Unicode Version
ဘုရားသခင်ကို သင်ယုံကြည်လေလေ ..သင်၏စိုးရိမ်မှု လျော့နည်းလေလေ ဖြစ်ပါတယ်။
ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၄း၁ "ဖန်တုံယေရှုက၊ သင်တို့ စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။"
အဆက်မပြတ်စိုးရိမ်ခြင်း၌ အသက်ရှင်နေထိုင်ရခြင်းက ဘယ်အရာနဲ့တူသလဲဆိုတာ သင်သိပါလိမ့်မည်။ ရင်ထဲမှာ မွန်းကြပ်သလိုခံစားရပြီး အစာအိမ်ကို ကြိုးနဲ့ချည်ထားသလိုမျိုး တစ်ကိုယ်လုံးတင်းမာနေတာ ဖြစ်ပါတယ်။ သို့ပေမဲ့ ထိုအတိုင်းနေထိုင်ဖို့ မလိုပါဘူး။ သင်ယူလေ့လာသမျှသောအရာတိုင်းသည် မလေ့လာ မသင်ယူခြင်းလည်း ဖြစ်နိုင်ပါတယ်။ စိုးရိမ်ပူပန်ခြင်းကို မလေ့လာဖို့ရန် ယခုပင် စတင်လိုက်ရအောင်။
သင့်ကို ဂရုစိုက်ဖို့ရန် ဘုရားသခင် ကတိတော်ရှိပါတယ်။ ၎င်းသည် ဘုရားသခင်၏ အမှုဖြစ်ပြီး သင်၏ အမှုမဟုတ်ပါ။ စိုးရိမ်ပူပန်ခြင်းကို လွှတ်ငြိမ်းစေခြင်း၏ ပထမဆုံးစတင်ရမည့်အရာမှာ ဤနှိမ့်ချသော သဘောထားကို ဆက်လက်ထားရှိရမှာ ဖြစ်ပါတယ်။ "ဘုရားသခင်ကသာ ဘုရားသခင် ဖြစ်ပါတယ်။ ကျွန်ုပ်မဟုတ်ပါ။" ဤအရေးကြီးသော အမှန်တရားကို သင်နားလည်တဲ့အခါမှာ စိုးရိမ်ပူပန်ခြင်းအရာက သင့်အသက်တာကနေ စတင်ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။
သမ္မာကျမ်းစာတွင် ဖော်ပြထားသည်မှာ - ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၄း၁ "ဖန်တုံယေရှုက၊ သင်တို့ စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။"
သင်စိုးရိမ်နေတဲ့ အချိန်အခါတိုင်းတွင် သင့်အသက်တာရှိ အခန်းကဏ္ဍတိုင်းကို ဘုရားသခင်အား ပထမနေရာ မပေးကြောင်းကို ဖော်ပြနေပါတယ်။ ဒါကြောင့်လည်း ဘုရားသခင် ထိန်းချုပ်ခြင်းမရရှိတဲ့ သင်၏ အခန်းကဏ္ဍတို့တွင် စိုးရိမ်ခြင်းနှင့် မလုံခြုံခြင်းတို့၏ အရင်းအမြစ်ဖြစ်သောကြောင့် ဖြစ်သည်။
ဒါကြောင့် ၎င်းနှင့်ပတ်သက်ပြီး သင်ဘာကို လုပ်ဆောင်နိုင်မည်နည်း။ သင်၏ အသက်တာ "အိမ်" ထဲကို သခင်ယေရှုကို ဖိတ်ခေါ်လက်ခံလိုက်ပါ။ သင်၏ အိမ်ခန်း ၊ အိပ်ခန်း ၊ မီးဖိုချောင် နှင့် အဝတ်ဗီဒို ပင်လျင် သင့်အသက်တာ၏ ရှုဒေါင့်အားလုံးတို့တွင် ဝင်ခွင့်ပေးလိုက်ပါ။ အထဲမှာ ဘာတွေရှိသလဲ သခင်ယေရှု သိပြီးဖြစ်ပါတယ်။ တကယ်တော့ သင်လုပ်ဆောင်နေတာတွေထက် သင်၏ လိုအပ်ချက်တို့ကို ဘုရားသခင် သိပါတယ်။ သင်သတိမမူမိသော လိုအပ်ချက်တို့ရှိပေမဲ့ ၎င်းတို့တွေက ဘုရားသခင်ကို အံ့ဩစေမှာ မဟုတ်ပါဘူး။
သခင်ယေရှု ဆိုထားသည်မှာ မဿဲ ၆း၃၂-၃၃ "ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သိတော်မူ၏။ ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာ များကို ထပ်၍ပေးတော်မူလတံ့။"
သင့်အသက်တာရှိ အခန်းကဏ္ဍတိုင်းတွင် သခင်ယေရှုကို ပထမနေရာ ထားရှိတဲ့အခါ သင်၏ ဦးစားပေးမှုများကို ရိုးရှင်းစေပြီး စိတ်ပူစရာများကို လျော့ချစေပါလိမ့်မည်။
ယောဟန် ၁ဝး၁၄-၁၅ "ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍၊ ငါသည်လည်း ခမည်း တော်ကို သိုးသကဲ့သို့ ငါ၏သိုးကိုလည်း ငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏။ ငါသည် ကိုယ်အသက်ကို သိုးတို့အဘို့အလိုငှါ စွန့်၏။"
ဘုရားသခင် သင့်အတွက် အသေခံဖို့ရန် လုံလောက်စွာ ချစ်တယ်ဆိုလျှင် သင့်အား ကျွေးမွေးဖို့ ၊ ဦးဆောင်ဖို့နှင့် ယနေ့တွင် သင်လိုအပ်နေသော မည်သည့်အရာကိုမဆို လုံလောက်စွာ ဖြည့်ဆည်းဖို့ရန် သေချာပေါက် ချစ်တာ ဖြစ်ပါတယ်။
ဤအရာကို စကြည့်ပါ။ ဘုရားသခင် ကောင်းမြတ်ကြောင်းကို နေ့တိုင်း သင့်ကိုယ်သင် သတိပေးပါ။ သင်နိုးထတဲ့အချိန် အိပ်ယာထက်တွင် ထိုင်ပြီး "ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏။ ဒါကြောင့် ကျွန်ုပ်အား ကျွေးမွေးဖို့ ၊ ဉီးဆောင်ဖို့နှင့် ယနေ့လိုအပ်သည့်အရာတို့ကို သခင်ယေရှု ဖြည့်ဆည်းဖို့ရန် အကျွန်ုပ်မျှော်လင့်နေပါတယ်။ ကျွန်ုပ်အသက်တာ၏ အခန်းကဏ္ဍတိုင်းတို့တွင် သခင်ယေရှုအား ပထမနေရာပေးပါမည်။ ပြီးတော့ သခင့်အား ယုံကြည်ပါမည်။"
နေ့ရက်တိုင်းတွင် ဘုရားသခင်အား ယုံကြည်ခြင်းအားဖြင့် စတင်သည်နှင့် စိုးရိမ်ခြင်းတွေ ဝေးလွှင့်သွားမည်ကို သင်စတင်တွေ့ရှိရပါလိမ့်မည်။
ဆင်ခြင်ရန်
- မည်ကဲ့သို့သော သင့်အသက်တာ အခန်းကဏ္ဍတို့တွင် သင်ကြိုးစား ထိန်းချုပ်လေ့ရှိပါသနည်း။ သင့်အား ပိုပြီး စိုးရိမ်မှု ဖြစ်စေပါသလား။ စိုးရိမ်ပူပန်မှုကို လက်လွှတ်ရဖို့ရန် ဘာကြောင့်မှာ စိတ်နှိမ့်ချမှု လိုအပ်ပါသနည်း။
- စိုးရိမ်ခြင်း မရှိဖို့ရန် နေ့စဉ်အသက်တာတွင် ပထမဉီးဆုံး သင်လုပ်ဆောင်နိုင့်မည် အရာကား အဘယ်အရာ ဖြစ်သနည်း။
--------------------------------------------------------------------
Zawgyi Version
ဘုရားသခင္ကို သင္ယုံၾကည္ေလေလ ..သင္၏စိုးရိမ္မႈ ေလ်ာ့နည္းေလေလ ျဖစ္ပါတယ္။
ရွင္ေယာဟန္ခရစ္ဝင္က်မ္း ၁၄း၁ "ဖန္တုံေယရႈက၊ သင္တို႔ စိတ္ႏွလုံးပူပန္ျခင္းမရွိေစႏွင့္။ ဘုရားသခင္ကို ယုံၾကည္ၾကေလာ့။ ငါ့ကိုလည္း ယုံၾကည္ၾကေလာ့။"
အဆက္မျပတ္စိုးရိမ္ျခင္း၌ အသက္ရွင္ေနထိုင္ရျခင္းက ဘယ္အရာနဲ႔တူသလဲဆိုတာ သင္သိပါလိမ့္မည္။ ရင္ထဲမွာ မြန္းၾကပ္သလိုခံစားရၿပီး အစာအိမ္ကို ႀကိဳးနဲ႔ခ်ည္ထားသလိုမ်ိဳး တစ္ကိုယ္လုံးတင္းမာေနတာ ျဖစ္ပါတယ္။ သို႔ေပမဲ့ ထိုအတိုင္းေနထိုင္ဖို႔ မလိုပါဘူး။ သင္ယူေလ့လာသမွ်ေသာအရာတိုင္းသည္ မေလ့လာ မသင္ယူျခင္းလည္း ျဖစ္ႏိုင္ပါတယ္။ စိုးရိမ္ပူပန္ျခင္းကို မေလ့လာဖို႔ရန္ ယခုပင္ စတင္လိုက္ရေအာင္။
သင့္ကို ဂ႐ုစိုက္ဖို႔ရန္ ဘုရားသခင္ ကတိေတာ္ရွိပါတယ္။ ၎သည္ ဘုရားသခင္၏ အမႈျဖစ္ၿပီး သင္၏ အမႈမဟုတ္ပါ။ စိုးရိမ္ပူပန္ျခင္းကို လႊတ္ၿငိမ္းေစျခင္း၏ ပထမဆုံးစတင္ရမည့္အရာမွာ ဤႏွိမ့္ခ်ေသာ သေဘာထားကို ဆက္လက္ထားရွိရမွာ ျဖစ္ပါတယ္။ "ဘုရားသခင္ကသာ ဘုရားသခင္ ျဖစ္ပါတယ္။ ကြၽႏ္ုပ္မဟုတ္ပါ။" ဤအေရးႀကီးေသာ အမွန္တရားကို သင္နားလည္တဲ့အခါမွာ စိုးရိမ္ပူပန္ျခင္းအရာက သင့္အသက္တာကေန စတင္ေပ်ာက္ကြယ္သြားမွာ ျဖစ္ပါတယ္။
သမၼာက်မ္းစာတြင္ ေဖာ္ျပထားသည္မွာ - ရွင္ေယာဟန္ခရစ္ဝင္က်မ္း ၁၄း၁ "ဖန္တုံေယရႈက၊ သင္တို႔ စိတ္ႏွလုံးပူပန္ျခင္းမရွိေစႏွင့္။ ဘုရားသခင္ကို ယုံၾကည္ၾကေလာ့။ ငါ့ကိုလည္း ယုံၾကည္ၾကေလာ့။"
သင္စိုးရိမ္ေနတဲ့ အခ်ိန္အခါတိုင္းတြင္ သင့္အသက္တာရွိ အခန္းက႑တိုင္းကို ဘုရားသခင္အား ပထမေနရာ မေပးေၾကာင္းကို ေဖာ္ျပေနပါတယ္။ ဒါေၾကာင့္လည္း ဘုရားသခင္ ထိန္းခ်ဳပ္ျခင္းမရရွိတဲ့ သင္၏ အခန္းက႑တို႔တြင္ စိုးရိမ္ျခင္းႏွင့္ မလုံၿခံျခင္းတို႔၏ အရင္းအျမစ္ျဖစ္ေသာေၾကာင့္ ျဖစ္သည္။
ဒါေၾကာင့္ ၎ႏွင့္ပတ္သက္ၿပီး သင္ဘာကို လုပ္ေဆာင္ႏိုင္မည္နည္း။ သင္၏ အသက္တာ "အိမ္" ထဲကို သခင္ေယရႈကို ဖိတ္ေခၚလက္ခံလိုက္ပါ။ သင္၏ အိမ္ခန္း ၊ အိပ္ခန္း ၊ မီးဖိုေခ်ာင္ ႏွင့္ အဝတ္ဗီဒို ပင္လ်င္ သင့္အသက္တာ၏ ရႈေဒါင့္အားလုံးတို႔တြင္ ဝင္ခြင့္ေပးလိုက္ပါ။ အထဲမွာ ဘာေတြရွိသလဲ သခင္ေယရႈ သိၿပီးျဖစ္ပါတယ္။ တကယ္ေတာ့ သင္လုပ္ေဆာင္ေနတာေတြထက္ သင္၏ လိုအပ္ခ်က္တို႔ကို ဘုရားသခင္ သိပါတယ္။ သင္သတိမမူမိေသာ လိုအပ္ခ်က္တို႔ရွိေပမဲ့ ၎တို႔ေတြက ဘုရားသခင္ကို အံ့ဩေစမွာ မဟုတ္ပါဘူး။
သခင္ေယရႈ ဆိုထားသည္မွာ မႆဲ ၆း၃၂-၃၃ "ထိုအရာမ်ားကို သင္တို႔သည္ အသုံးလိုေၾကာင္းကို ေကာင္းကင္ဘုံ၌ရွိေတာ္မူေသာ သင္တို႔အဘသည္ သိေတာ္မူ၏။ ဘုရားသခင္၏ ႏိုင္ငံေတာ္ႏွင့္ေျဖာင့္မတ္ျခင္းတရားေတာ္ကို ေရွ႕ဦးစြာရွာၾကေလာ့။ ေနာက္မွ ထိုအရာ မ်ားကို ထပ္၍ေပးေတာ္မူလတံ့။"
သင့္အသက္တာရွိ အခန္းက႑တိုင္းတြင္ သခင္ေယရႈကို ပထမေနရာ ထားရွိတဲ့အခါ သင္၏ ဦးစားေပးမႈမ်ားကို ႐ိုးရွင္းေစၿပီး စိတ္ပူစရာမ်ားကို ေလ်ာ့ခ်ေစပါလိမ့္မည္။
ေယာဟန္ ၁ဝး၁၄-၁၅ "ငါသည္ ေကာင္းေသာသိုးထိန္းျဖစ္၏။ ခမည္းေတာ္သည္ ငါ့ကိုသိေတာ္မူ၍၊ ငါသည္လည္း ခမည္း ေတာ္ကို သိုးသကဲ့သို႔ ငါ၏သိုးကိုလည္း ငါသိ၏။ ငါ့သိုးတို႔သည္လည္း ငါ့ကိုသိၾက၏။ ငါသည္ ကိုယ္အသက္ကို သိုးတို႔အဘို႔အလိုငွါ စြန္႔၏။"
ဘုရားသခင္ သင့္အတြက္ အေသခံဖို႔ရန္ လုံေလာက္စြာ ခ်စ္တယ္ဆိုလွ်င္ သင့္အား ေကြၽးေမြးဖို႔ ၊ ဦးေဆာင္ဖို႔ႏွင့္ ယေန႔တြင္ သင္လိုအပ္ေနေသာ မည္သည့္အရာကိုမဆို လုံေလာက္စြာ ျဖည့္ဆည္းဖို႔ရန္ ေသခ်ာေပါက္ ခ်စ္တာ ျဖစ္ပါတယ္။
ဤအရာကို စၾကည့္ပါ။ ဘုရားသခင္ ေကာင္းျမတ္ေၾကာင္းကို ေန႔တိုင္း သင့္ကိုယ္သင္ သတိေပးပါ။ သင္ႏိုးထတဲ့အခ်ိန္ အိပ္ယာထက္တြင္ ထိုင္ၿပီး "ထာဝရဘုရားသည္ ငါ၏သိုးထိန္းျဖစ္ေတာ္မူ၏။ ဒါေၾကာင့္ ကြၽႏ္ုပ္အား ေကြၽးေမြးဖို႔ ၊ ဉီးေဆာင္ဖို႔ႏွင့္ ယေန႔လိုအပ္သည့္အရာတို႔ကို သခင္ေယရႈ ျဖည့္ဆည္းဖို႔ရန္ အကြၽႏ္ုပ္ေမွ်ာ္လင့္ေနပါတယ္။ ကြၽႏ္ုပ္အသက္တာ၏ အခန္းက႑တိုင္းတို႔တြင္ သခင္ေယရႈအား ပထမေနရာေပးပါမည္။ ၿပီးေတာ့ သခင့္အား ယုံၾကည္ပါမည္။"
ေန႔ရက္တိုင္းတြင္ ဘုရားသခင္အား ယုံၾကည္ျခင္းအားျဖင့္ စတင္သည္ႏွင့္ စိုးရိမ္ျခင္းေတြ ေဝးလႊင့္သြားမည္ကို သင္စတင္ေတြ႕ရွိရပါလိမ့္မည္။
ဆင္ျခင္ရန္
- မည္ကဲ့သို႔ေသာ သင့္အသက္တာ အခန္းက႑တို႔တြင္ သင္ႀကိဳးစား ထိန္းခ်ဳပ္ေလ့ရွိပါသနည္း။ သင့္အား ပိုၿပီး စိုးရိမ္မႈ ျဖစ္ေစပါသလား။ စိုးရိမ္ပူပန္မႈကို လက္လႊတ္ရဖို႔ရန္ ဘာေၾကာင့္မွာ စိတ္ႏွိမ့္ခ်မႈ လိုအပ္ပါသနည္း။
- စိုးရိမ္ျခင္း မရွိဖို႔ရန္ ေန႔စဥ္အသက္တာတြင္ ပထမဉီးဆုံး သင္လုပ္ေဆာင္ႏိုင့္မည္ အရာကား အဘယ္အရာ ျဖစ္သနည္း။