the Lord Jesus” (Colossians 3:17 NLT).  
သင်ဆုတောင်းနိုင်သည့် အန္တရာယ်အရှိဆုံးသော စကားလုံး သည် "အကျွန်ုပ်ကို သုံးပါ" ဆိုတဲ့ စကားဖြစ်ပါတယ်။ ထိုကဲ့သို့ သင် ဆုတောင်းဖို့ ကျွန်တော် ပြောချင်ပါတယ်။ ဤကဲ့သို့ ဆုတောင်းဖို့ ကျွန်တော် သင့်အား စိန်ခေါ်ချင်ပါတယ်။ "အဖဘုရားသခင်...ကျွန်ုပ်ကို အသုံးပြုတော်မူပါ။ အဖဘုရား ချစ်တော်မူကြောင်းကို မသိသော လူတို့အား အဖဘုရား၏ ချစ်ခြင်းမေတ္တာကို ဖော်ပြပေးဖို့ရန် နှင့် ထိုသူတို့အသက်တာအတွက် အဖဘုရား၌ ရည်ရွယ်ချက် ရှိကြောင်းကို  ဖော်ပြပေးဖို့ရန် ကျွန်ုပ်အား အသုံးပြုတော်မူပါ။" 
ထိုကဲ့သို့သော ဆုတောင်းသည် ကမ္ဘာလောကကြီးကို ပြောင်းလဲသွားနိုင်ပါတယ်။ သို့ပေမဲ့ ပြောင်းလဲခြင်းသည် အကျွန်ုပ်တို့၏ အသိုင်းအဝိုင်း များနှင့် ကျွန်ုပ်တို့ ချစ်ခင် သိကျွမ်းသော လူတို့နှင့်သာ စတင်မှာ ဖြစ်ပါတယ်။ 
ကျွန်ုပ်တို့ မဖော်ပြသရွေ့တော့ သူတို့ သိရှိမှာ မဟုတ်ပါဘူး။
ဆင်ခြင်ရန်
- သင်၏ ယုံကြည်မှု အရာကို သူတစ်ပါးတို့အား ဖော်ပြခြင်း ၊ ပြောကြားခြင်း ပြုဖို့ရန် လွယ်ကူတယ်လို့ တွေ့မြင်ပါသလား။ ယခုတွင် ထိုနှစ်ခု လုံးဖြင့် သင့်အသက်တာ၌ မည်သို့ လုပ်ဆောင်နေပါသနည်း။
- သင်၏ ဝန်းကျင်ရှိ လူတို့အတွက် သင်သည် ဘုရားသခင်၏ ကိုယ်စားလှယ်ဖြစ်ပါတယ်။ ထို ကိုယ်စားပြုသော သူတစ်ဦးတွင် မည်သို့သော တာဝန်တွေ ရှိပါသနည်း။
- ယနေ့ သင်ကြားသိရသော daily devotional မှ ဆုတောင်းချက်ကို ပြုလိုက်ပါ။ သို့ပေမဲ့ ပုဂ္ဂိုလ်ရေးရာ အဖြစ် လုပ်ဆောင်ပါ။ သင့်အသက်တာ၌ ဧဝံဂေလိတရားကို ကြားနာဖို့ လိုအပ်သော လူတို့၏ တိကျသော အမည်တို့ကို ထည့်သွင်းလိုက်ပါ။ 
----------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်