Unicode Version
သင်ကြီးထွားရင့်ကျက်စေဖို့ရန် ဝမ်းနည်းမှုတို့ကို ဘုရားဘယ်လို အသုံးပြုသနည်း။
ရောမဩဝါဒစာ ၈း၂၈ "ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။"
ဝမ်းနည်းခြင်း ၊ ဆုံးရှုံးခြင်း နှင့် နာကျင်ခြင်းတွေသည် အသက်တာ၏ မလွှဲမရှောင်သာ အစိတ်အပိုင်းတို့ဖြစ်ကြပါတယ်။ သို့ပေမဲ့ ဤအရာတို့ကို ဘုရားသခင်သည် သင် ကြီးထွားရင့်ကျက်ဖို့ အကူအညီဖြစ်စေရန် အသုံးပြုတယ်ဆိုတာကို သင်သိပါသလား။ နည်းလမ်း (၃) မျိုးဖြင့် ဘုရားသခင် လုပ်ဆောင်ပါတယ်။
ပထမဦးစွာ ဘုရားသခင်သည် သင်၏ အာရုံစိုက်မှုကို ရယူဖို့ရန် နာကျင်မှုကို အသုံးပြုပါတယ်။ C.S. Lweis ရေးသားခဲ့သည်မှာ "ဘုရားသခင်သည် ကျွန်ုပ်တို့အား သာယာနာပျော်ဖွယ်စကားဖြင့် တီးတိုးပြောဆိုတယ်။ ကျွန်ုပ်တို့၏ အလိုကို သိသောစိတ်ဖြင့် ပြောဆိုသော်လည်း ကျွန်ုပ်တို့၏ နာကျင်မှုတို့၌ ဟစ်အော်ပါတယ်။" နာကျင်မှုသည် ဘုရားသခင်၏ အသံချဲ့စက် ဖြစ်ပါတယ်။ အလင်းရောင်ကို ကျွန်ုပ်တို့ မြင်ရတဲ့အခါ ပြောင်းလဲဖို့ ခဲယဉ်းကြပါတယ်။ အပူကို ခံစားရတဲ့အခါမှာတော့ ကျွန်ုပ်တို့ ပြောင်းလဲကြပါတယ်။
သုတ္တံကျမ်း ၂ဝး၃၀ တွင် "အနာကိုမွှေနှောက်ခြင်းအားဖြင့် အဆိုးအညစ် နှင့်ကင်းစင်တတ်၏။ ဒဏ်ချက်ရာတို့သည်လည်း၊ ကိုယ် အတွင်းအရပ်တို့၌ ထိုသို့သော ကျေးဇူးကို ပြုတတ်၏။"
ဒုတိယအနေဖြင့် ဘုရားသခင်သည် အဆိုးထဲကနေ အကောင်းကို ဆောင်ကျဉ်းပေးပါတယ်။ သမ္မာကျမ်းစာတွင် အကျော်ကြားဆုံး ကျမ်းပိုဒ်တစ်ခုဖြစ်တဲ့ ရောမ ၈း၂၈ တွင် "ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။"
ဆုံးရှုံးမှုတစ်ခုကို သင်ရင်ဆိုင်တွေ့ကြုံရသည့်အခါတွင် ၎င်းသည် လက္ခဏာစရိုက် တို့၌ ကြီးထွားရင့်ကျက်စေဖို့ရန် အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ ရင်ဆိုင်တွေ့ကြုံရသည့် နာကျင်မှုကို သင် ထိန်းချုပ်၍ မရနိုင်ပါဘူး။ သို့ပေမဲ့ ၎င်းသည် သင့်အား ခါးသီးမှု (သို့) ပိုမိုကောင်းမွန်းစေမလားဆိုတာကိုတော့ သင် ဆုံးဖြတ်နိုင်ပါတယ်။ သင့်အတွက် တစ်ဆင့်တက်လှမ်းစေမဲ့ ကျောက်တုံးလား (သို့) ခလုတ်တံသင်း တစ်ခု ဖြစ်ခုလားဆိုတာ သင်ဆုံးဖြတ်ပါတယ်။ သင်၏ နာကျင်မှုတွေထဲမှာပင် သင်၏ ကောင်းကျိုးအတွက် ဘုရားသခင် လုပ်ဆောင်နေတယ်ဆိုတာကို သတိရပါ။
တတိယနေဖြင့် နိစ္စထာဝရအတွက် ဘုရားသခင် သင့်အား ပြင်ဆင်နေပါတယ်။ ၂ ကော ၄း၂၇-၁၈ တွင် ဖော်ပြထားသည်မှာ "အကြောင်းမူကား၊ မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာ တို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်စဉ်အခါ၊ ယခုခဏ ခံရ၍ပေါ့ပါးသော ဆင်းရဲ ခြင်းဒုက္ခသည် အတိုးထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။
အကြောင်းမူကား၊ မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာ တို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်စဉ်အခါ၊ ယခုခဏ ခံရ၍ပေါ့ပါးသော ဆင်းရဲ ခြင်းဒုက္ခသည် အတိုးထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။"
အရင်က ကျွန်ုပ်ပြောခဲ့ဖူးတဲ့စကားကို သင်ကြားခဲ့ဖူးပါလိမ့်မည်။ "သင်၏ ကားကို ကောင်းကင်ဘုံသို့ သင်မယူဆောင်သွားပါဘူး။ သင်၏ လက်ဝတ်ရတနာ နှင့် အဝတ်အစား တို့နှင့်အလုပ်အကိုင်တို့ကိုလည်း ကောင်းကင်ဘုံသို့ သင် မယူဆောင်သွားပါဘူး။ သို့ပေမဲ့ သင်၏ အကျင့်စရိုက်ကိုတော့ သင်သယ်သူသွားပါလိမ့်မည်။ သင့်ကိုယ်သင် ယူဆောင်သွားမှာ ဖြစ်ပါတယ်။
သင်၏ သက်တောင့်သက်သာရှိနေမှု ၊ အဆင်ပြေနေမှု ထက် သင်၏ စရိုက်လက္ခဏာတို့၌ ကြီးထွားမှုကို ဘုရားသခင် ပိုပြီး စိတ်ဝင်စားပါတယ်။ ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့ သင် ကောင်းကင်ဘုံ ရောက်သွားတဲ့အခါ သင် အဆင်ပြေမည့်အနေအထားကို အချိန်ပြည့်ရရှိပိုင်ဆိုင်မှာ ဖြစ်ပါတယ်။ သို့ပေမဲ့ ကမ္ဘာမြေကြီးပေါ်ရှိ အသက်တာသည် အဆင်သင့်ဖြစ်စေသည့် ဇာတ်ခုံတစ်ခု ဖြစ်ပြီး ၎င်းသည် သင်ယူမှုအဆင့် (သို့) သွေးပူလေ့ကျင့်ခန်း ပြုခြင်းမျိုး ဖြစ်ပါတယ်။ ဤကမ္ဘာလောကရှိ သင်၏ ပြသနာတို့ကို ဘုရားသခင် အသုံးပြုသည်မှာ သင့်အား ထာဝရ ချီးကျူးထောပနာ အတွက် သင့်အား အဆင်သင့် ဖြစ်စေဖို့ရန် ဖြစ်ပါတယ်။ ၎င်းသည် နှစ်သိမ့်မှု တစ်ခု ဖြစ်ပါတယ်။
သင် နာကျင်နေတဲ့အခါ "ဘုရားသခင် ဘာလုပ်နေသလဲ" လို့ သင်မေးဖို့ လိုအပ်ပါတယ်။ သင်၏ အာရုံစိုက်ခြင်းကို ရယူဖို့ရန် ဘုရားသခင် ကြိုးစားနေသလား။ အဆိုးထဲကနေ အကောင်းကို ယူဆောင်ဖို့ရန် ဘုရားသခင် ကြိုးစားနေသလား။ ကောင်းကင်ဘုံအတွက် သင်၏ စရိုက်လက္ခဏာကို ဘုရားသခင် ပြင်ဆင်နေသလား။
အရာအားလုံးအတွက် ဘုရားသခင်ကို သင်ယုံကြည်နိုင်ပါတယ်။
ဆင်ခြင်ရန်
- သင်၏ ကောင်းကျိုးအတွက် ဘုရားသခင် အလုပ်လုပ်နေတယ်ဆိုတာ ဘယ်လို အဓိပ္ပါယ်နည်း။ ကောင်းသော အရာတို့ကိုသာ ယုံကြည်သောသူတို့ဆီသာ ဖြစ်ပေါ်စေတယ်လို့ ဆိုလိုတာလား။
- ကောင်းကင်ဘုံ ကတိတော်ထက် ယနေ့ခေတ်ဖြစ်ရပ်မှန်တို့ကို အာရုံစိုက်ရန် အဘယ်ကြောင့် လွယ်ကူနေပါသနည်း။
- သင် နာကျင်ခံစားရချိန်တွေ၌ ဘုရားသခင်ထံမှာ ကြားနာမှုအတွက် အဆင်သင့်ဖြစ်စေရန် ယခုတွင် သင့်ကိုယ်သင် မည်သို့ ပြင်ဆင်နိုင်ပါမည်နည်း။
---------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်