Unicode Version
ပြောင်းလဲခြင်းဆိုသည်မှာ ရွေးချယ်ခြင်းကနေ စတင်ပါတယ်။
သုတ္တံကျမ်း ၄း၂၃ "နှလုံးသည်အသက်၏အခြေအမြစ် ဖြစ်သော ကြောင့်၊ သင်၏နှလုံးကို အထူးသဖြင့်စောင့်ရှောက်လော့။" “Be careful how you think; your life is shaped by your thoughts. ”Proverbs 4:23 (GNT)
အသစ်အဆန်းတစ်ခုအတွက် သင်ရှာဖွေနေပါသလား။ နေရာသစ်တစ်ခုသို့ ပြောင်းရွေ့ခြင်းကို မဆိုလိုပါ။ သင်၏ အသက်တာ အခန်းကဏ္ဍတစ်ခုခု၌ မွမ်းကြပ်နေမှုအရာကို အသစ်ပြန်လည်စတင်ခြင်းအကြောင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ အသက်တာတွင် အသစ်တစ်ဖန် ပြန်လည်စတင်ခြင်းတို့ကို များစွာ ရင်ဆိုင်ဖြတ်သန်းသွားရပါလိမ့်မည်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်က သင့်ကို ဖန်ဆင်းခြင်းတစ်ခုတည်းအတွက် လုပ်ဆောင်ခဲ့တာ မဟုတ်ပါဘူး။ ဘုရားသခင်သည် သင့်အား ဖြစ်စေလိုသော သူတစ်ဦးအဖြစ် ရည်ရွယ်တဲ့အရာဆီသို့ သင်ပြောင်းလဲသွားဖို့ရန် အမြဲတမ်းအလိုတော်လည်း ရှိနေပါတယ်။သင့်အသက်တာတွင် အပြောင်းအလဲတစ်ခုကို ပြန်လည်စတင်ရန်နှင့် တွေ့ကြုံခံစားရဖို့ရန် ပထမဦးဆုံး လုပ်ဆောင်ဖို့ လိုအပ်သည်မှာ သင်၏ အတွေးအခေါ်ဖြစ်ပါတယ်။ သင့်ကိုယ်သင် ဘယ်လို မြင်သလဲ။ သူတစ်ပါးကို သင်ဘယ်လိုမြင်သလဲ။ သင်၏ ပြသနာကို သင်မည်သို့ မြင်သလဲ။ ပြီးတော့ အရေးအကြီးဆုံးသော အရာမှာ ဘုရားသခင်ကို သင်ဘယ်လို မြင်ပါသလဲ။
သင်၏ အတွေးအခေါ်တို့ကို သင်မပြောင်းလဲဘူးဆိုလျှင် နေရာဒေသ ပြောင်းလဲခြင်း (သို့) ရှုခင်းနေရာ ပြောင်းလဲခြင်းအရာကလည်း အထောက်အကူ များစွာ မဖြစ်စေပါဘူး။ ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာကြီး၏ အစွန်းဖက်နားဆီသို့ သင် ရောက်သွားနိုင်ပေမဲ့ သင်ဘယ်ကိုဘဲသွားသွား သင့်ကိုယ်သင်နှင့်အတူ ခေါ်ဆောင်သွားနေဆဲဖြစ်ပါတယ်။
ဥပမာ သင်၌ စိတ်ဖိစီးမှုတစ်ခု ရှိတယ်ဆိုပါစို့။ ဒါဆို စိတ်အပန်းဖြေဖို့အတွက် သင် ဟာဝါရီကို သွားဖို့ သင်ဆုံးဖြတ်လိုက်တယ်။ သို့ပေမဲ့ စိတ်ဖိစီးမှုက သင်၏ ခန္ဓာကိုယ်ထဲ ရှိနေတဲ့အတွက်ကြောင့် သင်နှင့်အတူ ခေါ်ဆောင်သွားပြီး သင်ရပ်တန့်ပစ်လိုက်ရုံလေး ဖြစ်ပါတယ်။ စိတ်၏ ခံစားချက်ကို သင်အရင်ဦးဆုံး မကိုင်တွယ်ပါလျှင် ၎င်းသည် တခြားသော အခန်းကဏ္ဍတို့တွင် ဆက်လက်ပြီး ပြသနာ ပေးဖို့ဘဲ ရှိပါတယ်။
အသက်တာ ပြောင်းလဲခြင်းဆိုတာ သင်၏ အတွေးကနေ စတင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အတွေးအခေါ်တွေက အသက်တာကို လမ်းညွှန်နေလို့ ဖြစ်ပါတယ်။ သုတ္တုကျမ်း ၄း၂၃တွင် ဆိုထားသည်မှာ "နှလုံးသည်အသက်၏အခြေအမြစ် ဖြစ်သော ကြောင့်၊ သင်၏နှလုံးကို အထူးသဖြင့်စောင့်ရှောက်လော့။" “Be careful how you think; your life is shaped by your thoughts.”Proverbs 4:23 (GNT)
အသက်တာရှိ လုပ်ဆောင်မှု နှင့် တုံ့ပြန်မှု မှန်သမျှ ၊ ခံစားရသမျှနှင့် လုပ်ဆောင်သမျှ အရာအားလုံးတို့သည် စိတ်ကူးအတွေးကနေ စတင်ဖြစ်ပေါ်ပါတယ်။ အရာအားလုံးသည် သင်၏ စိတ်ကနေ စတင်ပါတယ်။ စတင် တွေးတောခြင်းမရှိဘဲ ဖြစ်လာစရာ မရှိပါဘူး။
ဤအမှန်တရားကို အကောင်း (သို့) အဆိုးအတွက် သင်အသုံးပြုနိုင်ပါတယ်။ ကောင်းသော အတွေးအခေါ်သည် ကောင်းမွန်သော ကျန်းမာရေးနှင့် ကောင်းသော ရွေးချယ်မှုဆီသို့ ဦးဆောင်သွားစေသလို မကောင်းသော အတွေးအခေါ်သည် အားနည်းသော ကျန်းမာရေးနှင့် ချို့ယွင်းသော အပြုအမူဆီ ဦးတည်သွားစေပါတယ်။
အမှန်တရားက ကျွန်ုပ်တို့တွေးထင်သည့်နည်းလမ်းနှင့် ကိုယ့်ကိုယ်ကို ပြောသောအရာအားဖြင့် ကျွန်ုပ်တို့၏ အောင်မြင်မှုကို မကြာခဏဆိုသလို ပျက်စီးစေတယ်ဆိုတာကို သဘောမပေါက်ခြင်း ဖြစ်ပါတယ်။ သင်သည် သင့်ကိုယ်သင် အချိန်တိုင်း စကားပြောနေပါတယ်။
သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ "သူသည် စိတ်ထင်သည်အတိုင်းဖြစ်၏။" သုတ္တံ ၂၃း၇
ပေါင်းသင်းဆက်ဆံရေး၏ ပြသနာတို့သည် ပေါင်းသင်းဆက်ဆံမှုပေါ် စတင်ခြင်းမဟုတ်ပါ။ ၎င်းသည် သင်၏ ဦးနှောက်ကနေ စတင်ပါတယ်။ ၎င်းသည် ငွေကြေး ၊ လိင် ၊ အပြုအမူ ၊ အစားအစာ ၊ သင်၏ အလုပ် (သို့) တစ်ခုခု အတွက် မှန်ကန်ပါတယ်။ သင်၏ အတွေးအခေါ်ကို ဦးစွာ ပြောင်းလဲခြင်းမပြုသရွေ့ အသက်တာရှိ မည်သည့် အခန်းကဏ္ဍကိုမဆို အသစ်တဖန် စတင်လို့ မရနိုင်ပါ။
ပြောင်းလဲခြင်းသည် ရွေးချယ်ခြင်းကနေ စတင်ပါတယ်။ သင်တွေးခေါ်တဲ့အရာကို သင်ရွေးချယ်နိုင်ပါတယ်။ ဘုရားသခင် ဖြစ်စေလိုသောသူမျိုး ကဲ့သို့ ထင်ဟပ်လာဖို့ရန် ရွေးချယ်မှုပြုကို စတင်ဖို့ အချိန်ရောက်ပါပြီ။
ဆင်ခြင်ရန်
- စိတ်ဖိစီးမှု ခံစားရချိန်တွင် သင့်ခန္ဓာကိုယ်ရှိ မည်သည့်အစိတ်အပိုင်းက သင့်အား ဦးဆုံး ဖော်ပြပါသနည်း။
- ခက်ခဲသော အခြေအနေတစ်ခုတွင် သင်၏ အတွေးအခေါ်က သင်၏ လုပ်ဆောင်မှုနှင့် အပြုအမူကို သက်ရောက်ကြောင်းကို မည်သို့သော နည်းလမ်းဖြင့် သင်မြင်ပါသနည်း။
- သင်၏ ထင်မြင်ချက်အယူအဆတွေပေါ် သက်ရောက်မှု အရှိဆုံးသူ အကြောင်းကို တွေးမြင်လိုက်ပါ။ သင်ထင်မြင်သော အရာနှင့်ပတ်သက်ပြီး မှန်ကန်သော ရွေးချယ်မှုကို ကြိုးစားလုပ်ဆောင်စဉ်တွင် ထိုသူတို့က ဘယ်လို ကူညီပါသနည်း။ (သို့) ဘယ်လို နာကျင်စေပါသနည်း။
---------------------------------------------------------------------
Zawgyi Version
ေျပာင္းလဲျခင္းဆိုသည္မွာ ေ႐ြးခ်ယ္ျခင္းကေန စတင္ပါတယ္။
သုတၱံက်မ္း ၄း၂၃ "ႏွလုံးသည္အသက္၏အေျခအျမစ္ ျဖစ္ေသာ ေၾကာင့္၊ သင္၏ႏွလုံးကို အထူးသျဖင့္ေစာင့္ေရွာက္ေလာ့။" “Be careful how you think; your life is shaped by your thoughts.” Proverbs 4:23 (GNT)
အသစ္အဆန္းတစ္ခုအတြက္ သင္ရွာေဖြေနပါသလား။ ေနရာသစ္တစ္ခုသို႔ ေျပာင္းေ႐ြ႕ျခင္းကို မဆိုလိုပါ။ သင္၏ အသက္တာ အခန္းက႑တစ္ခုခု၌ မြမ္းၾကပ္ေနမႈအရာကို အသစ္ျပန္လည္စတင္ျခင္းအေၾကာင္းကို ဆိုလိုျခင္းျဖစ္ပါတယ္။ အသက္တာတြင္ အသစ္တစ္ဖန္ ျပန္လည္စတင္ျခင္းတို႔ကို မ်ားစြာ ရင္ဆိုင္ျဖတ္သန္းသြားရပါလိမ့္မည္။ ဘာေၾကာင့္လဲဆိုေတာ့ ဘုရားသခင္က သင့္ကို ဖန္ဆင္းျခင္းတစ္ခုတည္းအတြက္ လုပ္ေဆာင္ခဲ့တာ မဟုတ္ပါဘူး။ ဘုရားသခင္သည္ သင့္အား ျဖစ္ေစလိုေသာ သူတစ္ဦးအျဖစ္ ရည္႐ြယ္တဲ့အရာဆီသို႔ သင္ေျပာင္းလဲသြားဖို႔ရန္ အၿမဲတမ္းအလိုေတာ္လည္း ရွိေနပါတယ္။
သင့္အသက္တာတြင္ အေျပာင္းအလဲတစ္ခုကို ျပန္လည္စတင္ရန္ႏွင့္ ေတြ႕ႀကဳံခံစားရဖို႔ရန္ ပထမဦးဆုံး လုပ္ေဆာင္ဖို႔ လိုအပ္သည္မွာ သင္၏ အေတြးအေခၚျဖစ္ပါတယ္။ သင့္ကိုယ္သင္ ဘယ္လို ျမင္သလဲ။ သူတစ္ပါးကို သင္ဘယ္လိုျမင္သလဲ။ သင္၏ ျပသနာကို သင္မည္သို႔ ျမင္သလဲ။ ၿပီးေတာ့ အေရးအႀကီးဆုံးေသာ အရာမွာ ဘုရားသခင္ကို သင္ဘယ္လို ျမင္ပါသလဲ။
သင္၏ အေတြးအေခၚတို႔ကို သင္မေျပာင္းလဲဘူးဆိုလွ်င္ ေနရာေဒသ ေျပာင္းလဲျခင္း (သို႔) ရႈခင္းေနရာ ေျပာင္းလဲျခင္းအရာကလည္း အေထာက္အကူ မ်ားစြာ မျဖစ္ေစပါဘူး။ ဘာေၾကာင့္လဲ။ ဘာေၾကာင့္လဲဆိုေတာ့ ကမာၻႀကီး၏ အစြန္းဖက္နားဆီသို႔ သင္ ေရာက္သြားႏိုင္ေပမဲ့ သင္ဘယ္ကိုဘဲသြားသြား သင့္ကိုယ္သင္ႏွင့္အတူ ေခၚေဆာင္သြားေနဆဲျဖစ္ပါတယ္။
ဥပမာ သင္၌ စိတ္ဖိစီးမႈတစ္ခု ရွိတယ္ဆိုပါစို႔။ ဒါဆို စိတ္အပန္းေျဖဖို႔အတြက္ သင္ ဟာဝါရီကို သြားဖို႔ သင္ဆုံးျဖတ္လိုက္တယ္။ သို႔ေပမဲ့ စိတ္ဖိစီးမႈက သင္၏ ခႏၶာကိုယ္ထဲ ရွိေနတဲ့အတြက္ေၾကာင့္ သင္ႏွင့္အတူ ေခၚေဆာင္သြားၿပီး သင္ရပ္တန႔္ပစ္လိုက္႐ုံေလး ျဖစ္ပါတယ္။ စိတ္၏ ခံစားခ်က္ကို သင္အရင္ဦးဆုံး မကိုင္တြယ္ပါလွ်င္ ၎သည္ တျခားေသာ အခန္းက႑တို႔တြင္ ဆက္လက္ၿပီး ျပသနာ ေပးဖို႔ဘဲ ရွိပါတယ္။
အသက္တာ ေျပာင္းလဲျခင္းဆိုတာ သင္၏ အေတြးကေန စတင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အေတြးအေခၚေတြက အသက္တာကို လမ္းၫႊန္ေနလို႔ ျဖစ္ပါတယ္။ သုတၱဳက်မ္း ၄း၂၃တြင္ ဆိုထားသည္မွာ "ႏွလုံးသည္အသက္၏အေျခအျမစ္ ျဖစ္ေသာ ေၾကာင့္၊ သင္၏ႏွလုံးကို အထူးသျဖင့္ေစာင့္ေရွာက္ေလာ့။" “Be careful how you think; your life is shaped by your thoughts.”Proverbs 4:23 (GNT)
အသက္တာရွိ လုပ္ေဆာင္မႈ ႏွင့္ တုံ႔ျပန္မႈ မွန္သမွ် ၊ ခံစားရသမွ်ႏွင့္ လုပ္ေဆာင္သမွ် အရာအားလုံးတို႔သည္ စိတ္ကူးအေတြးကေန စတင္ျဖစ္ေပၚပါတယ္။ အရာအားလုံးသည္ သင္၏ စိတ္ကေန စတင္ပါတယ္။ စတင္ ေတြးေတာျခင္းမရွိဘဲ ျဖစ္လာစရာ မရွိပါဘူး။
ဤအမွန္တရားကို အေကာင္း (သို႔) အဆိုးအတြက္ သင္အသုံးျပဳႏိုင္ပါတယ္။ ေကာင္းေသာ အေတြးအေခၚသည္ ေကာင္းမြန္ေသာ က်န္းမာေရးႏွင့္ ေကာင္းေသာ ေ႐ြးခ်ယ္မႈဆီသို႔ ဦးေဆာင္သြားေစသလို မေကာင္းေသာ အေတြးအေခၚသည္ အားနည္းေသာ က်န္းမာေရးႏွင့္ ခ်ိဳ႕ယြင္းေသာ အျပဳအမူဆီ ဦးတည္သြားေစပါတယ္။
အမွန္တရားက ကြၽႏ္ုပ္တို႔ေတြးထင္သည့္နည္းလမ္းႏွင့္ ကိုယ့္ကိုယ္ကို ေျပာေသာအရာအားျဖင့္ ကြၽႏ္ုပ္တို႔၏ ေအာင္ျမင္မႈကို မၾကာခဏဆိုသလို ပ်က္စီးေစတယ္ဆိုတာကို သေဘာမေပါက္ျခင္း ျဖစ္ပါတယ္။ သင္သည္ သင့္ကိုယ္သင္ အခ်ိန္တိုင္း စကားေျပာေနပါတယ္။
သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ "သူသည္ စိတ္ထင္သည္အတိုင္းျဖစ္၏။" သုတၱံ ၂၃း၇
ေပါင္းသင္းဆက္ဆံေရး၏ ျပသနာတို႔သည္ ေပါင္းသင္းဆက္ဆံမႈေပၚ စတင္ျခင္းမဟုတ္ပါ။ ၎သည္ သင္၏ ဦးေႏွာက္ကေန စတင္ပါတယ္။ ၎သည္ ေငြေၾကး ၊ လိင္ ၊ အျပဳအမူ ၊ အစားအစာ ၊ သင္၏ အလုပ္ (သို႔) တစ္ခုခု အတြက္ မွန္ကန္ပါတယ္။ သင္၏ အေတြးအေခၚကို ဦးစြာ ေျပာင္းလဲျခင္းမျပဳသေ႐ြ႕ အသက္တာရွိ မည္သည့္ အခန္းက႑ကိုမဆို အသစ္တဖန္ စတင္လို႔ မရႏိုင္ပါ။
ေျပာင္းလဲျခင္းသည္ ေ႐ြးခ်ယ္ျခင္းကေန စတင္ပါတယ္။ သင္ေတြးေခၚတဲ့အရာကို သင္ေ႐ြးခ်ယ္ႏိုင္ပါတယ္။ ဘုရားသခင္ ျဖစ္ေစလိုေသာသူမ်ိဳး ကဲ့သို႔ ထင္ဟပ္လာဖို႔ရန္ ေ႐ြးခ်ယ္မႈျပဳကို စတင္ဖို႔ အခ်ိန္ေရာက္ပါၿပီ။
ဆင္ျခင္ရန္
- စိတ္ဖိစီးမႈ ခံစားရခ်ိန္တြင္ သင့္ခႏၶာကိုယ္ရွိ မည္သည့္အစိတ္အပိုင္းက သင့္အား ဦးဆုံး ေဖာ္ျပပါသနည္း။
- ခက္ခဲေသာ အေျခအေနတစ္ခုတြင္ သင္၏ အေတြးအေခၚက သင္၏ လုပ္ေဆာင္မႈႏွင့္ အျပဳအမူကို သက္ေရာက္ေၾကာင္းကို မည္သို႔ေသာ နည္းလမ္းျဖင့္ သင္ျမင္ပါသနည္း။
- သင္၏ ထင္ျမင္ခ်က္အယူအဆေတြေပၚ သက္ေရာက္မႈ အရွိဆုံးသူ အေၾကာင္းကို ေတြးျမင္လိုက္ပါ။ သင္ထင္ျမင္ေသာ အရာႏွင့္ပတ္သက္ၿပီး မွန္ကန္ေသာ ေ႐ြးခ်ယ္မႈကို ႀကိဳးစားလုပ္ေဆာင္စဥ္တြင္ ထိုသူတို႔က ဘယ္လို ကူညီပါသနည္း။ (သို႔) ဘယ္လို နာက်င္ေစပါသနည္း။