Exchange Your Restlessness for God’s Peace
 Unicode Version
ဘုရားသခင်၌ ငြိမ်သက်ခြင်းအတွက် သင်၏မငြိမ်မသက်ဖြစ်မှုကို လဲလှယ်လိုက်ပါ။
ဆာလံကျမ်း ၁၂၇း၂ "စောစောထလျက်၊ ညဉ့်နက်သည်တိုင်အောင် မအိပ်ဘဲနေလျက်၊ ပင်ပန်းစွာ အစာစားလျက်နေသော် လည်း အကျိုးမရှိ။ အိပ်ပျော်ရသော အခွင့်ကို ချစ်တော်မူ သော သူအားအမှန်ပေးတော်မူ၏။" 
သိုးတွေသည် လဲလျောင်းရခြင်း ၊ ကို မနှစ်သက်ဘူးဆိုတာ သင်သိပါသလား။ လူတွေသည်လည်း ထိုနည်း၎င်းပင် ဖြစ်ပါတယ်။ သို့ပေမဲ့ သင်က အရှိန်လျော့စေဖို့ရန် ရွေးချယ်မှု မပြုပါလျှင် ဘုရားသခင်က သင့်ကို လဲ လျောင်းစေမှာ ဖြစ်ပါတယ်။
ဘုရားသခင်နည်းလမ်းအတိုင် အသက်တာကို အသက်ရှင်ခြင်းဆိုသည်မှာ အနားယူဖို့ အချိန်ယူခြင်းကို ဆိုလိုပါတယ်။ ၎င်းသည် အသက်ရှင်နေထိုင်ဖို့ရန် မှန်ကန်သော နည်းလမ်းတစ်ခုဖြစ်သည်သာမက ကျန်းမာစွာနေထိုင်ဖို့ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ 
ဆာလံကျမ်း ၁၂၇း၂ တွင် ဆိုထားသည်မှာ "စောစောထလျက်၊ ညဉ့်နက်သည်တိုင်အောင် မအိပ်ဘဲနေလျက်၊ ပင်ပန်းစွာ အစာစားလျက်နေသော် လည်း အကျိုးမရှိ။ အိပ်ပျော်ရသော အခွင့်ကို ချစ်တော်မူ သော သူအားအမှန်ပေးတော်မူ၏။" 
ဘုရားသခင်က သင်၌ ဖြစ်ဟန်ရှိတဲ့ ခြေဦးတည့်ရာသွားခြင်း ၊ ယောင်ချာချာဖြစ်ခြင်း ၊ သွေလွှဲခြင်းတို့ကို စွန့်လွှတ်စေချင်တာ ဖြစ်ပါတယ်။ မငြိမ်မသက်ဖြစ်ခြင်းက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု ၊ စိတ်ခံစားမှုနှင့် ဝိညာဉ်ရေးဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုဆီသို့ ဦးတည်စေပါတယ်။ နောက်ဆုံးနှစ်ခုကို ကုသဖို့ရန် အိမ်စက်ခြင်းထက် ပိုလိုအပ်ပါတယ်။ 
ဘုရားသခင်၏ ဟေဗြဲအမည်များအနက် တစ်ခုမှာ ယေဟေဝါရှလုံ ဖြစ်ပြီး "ငါသည် ငြိမ်သက်ခြင်း၏ ဘုရားသခင်ဖြစ်သည်" ဟု အဓိပ္ပါယ်ရပါတယ်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၄း၂၇ တွင် သခင်ယေရှု ဆိုထားသည်မှာ "ငြိမ်သက်ခြင်းကို သင်တို့၌ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်းမရှိစေနှင့်။"
သင့်အား ဘုရားသခင်က ငြိမ်သက်ခြင်းလက်ဆောင်ကို ပေးနေတယ်လို့ဆိုပါလျှင် ၎င်းသည် သင် တစ်စုံတစ်ခုကို လုပ်ဆောင်ဖို့ရန်အတွက် မဟုတ်ပါ။ သင်ထိုက်တန်လို့နေလို့လည်း မဟုတ်ပါ။ သင်တောင်းဆိုသည့်အရာလည်း မဟုတ်ပါ။ ၎င်းသည် သင်လက်ခံဖို့ရန် ရွေးချယ်မှုပြုသင့်သော ရိုးရှင်းသော လက်ဆောင်တစ်ခု ဖြစ်ပြီး ယနေ့တွင် သင့်အတွက် ရှိနေပါတယ်။ 
၎င်းကို သခင်ယေရှုပြောထားတဲ့ စကားရပ်တစ်ခုတွင် "ဝန်လေး၍ ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။ ငါ့ထမ်းဘိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ် သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည်။ အကြောင်းမူကား၊ ငါ့ထမ်းဘိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏ဟု မိန့်တော်မူ၏။"
 သူ့နောက်လိုက်ပါလျှင် သင်၏ဝန်ကို ပေါ့စေမည်လို့ သခင်ယေရှုပြောထားပါတယ်။ သခင်ယေရှု၏ ကတိတော်ပေါ် သင်ယုံကြည်စိတ်ချနိုင်ပါတယ်။ 
ဆင်ခြင်ရန်
- သင်၌ ဘုရားသခင်၏ ငြိမ်သက်ခြင်း ရှိခြင်းသည် လောက အသက်တာ ပြသနာကင်းစင်သွားစေတယ်လို့ မဆိုလိုပါဘူး။ အခက်အခဲ ပြသနာကြားတွင် ငြိမ်သက်ခြင်းရဖို့ရန် ဘယ်လိုဖြစ်နိုင်ပါသနည်း။
- တစ်ရေးတစ်မောအိပ်စက်ခြင်းသည် ယနေ့သင် လုပ်ဆောင်နိုင်သော ဝိညာဉ်ရေးရာ ဖြစ်နိုင်ပါတယ်။ ခဏတာ အိပ်စက်ခြင်းဖြစ်လျှင်တောင် လိုအပ်သော အနားယူမှုကို သင်မရယူနိုင်အောင် မည်သည့်အရာက တာဆီးနေပါသနည်း။
- စိတ်ဖိစီးနေမည့်အစား ကျန်းမာစွာဖြင့် နေထိုင်နိုင်ဖို့ရန် မည်သည့်အရာက သင့်ကိုဝန်ပိစေကြောင်းကို ဘုရားသခင်ထံ ဝန်ခံလိုက်ပါ။
----------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်