Unicode Version
နာကျင်မှုတွေက သင့်ကို ပိုကြီးတဲ့ ဒုက္ခအန္တရာယ် ကနေ ဘာကြောင့် ကင်းဝေးစေပါသနည်း။
ယောဘဝတ္တု ၃၆း၁၆ "ထိုသို့သင့်ကိုလည်း ကျဉ်းမြောင်းသောအရပ်မှ ကျယ်ဝန်းရှင်း လင်းသောအရပ်သို့ပြောင်းစေ၍၊ သင်၏ စားပွဲပေါ်မှာ ကောင်းသော အရသာနှင့်ပြည့်စုံသော ခဲဘွယ်စားဘွယ်ကို တင်ထားတော်မူလိမ့်မည်။"
ဘုရားသခင်သည် သင့်အားကာကွယ်ဖို့ရန် နှင့် စောင့်ကြပ်ဖို့ရန် တစ်ခါတစ်ရံတွင် နာကျင်မှုကို အသုံးပြုပါတယ်။တစ်နေရာတွင် ဖြစ်ပေါ်သော နာကျင်မှုသည် တခြားသော နေရာတွင် ပိုပြီးဆိုးတဲ့ နာကျင်မှုကနေ ကင်းဝေးစေနိုင်ပါတယ်။ ၎င်းသည် ပိုကြီးတဲ့ ဒုက္ခအန္တရာယ်ကနေ သင့်ကို ကာကွယ်ပေးပါတယ်။ ဤနည်းအားဖြင့် နာကျင်မှုသည် ရုပ်ဖျက်ထားတဲ့ ကောင်းချီးတစ်ခု ဖြစ်နိုင်ပါတယ်။ ဥပမာ အဖျားရှိခြင်းသည် ကုသရန် လိုအပ်သော ကူးစက်မှုတစ်ခုဖြစ်ကြောင်းကို သတိပေးပါတယ်။ ၎င်းသည် သင့်အား အသက်အန္တရာယ်ရှိသော ရောဂါတစ်ခုအတွက် သတိပေးနိုင်သည့် သေးငယ်သော နာကျင်မှု တစ်ခုဖြစ်ပါတယ်။
သင်၌ စိတ်ပိုင်းဆိုင်ရာ နာကျင်မှု ရှိနေတဲ့အခါ ဘုရားသခင်နှင့် မိတ်သဟာရဖွဲ့ခြင်းအရာ၌လည်းကောင်း၊ သင်ကိုယ်သင်၌လည်းကောင်း တစ်ခုခု အစီအစဉ်မကျဖြစ်နေတတ်ပါတယ်။ ပုန်းကွယ်နေတဲ့ ထောင်ချောက်တစ်ခုသို့ သင်လျှောက်လှမ်းခြင်းကနေ ကင်းဝေးစေဖို့ရန် ဘုရားသခင်သည် နာကျင်မှုကို အသုံးပြုပါတယ်။ ယောဘဝတ္တု ၃၆း၁၆ တင် ဆိုထားသည်မှာ "ထိုသို့သင့်ကိုလည်း ကျဉ်းမြောင်းသောအရပ်မှ ကျယ်ဝန်းရှင်း လင်းသောအရပ်သို့ပြောင်းစေ၍ ..."
သပ်၏ ဘဝအကြောင်းအရာနှင် ပတ်သက်၍ သူ၏ ပထမနှစ်ပေါင်း ၄၀ သက်တမ်း အချိန်တွင် ဖြစ်ပျက်ခဲ့တဲ့ မှားယွင်းမှု အရာတွေအားလုံးကို စဉ်းစားကြည့်လိုက်ပါ။ မတရားမှု အမျိုးမျိုးကို ရင်ဆိုင်ခဲ့ရပါတယ်။ လူမျိုးရေး ခွဲခြားမှု ၊ မုဒိမ်းမှု ဖြင့် စွပ်စွဲခံရပြီး မိသားစု ပြသနာ တွေ့ကြုံခဲ့ရပါတယ်။ ထောင်ထဲသို့ အကြောင်းမရှိ အချခံခဲ့ရပါတယ်။ တစ်နှစ်ပြီးတစ်နှစ် ညှင်းဆဲခံခဲ့ရပါတယ်။ သို့ပေမဲ့ ကြီးမြတ်တဲ့အရာအတွက် အဆင်သင့်ဖြစ်ဖို့ရန် ယောသပ်အား ဘုရားသခင် လမ်းပြပေးပါတယ်။ စောင့်ကြပ်ပေးခဲ့တယ်။ ကြီးထွားလာစေခဲ့ပါတယ်။
ကမ္ဘာဦးကျမ်း ၅၀း၂၀ တွင် ယောသပ်သည် သူ့အား ကျွန်အဖြစ်ရောင်းစားပြီး နာကျင်စေခဲ့တဲ့သူတွေအပေါ် ဘယ်လို စကားပြောသလဲ ဆိုတာကို တွေ့ရပါတယ်။ "သင်တို့သည် ကျွန်ုပ်ကို ညှဉ်းဆဲမည်ကြံကြသော်လည်း၊ ဘုရားသခင်သည် ယနေ့ဖြစ်သည်အတိုင်း၊ လူများ အသက်ချမ်းသာစေခြင်းငှါ ကျေးဇူးပြုမည် ကြံတော်မူ၏။"
ဘုရားသခင်သည် သင်၏ နာကျင်မှုတို့၌ ထိုနည်းတူစွာ လုပ်ဆောင်နေပါတယ်။ သို့ပေမဲ့ ပန်းချီကားကို ဘုရားသခင်မြင်သလို သင်မမြင်နိုင်တဲ့အတွက်ကြောင့် မကြာခဏဆိုသလို သင်စိတ်မရှည်မှုတွေ ဖြစ်တတ်ပါတယ်။
သင်တွေ့ကြုံရတဲ့ အရာအားလုံးအတွက် အချည်းနှီးသက်သက်ဖြစ်တယ်လို့ သင်တွေးမြင်တဲ့အတွက်ကြောင့် စိတ်ဓါတ်ကျလာတဲ့အခါမှာ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၃း၇ ကို သတိရဖို့ လိုအပ်ပါတယ်။ "ယေရှုကလည်း၊ သင်သည် ငါပြုသောအမှုကို ယခုနားမလည်သေး။ နောက်မှသိလိမ့်မည်ဟု မိန့်တော် မူ၏။"
ပန်းချီကား တစ်ခုလုံးကို ယခုတွင် သင်မမြင်နိုင်ပါ။ တစ်ချို့အရာတွေက သင့်၌ ဘာကြောင့်ဖြစ်ရကြောင်းကို ဤလောကအချိန်အခါတွင် သင်အားလုံး နားလည်မည် မဟုတ်ပါ။ သို့ပေမဲ့ တစ်နေ့မှာ သင် သိနားလည် လာပါလိမ့်မည်။ သင်၏ နာကျင်မှုတို့ အလာဟဿ မဖြစ်သွားပါဘူး။
ဆင်ခြင်ရန်
- ဘုရားသခင် ဘာကို လုပ်ဆောင်နေသလဲလို့ သင်ပြည့်စုံစွာ နားမလည်တဲ့အခါမှာ ဘုရားကိုသာ ယုံကြည်ဖို့ရန် လေ့လာသင်ယူခြင်းအရာ၌ အထောက်အကူဖြစ်စေမည့် မည်ကဲ့သို့သော တန်ဆာပလာကို သင့်အား ဘုရား ပေးအပ်ပါသနည်း။
- နာကျင်မှုတွေက ကျွန်ုပ်တို့၏ အာရုံတို့ကို အလွန် ထိရောက်လွန်းနေသလဲလို့ ဘာကြောင့် သင်တွေးမြင်ပါသနည်း။
- မည်ကဲ့သို့သော အတွေ့အကြုံတစ်ခုကို သင်ပြန်ကြည့်နိုင်ပြီး ဘုရားသခင်သည် သင့်အား ပိုမိုကြီးမားသော နာကျင်မှု (သို့) အန္တရာယ်မှ မည်သို့ ကာကွယ်ပေးထားကြောင်း မြင်နိုင်ပါသနည်း။
-------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်