God Wants You to Rest

 Unicode Version

ဘုရားသခင်သည် သင့်အား အနားယူစေချင်ပါတယ်။

ဆာလံကျမ်း ၂၃း၂ "စိမ်းလန်းသော ကျက်စားရာအရပ်၌ ငါ့ကို အိပ်စေတော်မူ၏။ သာယာသောမြစ်နားသို့ လမ်းပြ တော်မူ၏။"

သင်အမြဲတမ်း အလျင်လိုနေပါသလား။ သင်၏ လုပ်ဆောင်စရာ စာရင်းတို့ကလည်း လက်တွေ့မဖြစ်ဘဲ ရှည်လျားနေပါသလား။ သင့်အား အရှိန်လျော့ဖို့ရန် တစ်ဦးထက်မက ပြောနေပြီလား။ သင် အနားယူရချိန်တွေမှာ ကိုယ့်ကိုကိုယ် အပြစ်ရှိသလို ခံစားနေရသလား။ အားလပ်ချိန်တွေအတွက် ဖျားနာရမှာလား။ 

ခေတ်မှီလူ့အဖွဲ့အစည်းတို့၏ ခြေလှမ်းက ကျွန်ုပ်တို့ကို ဆက်လက်သွားနေဖို့ တွန်းအားပေးပါတယ်။ လူတော်တော်များများ သူတို့၏ နားရက်ပင်လျင် အလုပ်လုပ်ကြပါတယ်။ အသင်းတော် အစည်းအဝေး သွားနေကြလူတွေသည်လည်း လုပ်ဆောင်စရာ မပြီးမြောက်သေးတဲ့အတွက် (အိမ်အလုပ် ၊ ကျောင်းအလုပ် (သို့) အသက်မွေးဝမ်းကျောင်းအလုပ်) အိမ်ကို တန်းပြန်ကြပါတယ်။ သာမန်ရက်သတ္တပတ်အတွင်း လုပ်ဆောင်လို့ မပြီးမြောက်တဲ့အရာအားလုံးတို့ကို လုပ်ဆောင်ဖို့ရန် ကြိုးစားကြပါတယ်။

ပင်ပန်းနေကြပြီဆိုတာက မဆန်းပါဘူး။ ကျွန်ုပ်တို့အများစုလည်း ပါဝင်ကြပါတယ်။ သို့ပေမဲ့ ၎င်းသည် ကောင်းသောသိုးထိန်း၏ လမ်းမဟုတ်ပါဘူး။

ဆာလံ ၂၃း၂ တွင်ဆိုထားသည်မှာ "စိမ်းလန်းသော ကျက်စားရာအရပ်၌ ငါ့ကို အိပ်စေတော်မူ၏။ သာယာသောမြစ်နားသို့ လမ်းပြ တော်မူ၏။"

ဘုရားသခင်က သင့်ကို စိမ်းလန်းတဲ့ မြက်ခင်းပြင်မှာ အိပ်စေတယ် -အဲဒါ အနာယူခြင်းပါ။ ပြီးတော့ သင့်ကို လန်းဆန်းစေတဲ့ ရေနားကို ပို့ဆောင်ပေးပါတယ်။ 

ဘုရားသခင်သည် သူ၏ ကောင်းမြတ်ခြင်းဖြင့် အနားယူခြင်းကို ဖန်တီးခဲ့ပြီး ၎င်းကို အလုပ်အဖြစ် အရေးကြီးသည်ဟု မှတ်ယူပါတယ်။ ချစ်တတ်သော သိုးထိန်းသည် သူ၏ သိုးတို့ကို ကျန်းမာစေဖို့ရန် လုံလောက်သော အနားယူမှုကို ရရှိဖို့ရန် သေချာစေပါတယ်။ သင်၏ သိုးထိန်းကောင်း ဘုရားသခင်သည်လည်း ထိုနည်း၎င်းပင် ဖြစ်ပါတယ်။ သင်က မလဲလျောင်းလည်း ဘုရားသခင်က သင့်ကို လဲလျောင်းစေမှာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံတွင် သင်မျှော်ကြည့်နေစေဖို့ရန် ဘုရားသခင်က သင့်ကို ကျောခင်းစေမှာဖြစ်ပါတယ်။ သင်၏ ခန္ဓာပိုင်း ၊ စိတ်ပိုင်းဆိုင်ရာ နှင့် ဝိညာဉ်ကျန်းမာရေးကို ဂရုစိုက်သောကြောင့် ထိုကဲ့သို့ ပြုမှာ ဖြစ်ပါတယ်။ 

ကောင်းကောင်းအိပ်စက်ပြီးတဲ့နောက်မှာ အရာရာကို ရှုမြင်ရခြင်းက ဘယ်လောက်တောင် ကောင်းသလဲဆိုတာ အံ့ဩစရာ မဟုတ်ဘူးလား။ စိတ်ဖိစီးခံရခြင်းနှင့် ပျော်ရွှင်ရခြင်းကြားက ခြားနားချက်သည် မကြာခဏအနားယူခြင်း ဖြစ်ပါတယ်။ 

သင်၏ များစွာသော စိုးရိမ်ပူပန်မှုတွေ ၊ အလျင်လိုနေတာတွေ ၊ ထိတ်လန့်နေမှုတွေနှင့် ဂနာမငြိမ်တာတွေသည် သင့်အသက်တာတွင် ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို နားမလည်ခြင်းကနေ စတင်ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဘုရားသခင် လုပ်ဆောင်သောအရာနှင့် သင့်အသက်တာတွင် အနာဂတ်တွင် လုပ်ဆောင်ပေးချင်သည့်အရာကို သင်သိရှိနားလည်းပြီးဆိုလျှင် သင်စိတ်ချစွာ အနားယူနိုင်ပြီ ၊ လက်လွှတ်ခြင်းတွေနှင့် အနားယူဖို့ လေ့လာနိုင်ပြီဖြစ်သည်။ 

သင်သည် ဘုရားသခင်၏ ကောင်းမြတ်ခြင်း၌ အသက်ရှင်နိုင်သည်။

ဆင်ခြင်ရန်

- အနားယူခြင်းနှင့် လန်းဆန်းမှုတို့သည် လူတိုင်းအတွက် ကွဲပြားကြပါတယ်။ မည်သည့်အရာက သင့်ကို အနားယူဖို့နှင့် လန်းဆန်းမှုရှိဖို့ရန် ဖြစ်စေပါသနည်း။

- ယဉ်ကျေးမှုဓလေ့တစ်ချို့တို့တွင် အလုပ်ပိုလုပ်ဆောင်ခြင်းကို အဘယ်ကြောင့် အလွန်တန်ဖိုးထားသည်ဟု သင်ထင်မြင်ပါသနည်း။

- သင် လုံလောက်စွာ အနားယူနိုင်စေဖို့ရန်အတွက် အိမ်နှင့် အလုပ်တွင် သင်၏ အချိန်ဇယား (သို့) မျှော်လင့်ချက်များကို မည်သို့သော နည်းလမ်းဖြင့် ပြောင်းလဲနိုင်မည်နည်း။


-------------------------------------------------

Zawgyi Version

ဘုရားသခင္သည္ သင့္အား အနားယူေစခ်င္ပါတယ္။

ဆာလံက်မ္း ၂၃း၂ "စိမ္းလန္းေသာ က်က္စားရာအရပ္၌ ငါ့ကို အိပ္ေစေတာ္မူ၏။ သာယာေသာျမစ္နားသို႔ လမ္းျပ ေတာ္မူ၏။"

သင္အၿမဲတမ္း အလ်င္လိုေနပါသလား။ သင္၏ လုပ္ေဆာင္စရာ စာရင္းတို႔ကလည္း လက္ေတြ႕မျဖစ္ဘဲ ရွည္လ်ားေနပါသလား။ သင့္အား အရွိန္ေလ်ာ့ဖို႔ရန္ တစ္ဦးထက္မက ေျပာေနၿပီလား။ သင္ အနားယူရခ်ိန္ေတြမွာ ကိုယ့္ကိုကိုယ္ အျပစ္ရွိသလို ခံစားေနရသလား။ အားလပ္ခ်ိန္ေတြအတြက္ ဖ်ားနာရမွာလား။ 

ေခတ္မွီလူ႔အဖြဲ႕အစည္းတို႔၏ ေျခလွမ္းက ကြၽႏ္ုပ္တို႔ကို ဆက္လက္သြားေနဖို႔ တြန္းအားေပးပါတယ္။ လူေတာ္ေတာ္မ်ားမ်ား သူတို႔၏ နားရက္ပင္လ်င္ အလုပ္လုပ္ၾကပါတယ္။ အသင္းေတာ္ အစည္းအေဝး သြားေနၾကလူေတြသည္လည္း လုပ္ေဆာင္စရာ မၿပီးေျမာက္ေသးတဲ့အတြက္ (အိမ္အလုပ္ ၊ ေက်ာင္းအလုပ္ (သို႔) အသက္ေမြးဝမ္းေက်ာင္းအလုပ္) အိမ္ကို တန္းျပန္ၾကပါတယ္။ သာမန္ရက္သတၱပတ္အတြင္း လုပ္ေဆာင္လို႔ မၿပီးေျမာက္တဲ့အရာအားလုံးတို႔ကို လုပ္ေဆာင္ဖို႔ရန္ ႀကိဳးစားၾကပါတယ္။

ပင္ပန္းေနၾကၿပီဆိုတာက မဆန္းပါဘူး။ ကြၽႏ္ုပ္တို႔အမ်ားစုလည္း ပါဝင္ၾကပါတယ္။ သို႔ေပမဲ့ ၎သည္ ေကာင္းေသာသိုးထိန္း၏ လမ္းမဟုတ္ပါဘူး။

ဆာလံ ၂၃း၂ တြင္ဆိုထားသည္မွာ "စိမ္းလန္းေသာ က်က္စားရာအရပ္၌ ငါ့ကို အိပ္ေစေတာ္မူ၏။ သာယာေသာျမစ္နားသို႔ လမ္းျပ ေတာ္မူ၏။"

ဘုရားသခင္က သင့္ကို စိမ္းလန္းတဲ့ ျမက္ခင္းျပင္မွာ အိပ္ေစတယ္ -အဲဒါ အနာယူျခင္းပါ။ ၿပီးေတာ့ သင့္ကို လန္းဆန္းေစတဲ့ ေရနားကို ပို႔ေဆာင္ေပးပါတယ္။ 

ဘုရားသခင္သည္ သူ၏ ေကာင္းျမတ္ျခင္းျဖင့္ အနားယူျခင္းကို ဖန္တီးခဲ့ၿပီး ၎ကို အလုပ္အျဖစ္ အေရးႀကီးသည္ဟု မွတ္ယူပါတယ္။ ခ်စ္တတ္ေသာ သိုးထိန္းသည္ သူ၏ သိုးတို႔ကို က်န္းမာေစဖို႔ရန္ လုံေလာက္ေသာ အနားယူမႈကို ရရွိဖို႔ရန္ ေသခ်ာေစပါတယ္။ သင္၏ သိုးထိန္းေကာင္း ဘုရားသခင္သည္လည္း ထိုနည္း၎ပင္ ျဖစ္ပါတယ္။ သင္က မလဲေလ်ာင္းလည္း ဘုရားသခင္က သင့္ကို လဲေလ်ာင္းေစမွာ ျဖစ္ပါတယ္။ တစ္ခါတစ္ရံတြင္ သင္ေမွ်ာ္ၾကည့္ေနေစဖို႔ရန္ ဘုရားသခင္က သင့္ကို ေက်ာခင္းေစမွာျဖစ္ပါတယ္။ သင္၏ ခႏၶာပိုင္း ၊ စိတ္ပိုင္းဆိုင္ရာ ႏွင့္ ဝိညာဥ္က်န္းမာေရးကို ဂ႐ုစိုက္ေသာေၾကာင့္ ထိုကဲ့သို႔ ျပဳမွာ ျဖစ္ပါတယ္။ 

ေကာင္းေကာင္းအိပ္စက္ၿပီးတဲ့ေနာက္မွာ အရာရာကို ရႈျမင္ရျခင္းက ဘယ္ေလာက္ေတာင္ ေကာင္းသလဲဆိုတာ အံ့ဩစရာ မဟုတ္ဘူးလား။ စိတ္ဖိစီးခံရျခင္းႏွင့္ ေပ်ာ္႐ႊင္ရျခင္းၾကားက ျခားနားခ်က္သည္ မၾကာခဏအနားယူျခင္း ျဖစ္ပါတယ္။ 

သင္၏ မ်ားစြာေသာ စိုးရိမ္ပူပန္မႈေတြ ၊ အလ်င္လိုေနတာေတြ ၊ ထိတ္လန႔္ေနမႈေတြႏွင့္ ဂနာမၿငိမ္တာေတြသည္ သင့္အသက္တာတြင္ ဘုရားသခင္၏ ေကာင္းျမတ္ျခင္းကို နားမလည္ျခင္းကေန စတင္ေရာက္ရွိလာတာ ျဖစ္ပါတယ္။ ဘုရားသခင္ လုပ္ေဆာင္ေသာအရာႏွင့္ သင့္အသက္တာတြင္ အနာဂတ္တြင္ လုပ္ေဆာင္ေပးခ်င္သည့္အရာကို သင္သိရွိနားလည္းၿပီးဆိုလွ်င္ သင္စိတ္ခ်စြာ အနားယူႏိုင္ၿပီ ၊ လက္လႊတ္ျခင္းေတြႏွင့္ အနားယူဖို႔ ေလ့လာႏိုင္ၿပီျဖစ္သည္။ 

သင္သည္ ဘုရားသခင္၏ ေကာင္းျမတ္ျခင္း၌ အသက္ရွင္ႏိုင္သည္။

ဆင္ျခင္ရန္

- အနားယူျခင္းႏွင့္ လန္းဆန္းမႈတို႔သည္ လူတိုင္းအတြက္ ကြဲျပားၾကပါတယ္။ မည္သည့္အရာက သင့္ကို အနားယူဖို႔ႏွင့္ လန္းဆန္းမႈရွိဖို႔ရန္ ျဖစ္ေစပါသနည္း။

- ယဥ္ေက်းမႈဓေလ့တစ္ခ်ိဳ႕တို႔တြင္ အလုပ္ပိုလုပ္ေဆာင္ျခင္းကို အဘယ္ေၾကာင့္ အလြန္တန္ဖိုးထားသည္ဟု သင္ထင္ျမင္ပါသနည္း။

- သင္ လုံေလာက္စြာ အနားယူႏိုင္ေစဖို႔ရန္အတြက္ အိမ္ႏွင့္ အလုပ္တြင္ သင္၏ အခ်ိန္ဇယား (သို႔) ေမွ်ာ္လင့္ခ်က္မ်ားကို မည္သို႔ေသာ နည္းလမ္းျဖင့္ ေျပာင္းလဲႏိုင္မည္နည္း။