Four Habits to Fortify Your Faith

 Unicode Version

သင်၏ ယုံကြည်ခြင်းကို အားဖြည့်ခိုင်မာစေမည့် အလေ့အကျင့် (၄) မျိုး

တိမောသေဩဝါဒစာ ပဌမစောင် ၄း၇ "ဘုရားဝတ်၌ မွေ့လျော်ခြင်း အားဖြင့် ကိုယ်ကိုကိုယ်ဆုံးမလော့။"

“Spend your time and energy in the exercise of keeping spiritually fit.” 1 Timothy 4:7 (TLB)


ဘုရားသခင်၏ အသုံးပြုခြင်းကို သင်အလိုရှိပါလျှင် သင်၏ ယုံကြည်ခြင်းကို ခိုင်မာစေရပါမည်။ 

မနက်ချိန်ခါ နိုးထပြီး "ငါဒီနေ့ လေ့ကျင့်ခန်း လုပ်ရမယ်"ဆိုပြီး စဉ်းစားနေတဲ့ လူတွေ ဘယ်လောက်များသလဲဆိုတာ ကျွန်တော် သိချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်တော့  လေ့ကျင့်ခန်း မလုပ်တာ သေချာပါတယ်။ သို့ပေမဲ့ ကျွန်ုပ်တို့အားလုံး ခန္ဓာပိုင်း ၊ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်း နှစ်မျိုးလုံးကို လိုအပ်တယ်ဆိုတာကို ကျွန်တော် ကောင်းကောင်းသိပါတယ်။ လေ့ကျင့်ခန်းအကြောင့်နှင့် ပတ်သက်ပြီးလည်း သိနေပါတယ်။ ခန္ဓာပိုင်းဖြစ်စေ ၊ ဝိညာဉ်ပိုင်း ဖြစ်စေ လေ့ကျင့်မှုပြုတဲ့ အချိန်တိုင်းပေါ်တွင် အကောင်းဆုံးသော အကျိုးရလဒ်ကို ကျွန်တော် လိုချင်ပါတယ်။ 

ဝိညာဉ်ရေးရာ လေ့ကျင့်ခန်းတို့အတွက် အကောင်းဆုံးသောအရာကို လိုချင်ပါလျှင် သင်၏ ယုံကြည်ခြင်းကို ခိုင်ခံ့လာစေမည့် ဝိညာဉ်ရေးဆိုင်ရာ အမူအကျင့် (၄) မျိုးကို ပြုစုပျိုးထောင်ပါ။

(၁) သမ္မာကျမ်းစာကို လေ့လာပါ။

သင်၏ သမ္မာကျမ်းစာ လေ့လာမှုသည် ပုဂ္ဂိုလ်ရေးရာ ဖြစ်စေဖို့ လိုအပ်ပါတယ်။ သင်၏ ယုံကြည်ခြင်းကို ခိုင်မာလာစေရန် တစ်စုံတစ်ယောက်၏ သမ္မာကျမ်းစာ လေ့လာခြင်းပေါ် မှီနေလို့ မရနိုင်ပါ။ သင့်ကိုယ်တိုင် လေ့လာဖို့ ဆုံးဖြတ်ပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ "ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊ ဘုရားသခင်၏ လူသည်စုံလင်သောသူ၊ ကောင်းသော အမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှါ ပြင်ဆင်သောသူ ဖြစ်မည်အကြောင်း၊ ဩဝါဒပေးခြင်း၊ အပြစ်ကိုဘော်ပြခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏။" ၂တိ ၃း၁၆-၁၇

ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အသက်တာအတွက် "အဆင်သင့် ဖြစ်"စေသော လက်စွဲဖြစ်ပါတယ်။ အကယ်၍ ဘုရားသခင်၏ အသုံးပြုခြင်း၌ အဆင်သင့်ဖြစ်စေချင်ပါလျှင် သမ္မာကျမ်းစာကို လေ့လာဖို့ရန် လိုအပ်ပါတယ်။

(၂) ခရစ်ယာန် စာအုပ်စာပေများကို ဖတ်ပါ။ သုတ္တံကျမ်း ၁၉း၈ တွင် ဆိုထားသည်မှာ "ပညာကိုရသောသူသည် မိမိအသက်ဝိညာဉ်ကို ချစ်ရာရောက်၏။ ဥာဏ်ကိုစွဲလမ်းသောသူသည်လည်း၊ ကောင်းကျိုးကို ခံတတ်၏။"

(၃) သင်၏ သက်သေခံချက်ကို ရေးပါ။ ၁ ပေ ၃း၁၅ တွင် ဆိုထားသည်မှာ "စိတ်နှလုံးထဲ၌ ထာဝရအရှင်ဘုရားသခင်ကို ရိုသေခြင်းရှိကြလော့။ သင်တို့မြော်လင့်ခြင်း၏ အကြောင်းကို မေးမြန်းသောသူရှိသမျှတို့အား၊ နူးညံ့သောသဘော၊ ကြောက်ရွံ့သောသဘောနှင့် ပြန်ပြော ခြင်းငှါ၊ ကာလအစဉ်မပြတ် အသင့်ရှိနေကြလော့။" ဘယ်သူမှ သင့်အတွက် မလေ့လာနိုင်သလို ၊ သင့်အကြောင်းကိုလည်း ဘယ်သူမှ မပြောနိုင်ပါ။ သက်သေခံဖို့ရန် အပိုင်း (၄) ပိုင်းရှိပါတယ်။ သခင်ခရစ်တော်ဆီ သင်ရောက်မလာခင် ရှိသော သင့်အသက်တာက ဘယ်လိုလဲ။ သင့်အသက်တာတွင် သခင်ခရစ်တော်ကို သင်လိုအပ်ကြောင်း မည်သို့ နားလည်ခဲ့ပါသနည်း။ သင့်အသက်တာကို သခင်ခရစ်တော်ဆီ အပ်နှံပုံနှင့် ယခု သင့်အသက်တာကား မည်သို့ရှိသနည်း။

(၄) အဖွဲ့ငယ်လေးတစ်ခုကို ဆက်သွယ်ပါ။ သက်သာလောနိတ် ဩဝါဒစာ ပဌမစောင် ၅း၁၁ "ထိုကြောင့်၊ သင်တို့သည်ယခုပင်ပြုသည်နည်းတူ၊ အချင်းချင်း တိုက်တွန်း၍ တယောက်ကိုတယောက် တည်ဆောက်ကြလော့။" သင်၏ ယုံကြည်ခြင်းကို ခိုင်မာလာစေဖို့ရန် လိုအပ်လာတဲ့အချိန်တွင် အရာတစ်ချို့ကို...နှိုင်းယှဉ်ရန် အဖွဲ့ငယ်တစ်ခု၌ ပုံမှန်ထိတွေ့ဆက်သွယ်နေပါ။ သင်၌ အဖွဲ့ငယ်မရှိလျှင် ယုံကြည်ခြင်း၌ ကြီးထွားလာစေဖို့ရန် သင့်အား အထောက်အမ ဖြစ်စေမည့်လူနှင့် အသက်တာကို မျှဝေခံစားပေးနိုင်မည့်သူတို့ကို ရှာဖွေပါ။

ဤ အလေ့အကျင့် (၄) မျိုးက သင့်အား ဘုရားသခင်အသုံးပြုရန် အဆင်သင့်ဖြစ်စေဖို့နှင့် ဝိညာဉ်ရေးရာ အံဝင်နေစေဖို့ရန် ကူညီပေးပါလိမ့်မည်။ ယနေ့တွင် သင်မည်သည့်အရာကို စတင် ပြုစုပါမည်နည်း။

ဆင်ခြင်ရန်

- သင်၏ သက်သေခံချက်ကို ရေးသားထားခြင်းအရာက အ‌ထောက်အကူ ဖြစ်တယ်လို့ ဘာကြောင့် ထင်မြင်ပါသနည်း။

- သင်၏ အဖွဲ့ငယ်၌ ယုံကြည်ခြင်း၌ ကြီးထွားလာစေဖို့ရန် တစ်ဦးနှင့်တစ်ဦး အကူအညီဖြစ်စေနိုင်သည့် နည်းလမ်းတစ်ချို့ကား မည်သို့နည်း။

- ခရစ်ယာန်စာပေများဖတ်ခြင်း၌ ပိုမိုဆွဲဆောင်နိုင်စေဖို့ရန် နှင့် သင်၏ အချိန်ဇယားနှင့် အံဝင်ဖို့ရန် သင်မည်သို့ ပြုနိုင်ပါသနည်း


-------------------------------------------------------------------------------

Zawgyi Version

သင္၏ ယုံၾကည္ျခင္းကို အားျဖည့္ခိုင္မာေစမည့္ အေလ့အက်င့္ (၄) မ်ိဳး

တိေမာေသဩဝါဒစာ ပဌမေစာင္ ၄း၇ "ဘုရားဝတ္၌ ေမြ႕ေလ်ာ္ျခင္း အားျဖင့္ ကိုယ္ကိုကိုယ္ဆုံးမေလာ့။"

“Spend your time and energy in the exercise of keeping spiritually fit.” 1 Timothy 4:7 (TLB)


ဘုရားသခင္၏ အသုံးျပဳျခင္းကို သင္အလိုရွိပါလွ်င္ သင္၏ ယုံၾကည္ျခင္းကို ခိုင္မာေစရပါမည္။ 

မနက္ခ်ိန္ခါ ႏိုးထၿပီး "ငါဒီေန႔ ေလ့က်င့္ခန္း လုပ္ရမယ္"ဆိုၿပီး စဥ္းစားေနတဲ့ လူေတြ ဘယ္ေလာက္မ်ားသလဲဆိုတာ ကြၽန္ေတာ္ သိခ်င္ပါတယ္။ ကြၽန္ေတာ္ကိုယ္တိုင္ေတာ့  ေလ့က်င့္ခန္း မလုပ္တာ ေသခ်ာပါတယ္။ သို႔ေပမဲ့ ကြၽႏ္ုပ္တို႔အားလုံး ခႏၶာပိုင္း ၊ စိတ္ဝိညာဥ္ပိုင္းဆိုင္ရာ ေလ့က်င့္ခန္း ႏွစ္မ်ိဳးလုံးကို လိုအပ္တယ္ဆိုတာကို ကြၽန္ေတာ္ ေကာင္းေကာင္းသိပါတယ္။ ေလ့က်င့္ခန္းအေၾကာင့္ႏွင့္ ပတ္သက္ၿပီးလည္း သိေနပါတယ္။ ခႏၶာပိုင္းျဖစ္ေစ ၊ ဝိညာဥ္ပိုင္း ျဖစ္ေစ ေလ့က်င့္မႈျပဳတဲ့ အခ်ိန္တိုင္းေပၚတြင္ အေကာင္းဆုံးေသာ အက်ိဳးရလဒ္ကို ကြၽန္ေတာ္ လိုခ်င္ပါတယ္။ 

ဝိညာဥ္ေရးရာ ေလ့က်င့္ခန္းတို႔အတြက္ အေကာင္းဆုံးေသာအရာကို လိုခ်င္ပါလွ်င္ သင္၏ ယုံၾကည္ျခင္းကို ခိုင္ခံ့လာေစမည့္ ဝိညာဥ္ေရးဆိုင္ရာ အမူအက်င့္ (၄) မ်ိဳးကို ျပဳစုပ်ိဳးေထာင္ပါ။

(၁) သမၼာက်မ္းစာကို ေလ့လာပါ။

သင္၏ သမၼာက်မ္းစာ ေလ့လာမႈသည္ ပုဂၢိဳလ္ေရးရာ ျဖစ္ေစဖို႔ လိုအပ္ပါတယ္။ သင္၏ ယုံၾကည္ျခင္းကို ခိုင္မာလာေစရန္ တစ္စုံတစ္ေယာက္၏ သမၼာက်မ္းစာ ေလ့လာျခင္းေပၚ မွီေနလို႔ မရႏိုင္ပါ။ သင့္ကိုယ္တိုင္ ေလ့လာဖို႔ ဆုံးျဖတ္ၿပီး လုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။

သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ "ထိုက်မ္းစာရွိသမွ်သည္ ဘုရားသခင္ မႈတ္သြင္းေတာ္မူေသာ အားျဖင့္ျဖစ္၍၊ ဘုရားသခင္၏ လူသည္စုံလင္ေသာသူ၊ ေကာင္းေသာ အမႈအမ်ိဳးမ်ိဳးတို႔ကို ျပဳစုျခင္းအလိုငွါ ျပင္ဆင္ေသာသူ ျဖစ္မည္အေၾကာင္း၊ ဩဝါဒေပးျခင္း၊ အျပစ္ကိုေဘာ္ျပျခင္း၊ ေျဖာင့္မတ္စြာ ျပဳျပင္ျခင္း၊ တရားကို သြန္သင္ျခင္း၊ ေျဖာင့္မတ္စြာ ျပဳျပင္ျခင္း၊ တရားကိုသြန္သင္ျခင္း ေက်းဇူးမ်ားကို ျပဳတတ္၏။" ၂တိ ၃း၁၆-၁၇

ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္သည္ အသက္တာအတြက္ "အဆင္သင့္ ျဖစ္"ေစေသာ လက္စြဲျဖစ္ပါတယ္။ အကယ္၍ ဘုရားသခင္၏ အသုံးျပဳျခင္း၌ အဆင္သင့္ျဖစ္ေစခ်င္ပါလွ်င္ သမၼာက်မ္းစာကို ေလ့လာဖို႔ရန္ လိုအပ္ပါတယ္။

(၂) ခရစ္ယာန္ စာအုပ္စာေပမ်ားကို ဖတ္ပါ။ သုတၱံက်မ္း ၁၉း၈ တြင္ ဆိုထားသည္မွာ "ပညာကိုရေသာသူသည္ မိမိအသက္ဝိညာဥ္ကို ခ်စ္ရာေရာက္၏။ ဥာဏ္ကိုစြဲလမ္းေသာသူသည္လည္း၊ ေကာင္းက်ိဳးကို ခံတတ္၏။"

(၃) သင္၏ သက္ေသခံခ်က္ကို ေရးပါ။ ၁ ေပ ၃း၁၅ တြင္ ဆိုထားသည္မွာ "စိတ္ႏွလုံးထဲ၌ ထာဝရအရွင္ဘုရားသခင္ကို ႐ိုေသျခင္းရွိၾကေလာ့။ သင္တို႔ေျမာ္လင့္ျခင္း၏ အေၾကာင္းကို ေမးျမန္းေသာသူရွိသမွ်တို႔အား၊ ႏူးညံ့ေသာသေဘာ၊ ေၾကာက္႐ြံ႕ေသာသေဘာႏွင့္ ျပန္ေျပာ ျခင္းငွါ၊ ကာလအစဥ္မျပတ္ အသင့္ရွိေနၾကေလာ့။" ဘယ္သူမွ သင့္အတြက္ မေလ့လာႏိုင္သလို ၊ သင့္အေၾကာင္းကိုလည္း ဘယ္သူမွ မေျပာႏိုင္ပါ။ သက္ေသခံဖို႔ရန္ အပိုင္း (၄) ပိုင္းရွိပါတယ္။ သခင္ခရစ္ေတာ္ဆီ သင္ေရာက္မလာခင္ ရွိေသာ သင့္အသက္တာက ဘယ္လိုလဲ။ သင့္အသက္တာတြင္ သခင္ခရစ္ေတာ္ကို သင္လိုအပ္ေၾကာင္း မည္သို႔ နားလည္ခဲ့ပါသနည္း။ သင့္အသက္တာကို သခင္ခရစ္ေတာ္ဆီ အပ္ႏွံပုံႏွင့္ ယခု သင့္အသက္တာကား မည္သို႔ရွိသနည္း။

(၄) အဖြဲ႕ငယ္ေလးတစ္ခုကို ဆက္သြယ္ပါ။ သက္သာေလာနိတ္ ဩဝါဒစာ ပဌမေစာင္ ၅း၁၁ "ထိုေၾကာင့္၊ သင္တို႔သည္ယခုပင္ျပဳသည္နည္းတူ၊ အခ်င္းခ်င္း တိုက္တြန္း၍ တေယာက္ကိုတေယာက္ တည္ေဆာက္ၾကေလာ့။" သင္၏ ယုံၾကည္ျခင္းကို ခိုင္မာလာေစဖို႔ရန္ လိုအပ္လာတဲ့အခ်ိန္တြင္ အရာတစ္ခ်ိဳ႕ကို...ႏႈိင္းယွဥ္ရန္ အဖြဲ႕ငယ္တစ္ခု၌ ပုံမွန္ထိေတြ႕ဆက္သြယ္ေနပါ။ သင္၌ အဖြဲ႕ငယ္မရွိလွ်င္ ယုံၾကည္ျခင္း၌ ႀကီးထြားလာေစဖို႔ရန္ သင့္အား အေထာက္အမ ျဖစ္ေစမည့္လူႏွင့္ အသက္တာကို မွ်ေဝခံစားေပးႏိုင္မည့္သူတို႔ကို ရွာေဖြပါ။

ဤ အေလ့အက်င့္ (၄) မ်ိဳးက သင့္အား ဘုရားသခင္အသုံးျပဳရန္ အဆင္သင့္ျဖစ္ေစဖို႔ႏွင့္ ဝိညာဥ္ေရးရာ အံဝင္ေနေစဖို႔ရန္ ကူညီေပးပါလိမ့္မည္။ ယေန႔တြင္ သင္မည္သည့္အရာကို စတင္ ျပဳစုပါမည္နည္း။

ဆင္ျခင္ရန္

- သင္၏ သက္ေသခံခ်က္ကို ေရးသားထားျခင္းအရာက အ‌ေထာက္အကူ ျဖစ္တယ္လို႔ ဘာေၾကာင့္ ထင္ျမင္ပါသနည္း။

- သင္၏ အဖြဲ႕ငယ္၌ ယုံၾကည္ျခင္း၌ ႀကီးထြားလာေစဖို႔ရန္ တစ္ဦးႏွင့္တစ္ဦး အကူအညီျဖစ္ေစႏိုင္သည့္ နည္းလမ္းတစ္ခ်ိဳ႕ကား မည္သို႔နည္း။

- ခရစ္ယာန္စာေပမ်ားဖတ္ျခင္း၌ ပိုမိုဆြဲေဆာင္ႏိုင္ေစဖို႔ရန္ ႏွင့္ သင္၏ အခ်ိန္ဇယားႏွင့္ အံဝင္ဖို႔ရန္ သင္မည္သို႔ ျပဳႏိုင္ပါသနည္း