Love Celebrates God’s Goodness to Others
 Unicode Version
ချစ်ခြင်းမေတ္တာသည် သူတစ်ပါးတို့ဆီသက်ရောက်သော ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို ဂုဏ်ပြုတတ်သည်။ 
ရောမ ၁၂း၁၅ "ဝမ်းမြောက်သောသူတို့နှင့်အတူ၊ ဝမ်းမြောက်ခြင်းကို၎င်း၊ ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးခြင်းကို ၎င်း ပြုကြလော့။"
သမ္မာကျမ်းစာတွင် ဝမ်းမြောက်သောသူတို့နှင့်အတူ ဝမ်းမြောက်ဖို့နှင့်ဝမ်းနည်းသော သူတို့နှင့်အတူ ဝမ်းနည်းဖို့ ပြောထားပါတယ်။ ဒုတိယဝါကျ အပိုင်းကတော့ လွယ်ကူနေပေမဲ့ ပထမဝါကျကတော့ တကယ့်ကို တစ်ဆို့မှုဖြစ်စေနိုင်တယ်ဆိုတာ သင်သတိထားမိပါသလား။
တစုံတယောက်က ခက်ခဲနေတဲ့အခါမှာ ကိုယ်ချင်းစာတတ်ဖို့က လွယ်ကူပါတယ်။ စိတ်ဓါတ်ကျနေတဲ့သူကို အားပေးဖို့ကလည်း လွယ်ကူပါတယ်။ သို့ပေမဲ့ သင့်အသိုင်းအဝိုင်းထဲက တစ်ယောက်ယောက်က ပရိုမိုးရှင်း ရရှိတဲ့အခါမှာကော။ ကိုင်တွယ်က ခက်ခဲနိုင်ပါတယ်။ တစ်ပါးသူ၏ အောင်မြင်မှုကို ဝမ်းမြောက်ခြင်းထက် သင် မကျေမချမ်း ဖြစ်နေနိုင်ပါမည်။ လူတွေအပေါ် မကောင်းမှုတစ်ခု သက်ရောက်ကြုံတွေ့ဖို့ရန်တောင် သင်ဆန္ဒရှိနေနိုင်ပါမည်။ ဘာကြောင့်လဲဆိုတော့ သူတစ်ပါး၏ ဖယောင်းတိုင်းမီးကို တစ်နည်းနည်းဖြင့် သင်မှုတ်နိုင်ပါလျှင် သင်၏ မီးက ပိုတောက်လာမယ်လို့ သင်တွေးထင်လို့ ဖြစ်ပါတယ်။ 
သို့ပေမဲ့ အမှန်တရားက ဒီမှာ ရှိပါတယ်။ ဘုရားသခင်၏ ကောင်းမြတ်ခြင်းတွေက လှည်ပတ်ဖို့ရန် အလျှံပယ်ရှိနေပါတယ်။ 
သခင်ယေရှု ပြောခဲ့သည့် ဥယျာဉ်ပိုင်ရှင်တစ်ဦီးအကြောင်းရှိပါတယ်။ ထိုသူသည် သူ၏ စပျစ်ဥယျာဉ်ခြံတွင် အလုပ်သမားတို့ကို နေ့တစ်နေ့ အစတွင် ငှားရမ်းခဲ့ပါတယ်။ တစ်မနက်လုံး နှင့် တစ်နေ့ခင်းလုံး အလုပ်သမားတို့ကို ငှားရမ်းဖို့ ဆက်လက်လုပ်ဆောင်စေခဲ့တော့ တစ်ချို့တို့က တစ်နာရီ (သို့) နှစ်နာရီသာ အလုပ်ကို လုပ်ဆောင်ကြပါတယ်။ အလုပ်သမားတို့ကို လုပ်အားခ ရှင်းချိန်ရောက်လာတဲ့အခါတွင် ဥယျာဉ်ခြံပိုင်ရှင်သည် လုပ်ဆောင်သူတိုင်းကို တူညီသော ငွေပမာဏကို ပေးချေခဲ့ပါတယ်။ 
မနက်ခင်းကတည်းက အလုပ်စတင်ခဲ့ကြတဲ့ အလုပ်သမားတွေကတော့ မမျှတဘူးဆိုပြီး မကျေမနပ် ပြောကြပါတယ်။ သို့ပေမဲ့ ဥယျာဉ်ခြံပိုင်ရှင်က "ငါသည် ကိုယ်ဥစ္စာကို ပြုလိုသမျှမပြုရာသလော။ ငါ့သဘောကောင်းသောကြောင့် သင်သည် မျက်မုန်း ကြိုးရသလောဟု ဆိုလေ၏။" ရှင်မဿဲခရစ်ဝင်ကျမ်း ၂ဝး၁၅
တစ်ခါတစ်ရံ၌ ဘုရားသခင် ကောင်းချီးပေးသော လူတစ်ယောက်ယောက်ပေါ် ထိုနည်းတူစွာ သင်ခံစားရနိုင်ပါမည်။ ဘုရားသခင် လုပ်ဆောင်စေလိုသည်များကို သင်အကုန် ကြိုးစားပမ်းစား လုပ်ဆောင်ပေမဲ့ သူတစ်ပါးကိုဘဲ ဘုရားသခင် ကောင်းချီးပေးတယ်လို့ သင်မြင်ပါမည်။ သင့်လောက် ကြိုးစားပြီး အလုပ်မလုပ်ခဲ့သလို ဘုရားသခင်ပေါ် သင်ကဲ့သို့ သစ္စာပြည့်ဝစွာ ထမ်းဆောင်ခဲ့ပုံ မပေါ်တဲ့အတွက်ကြောင့်  ထိုသူသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာနှင့် မထိုက်တန်ဘူးလို့ သင်ထင်ကောင်း ထင်နေပါမည်။ 
ဘုရားသခင်သည် သင်နှင့်တူညီသော ပမာဏကို တခြားသူတို့တွင် ကောင်းချီးပေးခြင်းအရာက အမှန်တကယ် အရေးကြီးပါသလား။ သူတစ်ပါးကို ဘုရားသခင် ပေးချင်နေတာကို စိတ်ပူပင် မနေသင့်ပါ။ သင်၌ ခန့်အပ်ထားသော အရာတွေဖြင့် သင်လုပ်ဆောင်နေသော အရာအတွက်ကိုသာ သင်စိုးရိမ်နေသင့်ပါတယ်။ 
မနာလိုခြင်း နှင့်ပတ်သက်ပြီး တစ်ခုခု ရှင်းပြပါရစေ။ မနာလိုခြင်းသည် သင့်အနားတွင် ဖြစ်ပေါ်ပါတယ်။ သင်နှင့် သက်တူ ရွယ်တူအပေါင်းအသင်း ဆက်ဆံရေးတို့တွင် ဖြစ်ပေါ်ပါတယ်။ ရွယ်တူ မဟုတ်တဲ့သူတွေကိုတော့ မနာလိုမဖြစ်ပါဘူး။ တစ်ခါတစ်ရံ သင်အကြိုက်ဆုံး သရုပ်ဆောင် (သို့) အဆိုတော် တစ်ယောက်ယောက်အကြောင်းကို သင်စဉ်းစားပြီး "အဲဒီ စူပါစတားလို ကျွန်တော် ဖြစ်ချင်ပါတယ်" လို့တွေးနိုင်ပါသည်။ ဒါပေမဲ့ သင်နှင့်အရင်းနှီးဆုံးသော ထိုသူတို့သည် သင့်အတွက် အကြီးမားဆုံးသော မနာလိုမှုကို တွန်းပို့ပေးနေသူတွေ ဖြစ်ပါတယ်။ သင်၏ မိသားစု နှင့် သူငယ်ချင်းမိတ်ဆွေတို့၏ အောင်မြင်နေခြင်းကို မြင်ဖို့ရန် အခက်ခဲဆုံး ဖြစ်ပါတယ်။ 
မနာလိုဖြစ်ခြင်းက မသိမသာ စိမ့်ဝင်ကူးစက်ပါတယ်။ သူများကိုလည်း တန်ဖိုးလျော့ကျစေတယ်။ ပေါင်းသင်းဆက်ဆံရေးကိုလည်း ပျက်စီးစေပြီး သင့်အား စိတ်ဆင်းရဲစေမှာ ဖြစ်ပါတယ်။ မနာလိုခြင်းက ပုန်းကွယ်နေပေမဲ့ ပျက်လိုပျက်စီး ဖြစ်စေပြီး များစွာသော ပျော်ရွှင်ခြင်းတို့ကို သင့်အား လက်လွှတ်သွားစေပါတယ်။ 
သင် အိမ်ထောင်ပြုချင်ပေမဲ့ သင်အိမ်ထောင်မပြုပါ။ (သို့) အိမ်ထောင်ပြုပြီးကွဲသွားတာ ဖြစ်နိုင်ပါတယ်။ အခု မင်္ဂလာဆောင်နေတာတွေကို မနှစ်သက်ဘူး။ မင်္ဂလာဆောင် ဖိတ်စာ တစ်ခုခု ရလာလျှင်လည်း စိတ်ဆိုးစ ပြုလာတတ်တယ်။ တခြားသူရဲ့ ဖယောင်းတိုင်က ထွန်းလင်းလာတဲ့အခါ သင်၏ မီးကို မှေးမှိန်သွားစေတယ်လို့ သင်ထင်နေလို့ ဖြစ်ပါတယ်။ ဒါက သင် မှားယွင်းနေတာ ဖြစ်ပါတယ်။ 
တခြားသူတွေရဲ့ အောင်မြင်မှုအပေါ်မှာ သင်ဝမ်းမြောက်ဖို့ရန် သင်ယူလေ့လာပါလျှင် အသက်တာကို များစွာ သင်ပျော်ရွှင်ဝမ်းမြောက်ရပါလိမ့်မည်။ သို့ပေမဲ့ သူတပါးရဲ့ အောင်မြင်မှုပေါ် သင် ချီးကျူးဂုဏ်ပြုပါလျှင် အချိန်တိုင်း သင်ပျော်ရွှင်လာရမှာ ဖြစ်ပါတယ်။ 
မနာလိုခြင်းသည် တစ်ယောက်ယောက်ပေါ် သင်ပြုနိုင်တဲ့ ချစ်စရာ မကောင်းတဲ့ အရာဖြစ်ပါတယ်။ "မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ။" ၁ကော ၁၃း၄
ချစ်ခြင်းမေတ္တာသည် မနာလိုခြင်းမဟုတ်ပါ။ ချစ်ခြင်းမေတ္တာသည် တခြားသူတို့၌ဖြစ်သော ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို ချီးကျူးဂုဏ်ပြုခြင်း ဖြစ်ပါတယ်။ 
ဆင်ခြင်ရန်
- သင့်အသက်တွင် ခံစားရသော ကောင်းချီးတစ်ခုခုအတွက် ချီးမွမ်းခြင်းပြုလိုတဲ့အခါ မည်သူ့အား သင်ဖိတ်ခေါ်သနည်း။ သင်ကရော သင်၏ မိတ်ဆွေတို့ပေါ် ထိုကဲ့သို့သော သူငယ်ချင်းမျိုးလား။
- မနာလိုခြင်းက ပေါင်းသင်းဆက်ဆံရေးကို မည်သို့ပျက်စီးစေကြောင်း တွေ့မြင်ဖူးပါသနည်း။
-မနာလိုစိတ်တွေက သင်၏ နှလုံးသားထဲသို့ မည်သို့သော နည်းလမ်းတို့ဖြင့် ဝင်ရောက်လေ့ရှိပါသနည်း။ ၎င်းသည် သင်၏ နှလုံးသားကို ဆုပ်ကိုင်မထားဖို့ရန် ဘာကို သင်လုပ်ဆောင်နိုင်မည်နည်း။
----------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်