How You Can Be Made Right With God
 Unicode Version
ဘုရားသခင်နှင့် သင်မည်သို့ ဖြောင့်မတ်မှန်ကန်နိုင်ပါမည်နည်း။
ရောမဩဝါဒစာ ၁ဝး၉-၁၀ "အဘယ်သို့နည်းဟူမူကား၊ သင်သည် သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။"
သမ္မာကျမ်းစာတွင် ဖော်ပြထားသည်မှာ ရောမဩဝါဒစာ ၁း၁၇ "အဘယ်သို့ဖြစ်သနည်းဟူမူကား၊ ဖြောင့်မတ် သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည် ဟု ကျမ်းစာလာသည်နှင့်အညီ၊ ယုံကြည်ခြင်း၌ တည်သောဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည်၊ ယုံကြည်ခြင်းအဘို့အလိုငှါ ဧဝံဂေလိတရားအားဖြင့် ထင်ရှားလျက်ရှိ၏။"
The Bible says in Romans 1:17, “The Good News shows how God makes people right with himself” (NCV).
ဘုရားသခင်သည် သင့်အား ဖြောင့်မတ်မှန်ကန်သောသူတစ်ဦး အဖြစ် မည်သို့ လုပ်ဆောင်ပါသနည်း။ သခင်ယေရှုအားဖြင့် ဖြစ်ပါတယ်။ ဘာကို ဆိုလိုသလဲ အကြောင်းကို ရှင်းပြထားပါတယ်။ 
သင့်ကိုယ်သင် ဖြောင့်မတ်အောင် မလုပ်ဆောင်နိုင်ပါဘူး။ 
ကောင်းကင်ဘုံသည် ပြီးပြည့်စုံသော နေရာ ဖြစ်ပါတယ်။ ထိုနေရာတွင် အပြစ်မရှိ ၊ အဆိုးတွေမရှိ ၊ ဝမ်းနည်းမှုတွေ ၊ မတရားမှုတွေ မရှိပါ။ သို့ပေမဲ့ ပြသနာက လူသားတွေအားလုံးတို့သည် မပြည့်ဝ မစုံလင်ကြပါဘူး။ အပြစ်ရှိတဲ့သူတွေကို ကောင်းကင်ဘုံသို့ ဝင်ခွင့်ပြုလို့မရခြင်းက အပြစ်တွေနှင့် ပြည့်သွားမည် ဖြစ်သောကြောင့်တည်း။
ရောမဩဝါဒစာ ၃း၂၀ တွင် ဆိုထားသည်မှာ "ထိုသို့ပညတ်တရားသည် ဒုစရိုက်အပြစ်ကို ထင်ရှားစေသည်ဖြစ်သောကြောင့်၊ ပညတ်တရား၏ အကျင့်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်ရာ။"
ဘုရားသခင်၏ ပညတ်တော်တို့ကို လိုက်ရှောက်နိုင်တယ်လို့ ထင်မြင်တဲ့သူတွေသာ ထိုကျမ်းပိုဒ်ကို မသိရှိကြပါ။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်ရဲ့ ပညတ်တော်တွေက ပြီးပြည့်စုံပြီး ကျွန်ုပ်တို့ တစ်ယောက်မျှ မပြည့်စုံလို့ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ဖြောင့်မတ်အောင် မလုပ်ဆောင်နိုင်ပါ။ ဒါကြောင့် ကျွန်ုပ်တို့အားလုံး၏ အပြစ်တို့မှ ကယ်တင်ဖို့ရန် နှင့်သူနှင့်အတူ မိဿဟာရ ပြုရဖို့ရန် ဘုရားသခင် အစီအစဉ်တစ်ခုပြုခဲ့ပါတယ်။ 
ဘုရားသခင်သည် သင်၏ အပြစ်အားလုံးအတွက် သခင်ယေရှုကို စေလွှတ်ခဲ့ပါတယ်။ ဒါကြောင့် သင်ဖြောင့်မတ်ပြီလို့ သင်ကြေငြာနိုင်ပါပြီ။
လူ၏ ဥပဒေကို ဖောက်ဖျက်ပါက လူ၏ ပစ်ဒဏ်ကို ပေးဆောင်ရပါမည်။ သင်သည် ဘုရားသခင်၏ ပညတ်တော်တို့ကို ချိုးဖောက်တဲ့အခါမှာ ထာဝရငရဲဆိုတဲ့ ဘုရားသခင်၏ အပြစ်ဒဏ်ကို ပေးဆောင်ရမှာ ဖြစ်ပါတယ်။ သင့်အသက်တာ၌ ဘုရားသခင် ၊ သင့်ကိုယ်သင် နှင့် တခြားသောသူတို့ကို နာကျင်စေခဲ့တဲ့ လုပ်ဆောင်မှုအားလုံးတို့အတွက် တစ်စုံတစ်ယောက်က ပေးဆပ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားသခင်သည် သားတော် ယေရှုကို ကယ်တင်ခြင်းဆိုတဲ့ အစီအစဉ်မှာ ပို့ဆောင်လိုက်တာ ဖြစ်ပါတယ်။ အဓိက ပြောခဲ့သည်မှာ "ကျွန်ုပ်၏သားတော်ယေရှုကို ဒဏ်ပေးဆောင်ရန် စေလွှတ်လိုက်ပါမည်။ မင်းငရဲကိုသွားစရာ မလိုအောင် မင်းနေရာယူလိမ့်မယ်။ မင်းက ငါနဲ့အတူ ထာဝရရှိနေနိုင်တယ်။"
ဧဝံဂေလိတရားစကားကို ဘာကြောင့် သတင်းကောင်းလို့ ခေါ်ရခြင်းအကြောင်းကို သင်နားလည်ပါသလား။ ဧဝံဂေလိတရားသည် အသက်တာတွင် သင်ပြုသမျှသော မှားယွင်းခြင်း အရာအားလုံး (သို့) ထပ်ပြုမည့်မှားယွင်းမှုအရာ အားလုံးတို့အတွက် ကားတိုင်ထက်တွင် သခင်ယေရှု ပေးဆပ်ခဲ့ပြီးပြီ ဖြစ်ပါတယ် ဆိုတဲ့ စကားကို ပြောနေခြင်း ဖြစ်ပါတယ်။ သခင်ယေရှုအားဖြင့် ဘုရားသခင်နှင့်အတူ သင်ဖြောင့်မတ်နိုင်ပြီဖြစ်သည်။ ၎င်းသည် သတင်းကောင်း ဖြစ်ပါတယ်။ 
သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ တိတုဩဝါဒစာ ၃း၅ "ငါတို့ကျင့်သော ဖြောင့်မတ်ခြင်းအကျင့်အားဖြင့် မဟုတ်ဘဲ၊ မိမိသနားခြင်းကရုဏာတော်နှင့်အညီ ဒုတိယ မွေးခြင်းနှင့်ဆိုင်သော ဆေးကြောအသစ်ပြုပြင်ခြင်းအားဖြင့်၎င်း၊ ငါတို့ကို ကယ်တင်တော်မူ၏။"
ဘုရားသခင် သင့်အတွက် လုပ်ဆောင်ခဲ့တဲ့အရာပေါ် ယုံကြည်ခြင်းအားဖြင့် သင်လက်ခံဖို့ လိုပါတယ်။
ဘုရားသခင်နှင့် ဖြောင့်မတ်ဖို့ရန် သင့်အပြစ်တွေအားလုံးအတွက် ယေရှု ကားတိုင်ထက် အသေခံပေးဆပ်ခဲ့ပြီဆိုတာကို ယုံကြည်ခြင်းဖြင့် လက်ခံဖို့လိုပါတယ်။ သမ္မာကျမ်းစာတွင် ဖော်ပြထားသည်မှာ  "အဘယ်သို့နည်းဟူမူကား၊ သင်သည် သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။"ရောမဩဝါဒစာ ၁ဝး၉-၁၀
ဟာလေလုယာ။ ကျွန်ုပ်တို့အားလုံး မည်သူမည်ဝါ ဖြစ်စေ၊ ဘာကိုဘဲ လုပ်ဆောင်ခဲ့သည်ဖြစ်စေ ၊ (သို့) ဘယ်လောက် ကြာရှည်စွာ လုပ်ဆောင်ခဲ့သည်ဖြစ်စေ ကယ်တင်ခြင်းခံရပြီဖြစ်ပါတယ်။
ယနေ့တွင် ဤအရာကို ဖြေရှင်းရမည့်နေ့ဖြစ်ပါတယ်။ ဤလောက၌ သင်သေဆုံးသွားတဲ့အခါ ကောင်းကင်ဘုံသို့ ဝင်ရပါ့မလားဆိုတာကို မသေချာဘူးဆိုလျှင် ဤဆုတောင်းကို ပြုလိုက်ပါ။
“ချစ်လှစွာသော ဘုရားသခင်၊ ကိုယ်တော်သည် ကျွန်ုပ်အား ဖန်ဆင်းပေးခဲ့သော ကျေးဇူးတော်၊ ကျွန်ုပ်အသက်တာအတွက် အကြံအစည်နှင့် ရည်ရွယ်ချက်ရှိပြီး၊ ကျွန်ုပ် သခင့်အား သိရှိဖို့ရန် ပြုတော်မူသော အရာတို့အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ်တော်ရှင်၏ ကယ်တင်ခြင်းကမ်းလှမ်းချက်ကို လက်ခံရန် (သို့) ငြင်းပယ်ရန် ကျွန်ုပ်အား ပေးအပ်ခဲ့သော ရွေးချယ်မှုအတွက် ကျေးဇူးတင်ပါသည်။ ယနေ့ ကျွန်ုပ်ကို ကယ်တင်ရန် ကိုယ်တော်အား နှိမ့်ချစွာ တောင်းဆိုပါသည်- ကျွန်ုပ်လုပ်ဆောင်ခဲ့သည့်အရာအပေါ် အခြေမခံဘဲ ကျွန်ုပ်အတွက် သခင်ယေရှုခရစ် ပြုပေးခဲ့သည့်အရာအပေါ် အခြေခံပါသည်။ အားလုံးကို အကျွန်ုပ် နားမလည်ပေမယ့် သိမြင်သသည်အတိုင်း သားတော်ယေရှုပေါ် ယုံကြည်မှု အပ်နှံချင်ပါတယ်။ ဘုရားသခင်၊ ကိုယ်တော်အား အကျွန်ုပ် သိကျွမ်းခြင်း ၊ ချစ်တတ်ခြင်း ကိုသင်ယူချင်တယ်။ အသက်တာတစ်လျှောက်လုံး ဖြောင့်မတ်ခြင်းတရားကို ဆာလောင်ငတ်မွတ်သိပ်ချင်ပါသည်။ ကိုယ်တော်၏ကျေးဇူးတော်နှင့် ကိုယ်တော်၏ခွင့်လွှတ်ခြင်းတို့ကို ကျွန်ုပ်ယုံကြည်ပါသည်။ အကျွန်ုပ် အသက်တာ၏ အရှင်သခင် အဖြစ် ရှိနေစေချင်ပါတယ်။ အာမင်။”
အကယ်၍ သင်သည် ယေရှုကို လက်ခံရန် ဆုတောင်းခဲ့လျှင် Rick@PastorRick.com တွင် ကျေးဇူးပြု၍ အီးမေးလ်ပို့ပြီး ကျွန်ုပ်အား အသိပေးပါ။ မင်းကို ယေရှုနဲ့ ခရီးစတင်ရာမှာ ကူညီဖို့ အခမဲ့ ပစ္စည်းတချို့ ပို့ပေးချင်ပါတယ်။
ဆင်ခြင်ရန်
-သခင်ယေရှုကို လက်ခံပြီးဖြစ်ပါက၊ ဖြစ်ပျက်ပုံနှင့် လက်ခံခဲ့ပြီးသော အချိန်တို့ကို ဖော်ပြပါ။
-ဖြောင့်မတ်သောအသက်တာကို သင်မည်သို့နည်းများဖြင့် သင်ကိုယ်တိုင်ကြိုးစားခဲ့သနည်း။ အဲဒီကြိုးစားမှုရဲ့ ရလဒ်တွေက ဘာတွေလဲ။
-သင်အမှားလုပ်မိသမျှကို သခင်ယေရှုက ပေးချေပြီးဖြစ်ကြောင်း သင်သိရခြင်းက သင့်အတွက် ဘာကိုဆိုလိုသနည်း။
--------------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်