Unicode Version
ရွေးချယ်ခြင်းနှင့်အတူ ခရစ္စမတ်ရောက်လာပြီ
ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁း၂၉ “နက်ဖြန်နေ့၌ယေရှုကြွလာတော်မူသည်ကို
ယောဟန်သည်မြင်လျှင်၊ဤလောက ၏အပြစ်ကို ဆောင် သွားသော ဘုရားသခင်၏
သိုးသငယ်ကိုကြည့်လော့။”
၎င်းသည်
သင့်အတွက် သခင်ယေရှု ပြုခဲ့ပြီးသော အရာ ဖြစ်ပါတယ်။ ခရစ္စမတ်ကာလတွင်သာ သခင်ယေရှု ဤလောကသို့
ရောက်လာခဲ့တာ မဟုတ်ပါဘူး။ ဘုရားသခင်၏ စီရင်မှုကို ကျေနပ်စေဖို့ရန် သူ၏ ယဇ်ပူဇော်မှုကို
လုံလောက်စွာဖြင့် ပြီးပြည့်စုံသော အသက်တာတွင် နေထိုင်ခဲ့ပါတယ်။ သင်၏ အပြစ်အားလုံးကို
လက်ဝါးကပ်တိုင်တွင် ပေးဆပ်ခဲ့ပါတယ်။
တစ်နေ့တွင်
နှစ်ခြင်းဆရာ ယောဟန်၏ နှစ်ခြင်းကို ခံယူဖို့ရန် သခင်ယေရှုသည် ဂါလိလဲမှ ယောဒန်မြစ်ဆီ
ရောက်လာခဲ့ပါတယ်။ ယောဟန်က ယေရှုရောက်လာခြင်းကို မြင်လျှင် “ဤလောက၏အပြစ်ကို ဆောင် သွားသော ဘုရားသခင်၏
သိုးသငယ်ကိုကြည့်လော့။” ဟု ကြောငြာခဲ့ပါတယ်။
ဂျူးလူမျိုးတိုင်း
ဤကျမ်းပိုဒ်၏ သင်္ကေတကို သိကြပါတယ်။ ဂျူးတို့၏ ယုံကြည်ခြင်း၌ တစ်နှစ်လျှင် တစ်ကြိမ်
စုံလင်၍ အစက်အပြောက်ကင်းသော သိုးသငယ်ကို ပဿခါပွဲ၌ ယဇ်ပူဇော်ပြီး လောကကမ္ဘာ၏ ရွေးနုတ်ခြင်းကို
ကိုယ်စားပြုဖို့ရန် ပြုကြပါတယ်။
ကျွန်ုပ်တို့
အပြစ်အတွက် ကားတိုင်ထက်တွင် သခင်ယေရှု အသေခံပြီး နောက်တွင် တိရစ္ဆာန် ယဇ်ပူဇော်ခြင်း
သင်္ကေတမျိုး မလိုအပ်တော့ပေ။ သို့ပေမဲ့ သခင်ယေရှု မသေဆုံးမှီနှင့် ရှင်ပြန်ထမြောက်ခြင်း
မတိုင်မှီတွင် တခြားသော သူတို့၏ အပြစ်တို့အတွက် ယဇ်ပူဇော်သော သိုးသငယ်သည် အညစ်အကြေးကင်းစင်ရမှာ
ဖြစ်ပါတယ်။ လူသားတွေရဲ့ မပြည့်စုံခြင်းအရာအားလုံးအတွက် အသေခံဖို့ရန် ပြီးပြည့်စုံသော
အသက်တာကသာ လက်ခံနိုင်ဖို့ရန် လုံလောက်တာ ဖြစ်ပါတယ်။ ဒါကြောင့် စုံလင်သော အသက်တာ၌ နေထိုင်သော
သခင်ယေရှုသည်သာလျှင် ဘုရားသခင်၏ သိုးသငယ် ဖြစ်ပြီး သူ၏ အသေခံခြင်းအားဖြင့် ဘုရားသခင်၏
တရားမျှတမှုကို ဖြည့်ဆည်းပေးနိုင် ခဲ့တာ ဖြစ်ပါတယ်။
သခင်ယေရှုကို
လက်ဝါးကပ်တိုင်မှာ ရိုက်သတ်လိုသော ဘာသာရေးခေါင်းဆောင်တို့က ပိလတ်မင်းထံသို့ယေရှုကို
ခေါ်ဆောင်သွားတဲ့အခါ ရောမဘုရင်ခံက ယေရှုအား တွေ့ဆုံမေးမြန်းရာတွင် သူသည် လုံးဝအပြစ်မရှိကြောင်းကို
အသိအမှတ်ပြုခဲ့ပါတယ်။ ရှင်လုကာခရစ်ဝင်ကျမ်း ၂၃း၁၃-၁၄ “တဖန်
ပိလတ်မင်းသည် ယဇ်ပုရောဟိတ်အကြီး၊
ပြည်သူပြည်သားများကို
ပုန်ကန်စေသောသူကဲ့သို့ ဤလူကို သင်တို့သည် ငါ့ထံသို့ ပို့ဆောင်ကြသည် ဖြစ်၍၊
သင်တို့ရှေ့မှာ ငါစစ်ကြောသော်လည်း၊ သင်တို့ တင်သောအပြစ်တစုံတခုကိုမျှ သူ၌ငါမတွေ့။”
သခင်ယေရှု၌
အပြစ်မရှိကြောင်းကို ပိလတ်မင်း တွေ့ရှိခဲ့ပါတယ်။ သခင်ယေရှု၌ ပြစ်ဒဏ်ပေးသင့်သော အဘယ်အပြစ်
(သို့) အဘယ်ပြစ်မှု မှ ပိလတ်မင်း မမြင်ခဲ့ပါဘူး။
သခင်ယေရှုသည်
သင့်အသက်တာအတွက် သခင်ဖြစ်ပိုင်ခွင့်ရှိသည်ကို သင်အသိအမှတ်မပြုပါလျှင် သခင်၌ မည်သို့သော
မှားယွင်းမှုကို သင်တွေ့မြင်ပါသနည်း။ သင့်အတွက် သူပြုသောအရာကို မည်သည့်အခြေခံပေါ် သင်ငြင်းပယ်ပါသနည်း။
သင်၏ ကယ်တင်ရှင်အဖြစ် မည်သည့်အကြောင်းကြောင့် သင်ငြင်းပယ်ပါသနည်း။
ပိလတ်မင်းသည်
သခင်ယေရှုကို လူတွေ မည်သို့ပြုလိုသည်ကို ဆုံးဖြတ်ဖို့ရန် လူတွေကို အခွင့်အရေး ပေးခဲ့ပါတယ်။
ရောမစစ်သားတို့ သခင်ယေရှုကို ငြင်းပန်းနှိပ်စက်ပြီးနောက် “ထိုအခါ ယေရှုသည် ဆူးပင်ဦးရစ်နှင့် နီးမောင်းသော ဝတ်လုံတို့ကိုဝတ်လျက်
အပြင်သို့ထွက်ကြွတော် မူ၏။ ပိလတ်မင်းကလည်း သူ့ကိုကြည့်ကြလော့ ဟိုဆို၏။”
ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၉း၅
သခင်ယေရှုခေတ်က
လူတွေကို “သူ့ကိုကြည့်ကြလော့”ဟု ဖိတ်ခေါ်ခံရသလို “သင်ပြုသမျှသော အပြစ်အားလုံး (သို့)
ထပ်ပြုမည့်အပြစ်တို့ကို ယူဆောင်သွားသော သခင်ယေရှု”ကို ကြည့်ဖို့ရန် သင့်အား ဘုရားသခင်
ဖိတ်ခေါ်နေပါတယ်။
ခရစ္စမတ်သည်
အကောင်းဆုံးသော သတင်းကောင်းဖြင့် ရောက်လာပြီး ရွေးချယ်မှုက “သခင်ယေရှုနှင့်အတူ သင်
ဘာကို လုပ်ဆောင်ဖို့ရှိပါသနည်း”
ဆင်ခြင်ရန်
-
သခင်ယေရှုသည် သင့်အသက်တာ၏ သခင်ဖြစ်ပိုင်ခွင့်ရှိသည်ကို သင်ယုံကြည်ပါသလား။ ဘာကြောင့်နည်း။
-
ခရစ္စမတ်သည် သခင်ယေရှုမွေးဖွားခြင်းကို ဂုဏ်ပြုသည်သာမက သခင်၏ ကားစင် တင်ခံရခြင်းနှင့်
ရှင်ပြန်ထမြောက်ခြင်းကို လမ်းညွှန်ပေးပါတယ်။ ၎င်းအရာအားလုံးတို့ကို ခရစ္စမတ်အချိန်အခါတွင်
အသိအမှတ် ပြုဖို့ရန် ဘာကြောင့်အရေးကြီးပါသနည်း။
-
ဤသီတင်းတစ်ပတ်တွင် အကောင်းဆုံးသော သတင်းစကားကို မည်သူနှင့် သင်ဝေမျှနိုင်ပါသနည်း။ သို့မှသာ
ဤခရစ္စမတ်သည် သူတို့အတွက် အဓိပ္ပါယ်အရှိဆုံးဖြစ်လာစေရန် ဖြစ်ပါတယ်။
သခင်ယေရှုနှင့်
ပတ်သက်ပြီး သင်၏ ရွေးချယ်မှုကား မည်သို့နည်း။
သမ္မာကျမ်းစာတွင်
ဖော်ပြထားသည်မှာ ဧဖက်ဩဝါဒစာ ၂း၈-၉ “ယုံကြည်သောအားဖြင့်
ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။
ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့်
ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။”
ခရစ္စမတ်က
သင့်ကို ရွေးချယ်ခွင့်ပေးပါတယ်။ သခင်ယေရှုအားဖြင့် ဘုရားသခင်ပေးသော ကယ်တင်ခြင်းကို
သင်လက်ခံမည်လား။
-------------------------------------------------------------------------------------
Zawgyi Version
ပြန်လည်ရွေးယူခြင်း ဆိုသည်မှာ တစုံတယောက်က သင့်၏ အပြစ်အားလုံးအတွက် ပေးချေတဲ့အတွက် သင်က ခွင့်လွှတ်ခံရပြီး ဖြောင့်မတ်သောသာတစ်ဦီးအဖြစ် လှမ်းခွင့်ရသွားခြင်းအရာ ဖြစ်ပါတယ်။ သင်၏ အချိန်ကို ပြင်ဆင်ပေးတယ်။ သင်၏ ပြစ်ဒဏ်ကို ပေးချေပေးတာ ဖြစ်ပါတယ်။ သင်ပြစ်မှားခဲ့တဲ့အရာအားလုံးတို့အတွက် တဦးတစ်ယောက်အားဖြင့် ပေးချေပြီးခြင်း ဖြစ်ပါတယ်။
ဆင်ခြင်ရန်