Life is not Fair. God is still Good.

 Unicode Version

လောကကြီးက မတရားပါဘူး။ ဘုရားသခင်က ကောင်းမြတ်စဲ ပါ။

၂ ‌ကော ၁း၈-၉ "ညီအစ်ကိုတို့၊ အာရှိပြည်၌ငါတို့ခံရသော ဆင်းရဲခြင်းတည်းဟူသော အသက်မလွတ်နိုင်ဟု ထင်ရ၍၊ မခံနိုင်အောင်အတိုင်းထက် အလွန်လေးသော ဆင်းရဲခံရကြောင်းကို သင်တို့မသိဘဲ နေစေခြင်းငှါ ငါတို့ အလိုမရှိ။

 ငါတို့သည်မိမိကိုယ်ကိုအစဉ်မကိုးစားဘဲ၊ သေသောသူတို့ကို ထမြောက်စေတော်မူသော ဘုရား သခင်ကို ကိုးစားမည်အကြောင်း သေစေဟုစီရင်ခြင်းကို ကိုယ်တိုင်ခံရသကဲ့သို့ဖြစ်၏။"

လောကကြီးမှာ ခေါင်းကိုက်စရာတွေနဲ့ ပြည့်ဝနေပါတယ်။ ကျွန်ုပ်တို့ ဝေဒနာ ခံစားရပါတယ်။ အထီးကျန်ခြင်း၊ စိတ်ဓါတ်ကျခြင်း တွေကို ခံစားရပြီး ဝေဖန်ပြစ်တင်ခြင်းတွေကို ရင်ဆိုင်ရပါတယ်။ ပြီးတော့ တခါတရံတွင် မတရားဘူးလို့ ခံစားရနိုင်ပါတယ်။ သို့ပေမဲ့ ၎င်းသည် မဟုတ်ပါဘူး။

သင့်ကိုယ်သင် ဤမေးခွန်းကို မေးပါ။ သခင်ယေရှု ဝေဒနာ ခံစားခဲ့ရပါသလား။ သခင်ယေရှု တခါတရံ အထီးကျန် နေခဲ့ပါသလား။ သခင်ယေရှု စိတ်ဓါတ်ကျဖို့ရန် စုံစမ်းခြင်း ခံစားခဲ့ရပါသလား။ နားလည်မှုလွှဲခြင်းခံရပြီး မတရားစွာ ဝေဖန်ပြစ်တင်ခံခဲ့ရပါသလား။

ဟုတ်ပါတယ်။ သခင်ယေရှုသည် အယောက်စီတိုင်းထက် ဝေဒနာ ခံစားခြင်းတွေကို ပိုပြီး နားလည်ကျွမ်းဝင်ပါတယ်။ 

ဘုရားသခင်သည် ကျွန်ုပ်တို့၌ သခင်ယေရှု၏ သဘော သဘာဝ စရိုက်လက္ခဏာတို့ကို ပြုစုပျိုးထောင်ပေးနေတဲ့အတွက်ကြောင့် ကျွန်ုပ်တို့သည် ဝေဒနာခံစားခြင်း ၊ အထီးကျန်ခြင်း ၊ စိတ်ဓါတ်ကျခြင်း (သို့) ဝေဖန်ပြစ်တင်ခြင်းကနေ လွှတ်ငြိမ်းကင်းလွှတ်ခွင့် တစ်ယောက်မျှ မရှိပါ။ ထိုသို့ လုပ်ဆောင်ဖို့ရန် ဘုရားသခင်သည် သခင်ယေရှု တွေ့ကြုံခဲ့ပြီးသော အလားတူသော ပြသနာ တစ်ချို့ကို ကျွန်ုပ်တို့အား ဖြတ်ကျော်ဖို့ ပို့ဆောင်ပါတယ်။ 

ဘုရားသခင်သည် အဖြစ်ဆိုးများကို ဖြစ်ပေါ်စေတယ်လို့ ဆိုလိုတာလား။ မဟုတ်ပါ.. ဘုရားသခင်သည် ကောင်းမြတ်တော်မူ၏။ ဒုစရိုက်ကို မပြု ၊ ဒုစရိုက်ကို မဖြစ်ပေါ်စေပါ။ သို့ပေမဲ့ ဘုရားသခင်သည် မှောင်မိုက်နှင့် စိတ်ဖိစီးမှု အချိန်ကာလတွေကို ကောင်းစွာ အသုံးချနိုင်ပါတယ်။ ၎င်းတို့ကို အသုံးချပြီး တခြားသော သူတွေကို ဘယ်လို ကူညီစေမလဲ ၊ သူ့အား ယုံကြည်ဖို့ကို သွန်သင်ခြင်းပေးဖို့ရန် နှင့် တခြားသော ယုံကြည်သူတို့ထံ ကျွန်ုပ်တို့အား ပိုပြီးရင်းနှီးမှုရှိရန် ဆွဲခေါ်ဖို့ ကျွန်ုပ်တို့အား ဖော်ပြပေးပါမည်။

တမန်တော်ရှင်ပေါလုနှင့် သူ့ဝန်းကျင်ရှိလူတွေသည် ၎င်းကို မှန်ကန်တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။ ရှင်ပေါလု ပြောထားသည်မှာ ၂ ကော ၁း၄ "ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော် အားဖြင့် ကိုယ်တိုင် သက်သာခြင်းရှိသကဲ့သို့၊ ဆင်းရဲခြင်း အမျိုးမျိုးကို ခံရသောသူတို့ အားသက်သာ စေနိုင်မည်အကြောင်း၊ ဆင်းရဲခြင်းအမျိုးမျိုးတို့၌ ဘုရား သခင်သည် ငါတို့အားသက်သာစေတော်မူ၏။"

“He comforts us in all our troubles so that we can comfort others” (2 Corinthians 1:4 NLT).

ထို့နောက် ရှင်ပေါလုနှင့် သူ၏ အဖော်များသည် ခက်ခဲသော အချိန်ကာလတစ်လျှောက် ဘုရားသခင်ကို ယုံကြည်ကိုစားဖို့ရန် သင်ယူပုံကို ဆက်လက်ရှင်းပြခဲ့ပါတယ်။ ၂ ကော ၁း၈-၉ "ညီအစ်ကိုတို့၊ အာရှိပြည်၌ငါတို့ခံရသော ဆင်းရဲခြင်းတည်းဟူသော အသက်မလွတ်နိုင်ဟု ထင်ရ၍၊ မခံနိုင်အောင်အတိုင်းထက် အလွန်လေးသော ဆင်းရဲခံရကြောင်းကို သင်တို့မသိဘဲ နေစေခြင်းငှါ ငါတို့ အလိုမရှိ။

ငါတို့သည်မိမိကိုယ်ကိုအစဉ်မကိုးစားဘဲ၊ သေသောသူတို့ကို ထမြောက်စေတော်မူသော ဘုရား သခင်ကို ကိုးစားမည်အကြောင်း သေစေဟုစီရင်ခြင်းကို ကိုယ်တိုင်ခံရသကဲ့သို့ဖြစ်၏။"

အခက်အခဲကြား ရုန်းကန်ခြင်းများမှ ဘုရားသခင်နှင့် ပိုမို ရင်းနှီးကျွမ်းဝင်လာခဲ့ကြပါတယ်။ သို့ပေမဲ့ တခြားသော ယုံကြည်သူတို့အား "သင်တို့သည်ကူညီ၍ ငါတို့အဘို့ဆုတောင်းလျှင်၊ နောက်၌လည်း ကယ်လွှတ်တော်မူလတံ့ဟု ငါတို့သည် ယုံကြည်မျှော်လင့်ခြင်းရှိ၏၊ ထိုသို့ဖြစ်လျှင် အများသော သူတို့သည် ကူညီသောအားဖြင့် ငါတို့၌ ရောက်သော ကျေးဇူးကို အများသောသူတို့သည်ထောက်၍ ငါတို့အတွက်ကျေးဇူးတော်ကို ချီးမွမ်းကြလိမ့်မည်။" ၂ ကော ၁း၁၁

ဒါကြောင့် အခက်အခဲတို့ကို ဖြတ်သန်းရချိန်တွေမှာ သင်ဘာကို လုပ်ဆောင်သင့်ပါသနည်း။

စိတ်ဓါတ်ကျခြင်းကို ငြင်းပယ်ပါ။

ဘုရားသခင် သင်နှင့်အတူရှိခြင်းကို သတိရပါ။

ဘုရားသခင်၏ ကာကွယ်ခြင်း နှင့် လမ်းပြခြင်းပေါ်အားထားပါ။ စိတ်ချယုံကြည်လိုက်ပါ။

ကျွန်ုပ်တို့အားလုံး အခက်အခဲ အချိန်ကာလတွေကို ဖြတ်သန်းကြရပါတယ်။ သခင်ယေရှုကိုယုံကြည်သောသူတို့အတွက် ခြားနားချက်မှာ ဘုရားသခင်၏ကတိတော်ဖြစ်တဲ့ ကျွန်ုပ်တို့နှင့်အတူရှိခြင်း ၊ ဝိညာဉ်ရေးရာရင့်ကျက်မှုပေါ် စိုက်ပျိုးပေးခြင်း နှင့်  ကျွန်ုပ်တို့၏အခက်အခဲများကို ကောင်းဖို့အတွက် အသုံးချခြင်းပေါ် ကျွန်ုပ်တို့ စိတ်ချယုံကြည်လို့ ရတာ ဖြစ်ပါတယ်။

ဆင်ခြင်ရန်

- သခင်ယေရှု ဒုက္ခဝေဒနာ ခံစားခဲ့ရခြင်းအကြောင်းကို သိရှိခြင်းအရာက သင်၏ ဒုက္ခဝေဒနာတို့ကို ခံနိုင်ရည်ရှိဖို့ ဖြစ်စေပါသလား။ ဘာကြောင့်လဲ 

- ဘာကြောင့် ဘုရားသခင်ကို သင်ယုံကြည်လို့ရနိုင်သနည်း။

- ယခုတွင် မည်သို့သော အခက်အခဲတို့ကို သင်ရင်ဆိုင်နေရပါသနည်း။ ဤအခက်အခဲဖြတ်သန်းစဉ် တခြားသော ယုံကြည်သူတို့နှင့် ပိုနီးကပ်စေဖို့ မည်ကဲ့သို့သော လက်တွေ့ကျသည့် ခြေလှမ်းမျိုးကို သင်စတင်လုပ်ဆောင်နိုင်မည်နည်း။


-------------------------------------------------------------------------------------

Zawgyi Version

ေလာကႀကီးက မတရားပါဘူး။ ဘုရားသခင္က ေကာင္းျမတ္စဲ ပါ။

၂ ‌ေကာ ၁း၈-၉ "ညီအစ္ကိုတို႔၊ အာရွိျပည္၌ငါတို႔ခံရေသာ ဆင္းရဲျခင္းတည္းဟူေသာ အသက္မလြတ္ႏိုင္ဟု ထင္ရ၍၊ မခံႏိုင္ေအာင္အတိုင္းထက္ အလြန္ေလးေသာ ဆင္းရဲခံရေၾကာင္းကို သင္တို႔မသိဘဲ ေနေစျခင္းငွါ ငါတို႔ အလိုမရွိ။

 ငါတို႔သည္မိမိကိုယ္ကိုအစဥ္မကိုးစားဘဲ၊ ေသေသာသူတို႔ကို ထေျမာက္ေစေတာ္မူေသာ ဘုရား သခင္ကို ကိုးစားမည္အေၾကာင္း ေသေစဟုစီရင္ျခင္းကို ကိုယ္တိုင္ခံရသကဲ့သို႔ျဖစ္၏။"

ေလာကႀကီးမွာ ေခါင္းကိုက္စရာေတြနဲ႔ ျပည့္ဝေနပါတယ္။ ကြၽႏ္ုပ္တို႔ ေဝဒနာ ခံစားရပါတယ္။ အထီးက်န္ျခင္း၊ စိတ္ဓါတ္က်ျခင္း ေတြကို ခံစားရၿပီး ေဝဖန္ျပစ္တင္ျခင္းေတြကို ရင္ဆိုင္ရပါတယ္။ ၿပီးေတာ့ တခါတရံတြင္ မတရားဘူးလို႔ ခံစားရႏိုင္ပါတယ္။ သို႔ေပမဲ့ ၎သည္ မဟုတ္ပါဘူး။

သင့္ကိုယ္သင္ ဤေမးခြန္းကို ေမးပါ။ သခင္ေယရႈ ေဝဒနာ ခံစားခဲ့ရပါသလား။ သခင္ေယရႈ တခါတရံ အထီးက်န္ ေနခဲ့ပါသလား။ သခင္ေယရႈ စိတ္ဓါတ္က်ဖို႔ရန္ စုံစမ္းျခင္း ခံစားခဲ့ရပါသလား။ နားလည္မႈလႊဲျခင္းခံရၿပီး မတရားစြာ ေဝဖန္ျပစ္တင္ခံခဲ့ရပါသလား။

ဟုတ္ပါတယ္။ သခင္ေယရႈသည္ အေယာက္စီတိုင္းထက္ ေဝဒနာ ခံစားျခင္းေတြကို ပိုၿပီး နားလည္ကြၽမ္းဝင္ပါတယ္။ 

ဘုရားသခင္သည္ ကြၽႏ္ုပ္တို႔၌ သခင္ေယရႈ၏ သေဘာ သဘာဝ စ႐ိုက္လကၡဏာတို႔ကို ျပဳစုပ်ိဳးေထာင္ေပးေနတဲ့အတြက္ေၾကာင့္ ကြၽႏ္ုပ္တို႔သည္ ေဝဒနာခံစားျခင္း ၊ အထီးက်န္ျခင္း ၊ စိတ္ဓါတ္က်ျခင္း (သို႔) ေဝဖန္ျပစ္တင္ျခင္းကေန လႊတ္ၿငိမ္းကင္းလႊတ္ခြင့္ တစ္ေယာက္မွ် မရွိပါ။ ထိုသို႔ လုပ္ေဆာင္ဖို႔ရန္ ဘုရားသခင္သည္ သခင္ေယရႈ ေတြ႕ႀကဳံခဲ့ၿပီးေသာ အလားတူေသာ ျပသနာ တစ္ခ်ိဳ႕ကို ကြၽႏ္ုပ္တို႔အား ျဖတ္ေက်ာ္ဖို႔ ပို႔ေဆာင္ပါတယ္။ 

ဘုရားသခင္သည္ အျဖစ္ဆိုးမ်ားကို ျဖစ္ေပၚေစတယ္လို႔ ဆိုလိုတာလား။ မဟုတ္ပါ.. ဘုရားသခင္သည္ ေကာင္းျမတ္ေတာ္မူ၏။ ဒုစ႐ိုက္ကို မျပဳ ၊ ဒုစ႐ိုက္ကို မျဖစ္ေပၚေစပါ။ သို႔ေပမဲ့ ဘုရားသခင္သည္ ေမွာင္မိုက္ႏွင့္ စိတ္ဖိစီးမႈ အခ်ိန္ကာလေတြကို ေကာင္းစြာ အသုံးခ်ႏိုင္ပါတယ္။ ၎တို႔ကို အသုံးခ်ၿပီး တျခားေသာ သူေတြကို ဘယ္လို ကူညီေစမလဲ ၊ သူ႔အား ယုံၾကည္ဖို႔ကို သြန္သင္ျခင္းေပးဖို႔ရန္ ႏွင့္ တျခားေသာ ယုံၾကည္သူတို႔ထံ ကြၽႏ္ုပ္တို႔အား ပိုၿပီးရင္းႏွီးမႈရွိရန္ ဆြဲေခၚဖို႔ ကြၽႏ္ုပ္တို႔အား ေဖာ္ျပေပးပါမည္။

တမန္ေတာ္ရွင္ေပါလုႏွင့္ သူ႔ဝန္းက်င္ရွိလူေတြသည္ ၎ကို မွန္ကန္တယ္လို႔ ေတြ႕ရွိခဲ့ၾကပါတယ္။ ရွင္ေပါလု ေျပာထားသည္မွာ ၂ ေကာ ၁း၄ "ငါတို႔သည္ ဘုရားသခင္၏ ေက်းဇူးေတာ္ အားျဖင့္ ကိုယ္တိုင္ သက္သာျခင္းရွိသကဲ့သို႔၊ ဆင္းရဲျခင္း အမ်ိဳးမ်ိဳးကို ခံရေသာသူတို႔ အားသက္သာ ေစႏိုင္မည္အေၾကာင္း၊ ဆင္းရဲျခင္းအမ်ိဳးမ်ိဳးတို႔၌ ဘုရား သခင္သည္ ငါတို႔အားသက္သာေစေတာ္မူ၏။"

“He comforts us in all our troubles so that we can comfort others” (2 Corinthians 1:4 NLT).

ထို႔ေနာက္ ရွင္ေပါလုႏွင့္ သူ၏ အေဖာ္မ်ားသည္ ခက္ခဲေသာ အခ်ိန္ကာလတစ္ေလွ်ာက္ ဘုရားသခင္ကို ယုံၾကည္ကိုစားဖို႔ရန္ သင္ယူပုံကို ဆက္လက္ရွင္းျပခဲ့ပါတယ္။ ၂ ေကာ ၁း၈-၉ "ညီအစ္ကိုတို႔၊ အာရွိျပည္၌ငါတို႔ခံရေသာ ဆင္းရဲျခင္းတည္းဟူေသာ အသက္မလြတ္ႏိုင္ဟု ထင္ရ၍၊ မခံႏိုင္ေအာင္အတိုင္းထက္ အလြန္ေလးေသာ ဆင္းရဲခံရေၾကာင္းကို သင္တို႔မသိဘဲ ေနေစျခင္းငွါ ငါတို႔ အလိုမရွိ။

ငါတို႔သည္မိမိကိုယ္ကိုအစဥ္မကိုးစားဘဲ၊ ေသေသာသူတို႔ကို ထေျမာက္ေစေတာ္မူေသာ ဘုရား သခင္ကို ကိုးစားမည္အေၾကာင္း ေသေစဟုစီရင္ျခင္းကို ကိုယ္တိုင္ခံရသကဲ့သို႔ျဖစ္၏။"

အခက္အခဲၾကား ႐ုန္းကန္ျခင္းမ်ားမွ ဘုရားသခင္ႏွင့္ ပိုမို ရင္းႏွီးကြၽမ္းဝင္လာခဲ့ၾကပါတယ္။ သို႔ေပမဲ့ တျခားေသာ ယုံၾကည္သူတို႔အား "သင္တို႔သည္ကူညီ၍ ငါတို႔အဘို႔ဆုေတာင္းလွ်င္၊ ေနာက္၌လည္း ကယ္လႊတ္ေတာ္မူလတံ့ဟု ငါတို႔သည္ ယုံၾကည္ေမွ်ာ္လင့္ျခင္းရွိ၏၊ ထိုသို႔ျဖစ္လွ်င္ အမ်ားေသာ သူတို႔သည္ ကူညီေသာအားျဖင့္ ငါတို႔၌ ေရာက္ေသာ ေက်းဇူးကို အမ်ားေသာသူတို႔သည္ေထာက္၍ ငါတို႔အတြက္ေက်းဇူးေတာ္ကို ခ်ီးမြမ္းၾကလိမ့္မည္။" ၂ ေကာ ၁း၁၁

ဒါေၾကာင့္ အခက္အခဲတို႔ကို ျဖတ္သန္းရခ်ိန္ေတြမွာ သင္ဘာကို လုပ္ေဆာင္သင့္ပါသနည္း။

စိတ္ဓါတ္က်ျခင္းကို ျငင္းပယ္ပါ။

ဘုရားသခင္ သင္ႏွင့္အတူရွိျခင္းကို သတိရပါ။

ဘုရားသခင္၏ ကာကြယ္ျခင္း ႏွင့္ လမ္းျပျခင္းေပၚအားထားပါ။ စိတ္ခ်ယုံၾကည္လိုက္ပါ။

ကြၽႏ္ုပ္တို႔အားလုံး အခက္အခဲ အခ်ိန္ကာလေတြကို ျဖတ္သန္းၾကရပါတယ္။ သခင္ေယရႈကိုယုံၾကည္ေသာသူတို႔အတြက္ ျခားနားခ်က္မွာ ဘုရားသခင္၏ကတိေတာ္ျဖစ္တဲ့ ကြၽႏ္ုပ္တို႔ႏွင့္အတူရွိျခင္း ၊ ဝိညာဥ္ေရးရာရင့္က်က္မႈေပၚ စိုက္ပ်ိဳးေပးျခင္း ႏွင့္  ကြၽႏ္ုပ္တို႔၏အခက္အခဲမ်ားကို ေကာင္းဖို႔အတြက္ အသုံးခ်ျခင္းေပၚ ကြၽႏ္ုပ္တို႔ စိတ္ခ်ယုံၾကည္လို႔ ရတာ ျဖစ္ပါတယ္။

ဆင္ျခင္ရန္

- သခင္ေယရႈ ဒုကၡေဝဒနာ ခံစားခဲ့ရျခင္းအေၾကာင္းကို သိရွိျခင္းအရာက သင္၏ ဒုကၡေဝဒနာတို႔ကို ခံႏိုင္ရည္ရွိဖို႔ ျဖစ္ေစပါသလား။ ဘာေၾကာင့္လဲ 

- ဘာေၾကာင့္ ဘုရားသခင္ကို သင္ယုံၾကည္လို႔ရႏိုင္သနည္း။

- ယခုတြင္ မည္သို႔ေသာ အခက္အခဲတို႔ကို သင္ရင္ဆိုင္ေနရပါသနည္း။ ဤအခက္အခဲျဖတ္သန္းစဥ္ တျခားေသာ ယုံၾကည္သူတို႔ႏွင့္ ပိုနီးကပ္ေစဖို႔ မည္ကဲ့သို႔ေသာ လက္ေတြ႕က်သည့္ ေျခလွမ္းမ်ိဳးကို သင္စတင္လုပ္ေဆာင္ႏိုင္မည္နည္း။