Make Friends to Make Disciples
 Unicode Version
တပည့်တော် ဖြစ်လာဖို့ရန် မိတ်ဆွေဖွဲ့ပါ။
ရောမ ၁၂း၂၆ "အချင်းချင်းစိတ်သဘော တညီတညွတ်တည်း ရှိကြလော့။ ဂုဏ်စည်းစိမ်ကိုငဲ့ကွက်ခြင်းမရှိကြနှင့်။ နှိမ့်ချသောသူတို့ကို အပေါင်းအဘော်လုပ်ကြလော့။ ငါသည် ပညာရှိ၏ဟု ကိုယ်ကိုမထင်ကြနှင့်။"
လူတိုင်းသည် ခင်မင်ရင်းနှီးကျွမ်းဝင်ရုံမျှသာမက မိမိလိုအပ်ဆုံးသော အချိန်၌ ရှိနေပေးမည့် စစ်မှန်သော မိတ်ဆွေလို လူတွေကို ရှာဖွေကြပါတယ်။ သင့်အသက်ထဲ၌ ရှိနှင့်ပြီးသား လူတွေနဲ့ စစ်မှန်တဲ့ ပေါင်းသင်းဆက်ဆံမှု ပြုဖို့ရန် သင့်အား ဘုရားသခင်သည် အလိုတော်ရှိတာ ဖြစ်ပါတယ်။ သို့မှသာ သူတို့နှင့်အတူ ဧဝံဂေလိ သတင်းစကားကို ဝေမျှနိုင်မှာ ဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက် ၊ အတန်းဖော် ၊ အိမ်နီးချင်း နှင့် အသင်းဖော်တို့ကို ဘုရားသခင်သည် သင့်အသက်တာ၌ ထားရှိပေးပါတယ်။ သို့မှသာ သူတို့ပြုမည့် အရေးအကြီးဆုံးသော ဆုံးဖြတ်ချက်တို့နှင့် ပတ်သက်ပြီး သင်မျှဝေပေးနိုင်မှာ ဖြစ်ပါတယ်။
သူတို့အတွက် သခင်ယေရှု ပြုခဲ့ပြီးသောအရာတို့နှင့် ပတ်သက်ပြီး သင်က မပြောပြဘူးဆိုလျှင် ၊ အဘယ်သူ ပြောမည်နည်း။
သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ ရောမ ၁၂း၂၆ "အချင်းချင်းစိတ်သဘော တညီတညွတ်တည်း ရှိကြလော့။ ဂုဏ်စည်းစိမ်ကိုငဲ့ကွက်ခြင်းမရှိကြနှင့်။ နှိမ့်ချသောသူတို့ကို အပေါင်းအဘော်လုပ်ကြလော့။ ငါသည် ပညာရှိ၏ဟု ကိုယ်ကိုမထင်ကြနှင့်။"
ခရစ်ယာန်တို့သည် အစွန်းနှစ်ဖက် ဖြစ်သော သီးသန့်နေခြင်းး (သို့) တုပခြင်း ထဲမှ တစ်ခုခုတွင် ကျရောက်နေလေ့ရှိတတ်ကြပါတယ်။ တစ်ချို့ခရစ်ယာန်တွေသည် "လောကကြီးကြောင့် ငါ့ကိုယ်ငါ ညစ်ညမ်းစေချင်ဘူး။ ငါ့ကိုယ်ငါ သီးသန့်လေး နေနေတာပါ။ ငါရဲ့ကမ္ဘာလေးထဲမှာ ငါ့ကိုယ်ငါ တည်ဆောက်မယ်"
လို့ပြောတတ်ကြပါတယ်။ 
သီးသန့်နေထိုင်ခြင်းက အလုပ်မဖြစ်ပါ။ ၎င်းနည်းလမ်းဖြင့် ဘယ်လို မိတ်ဆွေဖွဲ့မည်နည်း။
နောက်ထပ်တစ်ခုဖြစ်တဲ့ တုပခြင်းအကြောင့်ကတော့ " လောက ဖြစ်တည်မှုအတိုင်း ဖြစ်ပါစေ။ နာမည်ကြော်တွေ ဝတ်ဆင်တဲ့အတိုင်း ငါတို့ဝတ်ဆင်ကြမယ်။ တခြားသူတွေနဲ့ပတ်သက်ပြီး ငါတို့ အလိုရှိတဲ့အတိုင်း ပြောကြမယ်။ ငါတို့မှာ ရှိသင့်ရှိထိုက်တဲ့ ခေတ်စားတဲ့ ယဉ်ကျေးမှု ဓလေ့ ၊ ပန်းတိုင်နှင့် တန်ဖိုးရှိမဲ့အရာတွေကို ငါတို့ ရရှိကြမယ်။ လောကကြီးကနေ ငါတို့ ဘာမှကွဲပြားခြားနားသွားတာ မရှိပါဘူး။" လို့ပြောနေပါတယ်။ 
၎င်းသည်လည်း သင်၌ မဖြစ်စေဖို့ ဘုရားသခင် အလိုတော်ရှိပါတယ်။ လူ့အဖွဲ့အစည်းရဲ့ အနိမ့်ဆုံး ဖြစ်နေကျ သတ်မှတ်တန်ဖိုးတွေမှာ သင့်အား အလေးမထားစေချင်ပါ။
အဖြေက သီးသန့်နေခြင်း (သို့) တုပခြင်းတွေထဲမှာ ရှိမနေပါဘူး။ သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ သင်သည် လောက၏ ဆား နှင့် အလင်းဖြစ်ဖို့ အကြောင်း ဖြစ်ပါတယ်။ ဘုရားသခင်၏ ကောင်းမြတ်ခြင်းတွေဖြင့် ကမ္ဘာလောကကြီးကို ထိုးထွင်းမြင်ဖို့ ဖြစ်ပါတယ်။ 
သင်၏ ယုံကြည်ခြင်း၌ သန့်ရှင်းပြီး လုံခြုံဖို့ရန် ဘုရားသခင် အလိုတော်ရှိပါတယ်။ သင့်အသက်ထဲ၌ ထားရှိပေးထားတဲ့ လူတွေကို သိကျွမ်းဖို့ရန် သင်၏ အခန်းတံခါးဆိုတဲ့ ကမ္ဘာငယ်လေးထဲကနေ ထွက်လာဖို့ရန် အလိုတော်ရှိတာ ဖြစ်ပါတယ်။ 
သင့်ဝန်းကျင်ရှိ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးကို တည်ဆောက်ပြီး သူတို့နှင့်အတူ သမ္မာတရားကို ဝေငှခြင်းဖြင့် လောက တွင် သင်ရှိနေသော်လည်း လောကအရာနှင့် မဆိုင်သူကဲ့သို့ ဖြစ်လာပါမည်။ 
"အကြောင်းမူကား၊ ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘောကို ငါတို့အား ပေးတော်မူ သည်မဟုတ်၊ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ်သဘောကို ပေးတော်မူ၏။" ၂တိ ၁းရ 
“For the Holy Spirit, God’s gift, does not want you to be afraid of people, but to be wise and strong, and to love them and enjoy being with them” (2 Timothy 1:7 TLB).
ဆင်ခြင်ရန်
-လူတွေကို နက်နဲတဲ့အဆင့်မှာ သိကျွမ်းဖို့ထက် တစ်ခါတလေ ကိုယ့်ကိုကိုယ် သီးခြားခွဲထွက်နေဖို့ ဘာကြောင့် ပိုလွယ်ပါသနည်း။
-ကမ္ဘာလောကကို အတုယူသူဖြစ်စေသည့် ထောင်ချောက်ထဲသို့ သင် ကျရောက်ခဲ့သော နည်းလမ်းအချို့ကား မည်သို့နည်း။
-အကယ်၍ သင်သည် တစ်စုံတစ်ယောက်၏ အသက်တာ၌ ယေရှုခရစ်၏ တစ်ခုတည်းသော ကိုယ်စားပြုမှုဖြစ်ခဲ့ပါက၊ ခရစ်ယာန်ဘာသာကို သူတို့ မည်သို့မြင်မည်နည်း။ ၎င်းက သင့်ကို မည်သို့လိုပြောင်းလဲစေပါသနည်း။
--------------------------------------------------------------------------------------
Zawgyi Version
လို့ပြောတတ်ကြပါတယ်။ 
ဆင်ခြင်ရန်