Unicode Version
မဿဲ ၆း၂၅ "ထိုကြောင့် ငါဆိုသည်ကား၊ အဘယ်သို့ စားသောက်ရမည်ဟု အသက်အဘို့မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟု ကိုယ်အဘို့မစိုးရိမ်ကြနှင့်။ အစာထက် အသက်မြတ်သည်မဟုတ်လော။ အဝတ်ထက် ကိုယ်မြတ် သည်မဟုတ်လော။"
ဘုရားသခင်သည် သင်အသက်ရှင်ရန် လိုအပ်သော အရင်းအမြစ် ဖြစ်ပါတယ်။ ဘုရားသခင်သည် သင်၏ လိုအပ်ချက်တွေ ကို ဖြည့်ဆည်းပေးတဲ့သူ၊ သင့်အား ဉီးဆောင်သောသူ ၊ သင့်အား ကျွေးမွေးသော ကောင်းသောသိုးထိန်းဖြစ်ပါတယ်။ စီးပွားရေး ၊ ငွေကြေးလုပ်ငန်းတို့ကို သင်လိုက်ကြည့်ဖို့မလိုပါဘူး။ အစိုးရကိုလည်း ကြည့်စရာမလိုပါ။ သင်၏ အိမ်ထောင်ဖက် ၊ သင်၏ အငြိမ်းစား စရင်းအကောင့် နှင့် သင်၏ အလုပ်အကိုင်ကို ကြည့်စရာမလိုအပ်ပါ။သင်၏ လုံခြုံရေးကို တစ်ခုခုပေါ်တွင် အပ်နှံထားမယ်ဆိုလျှင် ဘယ်သောအခါမှ ယူဆောင်သွားလို့မရနိုင်တဲ့ အရာပေါ်မှာ သင်အပ်နှံရမှာ ဖြစ်ပါတယ်။ ကျန်းမာရေး ၊ အလုပ်အကိုင် ၊ ကြည့်ကောင်းသော ရုပ်အင်္ဂါ နှင့် မိသားစုဝင် ၊ သင့်အသက်တာ နှင့် လမ်းပျောက်ခြင်း တို့ကို သင်ဆုံးရှုံးသွားနိုင်ပါတယ်။
သို့ပေမဲ့ ဘုရားသခင်သည် ဘယ်တော့မှ မဆုံးရှုံးပါ။ သင်လိုအပ်တဲ့အရာမှန်သမျှတို့ကို ဘုရားသခင် မဖြည့်ဆည်းပေးနိုင်တာ မရှိပါဘူး။ ဖိလိပ္ပိ ၄း၁၉ တွင် ဖော်ပြထားသည်မှာ "ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိသည်အတိုင်း၊ သင်တို့အလို ရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့် မည်။"
ဒါဆိုရင် လူတွေ ဘာကြောင့် အလွန်စိုးရိမ်ကြတာလဲ။ စိုးရိမ်ခြင်းဆိုတာ ဤကမ္ဘာမြေပေါ်မှာ အဖြစ်များဆုံးသော အပြစ်ဖြစ်နိုင်ပါတယ်။ ၎င်းသည် ဘုရားသခင်သည် အချိန်တိုင်းကောင်းမြတ်သည်ကို မေ့လျော့စေခြင်း၏ တိုက်ရိုက်ရလဒ်ဖြစ်ပါတယ်။ ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို သင်မေ့လျော့တဲ့အခါမှာ ဝတ်ပြုဆုတောင်းခြင်းအစား သင်စိုးရိမ်ထိတ်လန့်နေပါမည်။
သမ္မာကျမ်းစာတွင် ဖော်ပြထားသည်မှာ မဿဲ ၆း၂၅ "ထိုကြောင့် ငါဆိုသည်ကား၊ အဘယ်သို့ စားသောက်ရမည်ဟု အသက်အဘို့မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟု ကိုယ်အဘို့မစိုးရိမ်ကြနှင့်။ အစာထက် အသက်မြတ်သည်မဟုတ်လော။ အဝတ်ထက် ကိုယ်မြတ် သည်မဟုတ်လော။"
ဘယ်အရာကိုမျှ စိုးရိမ်ခြင်းမရှိဖို့ ဘုရားသခင် အလိုရှိတယ်ဆိုတာ ရှင်းပါတယ်။ သို့ပေမဲ့ စိုးရိမ်သောကဖြစ်ခြင်းကို ရပ်တန့်ပစ်ဖို့က ခက်ခဲပါတယ်။ ၎င်းသည် လူ့သဘာဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
ဤသို့ဆိုလျှင် စိုးရိမ်ခြင်းကို ဘယ်လို ရပ်တန့်ပစ်လို့ရမလဲ။ ပထမဉီးဆုံး စိုးရိမ်ခြင်းဆိုတာ သင့်ကို ဘုရားသခင်၏ ကောင်းမြတ်ခြင်းကနေ တားဆီးတဲ့အကြောင်းကို သိမှတ်ရမှာဖြစ်ပါတယ်။ နောက်တစ်ခုက အကောင်းဆုံးတွေ ရဖို့အတွက် စိုးရိမ်ခြင်း မလိုချင်ဘူးလို့ ဆုံးဖြတ်ပါ။ ပြီးနောက် သင်၏ စိုးရိမ်ပူပန်ခြင်းတွေကို ဘုရားသခင်ထံ အပ်နှံပြီး ၎င်းတို့အတွက် စိုးရိမ်နေမည့်အစား ဆုတောင်းလိုက်ပါ။
သတိပြုရန် - စိုးရိမ်ခြင်းကို ရပ်တန့်စေသည့် အကောင်းဆုံးသော နည်းလမ်းမှာ ဆုတောင်းခြင်းကို အစပြုခြင်း ဖြစ်ပါတယ်။
ဆင်ခြင်ရန်
- စိုးရိမ်ခြင်းက သင်၏ ခန္ဓာပိုင်းဆိုင်ရာကို မည်သို့ ထိခိုက်စေသနည်း။ စိတ်ပိုင်းဆိုင်ရာ (သို့) ဝိညာဉ်ပိုင်းဆိုင်ရာကိုလည်း ဘယ်လို ထိခိုက်စေသနည်း။
- ဝတ်ပြုဆုတောင်းခြင်းက ဘာကြောင့် မစိုးရိမ်ခြင်းကို အကူအညီ ဖြစ်စေသနည်း။
- သင်စိုးရိမ်သောအရာတွေအတွက် ယခုအချိန်တွင် အချိန်အနည်းငယ်ပေးလျက် ဘုရားသခင်၏ ဂရုစိုက်မှုထံသို့ အပ်နှံလိုက်ပြီး ဆုတောင်းလိုက်ပါ။ သင်ဆုတောင်းအပ်နှံသည့်အလျောက် မည်သို့သော ပြောင်းလဲခြင်း အတွေ့အကြုံကို သင်၏စိတ်နှလုံးသား၌ တွေ့ကြုံရသည်ကို လေးလေးနက်နက် စဉ်းစားလိုက်ပါ။
-------------------------------------------------------------------------------
Zawgyi Version
မႆဲ ၆း၂၅ "ထိုေၾကာင့္ ငါဆိုသည္ကား၊ အဘယ္သို႔ စားေသာက္ရမည္ဟု အသက္အဘို႔မစိုးရိမ္ၾကႏွင့္။ အဘယ္သို႔ ဝတ္ရမည္ဟု ကိုယ္အဘို႔မစိုးရိမ္ၾကႏွင့္။ အစာထက္ အသက္ျမတ္သည္မဟုတ္ေလာ။ အဝတ္ထက္ ကိုယ္ျမတ္ သည္မဟုတ္ေလာ။"
ဘုရားသခင္သည္ သင္အသက္ရွင္ရန္ လိုအပ္ေသာ အရင္းအျမစ္ ျဖစ္ပါတယ္။ ဘုရားသခင္သည္ သင္၏ လိုအပ္ခ်က္ေတြ ကို ျဖည့္ဆည္းေပးတဲ့သူ၊ သင့္အား ဉီးေဆာင္ေသာသူ ၊ သင့္အား ေကြၽးေမြးေသာ ေကာင္းေသာသိုးထိန္းျဖစ္ပါတယ္။ စီးပြားေရး ၊ ေငြေၾကးလုပ္ငန္းတို႔ကို သင္လိုက္ၾကည့္ဖို႔မလိုပါဘူး။ အစိုးရကိုလည္း ၾကည့္စရာမလိုပါ။ သင္၏ အိမ္ေထာင္ဖက္ ၊ သင္၏ အၿငိမ္းစား စရင္းအေကာင့္ ႏွင့္ သင္၏ အလုပ္အကိုင္ကို ၾကည့္စရာမလိုအပ္ပါ။
သင္၏ လုံၿခဳံေရးကို တစ္ခုခုေပၚတြင္ အပ္ႏွံထားမယ္ဆိုလွ်င္ ဘယ္ေသာအခါမွ ယူေဆာင္သြားလို႔မရႏိုင္တဲ့ အရာေပၚမွာ သင္အပ္ႏွံရမွာ ျဖစ္ပါတယ္။ က်န္းမာေရး ၊ အလုပ္အကိုင္ ၊ ၾကည့္ေကာင္းေသာ ႐ုပ္အဂၤါ ႏွင့္ မိသားစုဝင္ ၊ သင့္အသက္တာ ႏွင့္ လမ္းေပ်ာက္ျခင္း တို႔ကို သင္ဆုံးရႈံးသြားႏိုင္ပါတယ္။
သို႔ေပမဲ့ ဘုရားသခင္သည္ ဘယ္ေတာ့မွ မဆုံးရႈံးပါ။ သင္လိုအပ္တဲ့အရာမွန္သမွ်တို႔ကို ဘုရားသခင္ မျဖည့္ဆည္းေပးႏိုင္တာ မရွိပါဘူး။ ဖိလိပၸိ ၄း၁၉ တြင္ ေဖာ္ျပထားသည္မွာ "ငါ၏ဘုရားသခင္သည္ ဘုန္းအာႏုေဘာ္၌ စံပယ္ေတာ္မူေသာ စည္းစိမ္ရွိသည္အတိုင္း၊ သင္တို႔အလို ရွိသမွ်တို႔ကို ေယရႈခရစ္အားျဖင့္ ျပည့္စုံေစေတာ္မူလိမ့္ မည္။"
ဒါဆိုရင္ လူေတြ ဘာေၾကာင့္ အလြန္စိုးရိမ္ၾကတာလဲ။ စိုးရိမ္ျခင္းဆိုတာ ဤကမာၻေျမေပၚမွာ အျဖစ္မ်ားဆုံးေသာ အျပစ္ျဖစ္ႏိုင္ပါတယ္။ ၎သည္ ဘုရားသခင္သည္ အခ်ိန္တိုင္းေကာင္းျမတ္သည္ကို ေမ့ေလ်ာ့ေစျခင္း၏ တိုက္႐ိုက္ရလဒ္ျဖစ္ပါတယ္။ ဘုရားသခင္၏ ေကာင္းျမတ္ျခင္းကို သင္ေမ့ေလ်ာ့တဲ့အခါမွာ ဝတ္ျပဳဆုေတာင္းျခင္းအစား သင္စိုးရိမ္ထိတ္လန႔္ေနပါမည္။
သမၼာက်မ္းစာတြင္ ေဖာ္ျပထားသည္မွာ မႆဲ ၆း၂၅ "ထိုေၾကာင့္ ငါဆိုသည္ကား၊ အဘယ္သို႔ စားေသာက္ရမည္ဟု အသက္အဘို႔မစိုးရိမ္ၾကႏွင့္။ အဘယ္သို႔ ဝတ္ရမည္ဟု ကိုယ္အဘို႔မစိုးရိမ္ၾကႏွင့္။ အစာထက္ အသက္ျမတ္သည္မဟုတ္ေလာ။ အဝတ္ထက္ ကိုယ္ျမတ္ သည္မဟုတ္ေလာ။"
ဘယ္အရာကိုမွ် စိုးရိမ္ျခင္းမရွိဖို႔ ဘုရားသခင္ အလိုရွိတယ္ဆိုတာ ရွင္းပါတယ္။ သို႔ေပမဲ့ စိုးရိမ္ေသာကျဖစ္ျခင္းကို ရပ္တန႔္ပစ္ဖို႔က ခက္ခဲပါတယ္။ ၎သည္ လူ႔သဘာဝ၏ အစိတ္အပိုင္းတစ္ခု ျဖစ္ပါတယ္။
ဤသို႔ဆိုလွ်င္ စိုးရိမ္ျခင္းကို ဘယ္လို ရပ္တန႔္ပစ္လို႔ရမလဲ။ ပထမဉီးဆုံး စိုးရိမ္ျခင္းဆိုတာ သင့္ကို ဘုရားသခင္၏ ေကာင္းျမတ္ျခင္းကေန တားဆီးတဲ့အေၾကာင္းကို သိမွတ္ရမွာျဖစ္ပါတယ္။ ေနာက္တစ္ခုက အေကာင္းဆုံးေတြ ရဖို႔အတြက္ စိုးရိမ္ျခင္း မလိုခ်င္ဘူးလို႔ ဆုံးျဖတ္ပါ။ ၿပီးေနာက္ သင္၏ စိုးရိမ္ပူပန္ျခင္းေတြကို ဘုရားသခင္ထံ အပ္ႏွံၿပီး ၎တို႔အတြက္ စိုးရိမ္ေနမည့္အစား ဆုေတာင္းလိုက္ပါ။
သတိျပဳရန္ - စိုးရိမ္ျခင္းကို ရပ္တန႔္ေစသည့္ အေကာင္းဆုံးေသာ နည္းလမ္းမွာ ဆုေတာင္းျခင္းကို အစျပဳျခင္း ျဖစ္ပါတယ္။
ဆင္ျခင္ရန္
- စိုးရိမ္ျခင္းက သင္၏ ခႏၶာပိုင္းဆိုင္ရာကို မည္သို႔ ထိခိုက္ေစသနည္း။ စိတ္ပိုင္းဆိုင္ရာ (သို႔) ဝိညာဥ္ပိုင္းဆိုင္ရာကိုလည္း ဘယ္လို ထိခိုက္ေစသနည္း။
- ဝတ္ျပဳဆုေတာင္းျခင္းက ဘာေၾကာင့္ မစိုးရိမ္ျခင္းကို အကူအညီ ျဖစ္ေစသနည္း။
- သင္စိုးရိမ္ေသာအရာေတြအတြက္ ယခုအခ်ိန္တြင္ အခ်ိန္အနည္းငယ္ေပးလ်က္ ဘုရားသခင္၏ ဂ႐ုစိုက္မႈထံသို႔ အပ္ႏွံလိုက္ၿပီး ဆုေတာင္းလိုက္ပါ။ သင္ဆုေတာင္းအပ္ႏွံသည့္အေလ်ာက္ မည္သို႔ေသာ ေျပာင္းလဲျခင္း အေတြ႕အႀကဳံကို သင္၏စိတ္ႏွလုံးသား၌ ေတြ႕ႀကဳံရသည္ကို ေလးေလးနက္နက္ စဥ္းစားလိုက္ပါ။