Don’t Be Afraid!

 Unicode Version

မကြောက်နှင့်။

ဆာလံကျမ်း ၂၃း၄ "အကယ်၍ သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့် ထဲသို့ ရောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူ ရှိတော်မူသည်ဖြစ်၍၊ လှံတံတော်နှင့် တောင်ဝေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏။"

ယနေ့တွင် သင်ဘာကို ကြောက်နေပါသနည်း။ စီးပွားရေးအတွက်လား။ ကျန်းမာရေးအတွက်လား။ သင်၏ ကုန်ကျစရိတ်တွေအတွက်လား။ သားသမီးတွေအတွက်လား။ အနာဂတ်နှင့်ပတ်သက်ပြီး သင်စိုးရိမ်နေခဲ့ပါသလား။ ယနေ့ကမ္ဘာလောကကြီး၌ ကြောက်ဖို့ရန်အတွက် များစွာသော အကြောင်းရင်းတွေက ရှိနေပါတယ်။ သို့ပေမဲ့ သင်၏ အမှောင်မိုက်ဆုံးသော ချိုင့်တွေထဲမှာပင်လျှင် ဘုရားသခင်က သင်နှင့်အတူလျှောက်လှမ်းနေမယ်လို့ ကတိပြုထားပါတယ်။

"မကြောက်နှင့်" ဆိုတဲ့စကားလုံးကို သမ္မာကျမ်းစာမှာ ၃၆၅ ကြိမ်ရှိခြင်းက မှတ်သားဖွယ်ရာ ကောင်းပါတယ်။ ဘုရားသခင်က ကျွန်ုပ်တို့၏ တစ်နှစ်မှာရှိတဲ့ နေ့ရက်တိုင်းအတွက် "မကြောက်နှင့်" လို့စကားတစ်ခု ပေးထားပါတယ်။ "မကြောက်နဲ့" ဆိုတဲ့စကားကို ကျွန်ုပ်တို့ကို ကြားစေလိုပါတယ်။ 

ဘုရားသခင်၏ ကျေးဇူးတော်နှင့် ဂရုဏာတော်ကို ကျွန်ုပ်တို့ နားလည်သဘောပေါက်လာတဲ့အခါမှာ အနာဂတ်အတွက်ကို သင်လုံးဝ ကြောက်စရာ မလိုတော့ပါ။ သခင်ယေရှုက သင်လုပ်ဖူးသမျှသော အပြစ်အားလုံး နှင့် ထပ်လုပ်မည့်အပြစ်တို့အားလုံးအတွက် အဖိုးအခ ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် မကောင်းမှုတစ်စုံတစ်ရာ ဖြစ်တဲ့အခါ "ဘုရားသခင်တောင် ငါနှင့်အတူခံယူနေတယ်" လို့တွေးမြင်ရန် မဟုတ်ပါ။ ၎င်းအစား ဤကျမ်းပိုဒ်ကို သတိရလိုက်ပါ။ "အကယ်၍ သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့် ထဲသို့ ရောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူ ရှိတော်မူသည်ဖြစ်၍၊ လှံတံတော်နှင့် တောင်ဝေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏။"ဆာလံကျမ်း ၂၃း၄ 

သိုပေမဲ့ ဤကျမ်းပိုဒ်ကို ပြောရုံမက သင်၏ ကြောက်ရွံ့မှုအားလုံးတို့ကို တစ်ကြိမ်တည်းဖြင့် အပြီးအသတ် ထွက်သွားဖို့ရန် မျှော်လင့်နေပါ။ လူ့သဘာဝအရာ စိုးရိမ်ပူပန်ခြင်းများထဲသို့ ပြန်လည်ကျဆင်းသွားတတ်ကြသည့်အလျှောက် ထပ်ခါထပ်ခါ ဆုတောင်းရမည့် ကျမ်းပိုဒ်ဖြစ်ပါတယ်။ ဆက်လက်ဆုတောင်းပါ။ ဘုရားသခင်၏ ကတိတော်များအကြောင်းကို သင့်ကိုယ်သင် ဆက်လက်သတိရစေပါ။

ဘယ်တော့မှ မကျရှုံးပါ။

ဆင်ခြင်ရန်

သင့်အသက်တာတွင် တစ်စုံတစ်ခုအတွက် စိုးရိမ်ပူပန်ရန် သွေးဆောင်ခံရသောအခါတွင် ဘုရားသခင်၏နှုတ်မြွက်စကားတော်မှ မည်သည့်ကတိတော်များကို သင်တောင်းဆိုနိုင်သနည်း။

ဘုရားသခင်က သင့်ကို ဘယ်လိုနည်းများဖြင့် ကာကွယ်ပေးပါသနည်း။

လက်ဝါးကပ်တိုင်မှာ သခင်ယေရှု၏ ပေးဆပ်ခြင်းအရာကို နားလည်ခြင်းက အနာဂတ်ကို ကြောက်ရွံ့ခြင်းအရာကနေ ဘာကြောင့် ဝေးကွားစေသင့်ပါသနည်း။


----------------------------------------------------------------------------

Zawgyi Version

မေၾကာက္ႏွင့္။

ဆာလံက်မ္း ၂၃း၄ "အကယ္၍ ေသမင္း၏အရိပ္လႊမ္းမိုးေသာ ခ်ိဳင့္ ထဲသို႔ ေရာက္သြားရေသာ္လည္း ေဘးအႏၲရာယ္ကို မေၾကာက္ပါ။ အေၾကာင္းမူကား၊ ကိုယ္ေတာ္သည္ အကြၽႏ္ုပ္ႏွင့္အတူ ရွိေတာ္မူသည္ျဖစ္၍၊ လွံတံေတာ္ႏွင့္ ေတာင္ေဝးေတာ္သည္ အကြၽႏ္ုပ္ကို ခ်မ္းသာေစပါ၏။"

ယေန႔တြင္ သင္ဘာကို ေၾကာက္ေနပါသနည္း။ စီးပြားေရးအတြက္လား။ က်န္းမာေရးအတြက္လား။ သင္၏ ကုန္က်စရိတ္ေတြအတြက္လား။ သားသမီးေတြအတြက္လား။ အနာဂတ္ႏွင့္ပတ္သက္ၿပီး သင္စိုးရိမ္ေနခဲ့ပါသလား။ ယေန႔ကမာၻေလာကႀကီး၌ ေၾကာက္ဖို႔ရန္အတြက္ မ်ားစြာေသာ အေၾကာင္းရင္းေတြက ရွိေနပါတယ္။ သို႔ေပမဲ့ သင္၏ အေမွာင္မိုက္ဆုံးေသာ ခ်ိဳင့္ေတြထဲမွာပင္လွ်င္ ဘုရားသခင္က သင္ႏွင့္အတူေလွ်ာက္လွမ္းေနမယ္လို႔ ကတိျပဳထားပါတယ္။

"မေၾကာက္ႏွင့္" ဆိုတဲ့စကားလုံးကို သမၼာက်မ္းစာမွာ ၃၆၅ ႀကိမ္ရွိျခင္းက မွတ္သားဖြယ္ရာ ေကာင္းပါတယ္။ ဘုရားသခင္က ကြၽႏ္ုပ္တို႔၏ တစ္ႏွစ္မွာရွိတဲ့ ေန႔ရက္တိုင္းအတြက္ "မေၾကာက္ႏွင့္" လို႔စကားတစ္ခု ေပးထားပါတယ္။ "မေၾကာက္နဲ႔" ဆိုတဲ့စကားကို ကြၽႏ္ုပ္တို႔ကို ၾကားေစလိုပါတယ္။ 

ဘုရားသခင္၏ ေက်းဇူးေတာ္ႏွင့္ ဂ႐ုဏာေတာ္ကို ကြၽႏ္ုပ္တို႔ နားလည္သေဘာေပါက္လာတဲ့အခါမွာ အနာဂတ္အတြက္ကို သင္လုံးဝ ေၾကာက္စရာ မလိုေတာ့ပါ။ သခင္ေယရႈက သင္လုပ္ဖူးသမွ်ေသာ အျပစ္အားလုံး ႏွင့္ ထပ္လုပ္မည့္အျပစ္တို႔အားလုံးအတြက္ အဖိုးအခ ေပးခဲ့ၿပီး ျဖစ္ပါတယ္။ ဒါေၾကာင့္ မေကာင္းမႈတစ္စုံတစ္ရာ ျဖစ္တဲ့အခါ "ဘုရားသခင္ေတာင္ ငါႏွင့္အတူခံယူေနတယ္" လို႔ေတြးျမင္ရန္ မဟုတ္ပါ။ ၎အစား ဤက်မ္းပိုဒ္ကို သတိရလိုက္ပါ။ "အကယ္၍ ေသမင္း၏အရိပ္လႊမ္းမိုးေသာ ခ်ိဳင့္ ထဲသို႔ ေရာက္သြားရေသာ္လည္း ေဘးအႏၲရာယ္ကို မေၾကာက္ပါ။ အေၾကာင္းမူကား၊ ကိုယ္ေတာ္သည္ အကြၽႏ္ုပ္ႏွင့္အတူ ရွိေတာ္မူသည္ျဖစ္၍၊ လွံတံေတာ္ႏွင့္ ေတာင္ေဝးေတာ္သည္ အကြၽႏ္ုပ္ကို ခ်မ္းသာေစပါ၏။"ဆာလံက်မ္း ၂၃း၄ 

သိုေပမဲ့ ဤက်မ္းပိုဒ္ကို ေျပာ႐ုံမက သင္၏ ေၾကာက္႐ြံ႕မႈအားလုံးတို႔ကို တစ္ႀကိမ္တည္းျဖင့္ အၿပီးအသတ္ ထြက္သြားဖို႔ရန္ ေမွ်ာ္လင့္ေနပါ။ လူ႔သဘာဝအရာ စိုးရိမ္ပူပန္ျခင္းမ်ားထဲသို႔ ျပန္လည္က်ဆင္းသြားတတ္ၾကသည့္အေလွ်ာက္ ထပ္ခါထပ္ခါ ဆုေတာင္းရမည့္ က်မ္းပိုဒ္ျဖစ္ပါတယ္။ ဆက္လက္ဆုေတာင္းပါ။ ဘုရားသခင္၏ ကတိေတာ္မ်ားအေၾကာင္းကို သင့္ကိုယ္သင္ ဆက္လက္သတိရေစပါ။

ဘယ္ေတာ့မွ မက်ရႈံးပါ။

ဆင္ျခင္ရန္

သင့္အသက္တာတြင္ တစ္စုံတစ္ခုအတြက္ စိုးရိမ္ပူပန္ရန္ ေသြးေဆာင္ခံရေသာအခါတြင္ ဘုရားသခင္၏ႏႈတ္ႁမြက္စကားေတာ္မွ မည္သည့္ကတိေတာ္မ်ားကို သင္ေတာင္းဆိုႏိုင္သနည္း။

ဘုရားသခင္က သင့္ကို ဘယ္လိုနည္းမ်ားျဖင့္ ကာကြယ္ေပးပါသနည္း။

လက္ဝါးကပ္တိုင္မွာ သခင္ေယရႈ၏ ေပးဆပ္ျခင္းအရာကို နားလည္ျခင္းက အနာဂတ္ကို ေၾကာက္႐ြံ႕ျခင္းအရာကေန ဘာေၾကာင့္ ေဝးကြားေစသင့္ပါသနည္း။