What Do You Have That God Hasn’t Given You?

 Unicode Version

ဘုရားသခင် သင့်အား မပေးထားသောအရာ သင်၌ ရှိပါသလား။

ကောရိန္သုဩဝါဒစာပဌစောင်  ၄း၇ “သူတပါးလက်မှ မခံမယူဘဲ အလိုအလျောက် ရသော အရာတစုံတခုမျှ သင်၌ရှိ သလော။ သူတပါးလက်မှ ခံယူသည်မှန်လျှင်၊ မခံမယူသကဲ့သို့ အဘယ်ကြောင့် ဝါကြွားသနည်း။

ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို ယုံကြည်ခြင်းက အသက်တာ တွေ့ကြုံရင်ဆိုင်ရတဲ့ ခက်ခဲမှုပြသနာတို့ကို မည်သို့ အကူအညီပေးသလဲဆိုတဲ့အကြောင်းကို ကျွန်ုပ်တို့ မနေ့က ဆွေးနွေးပြီးဖြစ်ပါတယ်။

သို့ပေမဲ့ ဘုရားသခင်ဆီမှလာတဲ့ ကောင်းမြတ်ခြင်းကို မေ့လျော့ပြီး အသက်တာတွင် ရရှိခံစားရတဲ့ ကောင်းသော အရာတွေအကြောင်းကို သင်စတင်စဉ်းစားတဲ့အခါ ဘာတွေဖြစ်မလဲ။

 

ရှင်လုကာခရစ်ဝင်ကျမ်း ၁၂ တွင် အလွန်အောင်မြင်သောသူ၏ ကြွယ်ဝမှုအတွက် ဘုရားသခင်ကို ဂုဏ်တော်ချီးမွမ်း ခြင်းမရှိသည့် သူဌေးတစ်ဦးအကြောင်းကို သခင်ယေရှု ပုံဥပမာပြ ပြောထားပါတယ်။ ဘုရားသခင်က ထိုသူဌေးကို “အသင်လူမိုက်..သင်ယခုညပင် အသက်သေလိမ့်မည်။ သင်လုပ်ဆောင် သမျှသောအရာအားလုံးအတွက် ဘယ်သူပိုင်ဆိုင်မလဲ” လို့ပြောပါတယ်။ သခင်ယေရှုက ထိုဥပမာကို လုကာ ၁၂း၂၀-၂၁ တွင် အဆုံးသတ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ “ထိုသို့ အကြံရှိစဉ်တွင် ဘုရားသခင်က၊ အချင်းလူမိုက်၊ ယနေ့ညဉ့်ပင် သင်၏ဝိညာဉ်ကို ရုပ်သိမ်း ရာ အချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင်သို ထားသော ဥစ္စာကို အဘယ်သူပိုင်မည်နည်းဟု သူဌေး အား မိန့်တော်မူ၏။ ထိုအတူ ကိုယ်အဘို့ ဘဏ္ဍာများ ကိုဆည်းဖူး၍၊ ဘုရားသခင်ရှေ့တော်၌ ဆင်းရဲသောသူ မည်သည်ကား၊ ထိုသူဌေးနှင့်တူသည်ဟု မိန့်တော်မူ၏။

၎င်းသည် သတိထားစရာ အချက်ဖြစ်ပါတယ်။

ကျေးဇူးမသိတတ်ခြင်း သဘောသည် စာတန်ကို ကောင်းကင်ဘုံမှ နှင်ထုတ်ခြင်းဆိုတဲ့ အပြစ်မျိုးဖြစ်ပြီး ၎င်းသည် အပြစ်အားလုံးတို့၏ အရင်းအမြစ် ဖြစ်ပါတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ခြင်းကို ရပ်တန့်လိုက်တဲ့အခါတွင် ပြသနာ တွေ့ကြုံရမည် ဖြစ်သည်။ ရောမ ၁း၂၁ “အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို သိလျက်ပင်၊ ဘုရားသခင်ကိုချီးမွမ်းသင့်သည် အတိုင်း မချီးမွမ်းကျေးဇူးတော်ကိုလည်း မသိမမှတ်၊ အချည်းနှီး တွေးဆခြင်း၊ သတိမရှိသောစိတ်နှလုံးကို မိုက်မဲခြင်းသို့ ရောက်ကြ၏။

တစ်ချို့သော ကိုယ်ကျိုးရှာသူတို့၏ ပြသနာမှာ မိမိကိုယ်ကို ကိုးကွယ်ခြင်းမှ အဆုံးသတ်သွားပါတယ်။ သူတို့တွေးထင်တာက “ခဏစောင့်ပါအုံး.. ဤစီးပွားရေးကို လက်ဗလာနဲ့ တည်ဆောက်ထားတာပါ”။ ဒါဆု ထိုလက်တို့ကို မည်သူပေးထားပါသနည်း။ ထိုသူပြန်ပြောသည်မှာ “ဤလုပ်ငန်းအစီအစဉ်တွေကို ငါတစ်ယောက် တည်း စီရင်ဆုံးဖြတ်ခဲ့တာပါ”။ ဒါဆို ထိုစိတ်ကူးကို ဘယ်သူပေးသနည်း။ ထိုသူက “ယနေ့ ရောက်နေတဲ့ နေရာကို  ကျွန်တော့ချွေးတို့ဖြင့် ရင်းခဲ့ရတာပါ”။ ဒါဆို ဒီလောက် ပြင်းပြင်းထန်ထန် လုပ်နိုင်တဲ့ အရည်အချင်းကို ဘယ်သူပေးသနည်း။

သမ္မာကျမ်းစာက ဤသို့ မေးထားပါတယ်။ ကောရိန္သုဩဝါဒစာပဌစောင်  ၄း၇ “သူတပါးလက်မှ မခံမယူဘဲ အလိုအလျောက် ရသော အရာတစုံတခုမျှ သင်၌ရှိသလော။ သူတပါးလက်မှ ခံယူသည်မှန်လျှင်၊ မခံမယူသကဲ့သို့ အဘယ်ကြောင့် ဝါကြွားသနည်း။

သင့်အသက်တာတွင် ရရှိခံစားရသော အရာအားလုံး - မြင်နိုင်စွမ်း ၊ ကြားနိုင်စွမ်း ၊ စားသောက်နိုင်စွမ်း ၊ လွှတ်လပ်ခြင်း နှင့် တွေးခေါ်ခြင်း တို့သည် ဘုရားသခင်စီမှ ပေးဆောင်စရာတွေ ဖြစ်ပါတယ်။ ဘုရားသခင်၏ ကောင်းမြတ်ခြင်းသာ မဟုတ်ခဲ့လျှင် နောက်ထပ် တစ်ချက်အသက်ရှူဖို့တောင် မစွမ်းဆောင်နိုင်ပါ။

ကျေးဇူးသိတတ်ခြင်းသည် ဘုရားမဲ့ဝါဒီ၏ တစ်ခုသော အရင်းအမြစ်ဖြစ်ပြီး ကျေးဇူးမသိဘူးဆိုလျှင် ဘုရားသခင်ပြုသောအရာကို သင်ငြင်းပယ်ခြင်း ဖြစ်ပါတယ်။ ၎င်းသည် ဘုရားသခင် တည်ရှိခြင်းကိုတောင် ငြင်းပယ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။

သင်ကြည့်လိုက်တဲ့ နေရာတိုင်းမှာ ဘုရားသခင်၏ မျက်မှောက်တော်ကို တွေ့မြင်နိုင်ခြင်းက အမှန်တရား ဖြစ်ပါတယ်။ ရောမဩဝါဒစာ ၁း၂၀ “အဘယ်သို့နည်းဟူမူကား၊ ဖန်ဆင်းတော်မူသော အရာများကို ထောက်ရှုသဖြင့်၊ ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏ အရာတို့သည် ကမ္ဘာတည် သည်ကာလမှ စ၍ ထင်ရှားလျက်ရှိကြ၏။ ထိုကြောင့်သူတို့သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာ။

ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို သင်စတင် သံသယဖြစ်တဲ့အခါ တံခါးအပြင်ဘက်သို့ ထွက်ပြီး ကြည့်ရှုလိုက်ပါ။ ဘုရားသခင်၏ ဖန်းဆင်းခြင်းအရာတွေအားဖြင့် ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို သင်တွေ့မြင်နိုင်ပါတယ်။

------------------------------------------------------------------

Zawgyi Version

ဘုရားသခင္ သင့္အား မေပးထားေသာအရာ သင္၌ ရွိပါသလား။

ေကာရိႏ္သဳဩဝါဒစာပဌေစာင္  ၄း၇ “သူတပါးလက္မွ မခံမယူဘဲ အလိုအေလ်ာက္ ရေသာ အရာတစုံတခုမွ် သင္၌ရွိ သေလာ။ သူတပါးလက္မွ ခံယူသည္မွန္လွ်င္၊ မခံမယူသကဲ့သို႔ အဘယ္ေၾကာင့္ ဝါႂကြားသနည္း။”

ဘုရားသခင္၏ ေကာင္းျမတ္ျခင္းကို ယုံၾကည္ျခင္းက အသက္တာ ေတြ႕ႀကဳံရင္ဆိုင္ရတဲ့ ခက္ခဲမႈျပသနာတို႔ကို မည္သို႔ အကူအညီေပးသလဲဆိုတဲ့အေၾကာင္းကို ကြၽႏ္ုပ္တို႔ မေန႔က ေဆြးေႏြးၿပီးျဖစ္ပါတယ္။

သို႔ေပမဲ့ ဘုရားသခင္ဆီမွလာတဲ့ ေကာင္းျမတ္ျခင္းကို ေမ့ေလ်ာ့ၿပီး အသက္တာတြင္ ရရွိခံစားရတဲ့ ေကာင္းေသာ အရာေတြအေၾကာင္းကို သင္စတင္စဥ္းစားတဲ့အခါ ဘာေတြျဖစ္မလဲ။


ရွင္လုကာခရစ္ဝင္က်မ္း ၁၂ တြင္ အလြန္ေအာင္ျမင္ေသာသူ၏ ႂကြယ္ဝမႈအတြက္ ဘုရားသခင္ကို ဂုဏ္ေတာ္ခ်ီးမြမ္း ျခင္းမရွိသည့္ သူေဌးတစ္ဦးအေၾကာင္းကို သခင္ေယရႈ ပုံဥပမာျပ ေျပာထားပါတယ္။ ဘုရားသခင္က ထိုသူေဌးကို “အသင္လူမိုက္..သင္ယခုညပင္ အသက္ေသလိမ့္မည္။ သင္လုပ္ေဆာင္ သမွ်ေသာအရာအားလုံးအတြက္ ဘယ္သူပိုင္ဆိုင္မလဲ” လို႔ေျပာပါတယ္။ သခင္ေယရႈက ထိုဥပမာကို လုကာ ၁၂း၂၀-၂၁ တြင္ အဆုံးသတ္ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။ “ထိုသို႔ အႀကံရွိစဥ္တြင္ ဘုရားသခင္က၊ အခ်င္းလူမိုက္၊ ယေန႔ညဥ့္ပင္ သင္၏ဝိညာဥ္ကို ႐ုပ္သိမ္း ရာ အခ်ိန္ေရာက္လိမ့္မည္။ သို႔ျဖစ္၍ သင္သည္ ျပင္ဆင္သို ထားေသာ ဥစၥာကို အဘယ္သူပိုင္မည္နည္းဟု သူေဌး အား မိန္႔ေတာ္မူ၏။ ထိုအတူ ကိုယ္အဘို႔ ဘ႑ာမ်ား ကိုဆည္းဖူး၍၊ ဘုရားသခင္ေရွ႕ေတာ္၌ ဆင္းရဲေသာသူ မည္သည္ကား၊ ထိုသူေဌးႏွင့္တူသည္ဟု မိန္႔ေတာ္မူ၏။”

၎သည္ သတိထားစရာ အခ်က္ျဖစ္ပါတယ္။

ေက်းဇူးမသိတတ္ျခင္း သေဘာသည္ စာတန္ကို ေကာင္းကင္ဘုံမွ ႏွင္ထုတ္ျခင္းဆိုတဲ့ အျပစ္မ်ိဳးျဖစ္ၿပီး ၎သည္ အျပစ္အားလုံးတို႔၏ အရင္းအျမစ္ ျဖစ္ပါတယ္။ ဘုရားသခင္ကို ေက်းဇူးတင္ျခင္းကို ရပ္တန႔္လိုက္တဲ့အခါတြင္ ျပသနာ ေတြ႕ႀကဳံရမည္ ျဖစ္သည္။ ေရာမ ၁း၂၁ “အေၾကာင္းမူကား၊ ထိုသူတို႔သည္ ဘုရားသခင္ကို သိလ်က္ပင္၊ ဘုရားသခင္ကိုခ်ီးမြမ္းသင့္သည္ အတိုင္း မခ်ီးမြမ္းေက်းဇူးေတာ္ကိုလည္း မသိမမွတ္၊ အခ်ည္းႏွီး ေတြးဆျခင္း၊ သတိမရွိေသာစိတ္ႏွလုံးကို မိုက္မဲျခင္းသို႔ ေရာက္ၾက၏။”

တစ္ခ်ိဳ႕ေသာ ကိုယ္က်ိဳးရွာသူတို႔၏ ျပသနာမွာ မိမိကိုယ္ကို ကိုးကြယ္ျခင္းမွ အဆုံးသတ္သြားပါတယ္။ သူတို႔ေတြးထင္တာက “ခဏေစာင့္ပါအုံး.. ဤစီးပြားေရးကို လက္ဗလာနဲ႔ တည္ေဆာက္ထားတာပါ”။ ဒါဆု ထိုလက္တို႔ကို မည္သူေပးထားပါသနည္း။ ထိုသူျပန္ေျပာသည္မွာ “ဤလုပ္ငန္းအစီအစဥ္ေတြကို ငါတစ္ေယာက္ တည္း စီရင္ဆုံးျဖတ္ခဲ့တာပါ”။ ဒါဆို ထိုစိတ္ကူးကို ဘယ္သူေပးသနည္း။ ထိုသူက “ယေန႔ ေရာက္ေနတဲ့ ေနရာကို  ကြၽန္ေတာ့ေခြၽးတို႔ျဖင့္ ရင္းခဲ့ရတာပါ”။ ဒါဆို ဒီေလာက္ ျပင္းျပင္းထန္ထန္ လုပ္ႏိုင္တဲ့ အရည္အခ်င္းကို ဘယ္သူေပးသနည္း။

သမၼာက်မ္းစာက ဤသို႔ ေမးထားပါတယ္။ ေကာရိႏ္သဳဩဝါဒစာပဌေစာင္  ၄း၇ “သူတပါးလက္မွ မခံမယူဘဲ အလိုအေလ်ာက္ ရေသာ အရာတစုံတခုမွ် သင္၌ရွိသေလာ။ သူတပါးလက္မွ ခံယူသည္မွန္လွ်င္၊ မခံမယူသကဲ့သို႔ အဘယ္ေၾကာင့္ ဝါႂကြားသနည္း။”

သင့္အသက္တာတြင္ ရရွိခံစားရေသာ အရာအားလုံး - ျမင္ႏိုင္စြမ္း ၊ ၾကားႏိုင္စြမ္း ၊ စားေသာက္ႏိုင္စြမ္း ၊ လႊတ္လပ္ျခင္း ႏွင့္ ေတြးေခၚျခင္း တို႔သည္ ဘုရားသခင္စီမွ ေပးေဆာင္စရာေတြ ျဖစ္ပါတယ္။ ဘုရားသခင္၏ ေကာင္းျမတ္ျခင္းသာ မဟုတ္ခဲ့လွ်င္ ေနာက္ထပ္ တစ္ခ်က္အသက္ရႉဖို႔ေတာင္ မစြမ္းေဆာင္ႏိုင္ပါ။

ေက်းဇူးသိတတ္ျခင္းသည္ ဘုရားမဲ့ဝါဒီ၏ တစ္ခုေသာ အရင္းအျမစ္ျဖစ္ၿပီး ေက်းဇူးမသိဘူးဆိုလွ်င္ ဘုရားသခင္ျပဳေသာအရာကို သင္ျငင္းပယ္ျခင္း ျဖစ္ပါတယ္။ ၎သည္ ဘုရားသခင္ တည္ရွိျခင္းကိုေတာင္ ျငင္းပယ္တဲ့ အရာတစ္ခုျဖစ္ပါတယ္။

သင္ၾကည့္လိုက္တဲ့ ေနရာတိုင္းမွာ ဘုရားသခင္၏ မ်က္ေမွာက္ေတာ္ကို ေတြ႕ျမင္ႏိုင္ျခင္းက အမွန္တရား ျဖစ္ပါတယ္။ ေရာမဩဝါဒစာ ၁း၂၀ “အဘယ္သို႔နည္းဟူမူကား၊ ဖန္ဆင္းေတာ္မူေသာ အရာမ်ားကို ေထာက္ရႈသျဖင့္၊ ထာဝရတန္ခိုးေတာ္ႏွင့္ ထာဝရအျဖစ္ေတာ္တည္းဟူေသာ မ်က္ျမင္မရေသာ ဘုရားသခင္၏ အရာတို႔သည္ ကမာၻတည္ သည္ကာလမွ စ၍ ထင္ရွားလ်က္ရွိၾက၏။ ထိုေၾကာင့္သူတို႔သည္ ကိုယ္အျပစ္ကို မဖုံးႏိုင္ရာ။”

ဘုရားသခင္၏ ေကာင္းျမတ္ျခင္းကို သင္စတင္ သံသယျဖစ္တဲ့အခါ တံခါးအျပင္ဘက္သို႔ ထြက္ၿပီး ၾကည့္ရႈလိုက္ပါ။ ဘုရားသခင္၏ ဖန္းဆင္းျခင္းအရာေတြအားျဖင့္ ဘုရားသခင္၏ ေကာင္းျမတ္ျခင္းကို သင္ေတြ႕ျမင္ႏိုင္ပါတယ္။