How to Move From Overwhelmed to Overflowing

 Unicode Version

 နှစ်မြှုပ်ခြင်းမှ လျှံပယ်ခြင်းသို့ ဘယ်လိုပြောင်းလဲရမလဲ။

ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၅း၅ "ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည် လည်းသူ့၌တည်၏၊ ထိုသူသည် များစွာသောအသီးကိုသီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှု ကိုမျှ မတတ်နိုင်ကြ။"

အလုပ်နှင့် စိုးရိမ်ပူပန်ရခြင်းတို့တွင် နှစ်မြှုပ်နေခြင်းထက် ဘုရားသခင်၏ကောင်းမြတ်ခြင်း၌ အနားယူခြင်းက ပိုပြီးကောင်းမွန်ပါတယ်။ သို့ပေမဲ့ လုပ်ဆောင်ခြင်းအရာသည် ပြောဆိုခြင်းထက် ကောင်းပါတယ်။ သင့်အတွက် ဘုရားသခင်၏ ကြွယ်ဝတဲ့အသက်တာ၌ အနားယူဖို့ ခြေလှမ်းလှမ်းတဲ့အခါ ခက်ခဲနိုင်ပါတယ်။ 

နှစ်မြှုပ်ခြင်းမှ လျှံပယ်ခြင်းသို့ ပြောင်းလဲဖို့ရန် အကူအညီဖြစ်စေမည့် နေ့စဉ်လေ့ကျင့်ယူလို့ရတဲ့ အမူအကျင့် (၄) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) နေ့စဉ်အသက်တာ၌ သခင်ခရစ်တော်နှင့်ဆက်သွယ်နေပါ။

ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည် လည်းသူ့၌တည်၏၊ ထိုသူသည် များစွာသောအသီးကိုသီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှု ကိုမျှ မတတ်နိုင်ကြ။"ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၅း၅ 

အသက်တာကို သင့်အစွမ်းအစဖြင့် ကြိုးစားဖြတ်သန်းပါလျှင် သင်နစ်မွန်းသွားပါလိမ့်မည်။ သင်၏ ရည်မှန်းချက်တို့ကို ဖြည့်ဆည်းနိုင်မှာ မဟုတ်သလို ဘုရားသခင်၏ တန်ခိုးတော်နှင့် မချိတ်ဆက်သရွေ့ ဘုရားသခင်၏ ကောင်းမြတ်ခြင်း၌ သင်မပျော်ရွင်နိုင်ပါ။

(၂) ညည်းညူခြင်းကို ကျေးဇူးတင်ခြင်းဖြင့် အစားထိုးလိုက်ပါ။

ဖိလိပ္ပိ ၂း၁၄ "သင်တို့သည် ပြုလေသမျှတို့၌ မြည်တမ်းခြင်း၊ ငြင်းခုံခြင်းမရှိဘဲ ပြုကြလော့။"

ညည်းတွားခြင်းကလည်း ကျန်းမာရေးနှင့် မညီညွှတ်တဲ့ စိတ်ခံစားချက် တစ်ခုဖြစ်ပါတယ်။ တခြားတဖက်တွင် ကျေးဇူးတရားက အကျန်းမာဆုံးသော စိတ်ခံစားမှုဖြစ်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ ၎င်းသည် သင့်ဦးနှောက်အတွင်းတွင် ပျော်ရွှင်မှုကို မြှင့်တင်ပေးပြီး စိတ်ဖိစီးမှုကို လျော့ကျစေသည့် ဓါတ်ကို ထုတ်လုပ်ပေးပါတယ်။ 

(၃) တွန့်တိုခြင်းကို ရပ်တန့်ပစ်ပြီး ရက်ရောခြင်းဖြင့် စတင်လိုက်ပါ။ "ဆယ်ဘို့တဘို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ သွင်း ၍၊ ငါ့အိမ်တော်၌ စားစရာရှိစေခြင်းငှါ ပြုကြလော့။ ငါ သည် မိုဃ်းကောင်းကင်ပြတင်းပေါက်တို့ကို ဖွင့်၍ ကောင်းကြီးမင်္ဂလာကို အကုန်အစင်သွန်းလောင်းမည် မသွန်းလောင်းမည်ကို ထိုသို့ စုံစမ်းကြလော့ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။" မာလခိအနာဂတ္တိကျမ်း ၃း၁၀

ဘုရားသခင်သည် စကြာဝဠာကို ဉပဒေသတို့ဖြင့် ရစ်ပတ်ဖန်တီးထားပါတယ်။ သင် ပေးကမ်းလေလေ..ပိုမိုရရှိလေလေ ဖြစ်ပါတယ်။ ဘုရားသခင်သည် ပေးကမ်းသူ ဖြစ်သည့်အလျောက် သင့်ကိုလည်း သူ့နည်းတူ ဖြစ်လာစေဖို့ရန် ထိုသို့ ပြုထားခြင်းဖြစ်ပါတယ်။ 

(၄) နှိုင်းယှဉ်ခြင်းကို ရပ်တန့်ပြီး ရောင့်ရဲခြင်းကို စတင်ပါ။

ဒေသနာကျမ်း ၄း၁၆ "ငြိမ်သက်ခြင်းနှင့် ယှဉ်လျက်၊ လက်တဆုပ် တည်းသောဥစ္စာသည် ပင်ပန်းစွာလုပ်ခြင်း၊ လေကို ကျက်စားခြင်းနှင့်ယှဉ်လျက်၊ လက်နှစ်ဘက်၌ ပြည့်သော ဥစ္စာထက်သာ၍ ကောင်း၏။"

ရောင့်ရဲခြင်းက သင့်အသက်တာအတွက် ရည်မှန်ချက်များ ၊ အိပ်မက်များ နှင့် အသက်တာ အစီအစဉ်များကို မပိုင်ဆိုင်ရဘူးလို့ မဆိုလိုပါ။ ရိုးရှင်းစွာ ဆိုလိုသည်မှာ သင်ပျော်ရွှင်ဖို့ရန်အတွက် နောက်ထပ်ဘာမှ မလိုအပ်တော့လို့ ဖြစ်ပါတယ်။ 

သဘာဝအရ လူသားတွေသည် မကျေမချမ်း ၊ မရောင့်ရဲတတ်ခြင်းတွေ ဖြစ်တတ်ကြပါတယ်။ သို့ပေမဲ့ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဘုရားသခင် သင့်ပေါ်ထားရှိတဲ့ ကောင်းမြတ်ခြင်းပေါ်၌ ကျေနပ်စွာ အနားယူနေနိုင်ပါတယ်။ သင့်အသက်တာတွင် ရရှိထားသော အရာအများစုတို့သည် ဘုရားသခင်ထံမှ လာသော လက်ဆောင်မွန်ဖြစ်ကြောင်း နားလည်တဲ့အခါ သင့်အသက်တာသည် ဘုရားသခင်၏ ကြွယ်ဝခြင်းနှင့်အတူ နစ်မွမ်းခြင်းမှ လျှံပယ်ခြင်းအသက်တာဖြစ်သွားပါမည်။ 

ဆင်ခြင်ရန်

- သခင်ယေရှုနှင့် ဆက်သွယ်ခြင်းတစ်ခုမှာ သမ္မာကျမ်းစာ ဖတ်ရှုခြင်း ဖြစ်ပါတယ်။ သို့ပေမဲ့ နေ့စဉ် သမ္မာကျမ်းစာ လေ့လာဖို့ စတင်ခြင်းအရာကို စိတ်ဒုက္ခလို့ သင်ခံစားရပါသလား။ စတင်ဖို့ရန်အတွက် နေ့စဉ်အသက်တာတွင် ကျမ်းစာဖတ်ပြီး ဆုတောင်းဖို့ရန် အချိန်ဘယ်လောက်ယူမည်ကို ကတိပြုနိုင်ပါသနည်း။ Social Media တွေက သင်၏ စိတ်ကျေနပ်မှုကို ဘယ်လို့ သက်ရောက်မှုရှိတယ် ထင်ပါသနည်း။

လာမည့်ရက်အနည်းငယ်တွင် ဘယ်အတွက်ကိုမှ မညည်းညူတော့ပါလို့ ကတိပြုပါ။ သင်မကျေမနပ်ဖြစ်ချိန်တိုင်း ထိုမကျေနပ်ချက်ကို ကျေးဇူးတင်ခြင်းအဖြစ် ပြန်လည်တုံ့ပြန်ပါ။ နေ့စဉ်နေ့တိုင်း သင်၏ စိတ်မကျေမချမ်းဖြစ်မှုတို့ကို ကျေးဇူးသိတတ်မှုအဖြစ် ဘယ်လိုပြောင်းလဲသွားသလဲဆိုတာ သတိပြုပါ။ ကျေးဇူးတင်ရှိခြင်း အလေ့အထက ဘာများကွာခြားသွားစေပါသနည်း။


------------------------------------------------------------------------------------------

Zawgyi Version

 ႏွစ္ျမႇဳပ္ျခင္းမွ လွ်ံပယ္ျခင္းသို႔ ဘယ္လိုေျပာင္းလဲရမလဲ။

ရွင္ေယာဟန္ခရစ္ဝင္က်မ္း ၁၅း၅ "ငါသည္ စပ်စ္ႏြယ္ပင္ျဖစ္၏။ သင္တို႔သည္အခက္မ်ားျဖစ္ၾက၏။ အၾကင္သူသည္ ငါ၌တည္၍ ငါသည္ လည္းသူ႔၌တည္၏၊ ထိုသူသည္ မ်ားစြာေသာအသီးကိုသီးတတ္၏။ ငါႏွင့္ကြာလွ်င္ သင္တို႔သည္ အဘယ္အမႈ ကိုမွ် မတတ္ႏိုင္ၾက။"


အလုပ္ႏွင့္ စိုးရိမ္ပူပန္ရျခင္းတို႔တြင္ ႏွစ္ျမႇဳပ္ေနျခင္းထက္ ဘုရားသခင္၏ေကာင္းျမတ္ျခင္း၌ အနားယူျခင္းက ပိုၿပီးေကာင္းမြန္ပါတယ္။ သို႔ေပမဲ့ လုပ္ေဆာင္ျခင္းအရာသည္ ေျပာဆိုျခင္းထက္ ေကာင္းပါတယ္။ သင့္အတြက္ ဘုရားသခင္၏ ႂကြယ္ဝတဲ့အသက္တာ၌ အနားယူဖို႔ ေျခလွမ္းလွမ္းတဲ့အခါ ခက္ခဲႏိုင္ပါတယ္။ 

ႏွစ္ျမႇဳပ္ျခင္းမွ လွ်ံပယ္ျခင္းသို႔ ေျပာင္းလဲဖို႔ရန္ အကူအညီျဖစ္ေစမည့္ ေန႔စဥ္ေလ့က်င့္ယူလို႔ရတဲ့ အမူအက်င့္ (၄) မ်ိဳးကို ေဖာ္ျပေပးလိုက္ပါတယ္။


(၁) ေန႔စဥ္အသက္တာ၌ သခင္ခရစ္ေတာ္ႏွင့္ဆက္သြယ္ေနပါ။

ငါသည္ စပ်စ္ႏြယ္ပင္ျဖစ္၏။ သင္တို႔သည္အခက္မ်ားျဖစ္ၾက၏။ အၾကင္သူသည္ ငါ၌တည္၍ ငါသည္ လည္းသူ႔၌တည္၏၊ ထိုသူသည္ မ်ားစြာေသာအသီးကိုသီးတတ္၏။ ငါႏွင့္ကြာလွ်င္ သင္တို႔သည္ အဘယ္အမႈ ကိုမွ် မတတ္ႏိုင္ၾက။"ရွင္ေယာဟန္ခရစ္ဝင္က်မ္း ၁၅း၅ 

အသက္တာကို သင့္အစြမ္းအစျဖင့္ ႀကိဳးစားျဖတ္သန္းပါလွ်င္ သင္နစ္မြန္းသြားပါလိမ့္မည္။ သင္၏ ရည္မွန္းခ်က္တို႔ကို ျဖည့္ဆည္းႏိုင္မွာ မဟုတ္သလို ဘုရားသခင္၏ တန္ခိုးေတာ္ႏွင့္ မခ်ိတ္ဆက္သေ႐ြ႕ ဘုရားသခင္၏ ေကာင္းျမတ္ျခင္း၌ သင္မေပ်ာ္႐ြင္ႏိုင္ပါ။

(၂) ညည္းညဴျခင္းကို ေက်းဇူးတင္ျခင္းျဖင့္ အစားထိုးလိုက္ပါ။

ဖိလိပၸိ ၂း၁၄ "သင္တို႔သည္ ျပဳေလသမွ်တို႔၌ ျမည္တမ္းျခင္း၊ ျငင္းခုံျခင္းမရွိဘဲ ျပဳၾကေလာ့။"

ညည္းတြားျခင္းကလည္း က်န္းမာေရးႏွင့္ မညီၫႊတ္တဲ့ စိတ္ခံစားခ်က္ တစ္ခုျဖစ္ပါတယ္။ တျခားတဖက္တြင္ ေက်းဇူးတရားက အက်န္းမာဆုံးေသာ စိတ္ခံစားမႈျဖစ္တယ္လို႔ ေလ့လာမႈေတြအရ သိရပါတယ္။ ၎သည္ သင့္ဦးေႏွာက္အတြင္းတြင္ ေပ်ာ္႐ႊင္မႈကို ျမႇင့္တင္ေပးၿပီး စိတ္ဖိစီးမႈကို ေလ်ာ့က်ေစသည့္ ဓါတ္ကို ထုတ္လုပ္ေပးပါတယ္။ 

(၃) တြန႔္တိုျခင္းကို ရပ္တန႔္ပစ္ၿပီး ရက္ေရာျခင္းျဖင့္ စတင္လိုက္ပါ။ "ဆယ္ဘို႔တဘို႔ရွိသမွ်ကို ဘ႑ာတိုက္ထဲသို႔ သြင္း ၍၊ ငါ့အိမ္ေတာ္၌ စားစရာရွိေစျခင္းငွါ ျပဳၾကေလာ့။ ငါ သည္ မိုဃ္းေကာင္းကင္ျပတင္းေပါက္တို႔ကို ဖြင့္၍ ေကာင္းႀကီးမဂၤလာကို အကုန္အစင္သြန္းေလာင္းမည္ မသြန္းေလာင္းမည္ကို ထိုသို႔ စုံစမ္းၾကေလာ့ဟု ေကာင္း ကင္ဗိုလ္ေျခအရွင္ ထာဝရဘုရား မိန္႔ေတာ္မူ၏။" မာလခိအနာဂတၱိက်မ္း ၃း၁၀

ဘုရားသခင္သည္ စၾကာဝဠာကို ဉပေဒသတို႔ျဖင့္ ရစ္ပတ္ဖန္တီးထားပါတယ္။ သင္ ေပးကမ္းေလေလ..ပိုမိုရရွိေလေလ ျဖစ္ပါတယ္။ ဘုရားသခင္သည္ ေပးကမ္းသူ ျဖစ္သည့္အေလ်ာက္ သင့္ကိုလည္း သူ႔နည္းတူ ျဖစ္လာေစဖို႔ရန္ ထိုသို႔ ျပဳထားျခင္းျဖစ္ပါတယ္။ 

(၄) ႏႈိင္းယွဥ္ျခင္းကို ရပ္တန႔္ၿပီး ေရာင့္ရဲျခင္းကို စတင္ပါ။

ေဒသနာက်မ္း ၄း၁၆ "ၿငိမ္သက္ျခင္းႏွင့္ ယွဥ္လ်က္၊ လက္တဆုပ္ တည္းေသာဥစၥာသည္ ပင္ပန္းစြာလုပ္ျခင္း၊ ေလကို က်က္စားျခင္းႏွင့္ယွဥ္လ်က္၊ လက္ႏွစ္ဘက္၌ ျပည့္ေသာ ဥစၥာထက္သာ၍ ေကာင္း၏။"

ေရာင့္ရဲျခင္းက သင့္အသက္တာအတြက္ ရည္မွန္ခ်က္မ်ား ၊ အိပ္မက္မ်ား ႏွင့္ အသက္တာ အစီအစဥ္မ်ားကို မပိုင္ဆိုင္ရဘူးလို႔ မဆိုလိုပါ။ ႐ိုးရွင္းစြာ ဆိုလိုသည္မွာ သင္ေပ်ာ္႐ႊင္ဖို႔ရန္အတြက္ ေနာက္ထပ္ဘာမွ မလိုအပ္ေတာ့လို႔ ျဖစ္ပါတယ္။ 

သဘာဝအရ လူသားေတြသည္ မေက်မခ်မ္း ၊ မေရာင့္ရဲတတ္ျခင္းေတြ ျဖစ္တတ္ၾကပါတယ္။ သို႔ေပမဲ့ ဘုရားသခင္၏ ေက်းဇူးေတာ္ေၾကာင့္ ဘုရားသခင္ သင့္ေပၚထားရွိတဲ့ ေကာင္းျမတ္ျခင္းေပၚ၌ ေက်နပ္စြာ အနားယူေနႏိုင္ပါတယ္။ သင့္အသက္တာတြင္ ရရွိထားေသာ အရာအမ်ားစုတို႔သည္ ဘုရားသခင္ထံမွ လာေသာ လက္ေဆာင္မြန္ျဖစ္ေၾကာင္း နားလည္တဲ့အခါ သင့္အသက္တာသည္ ဘုရားသခင္၏ ႂကြယ္ဝျခင္းႏွင့္အတူ နစ္မြမ္းျခင္းမွ လွ်ံပယ္ျခင္းအသက္တာျဖစ္သြားပါမည္။ 

ဆင္ျခင္ရန္

- သခင္ေယရႈႏွင့္ ဆက္သြယ္ျခင္းတစ္ခုမွာ သမၼာက်မ္းစာ ဖတ္ရႈျခင္း ျဖစ္ပါတယ္။ သို႔ေပမဲ့ ေန႔စဥ္ သမၼာက်မ္းစာ ေလ့လာဖို႔ စတင္ျခင္းအရာကို စိတ္ဒုကၡလို႔ သင္ခံစားရပါသလား။ စတင္ဖို႔ရန္အတြက္ ေန႔စဥ္အသက္တာတြင္ က်မ္းစာဖတ္ၿပီး ဆုေတာင္းဖို႔ရန္ အခ်ိန္ဘယ္ေလာက္ယူမည္ကို ကတိျပဳႏိုင္ပါသနည္း။ Social Media ေတြက သင္၏ စိတ္ေက်နပ္မႈကို ဘယ္လို႔ သက္ေရာက္မႈရွိတယ္ ထင္ပါသနည္း။

လာမည့္ရက္အနည္းငယ္တြင္ ဘယ္အတြက္ကိုမွ မညည္းညဴေတာ့ပါလို႔ ကတိျပဳပါ။ သင္မေက်မနပ္ျဖစ္ခ်ိန္တိုင္း ထိုမေက်နပ္ခ်က္ကို ေက်းဇူးတင္ျခင္းအျဖစ္ ျပန္လည္တုံ႔ျပန္ပါ။ ေန႔စဥ္ေန႔တိုင္း သင္၏ စိတ္မေက်မခ်မ္းျဖစ္မႈတို႔ကို ေက်းဇူးသိတတ္မႈအျဖစ္ ဘယ္လိုေျပာင္းလဲသြားသလဲဆိုတာ သတိျပဳပါ။ ေက်းဇူးတင္ရွိျခင္း အေလ့အထက ဘာမ်ားကြာျခားသြားေစပါသနည္း။