God Won't let go of your hand

 Unicode Version

ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁ဝး၂၇-၂၈ "ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။ ထာဝရအသက်ကို လည်းငါပေး၏။ ထိုသိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ် ကင်းလွှတ်ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှ မနုတ်မယူရာ။"

သင့်ကိုယ်သင် မကယ်တင်နိုင်သလို ကယ်တင်ဖို့လည်း မလိုအပ်ပါ။ သင်လုပ်သင့်သည်မှာ သင်၏ လက်တို့ကို ဘုရားသခင်၏ လက်တော်ထဲသို့ တင်ပြီး "အဖဘုရားးသခင်... ထိုအရာအားလုံးတို့ကို ကိုယ်တော်ထံအပ်နှံပါ၏။ အကျွန်ုပ်သည် မစုံလင်ပါ။ သို့ပေမဲ့ အဖဘုရားသခင် စုံလင်ပါ၏။ ဒါကြောင့် ကိုယ်တော်၏ ကယ်တင်တော်မူခြင်း လက်ဆောင်ကို အကျွန်ုပ် လက်ခံပါသည်။

ထိုကဲ့သို့ သင်ပြုပါလျှင် သင်၏ ကယ်တင်ခြင်းအပေါ်၌ သင်စိတ်ချနိုင်ပြီဖြစ်သည်။

သို့ပေမဲ့ တစ်ချို့သော နေ့ရက်တို့တွင် ဘုရားသခင်၏ လက်တော်မှ သင်လွှတ်မြောက်ချင်ပါလိမ့်မည်။ သင်နောက်ပြန်ဆုတ်ပြီး "ကျွန်ုပ်ဘာကို ယုံကြည်နေသလဲဆိုတာကိုတောင် မသိတော့ပါ" လို့ဆိုလာချင်ပါမည်။ သို့ပေမဲ့ ဘုရားသခင်သည် သင့်အား အလွန်ချစ်မြတ်နိုးတဲ့အတွက်ကြောင့် သင်၏ လက်တို့ကို ဘယ်တော့မှ လွှတ်ပေးမှာ မဟုတ်ပါဘူး။

သခင်ယေရှုပြောထားသည်မှာ "ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။ ထာဝရအသက်ကို လည်းငါပေး၏။ ထိုသိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ် ကင်းလွှတ်ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှ မနုတ်မယူရာ" ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁ဝး၂၇-၂၉

သင့်ကိုယ်သင် ဘုရားသခင်၏ လက်တော်ထဲသို့အပ်နှံလိုက်သည့် အခိုက်အတန့်တွင် ဘုရားသခင်သင့်အား ပေးတော်မူသော "ထာဝရအသက်" သည်စတင်လာပြီး ၎င်းကို သင်ရရှိလိုက်သည်တွင် သင်မဆုံးရှုံးနိုင်တော့ပါ။ ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့ ကယ်တင်ခြင်းဆိုသည်မှာ ကောင်းမှုကုသိုလ်ပွားများစေခြင်းဖြင့် သင်၏ မကောင်းမှုဒုစရိုက်တို့ပေါ် အလေးပိုစေခြင်းပေါ် မူတည်နေတာ မဟုတ်ပါဘူး။  သခင်ခရစ်တော်၏ ကောင်းမြတ်ခြင်းပေါ် တည်သောကြောင့်ဖြစ်ပါတယ်။

အကယ်၍ ကောင်းသောသူတစ်ဦးအဖြစ် နေထိုင်ခြင်းအားဖြင့် ကောင်းကင်ဘုံရောက်နိုင်ကောင်းလျှင် သခင်ယေရှုခရစ်တော်၏ ကားတိုင်ထက် အသေခံခြင်းဆိုင်ရာ နာကျင်ခြင်း ၊ ဝမ်းနည်းခြင်း ၊ ပူဆွေးသောက ရောက်ခြင်း ၊ ဆင်းရဲဒုက္ခတို့ကို အချည်းနှီးသက်သက်သာ ဖြစ်စေသည်။ သခင်ယေရှုခရစ်တော်မှလွှဲ၍ တခြားသော နည်းလမ်းဖြင့် ကောင်းကင်ဘုံ ရောက်နိုင်ကောင်းလျှင် ဘုရားသခင် ရွေးချယ်မှာပေါ့။ သို့ပေမဲ့ တခြားသော နည်းလမ်းမရှိလို့ ဖြစ်ပါတယ်။

ပျောက်သောသူကို ရှာဖွေဖို့ရန် သခင်ယေရှု ကြွဆင်းလာခဲ့ပါတယ်။ ရှင်လုကာ ခရစ်ဝင်ကျမ်း ၁၉း၁၀ "လူသားသည် ပျောက်သောသူတို့ကို ရှာ၍ ကယ်တင်အံ့သောငှာ ကြွလာသတည်း"

ဆိုလိုသည်မှာ ကမ္ဘာကြီးက ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။ လူသားတိုင်း ကောင်းကင်ဘုံ မရောက်နိုင်လို့ ဖြစ်ပါတယ်။ လူတိုင်း ကောင်းကင်ဘုံသို့ အလိုအလျောက် ရောက်တယ်ဆိုလျှင် သခင်ယေရှုသည်လည်း ဤလောကသို့ ကြွလာစရာအကြောင်း မရှိသလို ၊ စုံလင်သောအသက်တာဖြင့် အသက်ရှင်ပြီး ကျွန်ုပ်တို့၏ အပြစ်တို့ကို သယ်ယူသွားစရာ အကြောင်းမရှိပါ။ "ငါတို့သည် အပြစ်နှင့် ဆိုင်သောအရာ၌ အသေဖြစ်၍၊ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်စေမည်အကြောင်း၊ ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာ ခံတော်မူပြီ။ ဒဏ်ချက်တော်များအားဖြင့် သင်တို့သည် အနာပျောက်လျက် ရှိကြ၏။" ၁ပေ ၂း၂၄

သင်၏ အသက်တာကို ဘုရားသခင်လက်တော်ထဲသို့ အပ်နှံသည့်အခါတွင် သင့်အား ထာဝရ ကိုင်ပေးထားမည်လို့ ကတိပေးထားပါတယ်။ ဤအကြောင်းကလည်း သင်၏ ကယ်တင်ခြင်းကို စိတ်ချနေလို့ ရခြင်းဖြစ်ပါတယ်။ သင်၏ ကြိုးစားခြင်းအားဖြင့် ကောင်းကင်ဘုံ မရောက်နိုင်ကြောင်းကို သိရှိနားလည်ပြီး သခင်ယေရှုကို ယုံကြည်ပါလျှင် ဘယ်အရာကမှ (စာတန်၊ ဝမ်းနည်းပူဆွေးခြင်း ၊ မကျန်းမာခြင်း (သို့) လူမှု အသိုင်းအဝိုင်း) သင်၏ ကယ်တင်ခြင်းကို မခိုးယူနိုင်တော့ပါ။ သင်က ကောင်းသော သိုးထိန်း၏ လက်တော်၌ ရှိနေပါသည်။ 

ဆင်ခြင်ရန်

- သင်၏ ကယ်တင်ခြင်းအတွက် ဘုရားသခင်ကို "ကူညီဖို့"ရန် ကြိုးစားခြင်းအရာက ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို မည်ကဲ့သို့ နားလည်ကြောင်း ဖော်ပြနေပါသနည်း။ 

- အကယ်၍ သင်၏ ကယ်တင်ခြင်းအပေါ် သင်စိတ်ချသည်ဆိုလျှင် သင်၏ အသက်တာကို မည်သို့ပြောင်းလဲစေမည်နည်း။

- ဆာလံ ၂၃း၁ တွင်ဖော်ပြထားသည်မှာ "ထာဝရဘုရားသည် ငါ၏ သိုးထိန်းဖြစ်တော်မူ၏။ ငါသည် ဆင်းရဲမခံရ။" အသက်တာတွင် သခင်ယေရှု အနားမှာရှိခြင်းကို လိုအပ်ကြောင်း မည်သို့ ခံစားသိရှိရပါသနည်း။ 


--------------------------------------------------------------------------------------

Zawgyi Version

ရွင္ေယာဟန္ခရစ္ဝင္က်မ္း ၁ဝး၂၇-၂၈ "ငါ့သိုးတို႔သည္ ငါ့စကားသံကို နားေထာင္၍ ငါ့ေနာက္သို႔ လိုက္ၾက၏။ ထိုသိုးတို႔ကို ငါသိ၏။ ထာဝရအသက္ကို လည္းငါေပး၏။ ထိုသိုးတို႔သည္ ပ်က္စီးျခင္းႏွင့္ အစဥ္မျပတ္ ကင္းလႊတ္ၾကလိမ့္မည္။ အဘယ္သူမွ် ထိုသိုးတို႔ကို ငါ့လက္မွ မႏုတ္မယူရာ။"

သင့္ကိုယ္သင္ မကယ္တင္ႏိုင္သလို ကယ္တင္ဖို႔လည္း မလိုအပ္ပါ။ သင္လုပ္သင့္သည္မွာ သင္၏ လက္တို႔ကို ဘုရားသခင္၏ လက္ေတာ္ထဲသို႔ တင္ၿပီး "အဖဘုရားးသခင္... ထိုအရာအားလုံးတို႔ကို ကိုယ္ေတာ္ထံအပ္ႏွံပါ၏။ အကြၽႏ္ုပ္သည္ မစုံလင္ပါ။ သို႔ေပမဲ့ အဖဘုရားသခင္ စုံလင္ပါ၏။ ဒါေၾကာင့္ ကိုယ္ေတာ္၏ ကယ္တင္ေတာ္မူျခင္း လက္ေဆာင္ကို အကြၽႏ္ုပ္ လက္ခံပါသည္။

ထိုကဲ့သို႔ သင္ျပဳပါလွ်င္ သင္၏ ကယ္တင္ျခင္းအေပၚ၌ သင္စိတ္ခ်ႏိုင္ၿပီျဖစ္သည္။

သို႔ေပမဲ့ တစ္ခ်ိဳ႕ေသာ ေန႔ရက္တို႔တြင္ ဘုရားသခင္၏ လက္ေတာ္မွ သင္လႊတ္ေျမာက္ခ်င္ပါလိမ့္မည္။ သင္ေနာက္ျပန္ဆုတ္ၿပီး "ကြၽႏ္ုပ္ဘာကို ယုံၾကည္ေနသလဲဆိုတာကိုေတာင္ မသိေတာ့ပါ" လို႔ဆိုလာခ်င္ပါမည္။ သို႔ေပမဲ့ ဘုရားသခင္သည္ သင့္အား အလြန္ခ်စ္ျမတ္ႏိုးတဲ့အတြက္ေၾကာင့္ သင္၏ လက္တို႔ကို ဘယ္ေတာ့မွ လႊတ္ေပးမွာ မဟုတ္ပါဘူး။

သခင္ေယရႈေျပာထားသည္မွာ "ငါ့သိုးတို႔သည္ ငါ့စကားသံကို နားေထာင္၍ ငါ့ေနာက္သို႔ လိုက္ၾက၏။ ထိုသိုးတို႔ကို ငါသိ၏။ ထာဝရအသက္ကို လည္းငါေပး၏။ ထိုသိုးတို႔သည္ ပ်က္စီးျခင္းႏွင့္ အစဥ္မျပတ္ ကင္းလႊတ္ၾကလိမ့္မည္။ အဘယ္သူမွ် ထိုသိုးတို႔ကို ငါ့လက္မွ မႏုတ္မယူရာ" ရွင္ေယာဟန္ခရစ္ဝင္က်မ္း ၁ဝး၂၇-၂၉

သင့္ကိုယ္သင္ ဘုရားသခင္၏ လက္ေတာ္ထဲသို႔အပ္ႏွံလိုက္သည့္ အခိုက္အတန႔္တြင္ ဘုရားသခင္သင့္အား ေပးေတာ္မူေသာ "ထာဝရအသက္" သည္စတင္လာၿပီး ၎ကို သင္ရရွိလိုက္သည္တြင္ သင္မဆုံးရႈံးႏိုင္ေတာ့ပါ။ ဘာေၾကာင့္လဲ။ ဘာေၾကာင့္လဲဆိုေတာ့ ကယ္တင္ျခင္းဆိုသည္မွာ ေကာင္းမႈကုသိုလ္ပြားမ်ားေစျခင္းျဖင့္ သင္၏ မေကာင္းမႈဒုစ႐ိုက္တို႔ေပၚ အေလးပိုေစျခင္းေပၚ မူတည္ေနတာ မဟုတ္ပါဘူး။  သခင္ခရစ္ေတာ္၏ ေကာင္းျမတ္ျခင္းေပၚ တည္ေသာေၾကာင့္ျဖစ္ပါတယ္။

အကယ္၍ ေကာင္းေသာသူတစ္ဦးအျဖစ္ ေနထိုင္ျခင္းအားျဖင့္ ေကာင္းကင္ဘုံေရာက္ႏိုင္ေကာင္းလွ်င္ သခင္ေယရႈခရစ္ေတာ္၏ ကားတိုင္ထက္ အေသခံျခင္းဆိုင္ရာ နာက်င္ျခင္း ၊ ဝမ္းနည္းျခင္း ၊ ပူေဆြးေသာက ေရာက္ျခင္း ၊ ဆင္းရဲဒုကၡတို႔ကို အခ်ည္းႏွီးသက္သက္သာ ျဖစ္ေစသည္။ သခင္ေယရႈခရစ္ေတာ္မွလႊဲ၍ တျခားေသာ နည္းလမ္းျဖင့္ ေကာင္းကင္ဘုံ ေရာက္ႏိုင္ေကာင္းလွ်င္ ဘုရားသခင္ ေ႐ြးခ်ယ္မွာေပါ့။ သို႔ေပမဲ့ တျခားေသာ နည္းလမ္းမရွိလို႔ ျဖစ္ပါတယ္။

ေပ်ာက္ေသာသူကို ရွာေဖြဖို႔ရန္ သခင္ေယရႈ ႂကြဆင္းလာခဲ့ပါတယ္။ ရွင္လုကာ ခရစ္ဝင္က်မ္း ၁၉း၁၀ "လူသားသည္ ေပ်ာက္ေသာသူတို႔ကို ရွာ၍ ကယ္တင္အံ့ေသာငွာ ႂကြလာသတည္း"

ဆိုလိုသည္မွာ ကမာၻႀကီးက ေပ်ာက္ဆုံးေနတာ ျဖစ္ပါတယ္။ လူသားတိုင္း ေကာင္းကင္ဘုံ မေရာက္ႏိုင္လို႔ ျဖစ္ပါတယ္။ လူတိုင္း ေကာင္းကင္ဘုံသို႔ အလိုအေလ်ာက္ ေရာက္တယ္ဆိုလွ်င္ သခင္ေယရႈသည္လည္း ဤေလာကသို႔ ႂကြလာစရာအေၾကာင္း မရွိသလို ၊ စုံလင္ေသာအသက္တာျဖင့္ အသက္ရွင္ၿပီး ကြၽႏ္ုပ္တို႔၏ အျပစ္တို႔ကို သယ္ယူသြားစရာ အေၾကာင္းမရွိပါ။ "ငါတို႔သည္ အျပစ္ႏွင့္ ဆိုင္ေသာအရာ၌ အေသျဖစ္၍၊ ေျဖာင့္မတ္ျခင္းအရာ၌ အသက္ရွင္ေစမည္အေၾကာင္း၊ ငါတို႔အျပစ္မ်ားကို ကိုယ္ေတာ္တိုင္ သစ္တိုင္မွာ ခံေတာ္မူၿပီ။ ဒဏ္ခ်က္ေတာ္မ်ားအားျဖင့္ သင္တို႔သည္ အနာေပ်ာက္လ်က္ ရွိၾက၏။" ၁ေပ ၂း၂၄

သင္၏ အသက္တာကို ဘုရားသခင္လက္ေတာ္ထဲသို႔ အပ္ႏွံသည့္အခါတြင္ သင့္အား ထာဝရ ကိုင္ေပးထားမည္လို႔ ကတိေပးထားပါတယ္။ ဤအေၾကာင္းကလည္း သင္၏ ကယ္တင္ျခင္းကို စိတ္ခ်ေနလို႔ ရျခင္းျဖစ္ပါတယ္။ သင္၏ ႀကိဳးစားျခင္းအားျဖင့္ ေကာင္းကင္ဘုံ မေရာက္ႏိုင္ေၾကာင္းကို သိရွိနားလည္ၿပီး သခင္ေယရႈကို ယုံၾကည္ပါလွ်င္ ဘယ္အရာကမွ (စာတန္၊ ဝမ္းနည္းပူေဆြးျခင္း ၊ မက်န္းမာျခင္း (သို႔) လူမႈ အသိုင္းအဝိုင္း) သင္၏ ကယ္တင္ျခင္းကို မခိုးယူႏိုင္ေတာ့ပါ။ သင္က ေကာင္းေသာ သိုးထိန္း၏ လက္ေတာ္၌ ရွိေနပါသည္။ 

ဆင္ျခင္ရန္

- သင္၏ ကယ္တင္ျခင္းအတြက္ ဘုရားသခင္ကို "ကူညီဖို႔"ရန္ ႀကိဳးစားျခင္းအရာက ဘုရားသခင္၏ ေကာင္းျမတ္ျခင္းကို မည္ကဲ့သို႔ နားလည္ေၾကာင္း ေဖာ္ျပေနပါသနည္း။ 

- အကယ္၍ သင္၏ ကယ္တင္ျခင္းအေပၚ သင္စိတ္ခ်သည္ဆိုလွ်င္ သင္၏ အသက္တာကို မည္သို႔ေျပာင္းလဲေစမည္နည္း။

- ဆာလံ ၂၃း၁ တြင္ေဖာ္ျပထားသည္မွာ "ထာဝရဘုရားသည္ ငါ၏ သိုးထိန္းျဖစ္ေတာ္မူ၏။ ငါသည္ ဆင္းရဲမခံရ။" အသက္တာတြင္ သခင္ေယရႈ အနားမွာရွိျခင္းကို လိုအပ္ေၾကာင္း မည္သို႔ ခံစားသိရွိရပါသနည္း။