Unicode Version
ဘုရားသခင်၏ အချိန်ကို စိတ်ရှည်စွာ စောင့်ပါ။
ဆာလံ ၃၇း၇-၈ "ထာဝရဘုရားရှေ့မှာ ငြိမ်ဝပ်စွာနေ၍၊ ကိုယ် တော်ကိုငံ့လင့်လော့။ မိမိအမှု၌ အောင်တတ်သောသူ၊ မကောင်းသောအကြံအစည်တို့ကို ပြီးစေသောသူ၏ အကြောင်းကြောင့် စိတ်မပူနှင့်။
အမျက်မထွက်စေနှင့်။ ဒေါသစိတ်ကို စွန့်ပယ် လော့။ ပြစ်မှားစေခြင်းငှါ တိုက်တွန်းတတ်သော စိတ် မရှိစေနှင့်။"
သင်က အလျင်လိုနေပြီး ဘုရားသခင်က အလျင်လိုခြင်း မရှိချိန်သည် စိတ်ပျက်စရာ ကောင်းပါတယ်။ ဘုရားသခင်ကတော့ ဘယ်တော့မှ အလျင်လို မနေပါ။
ဘုရားသခင်အတွက် နှစ်တစ်ထောင်သည် တစ်ရက်နှင့် တူပြီး တစ်ရက်သည်လည်း နှစ်တစ်ထောင်နှင့် တူကြောင်းကို သမ္မာကျမ်းစာတွင် ဖော်ပြထားပါသည်။ ဘုရားသခင်ကို အရှိန်မြှင့်တင်ဖို့ရန် ကြိုးစားလုပ်ဆောင်သည့်အရာသည် အသုံးမဝင်ဆုံး အရာတစ်ခု ဖြစ်ပါတယ်။ ကိစ္စရပ်တို့ကို ကျွန်ုပ်တို့ အစီအစဉ်ဖြင့် ကြိုးစားလုပ်ဆောင်ပြီး ဘုရားသခင် အကူအညီကို ပစ်ပယ်တဲ့အခါတွင် ကျွန်ုပ်တို့ ဒုက္ခရောက်သွားပါမည်။
သုတ္တံကျမ်း ၁၉း၂ တွင် ဖော်ပြထားသည်မှာ "စိတ်ဝိညာဉ်သည် ပညာအတတ်မရှိဘဲ မနေကောင်း။ အလျင်အမြန်သွားသော သူသည်လည်း မှားယွင်းတတ်၏။"
ဘုရားသခင်ထံမှ အိပ်မက်တစ်ခုကို သင်ရရှိပြီး ၎င်းအတွက် သင်လုပ်ဆောင်ဖို့ရန် ဆုံးဖြတ်သည့်အခါတွင် - ဘုရားသခင်၏ စောင့်ဆိုင်းရတဲ့ အခန်းကဏ္ဍထဲသို့ သင်တွန်းပို့ခံရပေမဲ့ ဘုရားသခင်၏ အကူအညီမပါဘဲ ဘုရားပေးတဲ့ အိပ်မက်ကို သင်၏အကြံအစည်ဖြင့် ဖြည့်ဆည်းသည့်နည်းလမ်းတို့ကို သင်စတင်ကြိုးစားရှာဖွေ ကောင်း ရှာဖွေပါမည်။
သို့ပေမဲ့ ဘုရားသခင်၏ အချိန်ကို စောင့်ဆိုင်းဖို့ရန် သမ္မာကျမ်းစာက ဆိုထားပါတယ်။ ဆာလံ ၃၇း၇-၈ "ထာဝရဘုရားရှေ့မှာ ငြိမ်ဝပ်စွာနေ၍၊ ကိုယ် တော်ကိုငံ့လင့်လော့။ မိမိအမှု၌ အောင်တတ်သောသူ၊ မကောင်းသောအကြံအစည်တို့ကို ပြီးစေသောသူ၏ အကြောင်းကြောင့် စိတ်မပူနှင့်။
အမျက်မထွက်စေနှင့်။ ဒေါသစိတ်ကို စွန့်ပယ် လော့။ ပြစ်မှားစေခြင်းငှါ တိုက်တွန်းတတ်သော စိတ် မရှိစေနှင့်။"
အနားယူခြင်းက ယုံကြည်ခြင်းတစ်ခု ဖြစ်ပါတယ်။ ဘုရားသခင်ထံ သင် စောင့်ဆိုင်းနေခြင်းကို ဆိုလိုပါတယ်။
တစ်နေ့သ၌ သခင်ယေရှုနှင့် တပည့်တော်တို့သည် ပြင်းထန်သော မုန်တိုင်းခံနေရသည့် လှေငယ်တစ်စင်းတွင် ရှိနေခဲ့ကြပါတယ်။ လှေငယ်သည် နှစ်မြှုပ်လုမတတ်ဖြစ်ပြီး ကြီးမားတဲ့အန္တရာယ်ကျရောက်နေတယ်လို့ သမ္မာကျမ်းစာက ဆိုထားပါတယ်။ တပည့်တော်တို့မှာ ကြီးစွာသော စိုးရိမ်ခြင်းဖြင့်ပြည့်နှက်နေချိန်တွင် သခင်ယေရှုသည် လှေငယ်၏ ခေါင်းရင်းပိုင်းတွင် အိပ်ပျော်လျက် မုန်တိုင်းကို ဖြတ်သန်းနေခဲ့ပါတယ်။
တပည့်တော်တို့က သခင်ယေရှုကို နိုးပြီး "ငါတို့နှစ်မြှုပ်တော့မှာကို ဂရုမစိုက်တော့ဘူးလား"လို့ လျှောက်တင်ကြပါတယ်။ သခင်ယေရှု၏ တုံံ့ပြန်မှုကို တွေးမြင်ဖို့ရန် လွယ်ကူပါတယ်။ "ဘုရားသခင်က ငါ့ကို ဤလှေငယ်နှင့်အတူ မြှပ်ပစ်မယ်လို့ သင်ထင်ပါသလား။"
သို့ပေမဲ့ ၎င်းအစား လိုအပ်သော ယုံကြည်ခြင်း အားကြီးမှုနှင့်ပတ်သက်ပြီး သခင်ယေရှု ပြောခဲ့ပြီး မုန်တိုင်းကို ငြိမ်စေခဲ့ပါတယ်။ တပည့်တော်တို့က မုန်တိုင်းနှင့် လိုင်းတံပိုးတို့ကို စိုးရိမ်နေခဲ့ပါတယ်။ အသက်တာမှာ ရင်ဆိုင်တွေ့ကြုံရမဲ့ မုန်တိုင်းတွေ ၊ လိုင်းတံပိုးနှင့် လေပြင်းတို့ပေါ်၌ သခင်ယေရှု တန်ခိုးရှိကြောင်း တပည့်တော်တို့ကို ပြသခဲ့ပါတယ်။
ကျွန်ုပ်တို့ မုန်တိုင်းထဲကျရောက်နေတဲ့အခါ တပည့်တော်တို့ကဲ့သို့ပင် စိုးရိမ်စိတ်တို့ဖြင့် ပြည့်နှက်ကြမှာ ဖြစ်ပါတယ်။ ထိုကဲ့သို့ ကျွန်ုပ်တို့ အသက်ရှင်တဲ့အခါ ယုံကြည်ခြင်းပေါ်မှာ အသက်ရှင်နေတာ မဟုတ်တော့ပါ။ သခင်ယေရှု၏ ချစ်ခြင်းမေတ္တာ နှင့် တန်ခိုးတော်ပေါ်တွင် ကျွန်ုပ်တို့အာရုံမရောက်ဘဲ လေပြင်းနှင့် လှိုင်းတံပိုး တို့ပေါ် အာရုံစိုက်နေခြင်း ဖြစ်ပါတယ်။
သခင်ယေရှုသည် သင်နှင့် အတူအစဉ် ရှိနေပါတယ်။ သူ၏ အချိန်ကိုလည်း သင်အမြဲတမ်း ယုံကြည် စိတ်ချနိုင်ပါတယ်။ စိုးရိမ်ခြင်းအရာက သင့်ကို စိတ်ဆင်းရဲစေတာ ဖြစ်ပါတယ်။ သင်၏ အိပ်မက်ပန်းတိုင်လမ်းတွင် ကြန့်ကြာနေပါလျှင် စိုးရိမ်ပူပန်နေခြင်းကို ရပ်တန့်ပြီး သင်အထဲ၌ ၊ သင့်အားဖြင့် လုပ်ဆောင်မှုပြုရန် ဘုရားသခင်ကို စတင် ယုံကြည်လိုက်ပါ။
ဆင်ခြင်ရန်
- နှောင့်နှေးနေချိန်တွေမှာ ကိုယ့်ကိုကိုယ် အပြစ်ခံစားနေရခြင်းက ဘာကြောင့်နည်း။
- သင်နှောင့်နှေး ကြန့်ကြာနေချိန်တွင် ဘုရားသခင်က သင့်ကို မည်သို့သောအရာကို သင်ပေးချင်တယ်လို့ သင်ထင်မြင်ပါသနည်း။ ဒီဇိုင်း ဆွဲခြင်း နှောင့်နှေးမှုတွင် သင့်ကိုယ်သင်နှင့် ဘုရားသခင်နှင့် ပတ်သက်ပြီး ဘာကို သင် လေ့လာခဲ့ပါသနည်း။
သင်၏ ယုံကြည်ခြင်းဆိုင်ရာတွင် ဘုရားသခင်ကို အလျင်စလို ပြုစေရန် ကြိုးစားခြင်း၌ သွေးဆောင်မခံရစေရန် သင်၏ မျှော်လင့်ခြင်းနှင့် အစီအစဉ်တို့နှင့်ပတ်သက်၍ မည်သို့သောအရာ တစ်ခုကို ပြောင်းလဲ နိုင်ပါသနည်း။
--------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်