Unicode Version
ဆာလံကျမ်း ၂၃း၄ ""အကယ်၍ သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့် ထဲသို့ ရောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူ ရှိတော်မူသည်ဖြစ်၍၊ လှံတံတော်နှင့် တောင်ဝေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏။
စိတ်ဖိစီးမှု၏ ယေဘုယျ အရင်းအမြစ်သည် ဆုံးရှုံးခြင်း ဖြစ်ပါတယ်။ အလုပ်အကိုင် ၊ ကျန်းမာရေး ၊ ငွေကြေး ၊ ဂုဏ်သတင်း (သို့) ချစ်ရသောသူတစ်ယောက်ယောက်ကို သင်ဆုံးရှုံးနိုင်ပါတယ်။ ပြီးတော့ အသက်တာရဲ့တခြားသော စိန်ခေါ်မှုတွေကို ထပ်ပေါင်းလိုက်တဲ့အခါမှာတော့ သင်၏ စိတ်ဖိစီးမှုတို့ကို ပိုတိုးစေပါသည်။
ဆုံးရှုံးခြင်းအတွက် ယေဘုယျ တုံ့ပြန်မှု (၂) ခုရှိပါတယ်။ တစ်ခုသည် ကြောက်ရွံ့ခြင်းဖြစ်ပြီး နောက်တစ်ခုမှာ ဝမ်းနည်းခြင်း ဖြစ်ပါတယ်။
ဝမ်းနည်းခြင်းအရာက ကောင်းပါတယ်။ ၎င်းသည် အသက်တာ အကူးအပြောင်းတွေကို ဖြတ်ကျော်ရတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ သင်က ဝမ်းမနည်းဘူးဆိုလျှင် ငြိတွယ်နေမှာ ဖြစ်ပါတယ်။ ၎င်းကို သင်က လွှတ်ထားမယ်ဆိုရင် သင့်ကို ချုံးချုံးမကျစေပါ။
ကြောက်ရွံ့ခြင်းက မကောင်းတဲ့ အရာဖြစ်ပါတယ်။ သမ္မာကျမ်းစာထဲမှာ "စိတ်မဆိုးနဲ့" ၊ ဝမ်းမနည်းနဲ့ ၊ မငိုနဲ့လို့ မပြောထားပါဘူး။ "မကြောက်နဲ့" လို့ ၃၆၅ ကြိမ် ရေးထားပါတယ်။ ဝမ်းနည်းခြင်းက ကျွန်ုပ်တို့ကို မသေစေပေမဲ့ ကြောက်ရွံ့ခြင်းက သေစေနိုင်ပါတယ်။
ဆာလံကျမ်း ၂၃း၄ တွင် ဒါဝိဒ်က ""အကယ်၍ သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့် ထဲသို့ ရောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူ ရှိတော်မူသည်ဖြစ်၍၊ လှံတံတော်နှင့် တောင်ဝေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏။" လို့ဆိုထားပါတယ်။ သိုးထိန်းတွေက ၎င်းတို့ရဲ့သိုးတွေကို ကာကွယ်ဖို့ရန် လှံတံနှင့် တောင်ဝေးကို အမြဲဆောင်ထားရကြောင်း ဒါဝိဒ်သိပါတယ်။ ပြီးတော့ ဘုရားသခင်က သူ့ကို ကာကွယ်ပေးနိုင်တဲ့ တန်ခိုးရှိတယ်ဆိုတာ သူသိတယ်။ ဒါကြောင့် ဒါဝိဒ်က အမှောင်ဆုံးသော ချိုင့်များတွင်ပင်လျှင် ဘုရားသခင်ကို ယုံကြည်ခဲ့ပါတယ်။
သင်လည်း မှောင်မိုက်သော ချိုင့်ဝှမ်းတစ်ခုကို ဖြတ်သန်းနေရတဲ့အခါ ၊ များစွာသော စိတ်ဖိစီးမှုအောက်တွင် ကျရောက်နေတဲ့အခါမှာ ဘုရားသခင်ကို ယုံကြည်ဖို့ရန် သင်ရွေးချယ်နိုင်ပါတယ်။
ရှည်လျားသော ချိုင့်ဝှမ်းနေရာ ဖြစ်နေသော်ငြားလည်း ၊ မှောင်မိုက်ထဲမှာ မျော်လင့်ချက်မဲ့နေသော်ငြားလည်း ဘုရားသခင်သည် သစ္စာရှိပါတယ်။
ကြီးမားပြီး ကြောက်စရာကောင်းတဲ့ အရိပ်နှင့် ပတ်သက်ပြီး သတိရစေမည့် သတင်းကောင်းတစ်ခုရှိပါတယ်။ အလင်းမရှိလျှင် သင်အရိပ်မရနိုင်ပါဘူး။ သင်က အရိပ်ကို မြင်ခြင်းသည် အနီးအနားတွင် အလင်းတစ်ခု ထွန်းလင်းနေကြောင်းကို ဆိုလိုတာ ဖြစ်ပါတယ်။
မှောင်မိုက် လွှမ်းသော အရိပ်ချိုင့်ဝှမ်းထဲရောက်နေတဲ့အခါ အရိပ်ဆီသို့ပြန်လှည့်ပြီး အလင်းကို ကြည့်ဖို့ရန် ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လောက၏အလင်း ဖြစ်တဲ့ သခင်ယေရှုကို သင်ကြည့်နေသရွေ့ အရိပ်သည် သင့်အား မကြောက်လန့်စေနိုင်တော့ပါ။
ဒါဝိဒ်ကဲ့သို့ပင် မှောင်မိုက်တဲ့ ချိုင့်ဝှမ်းထဲမှာ ဘုရားသခင်ကို ကိုးစားပြီး "အကျွန်ုပ်သည် စိတ်ပျက်လျက်ရှိသောအခါ ၊ အကျွန်ုပ်သွားသောလမ်းကို ကိုယ်တော်သိတော်မူ၏။ အကျွန်ုပ်သွားသောလမ်း၌ ကျော့ကွင်းကို ဝှက်ထားကြ ပါပြီ။" ဆာလံ ၁၄၂း၃
ဆင်ခြင်ရန်
-မည်ကဲ့သို့သော အရိပ်မျိုးက သင် မကြာသေးမှီအချိန်က ရင်ဆိုင်ရပါသနည်း။ ဘာကြောင့်သင့်အား ကြောက်စေပါသနည်း။
-အကြောက်တရားက လူတွေကို ဘာကြောင့်ဖိအားပေးတယ်လို့ ထင်ပါသနည်း။
- သင်၏ အကြောက်တရားတို့ကို ရင်ဆိုင်ရာ၌ အကူအညီဖြစ်စေမည့် မည်သို့သော ကျမ်းပိုဒ်တို့ကို သင်သိုမှီးထားမည်နည်း။
---------------------------------------------------------
Zawgyi Version
ဆာလံက်မ္း ၂၃း၄ ""အကယ္၍ ေသမင္း၏အရိပ္လႊမ္းမိုးေသာ ခ်ိဳင့္ ထဲသို႔ ေရာက္သြားရေသာ္လည္း ေဘးအႏၲရာယ္ကို မေၾကာက္ပါ။ အေၾကာင္းမူကား၊ ကိုယ္ေတာ္သည္ အကြၽႏ္ုပ္ႏွင့္အတူ ရွိေတာ္မူသည္ျဖစ္၍၊ လွံတံေတာ္ႏွင့္ ေတာင္ေဝးေတာ္သည္ အကြၽႏ္ုပ္ကို ခ်မ္းသာေစပါ၏။
စိတ္ဖိစီးမႈ၏ ေယဘုယ် အရင္းအျမစ္သည္ ဆုံးရႈံးျခင္း ျဖစ္ပါတယ္။ အလုပ္အကိုင္ ၊ က်န္းမာေရး ၊ ေငြေၾကး ၊ ဂုဏ္သတင္း (သို႔) ခ်စ္ရေသာသူတစ္ေယာက္ေယာက္ကို သင္ဆုံးရႈံးႏိုင္ပါတယ္။ ၿပီးေတာ့ အသက္တာရဲ႕တျခားေသာ စိန္ေခၚမႈေတြကို ထပ္ေပါင္းလိုက္တဲ့အခါမွာေတာ့ သင္၏ စိတ္ဖိစီးမႈတို႔ကို ပိုတိုးေစပါသည္။
ဆုံးရႈံးျခင္းအတြက္ ေယဘုယ် တုံ႔ျပန္မႈ (၂) ခုရွိပါတယ္။ တစ္ခုသည္ ေၾကာက္႐ြံ႕ျခင္းျဖစ္ၿပီး ေနာက္တစ္ခုမွာ ဝမ္းနည္းျခင္း ျဖစ္ပါတယ္။
ဝမ္းနည္းျခင္းအရာက ေကာင္းပါတယ္။ ၎သည္ အသက္တာ အကူးအေျပာင္းေတြကို ျဖတ္ေက်ာ္ရတဲ့ နည္းလမ္းတစ္ခုလည္း ျဖစ္ပါတယ္။ သင္က ဝမ္းမနည္းဘူးဆိုလွ်င္ ၿငိတြယ္ေနမွာ ျဖစ္ပါတယ္။ ၎ကို သင္က လႊတ္ထားမယ္ဆိုရင္ သင့္ကို ခ်ဳံးခ်ဳံးမက်ေစပါ။
ေၾကာက္႐ြံ႕ျခင္းက မေကာင္းတဲ့ အရာျဖစ္ပါတယ္။ သမၼာက်မ္းစာထဲမွာ "စိတ္မဆိုးနဲ႔" ၊ ဝမ္းမနည္းနဲ႔ ၊ မငိုနဲ႔လို႔ မေျပာထားပါဘူး။ "မေၾကာက္နဲ႔" လို႔ ၃၆၅ ႀကိမ္ ေရးထားပါတယ္။ ဝမ္းနည္းျခင္းက ကြၽႏ္ုပ္တို႔ကို မေသေစေပမဲ့ ေၾကာက္႐ြံ႕ျခင္းက ေသေစႏိုင္ပါတယ္။
ဆာလံက်မ္း ၂၃း၄ တြင္ ဒါဝိဒ္က ""အကယ္၍ ေသမင္း၏အရိပ္လႊမ္းမိုးေသာ ခ်ိဳင့္ ထဲသို႔ ေရာက္သြားရေသာ္လည္း ေဘးအႏၲရာယ္ကို မေၾကာက္ပါ။ အေၾကာင္းမူကား၊ ကိုယ္ေတာ္သည္ အကြၽႏ္ုပ္ႏွင့္အတူ ရွိေတာ္မူသည္ျဖစ္၍၊ လွံတံေတာ္ႏွင့္ ေတာင္ေဝးေတာ္သည္ အကြၽႏ္ုပ္ကို ခ်မ္းသာေစပါ၏။" လို႔ဆိုထားပါတယ္။ သိုးထိန္းေတြက ၎တို႔ရဲ႕သိုးေတြကို ကာကြယ္ဖို႔ရန္ လွံတံႏွင့္ ေတာင္ေဝးကို အၿမဲေဆာင္ထားရေၾကာင္း ဒါဝိဒ္သိပါတယ္။ ၿပီးေတာ့ ဘုရားသခင္က သူ႔ကို ကာကြယ္ေပးႏိုင္တဲ့ တန္ခိုးရွိတယ္ဆိုတာ သူသိတယ္။ ဒါေၾကာင့္ ဒါဝိဒ္က အေမွာင္ဆုံးေသာ ခ်ိဳင့္မ်ားတြင္ပင္လွ်င္ ဘုရားသခင္ကို ယုံၾကည္ခဲ့ပါတယ္။
သင္လည္း ေမွာင္မိုက္ေသာ ခ်ိဳင့္ဝွမ္းတစ္ခုကို ျဖတ္သန္းေနရတဲ့အခါ ၊ မ်ားစြာေသာ စိတ္ဖိစီးမႈေအာက္တြင္ က်ေရာက္ေနတဲ့အခါမွာ ဘုရားသခင္ကို ယုံၾကည္ဖို႔ရန္ သင္ေ႐ြးခ်ယ္ႏိုင္ပါတယ္။
ရွည္လ်ားေသာ ခ်ိဳင့္ဝွမ္းေနရာ ျဖစ္ေနေသာ္ျငားလည္း ၊ ေမွာင္မိုက္ထဲမွာ ေမ်ာ္လင့္ခ်က္မဲ့ေနေသာ္ျငားလည္း ဘုရားသခင္သည္ သစၥာရွိပါတယ္။
ႀကီးမားၿပီး ေၾကာက္စရာေကာင္းတဲ့ အရိပ္ႏွင့္ ပတ္သက္ၿပီး သတိရေစမည့္ သတင္းေကာင္းတစ္ခုရွိပါတယ္။ အလင္းမရွိလွ်င္ သင္အရိပ္မရႏိုင္ပါဘူး။ သင္က အရိပ္ကို ျမင္ျခင္းသည္ အနီးအနားတြင္ အလင္းတစ္ခု ထြန္းလင္းေနေၾကာင္းကို ဆိုလိုတာ ျဖစ္ပါတယ္။
ေမွာင္မိုက္ လႊမ္းေသာ အရိပ္ခ်ိဳင့္ဝွမ္းထဲေရာက္ေနတဲ့အခါ အရိပ္ဆီသို႔ျပန္လွည့္ၿပီး အလင္းကို ၾကည့္ဖို႔ရန္ ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေလာက၏အလင္း ျဖစ္တဲ့ သခင္ေယရႈကို သင္ၾကည့္ေနသေ႐ြ႕ အရိပ္သည္ သင့္အား မေၾကာက္လန႔္ေစႏိုင္ေတာ့ပါ။
ဒါဝိဒ္ကဲ့သို႔ပင္ ေမွာင္မိုက္တဲ့ ခ်ိဳင့္ဝွမ္းထဲမွာ ဘုရားသခင္ကို ကိုးစားၿပီး "အကြၽႏ္ုပ္သည္ စိတ္ပ်က္လ်က္ရွိေသာအခါ ၊ အကြၽႏ္ုပ္သြားေသာလမ္းကို ကိုယ္ေတာ္သိေတာ္မူ၏။ အကြၽႏ္ုပ္သြားေသာလမ္း၌ ေက်ာ့ကြင္းကို ဝွက္ထားၾက ပါၿပီ။" ဆာလံ ၁၄၂း၃
ဆင္ျခင္ရန္
-မည္ကဲ့သို႔ေသာ အရိပ္မ်ိဳးက သင္ မၾကာေသးမွီအခ်ိန္က ရင္ဆိုင္ရပါသနည္း။ ဘာေၾကာင့္သင့္အား ေၾကာက္ေစပါသနည္း။
-အေၾကာက္တရားက လူေတြကို ဘာေၾကာင့္ဖိအားေပးတယ္လို႔ ထင္ပါသနည္း။
- သင္၏ အေၾကာက္တရားတို႔ကို ရင္ဆိုင္ရာ၌ အကူအညီျဖစ္ေစမည့္ မည္သို႔ေသာ က်မ္းပိုဒ္တို႔ကို သင္သိုမွီးထားမည္နည္း။