Unicode Version
အသက်တာ ခက်ခဲတဲ့အချိန်အခါ၌ ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို
မည်သို့ ယုံကြည်မည်နည်း။
ဆာလံကျမ်း ၁ဝဝး၅ “အကြောင်းမူကား၊ ထာဝရဘုရားသည် ကောင်း
မြတ်တော်မူ၏။ ကရုဏာတော်သည် အစဉ်အမြဲရှိ၍၊ သစ္စာတော်သည် ကာလအဆက်ဆက် တည်လေသတည်း။”
ဘုရားသခင်၏
အချိန်တိုင်း ကောင်းမြတ်ခြင်းက စစ်မှန်ပါရဲ့လား။ လုံးဝ စစ်မှန်တာ သေချာတာပေါ့။ သို့ပေမဲ့
လူတော်တော်များများတို့သည် သူတို့ ယုံကြည်သလိုမျိုး အသက်ရှင်ကြတာ မဟုတ်ပါဘူး။ သင်နာကျင်ခံစားရခြင်း
အပါအဝင် များလှစွာသော အကြောင်းပြချက်တို့အတွက် ဘုရားသခင်ကို ယုံကြည်ဖို့ရန် ခက်ခဲနိုင်ပါတယ်။
သင်၌ ပဋိပက္ခဖြစ်တဲ့အချိန်အခါ၌ ၎င်းကို သင်မေ့နေပါမည်။ သင်စိတ်ဓါတ်ကျချိန်တွေမှာ သင်မှလွှဲပြီး
ကျန်တဲ့သူ တွေတိုင်းအတွက် ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းရှိတယ်လို့ သင်စဉ်းစားပါတယ်။
ပြီးတော့ သင်စိုးရိမ်ခြင်း (သို့) စိတ်ဖိစီးခြင်းရှိချိန်တွင် ဘုရားသခင်၏ ကောင်းမြတ်ခြင်းက
သင့်ရှေ့ကို ရောက်ရှိလာ တာတောင် သင်ဆင်ခြင်ဖို့ရန် လမ်းမမြင်နိုင်ပါ။
ဒါဆိုရင်
ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို မခံစားရချိန်တွင် ဘယ်လို ယုံကြည်နိုင်မလဲ။ ဘုရားသခင်၏
နှုတ်ကပတ်တော် ၊ သမ္မာကျမ်းစာက ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို ထပ်ခါထပ်ခါ သင့်အား သတိပေးနေပါတယ်။
ဆာလံကျမ်း ၁ဝဝး၅ “အကြောင်းမူကား၊
ထာဝရဘုရားသည် ကောင်း မြတ်တော်မူ၏။ ကရုဏာတော်သည် အစဉ်အမြဲရှိ၍၊ သစ္စာတော်သည်
ကာလအဆက်ဆက် တည်လေ သတည်း။”
ဘုရားသခင်၏
ကောင်းမြတ်ခြင်းပေါ် အာရုံစိုက်ဖို့ရန် အလွန်အရေးကြီးပါတယ်။ ၎င်းသည် သင်အလိုအပ်ဆုံးသော
သင်၏ မှောင်မိုက်ခြင်းနေ့ရက်တို့ပေါ် ရှုဒေါင့်အမြင်ကို ပေးပါတယ်။ ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို
သင်မေ့နေတဲ့အခါ ရှုဒေါင့်အမြင်ကို သင်လက်လွှတ်ဆုံးရှုံးပြီး ရင်ဆိုင်တွေ့ကြုံနေရတဲ့
အခက်အခဲကိုသာ မြင်ပါတော့မည်။
ယုံကြည်စိတ်ချခြင်းအသက်တာကို
ခက်ခဲသော သင်၏ နေ့ရက်တွင် သင့်အား ဘုရားသခင် ပေးချင်ပါတယ်။ သူ၏ ချစ်ခြင်း နှင့် ဂရုစိုက်ခြင်းဆိုတဲ့
အာမခံချက်ကို သင့်အား ပေးချင်ပါတယ်။ ကမ္ဘာလောကကြီး၌ ထူးခြားကွဲပြားသောအရာကို သင်ပြုနိုင်ဖို့ရန်
အခွင့်အရေးနှင့် လွှမ်းမိုးခြင်း အသက်တာကို သင့်အား ဘုရားသခင် ပေးချင်ပါတယ်။ ဘုရားသခင်နှင့်အတူ
ကောင်းကင်အိမ်တော်တွင် အမွေခံရခြင်းအရာကိုလည်း သင့်အား ပေးချင်ပါတယ်။ ၎င်းကို မည်သူက
အလိုမရှိ သနည်း။ ၎င်းကို မည်သူ အလိုရှိသနည်း။
ဒါဆို
ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို သင်ဘယ်လို တွေ့ကြုံရမလဲ။ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်း
နှင့် ထိုနှုတ်ကပတ်တော်ကို ကြားနားခြင်းမှ ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို သင်လေ့လာနိုင်ပါတယ်။
သို့ပေမဲ့ ဘုရားသခင်ကို ကိုးကွယ်ခြင်းကသာ ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို အမှန်တကယ်တွေ့ကြုံရမှာ
ဖြစ်ပါတယ်။ ဝတ်ပြုကိုးကွယ်ခြင်းကဲ့သို့ အာရုံစူးစိုက်မှုကို မည်သည့်အရာကမှ မကူညီပါ။
သမ္မာကျမ်းစာတွင်
ဖော်ပြထားသည်မှာ ဆာလံကျမ်း ၃၄း၈ “ထာဝရဘုရားသည်
ကောင်းမြတ်တော်မူသည် အကြောင်းကို မြည်းစမ်း၍သိမှတ်ကြလော့။ ကိုယ်တော်ကို
ခိုလှုံသောသူသည် မင်္ဂလာရှိ၏။။” ဘုရားသခင် သင့်အား ပေးသော ကတိတော်တို့အတွက် ကျေးဇူးတင်ရှိခြင်းနှင့် ချီးမွမ်းခြင်းအားဖြင့်
ဝတ်ပြုကိုးကွယ်ခြင်းအရာက ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို ခံစားရရှိခြင်း နည်းလမ်းဖြစ်ပါတယ်။
ဘုရားသခင်၏
ကောင်းမြတ်ခြင်းကို ယုံကြည်ပြီး နားလည်တဲ့အခါ သင်၏ အသက်တာနှင့် အခြေအနေပေါ် ရှုမြင်ခြင်းအပေါ်၌
ပြောင်းလဲမှု ဖြစ်ပေါ်လာပါမည်။
ဆင်ခြင်ရန်
-
အတိတ်က သင့်အပေါ်ထားတဲ့ ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို သတိရအောက်မေ့ခြင်းက ယခုခံစားရသော
နာကျင်မှုကို မည်သို့ အကူအညီ ဖြစ်စေပါသနည်း။
-
ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို ယုံကြည်ခြင်းအရာက သင့်အသက်တာ လျှောက်လှမ်းခြင်း၌ ဘာကြောင့်
ယုံကြည်မှုရှိစေခဲ့ပါသနည်း။
-
ဘုရားသခင် နှုတ်ကပတ်တော်မှ မည်သည့်ကျမ်းပိုဒ်က ဘုရားသခင်၏ ကောင်းမြတ်ခြင်းအကြောင်းကို
သင့်အား သတိရစေပါသနည်း။
----------------------------------------------------------------------
Zawgyi Version
ခရစ်ယာန်အိမ်၌ သင်ကြီးပြင်းခဲ့ရပါလျှင် ငယ်စဉ်ခါဆုတောင်းချက်တို့ကို သင်လေ့လာကောင်း လေ့လာခဲ့ ရပါမည် “ဘုရားသခင် ကြီးမြတ်တယ်။ ဘုရားသခင် ကောင်းမြတ်တယ်။ ကျွန်ုပ်တို့အစာအတွက် သူ့အား ကျေးဇူး တင်ကြရအောင်”..အာမင်။ ရိုးရှင်းသော်လည်း ထိုဆုတောင်းချက်သည် ဘုရားသခင်၏ အဓိကသော့ချက် လက္ခဏာ တစ်ခု ဖြစ်တဲ့ ဘုရားသခင်၏ ကောင်းမြတ်ခြင်း ဖြစ်ပါတယ်။
ဆင်ခြင်ရန်