Unicode Version
မပြောင်းလဲသောအရာကို အာရုံစိုက်ပါ။
ဟေရှာယအနာဂတ္တိကျမ်း ၄၃း၂ "သင်သည် ရေကို ရှောက်သွားသောအခါ၊ သင်နှင့်အတူ ငါရှိ၏။ မြစ်တို့ကို ရှောက်သွားသောအခါ၊ မနစ်မမွန်းရ။ မီးကို ချင်းနင်းသောအခါလည်း မလောင်ရ။ မီးလျှံလည်း မညိရ။"
ဘေးပတ်ဝန်းကျင်ရှိ အရာတိုင်းတို့ မသေချာ မရေရာနဲ့ အချိန်မှာ တည်ငြိမ်မှု၏ သော့ချက်မှာ မပြောင်းလဲနိုင်သော အမှန်တရားကို အာရုံစိုက်ဖို့ ဖြစ်ပါတယ်။ ဘယ်သောအခါမှာ မပြောင်းလဲတဲ့အရာဖြစ်တဲ့ ဘုရားသခင်၏ နှုတ်ကပတ်တော် နှင့် ဘုရားသခင်၏ စရိုက်လက္ခဏာ ကို အာရုံစိုက်ဖို့ရန် လိုအပ်ပါတယ်။
မသေချာ မရေရာတဲ့ အချိန်ကာလတွင် သင့်ကိုယ်သင် ပြောရန် လိုအပ်သော မပြောင်းလဲသော အမှန်တရား တစ်ချို့ကိုမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
သင်ဖြတ်သန်းနေရသမျှကို ဘုရားသခင် သိပါတယ်။ "ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့နှင့် ကရုဏာတော်ကို ခိုလှုံသောသူတို့သည်၊သေဘေးနှင့် ကင်းလွတ်မည်အကြောင်း၊ အစာ ခေါင်းပါးသည် ကာလ၌ အသက်ရှင်မည်အကြောင်း၊ သူတို့ကိုကြည့်ရှုလျက် ရှိတော်မူ၏။" ဆာလံကျမ်း ၃၃း၁၈
သင်ဖြတ်သန်းနေရသမျှကို ဘုရားသခင် ဂရုပြုပါတယ်။ "ငါမူကား၊ ထာဝရဘုရားကို မြော်လင့်မည်။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို ငါခိုလှုံမည်။ ငါ၏ဘုရားသခင်သည် ငါ့စကားကို နားထောင်တော် မူမည်။" မိက္ခာအနာဂတ္တိကျမ်း ၇း၇
သင်ဖြတ်သန်းနေရသည့်အရာကို ပြောင်းလဲဖို့ရန် ဘုရားသခင်၌ တတ်နိုင်စွမ်းတန်ခိုးရှိပါတယ်။ "တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။" ရှင်မဿဲခရစ်ဝင်ကျမ်း ၇း၇
ဘုရားသခင်သည် သင့်အပေါ်၌ သူ၏ ကောင်းမြတ်ခြင်းကို အစဉ်အမြဲ ပြုတော်မူသည်။ "ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။" ရောမဩဝါဒစာ ၈း၂၈
ဘုရားသခင်၏ အကြံအစည်သည် သင်၏ အကြံအစည်ထက် အမြဲ ပိုကောင်းပါတယ်။ "တဖန်မိန့်တော်မူသည်ကား၊ ငါသည် သင်တို့ကိုအကျိုးနည်းစေခြင်းငှာ ကြံစည်သော အကြံမဟုတ်ဘဲ၊ သင်တို့သည် မြော်လင့်သော အကျိုးကိုရမည်အကြောင်း၊ ငြိမ်ဝပ်စေခြင်းငှာသာ၊ သင်တို့အဘို့ ကြံစည်သော အကြံတို့ကို ငါသိ၏။" ယေရမိအနာဂတ္တိကျမ်း ၂၉း၁၁
ဘုရားသခင်သည် သင့်အပေါ်ထားရှိသော ချစ်ခြင်းမေတ္တာကို ဘယ်တော့မှ မရပ်တန့်ပစ်ပါ။ "တောင်ကြီးတို့သည် ရွေ့၍၊ တောင်ငယ်တို့သည် လှုပ်ရှားသော်လည်း၊ ငါ၏မေတ္တာသည် သင်မှ မရွေ့ရ။ ငါ၏ငြိမ်သက်ခြင်း ပဋိညာဉ်လည်း မလှုပ်ရှားရဟု သင်၌ သနားခြင်းကရုဏာစိတ်ရှိတော်မူသော ထာဝရဘုရား မိန့်တော်မူ၏။" ဟေရှာယ အနာဂတ္တိကျမ်း ၅၄း၁၀
သင်သည် သခင်ယေရှုခရစ်တော်ကို ယုံကြည်ကိုးစားပြီးသည်နှင့် တစ်ပြိုင်နက် သင်၏ ကယ်တင်ခြင်းကို ဆုံးရှုံးနိုင်မည် မဟုတ်ပါ။ "ထိုအကြောင်းကြောင့် ဤဆင်းရဲဒုက္ခကို ငါခံရ၏။ သို့သော်လည်း ရှက်ကြောက်ခြင်းမရှိ။ အဘယ်သူကို ငါယုံကြည်သည်ဟု ငါသိ၏။ သူ၌ငါအပ်ထားသောအရာကိုလည်း၊ ထိုနေ့ရက်တိုင်အောင် စောင့်နိုင် တော်မူသည်ဟု ငါသဘောကျ၏။" ၂တိ ၁း၁၂
ဘယ်အရာမျိုးကိုမဆို သင်ရင်ဆိုင်နေရလည်း ဘုရားသခင် သင်နှင့်အတူ ရှိနေပါတယ်။ "သင်သည် ရေကို ရှောက်သွားသောအခါ၊ သင်နှင့်အတူ ငါရှိ၏။ မြစ်တို့ကို ရှောက်သွားသောအခါ၊ မနစ်မမွန်းရ။ မီးကို ချင်းနင်းသောအခါလည်း မလောင် ရ။ မီးလျှံလည်း မညိရ။" ဟေရှာယ အနာဂတ္တိကျမ်း ၄၃း၂
သင်၏ ကြောက်ရွံ့မှုတို့ကို ဆုတောင်းခြင်းအားဖြင့် အစားထိုးဖို့ရန် ၊ သင်၏ စိုးရိမ်မှုတို့ကို ကိုးကွယ်ခြင်းအားဖြင့် အစားထိုးဖို့ရန် ဆိုရှယ်မီဒီယာနှင့် သတင်းများ ၊ တခြားသောသူများ ပြောဆိုနေသည့်အရာတို့ပေါ် အာရုံစိုက်ခြင်းကို လျော့ချပြီး ဘုရားသခင်၏ မပြောင်းလဲသော သမ္မာတရားပေါ် ပိုမိုအာရုံစိုက်လိုက်ပါ။
------------------------------------------------------------
Zawgyi Version
မေျပာင္းလဲေသာအရာကို အာ႐ုံစိုက္ပါ။
ေဟရွာယအနာဂတၱိက်မ္း ၄၃း၂ "သင္သည္ ေရကို ေရွာက္သြားေသာအခါ၊ သင္ႏွင့္အတူ ငါရွိ၏။ ျမစ္တို႔ကို ေရွာက္သြားေသာအခါ၊ မနစ္မမြန္းရ။ မီးကို ခ်င္းနင္းေသာအခါလည္း မေလာင္ရ။ မီးလွ်ံလည္း မညိရ။"
ေဘးပတ္ဝန္းက်င္ရွိ အရာတိုင္းတို႔ မေသခ်ာ မေရရာနဲ႔ အခ်ိန္မွာ တည္ၿငိမ္မႈ၏ ေသာ့ခ်က္မွာ မေျပာင္းလဲႏိုင္ေသာ အမွန္တရားကို အာ႐ုံစိုက္ဖို႔ ျဖစ္ပါတယ္။ ဘယ္ေသာအခါမွာ မေျပာင္းလဲတဲ့အရာျဖစ္တဲ့ ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ ႏွင့္ ဘုရားသခင္၏ စ႐ိုက္လကၡဏာ ကို အာ႐ုံစိုက္ဖို႔ရန္ လိုအပ္ပါတယ္။
မေသခ်ာ မေရရာတဲ့ အခ်ိန္ကာလတြင္ သင့္ကိုယ္သင္ ေျပာရန္ လိုအပ္ေသာ မေျပာင္းလဲေသာ အမွန္တရား တစ္ခ်ိဳ႕ကိုမွာ ေအာက္ပါအတိုင္းျဖစ္ပါတယ္။
သင္ျဖတ္သန္းေနရသမွ်ကို ဘုရားသခင္ သိပါတယ္။ "ထာဝရဘုရားကို ေၾကာက္႐ြံ႕ေသာ သူတို႔ႏွင့္ က႐ုဏာေတာ္ကို ခိုလႈံေသာသူတို႔သည္၊ေသေဘးႏွင့္ ကင္းလြတ္မည္အေၾကာင္း၊ အစာ ေခါင္းပါးသည္ ကာလ၌ အသက္ရွင္မည္အေၾကာင္း၊ သူတို႔ကိုၾကည့္ရႈလ်က္ ရွိေတာ္မူ၏။" ဆာလံက်မ္း ၃၃း၁၈
သင္ျဖတ္သန္းေနရသမွ်ကို ဘုရားသခင္ ဂ႐ုျပဳပါတယ္။ "ငါမူကား၊ ထာဝရဘုရားကို ေျမာ္လင့္မည္။ ငါ့ကို ကယ္တင္ေတာ္မူေသာ ဘုရားသခင္ကို ငါခိုလႈံမည္။ ငါ၏ဘုရားသခင္သည္ ငါ့စကားကို နားေထာင္ေတာ္ မူမည္။" မိကၡာအနာဂတၱိက်မ္း ရး၇
သင္ျဖတ္သန္းေနရသည့္အရာကို ေျပာင္းလဲဖို႔ရန္ ဘုရားသခင္၌ တတ္ႏိုင္စြမ္းတန္ခိုးရွိပါတယ္။ "ေတာင္းၾကေလာ့။ ေတာင္းလွ်င္ရမည္။ ရွာၾကေလာ့။ ရွာလွ်င္ေတြ႕မည္။ တံခါးကိုေခါက္ၾကေလာ့။ ေခါက္လွ်င္ဖြင့္မည္။" ရွင္မႆဲခရစ္ဝင္က်မ္း ရး၇
ဘုရားသခင္သည္ သင့္အေပၚ၌ သူ၏ ေကာင္းျမတ္ျခင္းကို အစဥ္အၿမဲ ျပဳေတာ္မူသည္။ "ဘုရားသခင္ကို ခ်စ္ေသာသူတည္းဟူေသာ ႀကံစည္ေတာ္မူျခင္းအတိုင္း ေခၚေတာ္မူေသာသူတို႔၏ အက်ိဳးကို ခပ္သိမ္းေသာအရာတို႔သည္ တညီတၫြတ္တည္း ျပဳစုၾကသည္ကို ငါတို႔သိၾက၏။" ေရာမဩဝါဒစာ ၈း၂၈
ဘုရားသခင္၏ အႀကံအစည္သည္ သင္၏ အႀကံအစည္ထက္ အၿမဲ ပိုေကာင္းပါတယ္။ "တဖန္မိန္႔ေတာ္မူသည္ကား၊ ငါသည္ သင္တို႔ကိုအက်ိဳးနည္းေစျခင္းငွာ ႀကံစည္ေသာ အႀကံမဟုတ္ဘဲ၊ သင္တို႔သည္ ေျမာ္လင့္ေသာ အက်ိဳးကိုရမည္အေၾကာင္း၊ ၿငိမ္ဝပ္ေစျခင္းငွာသာ၊ သင္တို႔အဘို႔ ႀကံစည္ေသာ အႀကံတို႔ကို ငါသိ၏။" ေယရမိအနာဂတၱိက်မ္း ၂၉း၁၁
ဘုရားသခင္သည္ သင့္အေပၚထားရွိေသာ ခ်စ္ျခင္းေမတၱာကို ဘယ္ေတာ့မွ မရပ္တန႔္ပစ္ပါ။ "ေတာင္ႀကီးတို႔သည္ ေ႐ြ႕၍၊ ေတာင္ငယ္တို႔သည္ လႈပ္ရွားေသာ္လည္း၊ ငါ၏ေမတၱာသည္ သင္မွ မေ႐ြ႕ရ။ ငါ၏ၿငိမ္သက္ျခင္း ပဋိညာဥ္လည္း မလႈပ္ရွားရဟု သင္၌ သနားျခင္းက႐ုဏာစိတ္ရွိေတာ္မူေသာ ထာဝရဘုရား မိန္႔ေတာ္မူ၏။" ေဟရွာယ အနာဂတၱိက်မ္း ၅၄း၁၀
သင္သည္ သခင္ေယရႈခရစ္ေတာ္ကို ယုံၾကည္ကိုးစားၿပီးသည္ႏွင့္ တစ္ၿပိဳင္နက္ သင္၏ ကယ္တင္ျခင္းကို ဆုံးရႈံးႏိုင္မည္ မဟုတ္ပါ။ "ထိုအေၾကာင္းေၾကာင့္ ဤဆင္းရဲဒုကၡကို ငါခံရ၏။ သို႔ေသာ္လည္း ရွက္ေၾကာက္ျခင္းမရွိ။ အဘယ္သူကို ငါယုံၾကည္သည္ဟု ငါသိ၏။ သူ၌ငါအပ္ထားေသာအရာကိုလည္း၊ ထိုေန႔ရက္တိုင္ေအာင္ ေစာင့္ႏိုင္ ေတာ္မူသည္ဟု ငါသေဘာက်၏။" ၂တိ ၁း၁၂
ဘယ္အရာမ်ိဳးကိုမဆို သင္ရင္ဆိုင္ေနရလည္း ဘုရားသခင္ သင္ႏွင့္အတူ ရွိေနပါတယ္။ "သင္သည္ ေရကို ေရွာက္သြားေသာအခါ၊ သင္ႏွင့္အတူ ငါရွိ၏။ ျမစ္တို႔ကို ေရွာက္သြားေသာအခါ၊ မနစ္မမြန္းရ။ မီးကို ခ်င္းနင္းေသာအခါလည္း မေလာင္ ရ။ မီးလွ်ံလည္း မညိရ။" ေဟရွာယ အနာဂတၱိက်မ္း ၄၃း၂
သင္၏ ေၾကာက္႐ြံ႕မႈတို႔ကို ဆုေတာင္းျခင္းအားျဖင့္ အစားထိုးဖို႔ရန္ ၊ သင္၏ စိုးရိမ္မႈတို႔ကို ကိုးကြယ္ျခင္းအားျဖင့္ အစားထိုးဖို႔ရန္ ဆိုရွယ္မီဒီယာႏွင့္ သတင္းမ်ား ၊ တျခားေသာသူမ်ား ေျပာဆိုေနသည့္အရာတို႔ေပၚ အာ႐ုံစိုက္ျခင္းကို ေလ်ာ့ခ်ၿပီး ဘုရားသခင္၏ မေျပာင္းလဲေသာ သမၼာတရားေပၚ ပိုမိုအာ႐ုံစိုက္လိုက္ပါ။