Unicode Version
နာကျင်ခံစားရမှုတို့ကို ဝန်ဆောင်မှု / အကူအညီအဖြစ်သို့ မည်သို့ပြောင်းလဲမည်နည်း။
၂ကော ၁း၁၆ "သို့ဖြစ်၍ငါတို့သည် ဆင်းရဲခြင်းကိုခံရသော်၎င်း၊ သက်သာခြင်း သို့ရောက်သော်၎င်း၊ သင်တို့၏ သက်သာခြင်းနှင့် ကယ်တင်ခြင်း အကျိုးအလိုငှါဖြစ်၏။ ငါတို့သည် ဆင်းရဲခြင်းကိုခံရသကဲ့သို့ သင်တို့သည် သည်းခံသော စိတ်နှင့်ခံရသောအားဖြင့်၊ ထိုသက်သာခြင်းနှင့် ကယ်တင်ခြင်းသည်ပြည့်စုံတတ်၏။"
အသက်တာ၌ လူတိုင်း ပြသနာများစွာ ၊ အခက်အခဲပေါင်းများစွာ ရင်ဆိုင်တွေ့ကြုံကြရမှာ ဖြစ်ပါတယ်။ ထို ခက်ခဲတဲ့ အချိန်ကာလကို ခံနိုင်ရည်ရှိဖို့ရန် လိုအပ်သော ကျေးဇူးတော်အားလုံးကို သင့်အား ဘုရားသခင် ပေးပါလိမ့်မည်။ သို့ပေမဲ့ ရင်ဆိုင်ရသည့် သင်၏အတွေ့အကြုံ တို့ကို သူတစ်ပါးတို့အား အကူအညီဖြစ်ပေးဖို့ အသုံးချခြင်းစိတ်ဆန္ဒ ရှိစေဖို့ရန် ဘုရားသခင် အလိုတော်ရှိတာ ဖြစ်ပါတယ်။ ဘုရားသခင်သည် သင်၏ နာကျင်ခံစားရမှုတို့ကို အလဟဿ မဖြစ်စေချင်ပါ။
သမ္မာကျမ်းစာတွင် ဖော်ပြထားသည်မှာ "သို့ဖြစ်၍ငါတို့သည် ဆင်းရဲခြင်းကိုခံရသော်၎င်း၊ သက်သာခြင်း သို့ရောက်သော်၎င်း၊ သင်တို့၏ သက်သာခြင်းနှင့် ကယ်တင်ခြင်း အကျိုးအလိုငှါဖြစ်၏။ ငါတို့သည် ဆင်းရဲခြင်းကိုခံရသကဲ့သို့ သင်တို့သည် သည်းခံသော စိတ်နှင့်ခံရသောအားဖြင့်၊ ထိုသက်သာခြင်းနှင့် ကယ်တင်ခြင်းသည်ပြည့်စုံတတ်၏။"၂ကော ၁း၁၆
သူတစ်ပါးတို့၏ အကျိုးအတွက် ဘုရားသခင်သည် တခါတရံတွင် သင့်အား ပြသနာတို့ကို ရင်ဆိုင်ဖြတ်သန်းခွင့် ပြုတယ်ဆိုတာကို သင်သိပါသလား။ ဘုရားသခင်သည် သင့်အား မှောင်မိုက်ခြင်းတွေ ၊ စိတ်ဓါတ်ကျဆင်းခြင်းတွေ (သို့) စိတ်ပျက်ခြင်း အချိန်ကာလတွေကို သင်ရင်ဆိုင်တွေ့ကြုံဖို့ ခွင့်ပြုကောင်း ခွင့်ပြုပါမည်။ သို့မှသာ သင်သည်လည်း သူတစ်ပါးကို သင်ခံစားရသည့် ဘုရားသခင်၏ နှစ်သိမ့်ပေးမှုအတိုင်း တူညီစွာ နှစ်သိမ့်ပေးနိုင်ဖို့ ဖြစ်ပါတယ်။
တကယ်တော့ သင်၏ အားသာချက်များမှ မဟုတ်ဘဲ သင်၏အားနည်းခြင်းအရာကနေ အကြီးမြတ်ဆုံးသော အသက်တာ သတင်းစကားသည် အမြဲတမ်းထွက်ပေါ်ပါတယ်။
အရက်ကြောင်း နာလန်ထနေသူကို ပြန်လည်နာလန်ထူလာသူတစ်ယောက်ထက် ဘယ်သူက ပိုပြီး ကူညီနိုင်မလဲ။ ကွာခြင်းခြင်းဝေဒနာကို ခံစားနေရသူကို ကွာရှင်းပြတ်စဲခြင်းမှ သက်သာရာ ရလာသူထက် ဘယ်သူက ပိုပြီး ကူညီပေးနိုင်မလဲ။ ပြင်းထန်သော ဝေဒနာ ခံစားရတဲ့ ကလေးတစ်ဦး၏ မိဘကို ထိုဝေဒနာအတိုင်း ခံစားဖူးတဲ့မိဘတို့ထက် ဘယ်သူက ပိုပြီး ကူညီဖေးမနိုင်မလဲ။
သင့်အသက်တာတွင် သင်ပြောင်းလဲလိုသောအရာတို့သည် သင်၏ ဝိညာဉ်ရေးရာ တိုးတက်ဖို့ရန် နှင့် သင့်အား ကြီးထွားလာစေရန် ဘုရားသခင် အသုံးပြုလို့သည့် အရာများ ဖြစ်လေ့ရှိပါတယ်။ ဘုရားသခင် သင်၌ အလုပ်လုပ်ဆောင်နေစဉ် တခြားသူတို့ကိုလည်း အကူအညီဖြစ်ဖို့ရန် သင့်အား လုပ်ဆောင်မှုပြုဖို့ အလိုတော်ရှိတာလည်း ဖြစ်ပါတယ်။
သမ္မာကျမ်းစာတွင် ဖော်ပြထားသည်မှာ မေတ္တာသည် ဘယ်သောအခါမျှ အရှုံးမပေးတတ်ပါတဲ့။ ၎င်းသည် အခြေအနေတွေတိုင်းကို မျှော်လင့်ခြင်းနှင့် ခံနိုင်ရည် ဖြစ်စေပါတယ်။ ချစ်ခြင်းမေတ္တာက တစ်ပါးသူကို စဉ်းစားပေးတတ်တယ်။ သူတစ်ပါးတို့၏ ပြသနာကို မိမိ ပြသနာနှင့် လိုအပ်မှုတို့အဖြစ် ပြောင်းလဲပေးတယ်။ ချစ်ခြင်းမေတ္တာသည် ဘုရားသခင် လူတွေကို မြင်ပြီး လိုအပ်မှု တို့ကို ဖြည့်ဆည်းသည့်အတိုင်း မြင်စေပါတယ်။
၎င်းသည် သခင်ယေရှု လုပ်ဆောင်ခဲ့တဲ့အရာ ဖြစ်ပါတယ်။ သခင်ယေရှုသည် ပြသနာမျိုးစုံ နှင့် အရှက်ကွဲခြင်းမျိုးစုံကို ခံစားခဲ့ရပြီး သူ၏ ကိုယ်ကျိုးအတွက် မဟုတ်ဘဲ ကျွန်ုပ်တို့ကယ်တင်ခြင်းအတွက် ကားတိုင်သို့ သွားခဲ့ပါတယ်။ ထိုစံနမူနာကို လိုက်နာပြီး သင်၏ နာကျင်မှုတို့ကို သူတစ်ပါး အကူအညီဖြစ်စေဖို့ရန် အသုံးပြုလိုက်ပါ။
ဆင်ခြင်ရန်
-သင်ရင်ဆိုင်တွေ့ကြုံရသည့် နာကျင်ခြင်းတို့ကို သင်ဖြတ်သန်းချိန်၌ တစ်စုံတစ်ယောက်က အလားတူသော နာကျင်ခြင်းအတွေ့အကြုံတို့ကို အသုံးပြုခြင်းက သင့်အားမည်သို့ အကူအညီဖြစ်စေပါသလား။
- သင့်အသက်တာတွင် အခက်ခဲဆုံးသော (သို့) နက်ရှိုင်းစွာ နာကျင်ရသော မည်သည့်အရာမျိုးက သူတစ်ပါးအတွက် တွန်းအားပေးမှု တစ်ခုအဖြစ် ရှိနိုင်မည်နည်း။
- သူတစ်ပါးကို ဘုရားသခင် မြင်သကဲ့သို့ မြင်ဖို့ရန် ဘာကြောင့် အရေးကြီးပါသနည်း။ ၎င်းသည် သင်၏ ပေါင်းသင်းဆက်ဆံရေးနှင့် ပတ်သက်ပြီး ဘာကို ပြောင်းလဲစေပါသနည်း။
-------------------------------------------------------------------------
Zawgyi Version
နာက်င္ခံစားရမႈတို႔ကို ဝန္ေဆာင္မႈ / အကူအညီအျဖစ္သို႔ မည္သို႔ေျပာင္းလဲမည္နည္း။
၂ေကာ ၁း၁၆ "သို႔ျဖစ္၍ငါတို႔သည္ ဆင္းရဲျခင္းကိုခံရေသာ္၎၊ သက္သာျခင္း သို႔ေရာက္ေသာ္၎၊ သင္တို႔၏ သက္သာျခင္းႏွင့္ ကယ္တင္ျခင္း အက်ိဳးအလိုငွါျဖစ္၏။ ငါတို႔သည္ ဆင္းရဲျခင္းကိုခံရသကဲ့သို႔ သင္တို႔သည္ သည္းခံေသာ စိတ္ႏွင့္ခံရေသာအားျဖင့္၊ ထိုသက္သာျခင္းႏွင့္ ကယ္တင္ျခင္းသည္ျပည့္စုံတတ္၏။"
အသက္တာ၌ လူတိုင္း ျပသနာမ်ားစြာ ၊ အခက္အခဲေပါင္းမ်ားစြာ ရင္ဆိုင္ေတြ႕ႀကဳံၾကရမွာ ျဖစ္ပါတယ္။ ထို ခက္ခဲတဲ့ အခ်ိန္ကာလကို ခံႏိုင္ရည္ရွိဖို႔ရန္ လိုအပ္ေသာ ေက်းဇူးေတာ္အားလုံးကို သင့္အား ဘုရားသခင္ ေပးပါလိမ့္မည္။ သို႔ေပမဲ့ ရင္ဆိုင္ရသည့္ သင္၏အေတြ႕အႀကဳံ တို႔ကို သူတစ္ပါးတို႔အား အကူအညီျဖစ္ေပးဖို႔ အသုံးခ်ျခင္းစိတ္ဆႏၵ ရွိေစဖို႔ရန္ ဘုရားသခင္ အလိုေတာ္ရွိတာ ျဖစ္ပါတယ္။ ဘုရားသခင္သသည္ သင္၏ နာက်င္ခံစားရမႈတို႔ကို အလဟႆ မျဖစ္ေစခ်င္ပါ။
သမၼာက်မ္းစာတြင္ ေဖာ္ျပထားသည္မွာ "သို႔ျဖစ္၍ငါတို႔သည္ ဆင္းရဲျခင္းကိုခံရေသာ္၎၊ သက္သာျခင္း သို႔ေရာက္ေသာ္၎၊ သင္တို႔၏ သက္သာျခင္းႏွင့္ ကယ္တင္ျခင္း အက်ိဳးအလိုငွါျဖစ္၏။ ငါတို႔သည္ ဆင္းရဲျခင္းကိုခံရသကဲ့သို႔ သင္တို႔သည္ သည္းခံေသာ စိတ္ႏွင့္ခံရေသာအားျဖင့္၊ ထိုသက္သာျခင္းႏွင့္ ကယ္တင္ျခင္းသည္ျပည့္စုံတတ္၏။"၂ေကာ ၁း၁၆
သူတစ္ပါးတို႔၏ အက်ိဳးအတြက္ ဘုရားသခင္သည္ တခါတရံတြင္ သင့္အား ျပသနာတို႔ကို ရင္ဆိုင္ျဖတ္သန္းခြင့္ ျပဳတယ္ဆိုတာကို သင္သိပါသလား။ ဘုရားသခင္သည္ သင့္အား ေမွာင္မိုက္ျခင္းေတြ ၊ စိတ္ဓါတ္က်ဆင္းျခင္းေတြ (သို႔) စိတ္ပ်က္ျခင္း အခ်ိန္ကာလေတြကို သင္ရင္ဆိုင္ေတြ႕ႀကဳံဖို႔ ခြင့္ျပဳေကာင္း ခြင့္ျပဳပါမည္။ သို႔မွသာ သင္သည္လည္း သူတစ္ပါးကို သင္ခံစားရသည့္ ဘုရားသခင္၏ ႏွစ္သိမ့္ေပးမႈအတိုင္း တူညီစြာ ႏွစ္သိမ့္ေပးႏိုင္ဖို႔ ျဖစ္ပါတယ္။
တကယ္ေတာ့ သင္၏ အားသာခ်က္မ်ားမွ မဟုတ္ဘဲ သင္၏အားနည္းျခင္းအရာကေန အႀကီးျမတ္ဆုံးေသာ အသက္တာ သတင္းစကားသည္ အၿမဲတမ္းထြက္ေပၚပါတယ္။
အရက္ေၾကာင္း နာလန္ထေနသူကို ျပန္လည္နာလန္ထူလာသူတစ္ေယာက္ထက္ ဘယ္သူက ပိုၿပီး ကူညီႏိုင္မလဲ။ ကြာျခင္းျခင္းေဝဒနာကို ခံစားေနရသူကို ကြာရွင္းျပတ္စဲျခင္းမွ သက္သာရာ ရလာသူထက္ ဘယ္သူက ပိုၿပီး ကူညီေပးႏိုင္မလဲ။ ျပင္းထန္ေသာ ေဝဒနာ ခံစားရတဲ့ ကေလးတစ္ဦး၏ မိဘကို ထိုေဝဒနာအတိုင္း ခံစားဖူးတဲ့မိဘတို႔ထက္ ဘယ္သူက ပိုၿပီး ကူညီေဖးမႏိုင္မလဲ။
သင့္အသက္တာတြင္ သင္ေျပာင္းလဲလိုေသာအရာတို႔သည္ သင္၏ ဝိညာဥ္ေရးရာ တိုးတက္ဖို႔ရန္ ႏွင့္ သင့္အား ႀကီးထြားလာေစရန္ ဘုရားသခင္ အသုံးျပဳလို႔သည့္ အရာမ်ား ျဖစ္ေလ့ရွိပါတယ္။ ဘုရားသခင္ သင္၌ အလုပ္လုပ္ေဆာင္ေနစဥ္ တျခားသူတို႔ကိုလည္း အကူအညီျဖစ္ဖို႔ရန္ သင့္အား လုပ္ေဆာင္မႈျပဳဖို႔ အလိုေတာ္ရွိတာလည္း ျဖစ္ပါတယ္။
သမၼာက်မ္းစာတြင္ ေဖာ္ျပထားသည္မွာ ေမတၱာသည္ ဘယ္ေသာအခါမွ် အရႈံးမေပးတတ္ပါတဲ့။ ၎သည္ အေျခအေနေတြတိုင္းကို ေမွ်ာ္လင့္ျခင္းႏွင့္ ခံႏိုင္ရည္ ျဖစ္ေစပါတယ္။ ခ်စ္ျခင္းေမတၱာက တစ္ပါးသူကို စဥ္းစားေပးတတ္တယ္။ သူတစ္ပါးတို႔၏ ျပသနာကို မိမိ ျပသနာႏွင့္ လိုအပ္မႈတို႔အျဖစ္ ေျပာင္းလဲေပးတယ္။ ခ်စ္ျခင္းေမတၱာသည္ ဘုရားသခင္ လူေတြကို ျမင္ၿပီး လိုအပ္မႈ တို႔ကို ျဖည့္ဆည္းသည့္အတိုင္း ျမင္ေစပါတယ္။
၎သည္ သခင္ေယရႈ လုပ္ေဆာင္ခဲ့တဲ့အရာ ျဖစ္ပါတယ္။ သခင္ေယရႈသည္ ျပသနာမ်ိဳးစုံ ႏွင့္ အရွက္ကြဲျခင္းမ်ိဳးစုံကို ခံစားခဲ့ရၿပီး သူ၏ ကိုယ္က်ိဳးအတြက္ မဟုတ္ဘဲ ကြၽႏ္ုပ္တို႔ကယ္တင္ျခင္းအတြက္ ကားတိုင္သို႔ သြားခဲ့ပါတယ္။ ထိုစံနမူနာကို လိုက္နာၿပီး သင္၏ နာက်င္မႈတို႔ကို သူတစ္ပါး အကူအညီျဖစ္ေစဖို႔ရန္ အသုံးျပဳလိုက္ပါ။
ဆင္ျခင္ရန္
-သင္ရင္ဆိုင္ေတြ႕ႀကဳံရသည့္ နာက်င္ျခင္းတို႔ကို သင္ျဖတ္သန္းခ်ိန္၌ တစ္စုံတစ္ေယာက္က အလားတူေသာ နာက်င္ျခင္းအေတြ႕အႀကဳံတို႔ကို အသုံးျပဳျခင္းက သင့္အားမည္သို႔ အကူအညီျဖစ္ေစပါသလား။
- သင့္အသက္တာတြင္ အခက္ခဲဆုံးေသာ (သို႔) နက္ရႈိင္းစြာ နာက်င္ရေသာ မည္သည့္အရာမ်ိဳးက သူတစ္ပါးအတြက္ တြန္းအားေပးမႈ တစ္ခုအျဖစ္ ရွိႏိုင္မည္နည္း။
- သူတစ္ပါးကို ဘုရားသခင္ ျမင္သကဲ့သို႔ ျမင္ဖို႔ရန္ ဘာေၾကာင့္ အေရးႀကီးပါသနည္း။ ၎သည္ သင္၏ ေပါင္းသင္းဆက္ဆံေရးႏွင့္ ပတ္သက္ၿပီး ဘာကို ေျပာင္းလဲေစပါသနည္း။