Unicode Version
ဆုတောင်းခြင်းအားဖြင့်သင့်၏ ယုံကြည်ခြင်းကို ဘုရားသခင် တိုးပွားစေပါတယ်။
မဿဲခရစ်ဝင်ကျမ်း ၇း၇ "တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။"
ဘုရားသခင်သည် သင်၏ လိုအင်လားလုံးကို ဖြည့်ဆည်းပေးနိုင်သည်သာမက ဖြည့်ဆည်းဖို့ရန်လည်း စိတ်အားထက်သန်ပါတယ်။ သို့ပေမဲ့ သင့်အား ကူညီဖို့ရန် ဘုရားသခင်က ဘယ်လိုကတိကဝတ် ပြုထားတယ်ဆိုတာကို သင်ကမေ့သွားတဲ့အခါမှာတော့ ဘုရားသခင်၏ အကူအညီ တောင်းခံခြင်းကို ရပ်တန့်ပစ်ဖို့ လွယ်ကူစေပြီး သင့်ကိုယ်သင် အားထားခြင်းအရာ စတင်ဖို့ လွယ်ကူသွားစေပါတယ်။
ဘုရားသခင်ထံ "အသေးအဖွဲ"ကို မဟုတ်ဘဲ "ကြီးမားတဲ့အရာ" ကိုသာ သင်တောင်းခံပါမည်။ ထိုအရာက ဘာဖြစ်မည်နည်း။ အရာအားလုံးသည် ဘုရားသခင်အတွက်တော့ သေးငယ်ပါတယ်။ သင်တောင်းဆိုသမျှသော အရာအားလုံးတို့သည် ဘုရားသခင်အမြင်မှာတော့ ကြီးမားနေတာ မဟုတ်ပါဘူး။ သင်ခေါင်းထက်က ဆံပင် အရေအတွက်ကို ဘုရားသခင်သိပြီး ဒီမနက်မှာ မည်မျှ ကျွတ်သွားတယ် ဆိုတာကိုလည်း သိပါတယ်။
သင်၏ တောင်းဆိုချက်တို့ကို ဘုရားသခင်ထံတောင်းလျှောက်ခြင်းအရာက ဘုရားသခင်ကို အနှောက်အယှက် မဖြစ်သွားစေပါ။ ဆုတောင်းခြင်းစနစ်ကိုလည်း ပထမဦးဆုံးစတင် ဖန်တီးစီစဉ်ခဲ့သူဖြစ်ပါတယ်။ ဒါကြောင့်လည်း ဓမ္မသစ်ကျမ်းတွင် အကြိမ်ပေါင်း ၂၀ မက သင်လိုအပ်သမျှကို သင့်ဆုတောင်းတွင် တောင်းခံဖို့ရန် ဆိုထားပါတယ်။ ရှင်မဿဲခရစ်ဝင်ကျမ်း ၇း၇တွင် ""တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။"
တစ်စုံတစ်ခုအတွက် ဘုရားသခင်ကို တောင်းလျှောက်ရမည့်အစား တစ်ခါတစ်ရံတွင် ၎င်းနှင့်ပတ်သက်ပြီး သင်စိုးရိမ်နေပါတယ်။ သို့ပေမဲ့ စိုးရိမ်ရလောက်အောင် ကြီးမားတယ်ဆိုလျှင် ဆုတောင်းရလောက်အောင် ကြီးမားပါတယ်။ စိုးရိမ်ခြင်းက ဘယ်အရာကိုမှ မဖြေရှင်းနိုင်ပါ။ သို့ပေမဲ့ ဆုတောင်းခြင်းကတော့ ဖြေရှင်းနိုင်ပါတယ်။
မိဘတွေက သားသမီးကို ယုံကြည်ဖို့ရန် သင်ပေးသလို ဘုရားသခင်သည်လည်း သင်၏ ယုံကြည်ခြင်းကို တိုးပွားစေပါတယ်။ သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ "အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။ အသက်မွေး လောက်သောအစာကို အကျွန်ုပ်တို့အား နေ့ရက် အစဉ်အတိုင်း ပေးသနားတော်မူပါ။" ရှင်လုကာ ၁၁း၃
မိဘနှင့် သားသမီးကြားက လုပ်ဆောင်မှုတို့ကို ကြည့်ရအောင်။ ပထမဦးစွာ သားသမီးက လိုအင်ဆန္ဒမပြည့်ဝခြင်းအရာကို သတိပြုမိတယ်။ ဒုတိယအနေဖြင့် ထိုလိုအပ်သော အရာကို ဖော်ပြပါတယ်။ တတိယအနေဖြင့် မိဘက ထိုလိုအပ်မှုကို ဖြည့်ဆည်းပေးပါတယ်။
ဘုရားသခင်သည်လည်း သူ့အား ဘယ်လိုယုံကြည်ဖို့ရန် သင့်အား သင်ပြပေးဖို့ ဤသံသရာကို အသုံးပြုပါတယ်။ သင်၌ လိုအင်တွေ ဖြစ်နေမယ်။ ဘုရားသခင်ထံ ထိုအရာကို သင်ဖော်ပြတယ်။ ထိုလိုအပ်မှုကို ဘုရားသခင် ဖြည့်ဆည်ပေးပြီး သင်သည်လည်း သူ့ကို ပိုပြီး ယုံကြည်လာစေပါသည်။
သင်၏ လိုအပ်ချက်တို့ကို ဘုရားသခင်အား မဖော်ပြပါလျှင် သင်သည် ယုံကြည်ခြင်း၌ မည်သို့ တိုးပွားပါမည်နည်း။
သင်တောင်းဆိုတဲ့အခါတွင် ဘုရားသခင်သည် သူ၏ ကောင်းမြတ်ခြင်းကို အမြဲတမ်း သက်သေပြပါတယ်။ သို့ပေမဲ့ တစ်ခါတစ်ရံတွင် ဘုရားသခင်၏ အချိန်ကို သင်က စိတ်ရှည်ရှည်ဖြင့် သည်းခံစောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။ သင်၏ ယုံကြည်ခြင်းကို စမ်းသပ်ချင်တဲ့အတွက်ကြောင့် ချက်ချင်းအဖြေ မပေးတတ်ပါ။
ရှေ့ဆက်သွားပါ။ ယနေ့တွင် ထပ်မံ ကြိုးစားကြည့်ပါ။ သင်၏ လိုအပ်တွေကို ဘုရားသခင်ထံ ဆုတောင်းချက်ဖြင့် ယူဆောင်သွားလိုက်ပါ။ ထို့နောက် သင်၏ဆုတောင်းချက်တို့ကို ဘုရားသခင် ဖြေကြားပေးသည့်နည်းလမ်းတို့ကို စောင့်ကြည့်နေပါ။ ဘုရားသခင်သည် ယုံကြည်စိတ်ချရပြီး ဘယ်လိုအခြေအနေဖြစ်ဖြစ် ကိုယ်တော်အား အားကိုးနိုင်ကြောင်း သင်ယုံကြည်ဖို့ရန် လေ့လာသင်ယူရပါလိမ့်မည်။
ဆင်ခြင်ရန်
- သင်ကိုယ်တိုင် (သို့) ဘုရားသခင်နှင့်ပတ်သက်ပြီး မည့်သည့်အရာက ဘုရားအကူအညီတောင်းခံခြင်းကို တားဆီးပါသနည်း။
- ဘုရားသခင်သည် သင်၏ ယုံကြည်ခြင်းနှင့် ထိုယုံကြည်ခြင်းကို စမ်းသပ်သည့် အဓိက နည်းလမ်းများထဲမှ တစ်ခုမှာ သင်၏ ဘဏ္ဍာရေးမှ တစ်ဆင့် ဖြစ်ပါတယ်။ ဒါက ဘာကြောင့်လို ထင်ပါသနည်း။
- ယနေ့တွင် သင်ဘာအကူအညီ လိုနေပါသနည်း။ သင့်အတွက် ဘုရားသခင် လုပ်ဆောင်ပေးခဲ့တဲ့အရာတွေအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြခြင်းဖြင့် စတင်ပါ။ ပြီးနောက် ဘုရား၏ အကူအညီကို တောင်းခံလိုက်ပါ။
-------------------------------------------------------------------------------
Zawgyi Version
ဆုေတာင္းျခင္းအားျဖင့္သင့္၏ ယုံၾကည္ျခင္းကို ဘုရားသခင္ တိုးပြားေစပါတယ္။
မႆဲခရစ္ဝင္က်မ္း ရး၇ "ေတာင္းၾကေလာ့။ ေတာင္းလွ်င္ရမည္။ ရွာၾကေလာ့။ ရွာလွ်င္ေတြ႕မည္။ တံခါးကိုေခါက္ၾကေလာ့။ ေခါက္လွ်င္ဖြင့္မည္။"
ဘုရားသခင္သည္ သင္၏ လိုအင္လားလုံးကို ျဖည့္ဆည္းေပးႏိုင္သည္သာမက ျဖည့္ဆည္းဖို႔ရန္လည္း စိတ္အားထက္သန္ပါတယ္။ သို႔ေပမဲ့ သင့္အား ကူညီဖို႔ရန္ ဘုရားသခင္က ဘယ္လိုကတိကဝတ္ ျပဳထားတယ္ဆိုတာကို သင္ကေမ့သြားတဲ့အခါမွာေတာ့ ဘုရားသခင္၏ အကူအညီ ေတာင္းခံျခင္းကို ရပ္တန႔္ပစ္ဖို႔ လြယ္ကူေစၿပီး သင့္ကိုယ္သင္ အားထားျခင္းအရာ စတင္ဖို႔ လြယ္ကူသြားေစပါတယ္။
ဘုရားသခင္ထံ "အေသးအဖြဲ"ကို မဟုတ္ဘဲ "ႀကီးမားတဲ့အရာ" ကိုသာ သင္ေတာင္းခံပါမည္။ ထိုအရာက ဘာျဖစ္မည္နည္း။ အရာအားလုံးသည္ ဘုရားသခင္အတြက္ေတာ့ ေသးငယ္ပါတယ္။ သင္ေတာင္းဆိုသမွ်ေသာ အရာအားလုံးတို႔သည္ ဘုရားသခင္အျမင္မွာေတာ့ ႀကီးမားေနတာ မဟုတ္ပါဘူး။ သင္ေခါင္းထက္က ဆံပင္ အေရအတြက္ကို ဘုရားသခင္သိၿပီး ဒီမနက္မွာ မည္မွ် ကြၽတ္သြားတယ္ ဆိုတာကိုလည္း သိပါတယ္။
သင္၏ ေတာင္းဆိုခ်က္တို႔ကို ဘုရားသခင္ထံေတာင္းေလွ်ာက္ျခင္းအရာက ဘုရားသခင္ကို အေႏွာက္အယွက္ မျဖစ္သြားေစပါ။ ဆုေတာင္းျခင္းစနစ္ကိုလည္း ပထမဦးဆုံးစတင္ ဖန္တီးစီစဥ္ခဲ့သူျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ဓမၼသစ္က်မ္းတြင္ အႀကိမ္ေပါင္း ၂၀ မက သင္လိုအပ္သမွ်ကို သင့္ဆုေတာင္းတြင္ ေတာင္းခံဖို႔ရန္ ဆိုထားပါတယ္။ ရွင္မႆဲခရစ္ဝင္က်မ္း ရး၇တြင္ ""ေတာင္းၾကေလာ့။ ေတာင္းလွ်င္ရမည္။ ရွာၾကေလာ့။ ရွာလွ်င္ေတြ႕မည္။ တံခါးကိုေခါက္ၾကေလာ့။ ေခါက္လွ်င္ဖြင့္မည္။"
တစ္စုံတစ္ခုအတြက္ ဘုရားသခင္ကို ေတာင္းေလွ်ာက္ရမည့္အစား တစ္ခါတစ္ရံတြင္ ၎ႏွင့္ပတ္သက္ၿပီး သင္စိုးရိမ္ေနပါတယ္။ သို႔ေပမဲ့ စိုးရိမ္ရေလာက္ေအာင္ ႀကီးမားတယ္ဆိုလွ်င္ ဆုေတာင္းရေလာက္ေအာင္ ႀကီးမားပါတယ္။ စိုးရိမ္ျခင္းက ဘယ္အရာကိုမွ မေျဖရွင္းႏိုင္ပါ။ သို႔ေပမဲ့ ဆုေတာင္းျခင္းကေတာ့ ေျဖရွင္းႏိုင္ပါတယ္။
မိဘေတြက သားသမီးကို ယုံၾကည္ဖို႔ရန္ သင္ေပးသလို ဘုရားသခင္သည္လည္း သင္၏ ယုံၾကည္ျခင္းကို တိုးပြားေစပါတယ္။ သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ "အလိုေတာ္သည္ ေကာင္းကင္ဘုံ၌ ျပည့္စုံသကဲ့သို႔ ေျမႀကီးေပၚမွာ ျပည့္စုံပါေစေသာ။ အသက္ေမြး ေလာက္ေသာအစာကို အကြၽႏ္ုပ္တို႔အား ေန႔ရက္ အစဥ္အတိုင္း ေပးသနားေတာ္မူပါ။" ရွင္လုကာ ၁၁း၃
မိဘႏွင့္ သားသမီးၾကားက လုပ္ေဆာင္မႈတို႔ကို ၾကည့္ရေအာင္။ ပထမဦးစြာ သားသမီးက လိုအင္ဆႏၵမျပည့္ဝျခင္းအရာကို သတိျပဳမိတယ္။ ဒုတိယအေနျဖင့္ ထိုလိုအပ္ေသာ အရာကို ေဖာ္ျပပါတယ္။ တတိယအေနျဖင့္ မိဘက ထိုလိုအပ္မႈကို ျဖည့္ဆည္းေပးပါတယ္။
ဘုရားသခင္သည္လည္း သူ႔အား ဘယ္လိုယုံၾကည္ဖို႔ရန္ သင့္အား သင္ျပေပးဖို႔ ဤသံသရာကို အသုံးျပဳပါတယ္။ သင္၌ လိုအင္ေတြ ျဖစ္ေနမယ္။ ဘုရားသခင္ထံ ထိုအရာကို သင္ေဖာ္ျပတယ္။ ထိုလိုအပ္မႈကို ဘုရားသခင္ ျဖည့္ဆည္ေပးၿပီး သင္သည္လည္း သူ႔ကို ပိုၿပီး ယုံၾကည္လာေစပါသည္။
သင္၏ လိုအပ္ခ်က္တို႔ကို ဘုရားသခင္အား မေဖာ္ျပပါလွ်င္ သင္သည္ ယုံၾကည္ျခင္း၌ မည္သို႔ တိုးပြားပါမည္နည္း။
သင္ေတာင္းဆိုတဲ့အခါတြင္ ဘုရားသခင္သည္ သူ၏ ေကာင္းျမတ္ျခင္းကို အၿမဲတမ္း သက္ေသျပပါတယ္။ သို႔ေပမဲ့ တစ္ခါတစ္ရံတြင္ ဘုရားသခင္၏ အခ်ိန္ကို သင္က စိတ္ရွည္ရွည္ျဖင့္ သည္းခံေစာင့္ဆိုင္းရမွာ ျဖစ္ပါတယ္။ သင္၏ ယုံၾကည္ျခင္းကို စမ္းသပ္ခ်င္တဲ့အတြက္ေၾကာင့္ ခ်က္ခ်င္းအေျဖ မေပးတတ္ပါ။
ေရွ႕ဆက္သြားပါ။ ယေန႔တြင္ ထပ္မံ ႀကိဳးစားၾကည့္ပါ။ သင္၏ လိုအပ္ေတြကို ဘုရားသခင္ထံ ဆုေတာင္းခ်က္ျဖင့္ ယူေဆာင္သြားလိုက္ပါ။ ထို႔ေနာက္ သင္၏ဆုေတာင္းခ်က္တို႔ကို ဘုရားသခင္ ေျဖၾကားေပးသည့္နည္းလမ္းတို႔ကို ေစာင့္ၾကည့္ေနပါ။ ဘုရားသခင္သည္ ယုံၾကည္စိတ္ခ်ရၿပီး ဘယ္လိုအေျခအေနျဖစ္ျဖစ္ ကိုယ္ေတာ္အား အားကိုးႏိုင္ေၾကာင္း သင္ယုံၾကည္ဖို႔ရန္ ေလ့လာသင္ယူရပါလိမ့္မည္။
ဆင္ျခင္ရန္
- သင္ကိုယ္တိုင္ (သို႔) ဘုရားသခင္ႏွင့္ပတ္သက္ၿပီး မည့္သည့္အရာက ဘုရားအကူအညီေတာင္းခံျခင္းကို တားဆီးပါသနည္း။
- ဘုရားသခင္သည္ သင္၏ ယုံၾကည္ျခင္းႏွင့္ ထိုယုံၾကည္ျခင္းကို စမ္းသပ္သည့္ အဓိက နည္းလမ္းမ်ားထဲမွ တစ္ခုမွာ သင္၏ ဘ႑ာေရးမွ တစ္ဆင့္ ျဖစ္ပါတယ္။ ဒါက ဘာေၾကာင့္လို ထင္ပါသနည္း။
- ယေန႔တြင္ သင္ဘာအကူအညီ လိုေနပါသနည္း။ သင့္အတြက္ ဘုရားသခင္ လုပ္ေဆာင္ေပးခဲ့တဲ့အရာေတြအတြက္ ေက်းဇူးတင္ေၾကာင္း ေဖာ္ျပျခင္းျဖင့္ စတင္ပါ။ ၿပီးေနာက္ ဘုရား၏ အကူအညီကို ေတာင္းခံလိုက္ပါ။