Unicode Version
ကြောက်ရွံ့ခြင်းမရှိဘဲ အနာဂတ်ကို ဘာကြောင့် သင်ရင်ဆိုင်နိုင်ပါသနည်း။
ဆာလံကျမ်း ၂၃း၆ ""အကယ်စင်စစ်အကျွန်ုပ်သည် ကျေးဇူးနှင့် ကရုဏာကို တသက်လုံးခံစားရ၍၊ ထာဝရဘုရား၏ အိမ်တော်မှာ အစဉ်အမြဲနေရပါလိမ့်မည်။
တစ်နေ့တွင် ဤလောကပေါ်ရှိ သင့်အသက်တာ ကုန်ဆုံးသွားမှာ ဖြစ်ပေမဲ့ ၎င်းသည် သင်၏ အဆုံးသတ် မဟုတ်ပါဘူး။ နေရာ (၂) နေရာ အနက် တစ်နေရာတွင် သင်ထာဝရ နေထိုင်သွားရပါလိမ့်မည်။ ကောင်းကင်ဘုံ နှင့် ငရဲ ဖြစ်ပါတယ်။ သင်၏ ခန္ဓာကတော့ သေဆုံးသွားမှာဖြစ်ပေမဲ့ သင်၏ အသက်ဝိညာဉ်ကတော့ မသေပါ။ ဘာကြောင့်လဲဆိုတော့ ထာဝရတည်ဖို့ရန် ဖန်ဆင်းထားသောကြောင့် ဖြစ်ပါတယ်။
အစဉ် တည်မြဲဖို့ ကရော ဘယ်လောက် ကြာဖို့ရှိလဲ။ ထာဝရ ဖြစ်ပါတယ်။
ယုံကြည်သူတွေ ဘာကြောင့် အနာဂတ်နှင့်ပတ်သက်ပြီး ယုံကြည်ခြင်းအရှိဆုံး ဖြစ်သင့်သလဲဆိုတာကို သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ပြောထားပါတယ်။ "ထို့ကြောင့်ငါတို့သည် ကိုယ်ခန္ဓာ၌ နေမြဲနေစဉ်ကာလ၊ သခင်ဘုရားနှင့် ကွာဝေးရာအရပ်၌နေသည်ကို ငါတို့သည်သိလျက်၊....ကိုယ်ခန္ဓာနှင့် ကွာဝေးရာအရပ်သို့သွား၍၊ သခင်ဘုရားထံတော်၌ နေမြဲနေခြင်းငှါ အလိုရှိလျက်၊ ရဲရင့်သောစိတ်နှင့်ပြည့်စုံကြ၏။" ၂ကော ၅း၆၊၈
သေဖို့ အဆင်သင့် မဖြစ်သရွေ့ ဘယ်လို စစ်မှန်စွာ အသက်ရှင်ရမည်ကို သင်ဘယ်တော့မှ သိမှာ မဟုတ်ပါ။ ဧကန်ဖြစ်မည်ကို လူတိုင်းသိကြတဲ့ တစုံတရာအတွက် လုံးဝ မပြင်ဆင်ဘဲ အသက်တာကို ဖြတ်သန်းခြင်းက မိုက်မဲတဲ့သူသာ ဖြစ်ပါတယ်။
တစ်နေ့မှာ သင်သေဆုံးသွားမှာ ဖြစ်ပါတယ်။ သခင်ယေရှုကို လက်ခံပါလျှင် ကောင်းကင်ဘုံသွားရမှာ ဖြစ်ပြီး "ထာဝရဘုရား၏ အိမ်တော်မှာ အစဉ်အမြဲနေရပါလိမ့်မည်" ဆာလံ ၂၃း၆
ကောင်းကင်ဘုံတွင် သင်၏ နာကျင်ခြင်း ။ ဝမ်းနည်းပူဆွေးခြင်း ၊ စိတ်ဓါတ်ကျခြင်း နှင့် ကြောက်ရွံခြင်းတို့ကနေ လွှတ်မြောက်သွားမှာ ဖြစ်ပါတယ်။ ဗျာဒိတ် ၂၁း၄ "ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည် ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေး မရှိရ။ စိက်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား၊ ရှေးဖြစ် ဘူးသောအရာတို့သည် ရွေသွားကြပြီ။"
ယုံကြည်သူ ခရစ်ယာန်တွေအတွက် သေဆုံးခြင်းက အပြောင်းအရွေ့တစ်ခု နှင့် မြှင့်တင်ခြင်းတစ်မျိုး ဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့အရာတွေပေါ်တည်ပြီး ပြသနာတွေလည်း မရှိတော့ပါ။
ထိုအမှန်တရားက သင့်အတွက် အရာအားလုံးတို့ကို ပြောင်းလဲပေးသင့်ပါတယ်။ အသက်တာသည် လွယ်ကူစွာ ဖြတ်သန်းရမည်ဟု မဆိုလိုပါ။ ပြီးတော့ အမြဲတမ်းလည်း ပြုံးပျော်နေရမယ်လို့ မဆိုလိုပါဘူး။ ဘယ်တော့မှ အပြစ်မပြုမိစေဖို့နှင့် (သို့ ) သင်ဘာကို လုပ်ဆောင်သင်တယ် ဆိုတကို အမြဲတမ်းသိရှိပါ။
သို့ပေမဲ့ အနာဂတ်ကို အကြောက်တရား ကင်းမဲ့စွာဖြင့် ရင်ဆိုင်နိုင်တယ်လို့ မဆိုလိုပါ။ သင်၏ အကြီးမားဆုံးသော ပြသနာ ၊ သင်၏ ကယ်တင်ခြင်းကို ဘုရားသခင် ကရုစိုက်ပေးပါတယ်။
ဆင်ခြင်ရန်
- သင့်အသက်တာ၏ အနာဂတ်နဲ့ ပတ်သက်ပြီး ယုံကြည်မှုက ဘယ်လိုရှိပါသနည်း။
- ယေရှု၏နောက်လိုက်တစ်ဦးသေဆုံးသောအခါ ကျွန်ုပ်တို့၏ဝမ်းနည်းပူဆွေးမှုတွင် ဘာကြောင့်မျှော်လင့်ချက်ရှိနိုင်သနည်း။
-ကောင်းကင်ဘုံက ဘယ်လိုဖြစ်မယ်ထင်လဲ။ သမ္မာကျမ်းစာက ကောင်းကင်ဘုံသည် မည်သို့မည်ပုံဖြစ်မည်နည်း။
------------------------------------------------------------
Zawgyi Version
ေၾကာက္႐ြံ႕ျခင္းမရွိဘဲ အနာဂတ္ကို ဘာေၾကာင့္ သင္ရင္ဆိုင္ႏိုင္ပါသနည္း။
ဆာလံက်မ္း ၂၃း၆ ""အကယ္စင္စစ္အကြၽႏ္ုပ္သည္ ေက်းဇူးႏွင့္ က႐ုဏာကို တသက္လုံးခံစားရ၍၊ ထာဝရဘုရား၏ အိမ္ေတာ္မွာ အစဥ္အၿမဲေနရပါလိမ့္မည္။တစ္ေန႔တြင္ ဤေလာကေပၚရွိ သင့္အသက္တာ ကုန္ဆုံးသြားမွာ ျဖစ္ေပမဲ့ ၎သည္ သင္၏ အဆုံးသတ္ မဟုတ္ပါဘူး။ ေနရာ (၂) ေနရာ အနက္ တစ္ေနရာတြင္ သင္ထာဝရ ေနထိုင္သြားရပါလိမ့္မည္။ ေကာင္းကင္ဘုံ ႏွင့္ ငရဲ ျဖစ္ပါတယ္။ သင္၏ ခႏၶာကေတာ့ ေသဆုံးသြားမွာျဖစ္ေပမဲ့ သင္၏ အသက္ဝိညာဥ္ကေတာ့ မေသပါ။ ဘာေၾကာင့္လဲဆိုေတာ့ ထာဝရတည္ဖို႔ရန္ ဖန္ဆင္းထားေသာေၾကာင့္ ျဖစ္ပါတယ္။
အစဥ္ တည္ၿမဲဖို႔ ကေရာ ဘယ္ေလာက္ ၾကာဖို႔ရွိလဲ။ ထာဝရ ျဖစ္ပါတယ္။
ယုံၾကည္သူေတြ ဘာေၾကာင့္ အနာဂတ္ႏွင့္ပတ္သက္ၿပီး ယုံၾကည္ျခင္းအရွိဆုံး ျဖစ္သင့္သလဲဆိုတာကို သမၼာက်မ္းစာက ကြၽႏ္ုပ္တို႔ကို ေျပာထားပါတယ္။ "ထို႔ေၾကာင့္ငါတို႔သည္ ကိုယ္ခႏၶာ၌ ေနၿမဲေနစဥ္ကာလ၊ သခင္ဘုရားႏွင့္ ကြာေဝးရာအရပ္၌ေနသည္ကို ငါတို႔သည္သိလ်က္၊....ကိုယ္ခႏၶာႏွင့္ ကြာေဝးရာအရပ္သို႔သြား၍၊ သခင္ဘုရားထံေတာ္၌ ေနၿမဲေနျခင္းငွါ အလိုရွိလ်က္၊ ရဲရင့္ေသာစိတ္ႏွင့္ျပည့္စုံၾက၏။" ၂ေကာ ၅း၆၊၈
ေသဖို႔ အဆင္သင့္ မျဖစ္သေ႐ြ႕ ဘယ္လို စစ္မွန္စြာ အသက္ရွင္ရမည္ကို သင္ဘယ္ေတာ့မွ သိမွာ မဟုတ္ပါ။ ဧကန္ျဖစ္မည္ကို လူတိုင္းသိၾကတဲ့ တစုံတရာအတြက္ လုံးဝ မျပင္ဆင္ဘဲ အသက္တာကို ျဖတ္သန္းျခင္းက မိုက္မဲတဲ့သူသာ ျဖစ္ပါတယ္။
တစ္ေန႔မွာ သင္ေသဆုံးသြားမွာ ျဖစ္ပါတယ္။ သခင္ေယရႈကို လက္ခံပါလွ်င္ ေကာင္းကင္ဘုံသြားရမွာ ျဖစ္ၿပီး "ထာဝရဘုရား၏ အိမ္ေတာ္မွာ အစဥ္အၿမဲေနရပါလိမ့္မည္" ဆာလံ ၂၃း၆
ေကာင္းကင္ဘုံတြင္ သင္၏ နာက်င္ျခင္း ။ ဝမ္းနည္းပူေဆြးျခင္း ၊ စိတ္ဓါတ္က်ျခင္း ႏွင့္ ေၾကာက္႐ြံျခင္းတို႔ကေန လႊတ္ေျမာက္သြားမွာ ျဖစ္ပါတယ္။ ဗ်ာဒိတ္ ၂၁း၄ "ဘုရားသခင္သည္ သူတို႔၏ မ်က္စိ၌ မ်က္ရည္ ရွိသမွ်တို႔ကို သုတ္ေတာ္မူမည္။ ေနာက္တဖန္ ေသေဘး မရွိရ။ စိက္မသာ ညည္းတြားျခင္း၊ ေအာ္ဟစ္ျခင္း၊ ပင္ပန္းျခင္းလည္း မရွိရ။ အေၾကာင္းမူကား၊ ေရွးျဖစ္ ဘူးေသာအရာတို႔သည္ ေ႐ြသြားၾကၿပီ။"
ယုံၾကည္သူ ခရစ္ယာန္ေတြအတြက္ ေသဆုံးျခင္းက အေျပာင္းအေ႐ြ႕တစ္ခု ႏွင့္ ျမႇင့္တင္ျခင္းတစ္မ်ိဳး ျဖစ္ပါတယ္။ ပိုမိုေကာင္းမြန္တဲ့အရာေတြေပၚတည္ၿပီး ျပသနာေတြလည္း မရွိေတာ့ပါ။
ထိုအမွန္တရားက သင့္အတြက္ အရာအားလုံးတို႔ကို ေျပာင္းလဲေပးသင့္ပါတယ္။ အသက္တာသည္ လြယ္ကူစြာ ျဖတ္သန္းရမည္ဟု မဆိုလိုပါ။ ၿပီးေတာ့ အၿမဲတမ္းလည္း ၿပဳံးေပ်ာ္ေနရမယ္လို႔ မဆိုလိုပါဘူး။ ဘယ္ေတာ့မွ အျပစ္မျပဳမိေစဖို႔ႏွင့္ (သို႔ ) သင္ဘာကို လုပ္ေဆာင္သင္တယ္ ဆိုတကို အၿမဲတမ္းသိရွိပါ။
သို႔ေပမဲ့ အနာဂတ္ကို အေၾကာက္တရား ကင္းမဲ့စြာျဖင့္ ရင္ဆိုင္ႏိုင္တယ္လို႔ မဆိုလိုပါ။ သင္၏ အႀကီးမားဆုံးေသာ ျပသနာ ၊ သင္၏ ကယ္တင္ျခင္းကို ဘုရားသခင္ က႐ုစိုက္ေပးပါတယ္။
ဆင္ျခင္ရန္
- သင့္အသက္တာ၏ အနာဂတ္နဲ႔ ပတ္သက္ၿပီး ယုံၾကည္မႈက ဘယ္လိုရွိပါသနည္း။
- ေယရႈ၏ေနာက္လိုက္တစ္ဦးေသဆုံးေသာအခါ ကြၽႏ္ုပ္တို႔၏ဝမ္းနည္းပူေဆြးမႈတြင္ ဘာေၾကာင့္ေမွ်ာ္လင့္ခ်က္ရွိႏိုင္သနည္း။
-ေကာင္းကင္ဘုံက ဘယ္လိုျဖစ္မယ္ထင္လဲ။ သမၼာက်မ္းစာက ေကာင္းကင္ဘုံသည္ မည္သို႔မည္ပုံျဖစ္မည္နည္း။