Unicode Version
သင်၏ ကောင်းကျိုးအတွက် ဘုရားသခင် လုပ်ဆောင်နေပါတယ်။
ဆာလံ ၂၃း၆ "အကယ်စင်စစ်အကျွန်ုပ်သည် ကျေးဇူးနှင့် ကရုဏာကို တသက်လုံးခံစားရ၍၊ ထာဝရဘုရား၏ အိမ်တော်မှာ အစဉ်အမြဲနေရပါလိမ့်မည်။"
သင်၏ နာကျင်မှုတွေ ၊ အမူအကျင့်တွေ နှင့် စိတ်ပျက်စရာတွေကြားမှာတောင် ဘုရားသခင်သည် သင့်အား စောင့်ကြည့်နေပါတယ်။ဒါဝိဒ်က ပြောထားသည်မှာ "သခင်၏ ကောင်းမြတ်ခြင်းတွေက ငါ့နောက်ကို လိုက်လိမ့်မည်" လို့ဆိုတဲ့အခါ "တကယ်ဘဲ ကောင်းတာတွေက ငါ့အတွက် ဖြစ်မယ်လို့" မဆိုလိုပါဘူး။ ကောင်းတဲ့သူတွေဆီကို မကောင်းတဲ့အရာ ဖြစ်စေနိုင်တယ်ဆိုတာကို ဒါဝိဒ် နှင့် မည်သူမဆို သိရှိကြပါတယ်။ ဘုရားသခင်၏ စိတ်နှလုံးအလို နောက်သို့ လူသားခံယူခဲ့တဲ့ ဒါဝိဒ်သည် နှိပ်စက်ညဉ်းပမ်းခြင်းနှင့် မတရားဆက်ဆံခြင်းတွေ ခံစားခဲ့ရပါတယ်။ သို့ရာတွင် သူ့အား မပြစ်မှားသောသူတို့ပေါ်တွင်လည်း ဆိုးဆိုးရွားရွား ပြစ်မှားခဲ့ဖူးပါတယ်။
ဘယ်လိုပင် ဆိုးသွမ်းသည်ဖြစ်စေ၊ ခက်ခဲသည်ဖြစ်စေ ၊ မည်မျှပင် ရှုပ်ထွေးသည်ဖြစ်စေ ဘုရားသခင်သည် ၎င်းကို ကောင်းမွန်အောင် လုပ်ဆောင်ပေးမည်ကို ဒါဝိလ်က မီးမောင်းထိုးပြထားပါတယ်။ ကျွန်ုပ်တို့ မည်သည့်လမ်းသို့လှည့်နေပါစေ ဘုရားသခင်၏ ကောင်းမြတ်ခြင်းက ကျွန်ုပ်တို့ကို ချိတ်ဆက်ပူးတွဲ ထားပါတယ်။
ယုံကြည်သူတို့အား ပေးထားသည် ဘုရားသခင်၏ ကြီးမြတ်သော ကတိတော်များထဲမှ တစ်ခုဖြစ်သည်။ ရောမဩဝါဒစာ ၈း၂၈ "ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။"
အကယ်၍ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ချစ်ပြီး အကြံအစည်တော်နောက်သို့ လိုက်လျှောက်ပါလျှင် ကျွန်ုပ်တို့၌ ဖြစ်ပျက်သမျှသောအရာတိုင်းတွင် ဘုရားသခင်သည် ကျွန်ုပ်တို့ အကျိုးအတွက် လုပ်ဆောင်နေပါတယ်။ ဤကျမ်းပိုဒ်က အရာခပ်သိမ်း ကောင်းသည် လို့မဆိုလိုပါ။ သို့ပေမဲ့ သင်က ယုံကြည်သူဖြစ်ပါလျှင် အရာအားလုံးတို့သည် ဘုရားသခင်၏ အကြံအစည်တော်နှင့် ရည်ရွယ်ချက်များအတွက် အတူတကွ လုပ်ဆောင်သော အမြဲတမ်း ကောင်းမွန်သော အရာဖြစ်ပါတယ်။
ဆိုလိုသည်မှာ ယုံကြည်သူ အသက်တာတွင် ဘုရားသခင် သည် သူ၏ ရည်ရွယ်ချက်တို့ကို အဆုံးတိုင်လှည့်မကြည့်နိုင်လောက်သည့် အခက်အခဲတွေ ၊ အကျပ်ရိုက်မှုတွေ ၊ ရှုံးနှိမ့်မှုတွေ နှင့်ဘေးဒုက္ခ မရှိပါ။
၎င်းကို သင်ယုံကြည်သည့်အခါတွင် သင့်အသက်တာရှိ ဘုရားသခင် နှင့်လူတွေပေါ်ထားရှိသော သင်၏ဆက်ဆံရေး ၊ သင်၏ အတိတ် ၊ အနာဂတ်နှင့် ယနေ့ သင်ရင်ဆိုင်တွေ့ကြုံနေရသည့်အရာ အားလုံးကို ရှုမြင်သော သင်၏ အမြင်ကိုပြောင်းလဲပေးပါသည်။
သင့်အသက်တာရှိ ဘုရားသခင်၏ လုပ်ဆောင်သော ကောင်းကျိုးတို့ကို သင်ယုံကြည်လာသည်နှင့်အမျှ သင်၏ ခက်ခဲဆုံးသော စိန်ခေါ်မှုများကိုပင် ယုံကြည်စိတ်ချစွာ ရင်ဆိုင်နိုင်မည် ဖြစ်သည်။
ဆင်ခြင်ရန်
-မည်ကဲ့သို့သော အခက်အခဲတွေ၊ အကျပ်အတည်းတွေ၊ ရှုံးနိမ့်မှုတွေကို ရင်ဆိုင်ဖို့ မဖြစ်နိုင်ဘူးလို့ သင်မြင်နေပါသနည်း။
-ရောမ ၈:၂၈ အရ၊ ဘုရားသခင်သည် သင့်အား ထိုအခြေအနေကို မည်သို့တုံ့ပြန်စေလိုသည်ဟု သင်ထင်ပါသနည်း။
ဘုရားသခင်သည် သင့်အသက်တာတွင် မကောင်းသောအရာတစ်ခုကို ကောင်းသောအရာအဖြစ်သို့ ပြောင်းလဲပေးသည့်အချိန်ကို စဉ်းစားကြည့်ပါ။ အတိတ်က သင့်အပေါ် ဘုရားသခင်ရဲ့သစ္စာရှိမှုကို သတိရဖို့ ဘာကြောင့် အရေးကြီးပါသနည်း။
---------------------------------------------------------------------------------
Zawgyi Version
သင္၏ ေကာင္းက်ိဳးအတြက္ ဘုရားသခင္ လုပ္ေဆာင္ေနပါတယ္။
ဆာလံ ၂၃း၆ "အကယ္စင္စစ္အကြၽႏ္ုပ္သည္ ေက်းဇူးႏွင့္ က႐ုဏာကို တသက္လုံးခံစားရ၍၊ ထာဝရဘုရား၏ အိမ္ေတာ္မွာ အစဥ္အၿမဲေနရပါလိမ့္မည္။"
သင္၏ နာက်င္မႈေတြ ၊ အမူအက်င့္ေတြ ႏွင့္ စိတ္ပ်က္စရာေတြၾကားမွာေတာင္ ဘုရားသခင္သည္ သင့္အား ေစာင့္ၾကည့္ေနပါတယ္။
ဒါဝိဒ္က ေျပာထားသည္မွာ "သခင္၏ ေကာင္းျမတ္ျခင္းေတြက ငါ့ေနာက္ကို လိုက္လိမ့္မည္" လို႔ဆိုတဲ့အခါ "တကယ္ဘဲ ေကာင္းတာေတြက ငါ့အတြက္ ျဖစ္မယ္လို႔" မဆိုလိုပါဘူး။ ေကာင္းတဲ့သူေတြဆီကို မေကာင္းတဲ့အရာ ျဖစ္ေစႏိုင္တယ္ဆိုတာကို ဒါဝိဒ္ ႏွင့္ မည္သူမဆို သိရွိၾကပါတယ္။ ဘုရားသခင္၏ စိတ္ႏွလုံးအလို ေနာက္သို႔ လူသားခံယူခဲ့တဲ့ ဒါဝိလ္သည္ ႏွိပ္စက္ညဥ္းပမ္းျခင္းႏွင့္ မတရားဆက္ဆံျခင္းေတြ ခံစားခဲ့ရပါတယ္။ သို႔ရာတြင္ သူ႔အား မျပစ္မွားေသာသူတို႔ေပၚတြင္လည္း ဆိုးဆိုး႐ြား႐ြား ျပစ္မွားခဲ့ဖူးပါတယ္။
ဘယ္လိုပင္ ဆိုးသြမ္းသည္ျဖစ္ေစ၊ ခက္ခဲသည္ျဖစ္ေစ ၊ မည္မွ်ပင္ ရႈပ္ေထြးသည္ျဖစ္ေစ ဘုရားသခင္သည္ ၎ကို ေကာင္းမြန္ေအာင္ လုပ္ေဆာင္ေပးမည္ကို ဒါဝိဒ္က မီးေမာင္းထိုးျပထားပါတယ္။ ကြၽႏ္ုပ္တို႔ မည္သည့္လမ္းသို႔လွည့္ေနပါေစ ဘုရားသခင္၏ ေကာင္းျမတ္ျခင္းက ကြၽႏ္ုပ္တို႔ကို ခ်ိတ္ဆက္ပူးတြဲ ထားပါတယ္။
ယုံၾကည္သူတို႔အား ေပးထားသည္ ဘုရားသခင္၏ ႀကီးျမတ္ေသာ ကတိေတာ္မ်ားထဲမွ တစ္ခုျဖစ္သည္။ ေရာမဩဝါဒစာ ၈း၂၈ "ဘုရားသခင္ကို ခ်စ္ေသာသူတည္းဟူေသာ ႀကံစည္ေတာ္မူျခင္းအတိုင္း ေခၚေတာ္မူေသာသူတို႔၏ အက်ိဳးကို ခပ္သိမ္းေသာအရာတို႔သည္ တညီတၫြတ္တည္း ျပဳစုၾကသည္ကို ငါတို႔သိၾက၏။"
အကယ္၍ ကြၽႏ္ုပ္တို႔သည္ ဘုရားသခင္ကို ခ်စ္ၿပီး အႀကံအစည္ေတာ္ေနာက္သို႔ လိုက္ေလွ်ာက္ပါလွ်င္ ကြၽႏ္ုပ္တို႔၌ ျဖစ္ပ်က္သမွ်ေသာအရာတိုင္းတြင္ ဘုရားသခင္သည္ ကြၽႏ္ုပ္တို႔ အက်ိဳးအတြက္ လုပ္ေဆာင္ေနပါတယ္။ ဤက်မ္းပိုဒ္က အရာခပ္သိမ္း ေကာင္းသည္ လို႔မဆိုလိုပါ။ သို႔ေပမဲ့ သင္က ယုံၾကည္သူျဖစ္ပါလွ်င္ အရာအားလုံးတို႔သည္ ဘုရားသခင္၏ အႀကံအစည္ေတာ္ႏွင့္ ရည္႐ြယ္ခ်က္မ်ားအတြက္ အတူတကြ လုပ္ေဆာင္ေသာ အၿမဲတမ္း ေကာင္းမြန္ေသာ အရာျဖစ္ပါတယ္။
ဆိုလိုသည္မွာ ယုံၾကည္သူ အသက္တာတြင္ ဘုရားသခင္ သည္ သူ၏ ရည္႐ြယ္ခ်က္တို႔ကို အဆုံးတိုင္လွည့္မၾကည့္ႏိုင္ေလာက္သည့္ အခက္အခဲေတြ ၊ အက်ပ္႐ိုက္မႈေတြ ၊ ရႈံးႏွိမ့္မႈေတြ ႏွင့္ေဘးဒုကၡ မရွိပါ။
၎ကို သင္ယုံၾကည္သည့္အခါတြင္ သင့္အသက္တာရွိ ဘုရားသခင္ ႏွင့္လူေတြေပၚထားရွိေသာ သင္၏ဆက္ဆံေရး ၊ သင္၏ အတိတ္ ၊ အနာဂတ္ႏွင့္ ယေန႔ သင္ရင္ဆိုင္ေတြ႕ႀကဳံေနရသည့္အရာ အားလုံးကို ရႈျမင္ေသာ သင္၏ အျမင္ကိုေျပာင္းလဲေပးပါသည္။
သင့္အသက္တာရွိ ဘုရားသခင္၏ လုပ္ေဆာင္ေသာ ေကာင္းက်ိဳးတို႔ကို သင္ယုံၾကည္လာသည္ႏွင့္အမွ် သင္၏ ခက္ခဲဆုံးေသာ စိန္ေခၚမႈမ်ားကိုပင္ ယုံၾကည္စိတ္ခ်စြာ ရင္ဆိုင္ႏိုင္မည္ ျဖစ္သည္။
ဆင္ျခင္ရန္
-မည္ကဲ့သို႔ေသာ အခက္အခဲေတြ၊ အက်ပ္အတည္းေတြ၊ ရႈံးနိမ့္မႈေတြကို ရင္ဆိုင္ဖို႔ မျဖစ္ႏိုင္ဘူးလို႔ သင္ျမင္ေနပါသနည္း။
-ေရာမ ၈:၂၈ အရ၊ ဘုရားသခင္သည္ သင့္အား ထိုအေျခအေနကို မည္သို႔တုံ႔ျပန္ေစလိုသည္ဟု သင္ထင္ပါသနည္း။
ဘုရားသခင္သည္ သင့္အသက္တာတြင္ မေကာင္းေသာအရာတစ္ခုကို ေကာင္းေသာအရာအျဖစ္သို႔ ေျပာင္းလဲေပးသည့္အခ်ိန္ကို စဥ္းစားၾကည့္ပါ။ အတိတ္က သင့္အေပၚ ဘုရားသခင္ရဲ႕သစၥာရွိမႈကို သတိရဖို႔ ဘာေၾကာင့္ အေရးႀကီးပါသနည္း။