Unicode Version
သင် ဖြစ်ခြင်းအရာက အရေးကြီးပါတယ်။
သုတ္တံကျမ်း ၁၄း၃ဝ "ကျန်းမာသောနှလုံးသည် ကိုယ်အသက်ရှင်စေ သောအကြောင်း၊ ငြူစူသော သဘောမူကား၊ အရိုး ဆွေးမြေ့ခြင်းအကြောင်းဖြစ်၏။"
“It's healthy to be content, but envy can eat you up.”
Proverbs 14:30 (CEV)
ဘုရားသခင်၏ ကောင်းမြတ်ခြင်းနှင့်အတူ ပြည့်လျှံသော ကြွယ်ဝခြင်းအသက်တာ၌ အသက်ရှင်ဖို့ရန် ပထမဦးဆုံးသော သင်စတင်လုပ်ဆောင်သည့်သင့်အရာမှာ ညည်းငြူခြင်းတို့ကို ရပ်တန့်ပစ်ပြီး ကျေးဇူးတင်ခြင်းအသက်တာကို စတင်ခြင်းဖြစ်ပါတယ်။ ဒုတိယအချက်အနေဖြင့် နှိုင်းယှဉ်ခြင်းတို့ကို ရပ်တန့်ပစ်ပြီး ရောင့်ရဲကျေနပ်ခြင်းကို စတင်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
သင်ဖြစ်ဖို့ရန် ဘုရားသခင် သင့်ကို ဖန်ဆင်းထားတာ ဖြစ်ပါတယ်။ ဘယ်သူနှင့်မှ မတူစေချင်ပါဘူး။ တခြားသူတို့နှင့် သင့်ကိုယ်သင် နှိုင်းယှဉ်တဲ့အခါတွင် မနာလိုခြင်းတွေ ၊ နာကျည်းခြင်းတွေကို သင်ရရှိမှာဖြစ်ပြီး ၎င်းတို့ကို အတုယူဖို့ရန်ပင် သင်စတင်နေပြီဖြစ်ပါတယ်။
သို့ပေမဲ့ ဘုရားသခင်သည် ကိုယ်ပွား ဘယ်တော့မှ မဖန်ဆင်းပါ။ မူရင်းကိုသာ ဖန်ဆင်းပါတယ်။ တအူတုံဆင်းအမွှာပင်လျှင် ထောင်ပေါင်းများစွာသော ပုံစံကွဲတွေ ရှိကြပါတယ်။ သင်က သင်မဟုတ်ဘူးဆိုလျှင် ဘယ်သူဖြစ်မလဲ။
အမှန်တွင် နှိုင်းယှဉ်ခြင်းအရာက သင့်ကို ပြသနာကိုသာ ဖြစ်စေတာပါ။ သင်၏ ရုပ်ရည် ၊ အဆင့်အတန်း ၊ အိမ်ထောင်ဖက် ၊ အလုပ်အကိုင် ၊ (သို့) သားသမီး တို့ကို နှိုင်းယှဉ်ပါက ပြသနာ (၂) ခုကို ဖြစ်စေပါတယ်။
ပထမတစ်ခုသည် သင်၌ စိတ်ဓါတ်ကျခြင်းတွေဖြင့် ပြည့်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ သင့်ထက် အလုပ်ကောင်းကောင်းရှိနေတဲ့သူ ၊ သင့်ထက် ရုပ်ရည်ပိုကြည့်ကောင်းနေသူ ၊ သင့်ထက် ငွေကြေးပိုရှာနိုင်သူ ၊ သင့်ထက် စွမ်းရည်ပိုမို ပိုင်ဆိုင်ထားသူ တစ်ယောက်ကို အမြဲတစေ သင်တွေ့မှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ သင်၌ မာနထောင်လွှားခြင်းရှိနေပါတယ်။ ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့ သင့်လို အလုပ်ကောင်းကောင်း မလုပ်တဲ့သူကို သင်အမြဲတွေ့နိုင်သောကြောင့် ဖြစ်ပါတယ်။
သမ္မာကျမ်းစာက ပြောထားသည်မှာ "ငြိမ်သက်ခြင်းနှင့် ယှဉ်လျက်၊ လက်တဆုပ် တည်းသောဥစ္စာသည် ပင်ပန်းစွာလုပ်ခြင်း၊ လေကို ကျက်စားခြင်းနှင့်ယှဉ်လျက်၊ လက်နှစ်ဘက်၌ ပြည့်သော ဥစ္စာထက်သာ၍ ကောင်း၏။" ဒေသနာကျမ်း ၄း၆
ဆိုရှယ်မီဒီယာတွေကြောင့် သင့်ကိုယ်သင် တစ်ခြားသူတွေနဲ့ နှိုင်းယှဉ်ဖို့ရန် ပိုပြီးလွယ်ကူလာနေပါတယ်။ တစ်နေ့ တစ်နေ့ တင်ထားတဲ့ post ကနေ "ငါကိုကြည့်လိုက်အုံး...ငါဘာကို လုပ်နိုင်သလဲ...ငါဘာကို ရရှိထားသလဲ" ဆိုပြီး ဟစ်ကြွေးနေတာကို သင်မြင်ရတဲ့အခါ သင့်အား စိတ်မကျေမနပ်ဖြစ်ခြင်း နှင့် မနာလိုဖြစ်ခြင်းအဆင့်ဆီသို့ ဆွဲခေါ်သွားတာ ဖြစ်ပါတယ်။ ၎င်းသည် သင့်ကိုယ်ပိုင် post များဖြင့် အခြားသူတို့ကို အထင်ကြီးစေရန်တောင် ဖြစ်စေနိုင်ပါတယ်။ သို့ပေမဲ့ အရေးကြီးတာက သင် ဘယ်သူကိုမှ အထင်ကြီးစရာ မလိုအပ်ပါ။ ရွှင်လန်းမှုအပြည့်ဖြင့် အသက်တာကို ဖြတ်သန်းဖို့ သော့ချက်သည် သင့်ကိုယ်သင်သာ ဖြစ်စေပြီး ဘုရားသခင် ဖန်ဆင်းထားသော သူတစ်ဦးအဖြစ် ရောင့်ရဲနေဖို့ ဖြစ်ပါတယ်။
စိတ်သောက ရောက်ခြင်းအပေါ် သင်စိတ်ပင်ပန်းနေပါသလား။ ဝိညာဉ်ရေးရာ ဆိုင်ရာနှင့် စိတ်ခံစားမှုဆိုင်ရာတို့တွင် ကျန်းမာနေချင်ပါသလား။ သမ္မာကျမ်းစာက ဆိုထားသည်မှာ သုတ္တံကျမ်း ၁၄း၃ဝ " ကျန်းမာသောနှလုံးသည် ကိုယ်အသက်ရှင်စေ သောအကြောင်း၊ ငြူစူသော သဘောမူကား၊ အရိုး ဆွေးမြေ့ခြင်းအကြောင်းဖြစ်၏။"
သင့်အားပျော်ရွှင်နိုင်စေမည့် အရာတို့ကို စောင့်မျှော်နေမည့်အစား ပျော်ရွှင်မှုဖြစ်စေမည့် တခြားသောအရာတို့ကို နှစ်သက်တဲ့အခါမှာ ရောင့်ရဲမှုက ဖြစ်ပေါ်လာပါတယ်။ သင့်ကိုယ်သင် တခြားသောသူတို့နှင့် နှိုင်းယှဉ်ခြင်းကို ရပ်တန့်ပစ်ပြီး သင့်အား ဘုရားသခင်ပေးထားသော အရာတို့ဖြင့် ရောင့်ရဲမှုစတင်ပါ။ ပြီးနောက် သင်၌ ပျော်ရွှင်မှု ပြည့်လျှံလာသည်ကို စောင့်ကြည့်နေလိုက်ပါ။
ဆင်ခြင်ရန်
- ယခုတွင် သင့်အသက်တာနှင့် ပတ်သက်ပြီး ဘာကို ပျော်ရွှင်ပါသနည်း။
- ဘုရားသခင်က တခြားသောသူတို့ကို ကောင်းချီးပေးသလိုနည်းလမ်းဖြင့် သင့်အား ကောင်းချီးမပေးဘူးလို့ သင်မြင်တဲ့အခါ၌ သင့်အားမည်သို့သော ခံစားချက်ဖြစ်ပေါ်စေပါသနည်း။ ထိုသို့သော အချိန်၌ ဘုရားသခင်၏ ကောင်းမြတ်ခြင်းနှင့်ပတ်သက်ပြီးသင့်ကိုယ်သင် မည်သို့ သတိပေးနိုင်မည်နည်း။
-ဆိုရှယ်မီဒီယာတွေက သင့်အား စိတ်မကျေမနပ်ဖြစ်စေအောင် လုပ်ဆောင်စေနိုင်တယ်လို့ သင်ထင်မြင်ပါလျှင် သင့်အပေါ် သက်ရောက်မှု ကျဆင်းအောင် ဘာကို လုပ်ဆောင်နိုင်မည်နည်း။
---------------------------------------------------------------------------------------------------
Zawgyi Version
သင္ ျဖစ္ျခင္းအရာက အေရးႀကီးပါတယ္။
သုတၱံက်မ္း ၁၄း၃ဝ "က်န္းမာေသာႏွလုံးသည္ ကိုယ္အသက္ရွင္ေစ ေသာအေၾကာင္း၊ ျငဴစူေသာ သေဘာမူကား၊ အ႐ိုး ေဆြးေျမ့ျခင္းအေၾကာင္းျဖစ္၏။"
“It's healthy to be content, but envy can eat you up.”
Proverbs 14:30 (CEV)
ဘုရားသခင္၏ ေကာင္းျမတ္ျခင္းႏွင့္အတူ ျပည့္လွ်ံေသာ ႂကြယ္ဝျခင္းအသက္တာ၌ အသက္ရွင္ဖို႔ရန္ ပထမဦးဆုံးေသာ သင္စတင္လုပ္ေဆာင္သည့္သင့္အရာမွာ ညည္းျငဴျခင္းတို႔ကို ရပ္တန႔္ပစ္ၿပီး ေက်းဇူးတင္ျခင္းအသက္တာကို စတင္ျခင္းျဖစ္ပါတယ္။ ဒုတိယအခ်က္အေနျဖင့္ ႏႈိင္းယွဥ္ျခင္းတို႔ကို ရပ္တန႔္ပစ္ၿပီး ေရာင့္ရဲေက်နပ္ျခင္းကို စတင္လုပ္ေဆာင္ဖို႔ လိုအပ္ပါတယ္။
သင္ျဖစ္ဖို႔ရန္ ဘုရားသခင္ သင့္ကို ဖန္ဆင္းထားတာ ျဖစ္ပါတယ္။ ဘယ္သူႏွင့္မွ မတူေစခ်င္ပါဘူး။ တျခားသူတို႔ႏွင့္ သင့္ကိုယ္သင္ ႏႈိင္းယွဥ္တဲ့အခါတြင္ မနာလိုျခင္းေတြ ၊ နာက်ည္းျခင္းေတြကို သင္ရရွိမွာျဖစ္ၿပီး ၎တို႔ကို အတုယူဖို႔ရန္ပင္ သင္စတင္ေနၿပီျဖစ္ပါတယ္။
သို႔ေပမဲ့ ဘုရားသခင္သည္ ကိုယ္ပြား ဘယ္ေတာ့မွ မဖန္ဆင္းပါ။ မူရင္းကိုသာ ဖန္ဆင္းပါတယ္။ တအူတုံဆင္းအမႊာပင္လွ်င္ ေထာင္ေပါင္းမ်ားစြာေသာ ပုံစံကြဲေတြ ရွိၾကပါတယ္။ သင္က သင္မဟုတ္ဘူးဆိုလွ်င္ ဘယ္သူျဖစ္မလဲ။
အမွန္တြင္ ႏႈိင္းယွဥ္ျခင္းအရာက သင့္ကို ျပသနာကိုသာ ျဖစ္ေစတာပါ။ သင္၏ ႐ုပ္ရည္ ၊ အဆင့္အတန္း ၊ အိမ္ေထာင္ဖက္ ၊ အလုပ္အကိုင္ ၊ (သို႔) သားသမီး တို႔ကို ႏႈိင္းယွဥ္ပါက ျပသနာ (၂) ခုကို ျဖစ္ေစပါတယ္။
ပထမတစ္ခုသည္ သင္၌ စိတ္ဓါတ္က်ျခင္းေတြျဖင့္ ျပည့္ေနပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သင့္ထက္ အလုပ္ေကာင္းေကာင္းရွိေနတဲ့သူ ၊ သင့္ထက္ ႐ုပ္ရည္ပိုၾကည့္ေကာင္းေနသူ ၊ သင့္ထက္ ေငြေၾကးပိုရွာႏိုင္သူ ၊ သင့္ထက္ စြမ္းရည္ပိုမို ပိုင္ဆိုင္ထားသူ တစ္ေယာက္ကို အၿမဲတေစ သင္ေတြ႕မွာျဖစ္ပါတယ္။ ေနာက္တစ္ခုကေတာ့ သင္၌ မာနေထာင္လႊားျခင္းရွိေနပါတယ္။ ဘာေၾကာင့္လဲ။ ဘာေၾကာင့္လဲဆိုေတာ့ သင့္လို အလုပ္ေကာင္းေကာင္း မလုပ္တဲ့သူကို သင္အၿမဲေတြ႕ႏိုင္ေသာေၾကာင့္ ျဖစ္ပါတယ္။
သမၼာက်မ္းစာက ေျပာထားသည္မွာ "ၿငိမ္သက္ျခင္းႏွင့္ ယွဥ္လ်က္၊ လက္တဆုပ္ တည္းေသာဥစၥာသည္ ပင္ပန္းစြာလုပ္ျခင္း၊ ေလကို က်က္စားျခင္းႏွင့္ယွဥ္လ်က္၊ လက္ႏွစ္ဘက္၌ ျပည့္ေသာ ဥစၥာထက္သာ၍ ေကာင္း၏။" ေဒသနာက်မ္း ၄း၆
ဆိုရွယ္မီဒီယာေတြေၾကာင့္ သင့္ကိုယ္သင္ တစ္ျခားသူေတြနဲ႔ ႏႈိင္းယွဥ္ဖို႔ရန္ ပိုၿပီးလြယ္ကူလာေနပါတယ္။ တစ္ေန႔ တစ္ေန႔ တင္ထားတဲ့ post ကေန "ငါကိုၾကည့္လိုက္အုံး...ငါဘာကို လုပ္ႏိုင္သလဲ...ငါဘာကို ရရွိထားသလဲ" ဆိုၿပီး ဟစ္ေႂကြးေနတာကို သင္ျမင္ရတဲ့အခါ သင့္အား စိတ္မေက်မနပ္ျဖစ္ျခင္း ႏွင့္ မနာလိုျဖစ္ျခင္းအဆင့္ဆီသို႔ ဆြဲေခၚသြားတာ ျဖစ္ပါတယ္။ ၎သည္ သင့္ကိုယ္ပိုင္ post မ်ားျဖင့္ အျခားသူတို႔ကို အထင္ႀကီးေစရန္ေတာင္ ျဖစ္ေစႏိုင္ပါတယ္။ သို႔ေပမဲ့ အေရးႀကီးတာက သင္ ဘယ္သူကိုမွ အထင္ႀကီးစရာ မလိုအပ္ပါ။ ႐ႊင္လန္းမႈအျပည့္ျဖင့္ အသက္တာကို ျဖတ္သန္းဖို႔ ေသာ့ခ်က္သည္ သင့္ကိုယ္သင္သာ ျဖစ္ေစၿပီး ဘုရားသခင္ ဖန္ဆင္းထားေသာ သူတစ္ဦးအျဖစ္ ေရာင့္ရဲေနဖို႔ ျဖစ္ပါတယ္။
စိတ္ေသာက ေရာက္ျခင္းအေပၚ သင္စိတ္ပင္ပန္းေနပါသလား။ ဝိညာဥ္ေရးရာ ဆိုင္ရာႏွင့္ စိတ္ခံစားမႈဆိုင္ရာတို႔တြင္ က်န္းမာေနခ်င္ပါသလား။ သမၼာက်မ္းစာက ဆိုထားသည္မွာ သုတၱံက်မ္း ၁၄း၃ဝ " က်န္းမာေသာႏွလုံးသည္ ကိုယ္အသက္ရွင္ေစ ေသာအေၾကာင္း၊ ျငဴစူေသာ သေဘာမူကား၊ အ႐ိုး ေဆြးေျမ့ျခင္းအေၾကာင္းျဖစ္၏။"
သင့္အားေပ်ာ္႐ႊင္ႏိုင္ေစမည့္ အရာတို႔ကို ေစာင့္ေမွ်ာ္ေနမည့္အစား ေပ်ာ္႐ႊင္မႈျဖစ္ေစမည့္ တျခားေသာအရာတို႔ကို ႏွစ္သက္တဲ့အခါမွာ ေရာင့္ရဲမႈက ျဖစ္ေပၚလာပါတယ္။ သင့္ကိုယ္သင္ တျခားေသာသူတို႔ႏွင့္ ႏႈိင္းယွဥ္ျခင္းကို ရပ္တန႔္ပစ္ၿပီး သင့္အား ဘုရားသခင္ေပးထားေသာ အရာတို႔ျဖင့္ ေရာင့္ရဲမႈစတင္ပါ။ ၿပီးေနာက္ သင္၌ ေပ်ာ္႐ႊင္မႈ ျပည့္လွ်ံလာသည္ကို ေစာင့္ၾကည့္ေနလိုက္ပါ။
ဆင္ျခင္ရန္
- ယခုတြင္ သင့္အသက္တာႏွင့္ ပတ္သက္ၿပီး ဘာကို ေပ်ာ္႐ႊင္ပါသနည္း။
- ဘုရားသခင္က တျခားေသာသူတို႔ကို ေကာင္းခ်ီးေပးသလိုနည္းလမ္းျဖင့္ သင့္အား ေကာင္းခ်ီးမေပးဘူးလို႔ သင္ျမင္တဲ့အခါ၌ သင့္အားမည္သို႔ေသာ ခံစားခ်က္ျဖစ္ေပၚေစပါသနည္း။ ထိုသို႔ေသာ အခ်ိန္၌ ဘုရားသခင္၏ ေကာင္းျမတ္ျခင္းႏွင့္ပတ္သက္ၿပီးသင့္ကိုယ္သင္ မည္သို႔ သတိေပးႏိုင္မည္နည္း။
-ဆိုရွယ္မီဒီယာေတြက သင့္အား စိတ္မေက်မနပ္ျဖစ္ေစေအာင္ လုပ္ေဆာင္ေစႏိုင္တယ္လို႔ သင္ထင္ျမင္ပါလွ်င္ သင့္အေပၚ သက္ေရာက္မႈ က်ဆင္းေအာင္ ဘာကို လုပ္ေဆာင္ႏိုင္မည္နည္း။