Unicode Version
ဘုရားသခင်နောက်လိုက်ခြင်း မဟုတ်တဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးဓမ်းနောက် လိုက်ခြင်းကို ရပ်တန့်ပါ။
ရောမဩဝါဒစာ ၁၂း၂ "သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဘွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန် ပြောင်းလဲခြင်းသို့ ရောက်ကြလော့။"
သမ္မာကျမ်းစာတွင် စာရေးသူ တစ်ဦးတည်း ရေးသားထားတဲ့ ကျမ်းပိုဒ် (၂) ခုရှိပါတယ်။ သို့သော် ထိုကျမ်းပိုဒ်နှစ်ခုမှာ ဆန့်ကျင်ဘက် အမြင် သဘောမျိုးရှိပါတယ်။
ရှင်ယောဟန်ဩဝါဒစာပဌမစောင် ၂း၁၅ "လောကကို၎င်း၊ လောက၌ရှိသောအရာတို့ကို၎င်း၊ မချစ်ကြနှင့်။ လောကကိုချစ်သောသူမည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။" ၎င်းသည် ရှင်းလင်းနေပါတယ်။
သို့ပေမဲ့ ဒုတိယ ကျမ်းပိုဒ်တစ်ခုမှာတော့ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရ အသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။
"လောကီ" ဆိုတဲ့ စာသားကို ရေးသွင်းထားတာ ၂ ကျမ်းလုံးမှာ တွေ့ရမှာ ဖြစ်ပါတယ်။ ပထမ ကျမ်းပိုဒ်မှာ လောကီ တန်ဖိုးထားသော အရာကို ဖော်ပြခြင်းဖြစ်ပြီး ဒုတိယကျမ်းပိုဒ်မှာတော့ လောက လူသားတွေကို ရည်ညွှန်းထားတာ ဖြစ်ပါတယ်။ သခင်ယေရှု နောက်လိုက်သော သူများသည် လောက လူသားတို့ ဘယ်လို ပုံစံမျိုးကိုမဆို ချစ်ဖို့ရန် ဖြစ်ကြပါတယ်။ တစ်ဖက်မှာတော့ လောကကမ္ဘာက တန်ဖိုးထားတဲ့အရာတွေကို မုန်းရမှာ ဖြစ်ပါတယ်။ အဆင့်အတန်း ၊ တစ်ကိုယ်ကောင်းဆန်မှု နှင့် လိင်ပိုင်းဆိုင်ရာ အကျင့်ယိုယွင်းမှုကဲ့သို့သော အရာတွေ အပါအဝင်ဖြစ်ပါတယ်။
ကျွန်ုပ်တို့က ထိုအရာတွေကို ပြောင်းပြန်လုပ်တတ်ကြတာ ပြသနာဖြစ်ပါတယ်။ လောက တန်ဖိုးစနစ်တွေကို နှစ်သက်ကြပြီး လူတွေကိုတော့ မုန်းကြပါတယ်။ ခရစ်ယာန်တွေသည် အချိန်တိုင်း ထိုကဲ့သို့ လုပ်ဆောင်ကြပါတယ်။ ကွဲပြားခြားနားနေမည့်အစား ယဉ်ကျေးမှုကဲ့သို့သော ရုပ်ဝါဒနှင့် အယူဝါဒကို မကြာခဏ ကျင့်သုံးကြပါတယ်။ ထိုအရာတွေသည် ဘုရားသခင်က မိမိကို အသက်ရှင်စေချင်တဲ့ အသက်တာလမ်းကြောင်းကနေ နောက်ဆုတ်သွားစေပါတယ်။
ဘဝအသက်တာ တစ်လျှောက်လုံးတွင် ယဉ်ကျေးမှုဓလေ့တို့နှင့် လိုက်လျောညီထွေစေဖို့ရန် ကြီးမားသော ဖိအားများနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ၎င်းသည် အစ္စရေးတို့၏ နှစ်ပေါင်းထောင်ချီ ကြာပြီဖြစ်တဲ့ အကြီးမားဆုံးသော ပြသနာဖြစ်ပါတယ်။ သူတို့က တခြားနိုင်ငံတွေလို ဖြစ်ချင်ကြတယ်။ သို့ပေမဲ့ ဘုရားသခင်က သူတို့ကို ရည်ရွယ်ချက်ရှိရှိဖြင့် ကွဲပြားစေဖို့ရန် အတွက် ကိုယ်ကျင့်တရား ၊ ယဉ်ကျေးမှု ၊ အခမ်းအနားဆိုင်ရာ ဥပဒေသအမျိုးမျိုးတို့ကို ပေးခဲ့ပါတယ်။
ဘုရားသခင်သည် သင်၌လည်း အလားတူ ပြုတော်မူပါသည်။ ကျွန်ုပ်တို့သည် ဓမ္မဟောင်းဥပဒေသ အောက်တွင် နေထိုင်ကြတာ မဟုတ်ပါ။ သို့သော် ကျွန်ုပ်တို့ ဘယ်လိုနေထိုင်သင့်တယ် ၊ လောကတွင် ဉာဏ်ပညာနှင့် တန်ခိုးကို ဘယ်လို ရယူရမည်ကို ဘုရားသခင်က အတိအကျ လမ်းညွှန်ပြောပြခဲ့ပါတယ်။
ရောမဩဝါဒစာ ၁၂း၂ "သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဘွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန် ပြောင်းလဲခြင်းသို့ ရောက်ကြလော့။"
သင့်အသက်တာတွင် ဘုရားသခင်က သင့်အား မည်သို့သောအရာ လုပ်ဆောင်စေချင်တယ်ဆိုတာကို သင်မသိရှိနိုင်ရသည့် အကြောင်းရင်းတစ်ခုမှာ သင်က ယဉ်ကျေးမှု ထုံးဓမ်းဓလေ့တို့နှင့် ရောထွေးနေလို့ ဖြစ်ပါတယ်။ သင်သတိမထားမိဘဲ ဖြစ်နေတတ်ပါတယ်။ သို့ပေမဲ့ သင်က လောကကမ္ဘာ တွေးမြင်သလို တွေးပြီး ဘုရားသခင် တွေးမြင်သလို တွေးလို့မရနိုင်ပါဘူး။ ရွေးချယ်မှု ပြုဖို့တော့ လိုပါတယ်။
ယဉ်ကျေးးမှုဓလေ့ လိုက်လျောက်ရခြင်း၏ ပြသနာတွေသည် ယာယီသာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ လိုက်လျှောက်သင့်သည်မှာ ထာဝရအရာဖြစ်တဲ့ ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်ပါတယ်။
သမ္မာတရားဖြင့် သင်၏ စိတ်ကို ဖြည့်ဆည်းလိုက်ပါ။ ပြီးနောက် သင်ချစ်သောအရာတို့ကို ပြောင်းလဲခြင်းအားဖြင့် သင့်အသက်တာကို အသွင်ကူး ပြောင်းလဲစေပါ။
ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၃း၁၆ "ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရ အသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။"
-----------------------------------------------------------------------------------------
Zawgyi Version
ဘုရားသခင်နောက်လိုက် မဟုတ်တဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးဓမ်းနောက် လိုက်ခြင်းကို ရပ်တန့်ပါ။