Three Ways to Overcome Discouragement
 Unicode Version
စိတ်ဓါတ်ကျခြင်းကို ကျော်လွှားနိုင်ဖို့ရန် နည်းလမ်း (၃) မျိုး
နေဟမိမှတ်စာ ၄း၁၄ “ထိုအမှုအလုံးစုံတို့ကို ကြည့်ရှု စီရင်ပြီးမှ မှူးမတ်၊ မင်းအရာရှိ၊ ကြွင်းသောသူတို့အားခေါ်၍၊ ရန်သူတို့ကို မကြောက်ကြနှင့်။ ကြီးမြတ်၍ ကြောက်မက်ဘွယ် ဖြစ် တော်မူသော ထာဝရဘုရားကို အောက်မေ့ ကြလော့။ ညီအစ်ကို သားမယားအိမ်ရာအဘို့ တိုက်ကြလော့ဟု ဆို၏။
သင့်အသက်တာတွင် စိတ်ဓါတ်ကျခြင်းကို ဘယ်လို တွန်းလှန်အနိုင်ယူမလဲ။ နေဟမိ၏ ပုံသက်သေကို လိုက်ခြင်းအားဖြင့် တွန်းလှန်နိုင်ပါတယ်။
အားနည်းသော ကဏ္ဍနယ်ပယ်ကို အားဖြည့်ပေးပါ။
ဝိညာဉ်ရေးအရ ထိခိုက်နိုင်ဆုံးသော နယ်ပယ်ကို သင်ရိုးသားစွာ အကဲဖြတ်ပါ။ ဒေါသ ၊ တပ်မက်မှု ၊ မာန်မာန (သို့) တစုံတခုတို့တွင် ခံနိုင်ရည် အရှိဆုံး ဖြစ်ပါသလား။ သင်၏ အားနည်းသော ကဏ္ဍနယ်ပယ်က ဘာဖြစ်မလဲ။
ယေရုရှလင်မြို့တွင် နံရံတည်ဆောက်ခြင်းအမှုကို အကူအညီပေးသော ဣသရေလလူတို့ကို ရန်သူတို့ တိုက်ခိုက်ချင်ကြောင်း နေဟမိ ကြားသောအခါတွင် “ထိုကြောင့် မြို့ရိုးနောက်၊ နိမ့်သောအရပ်၊ ရှင်းလင်းသော အရပ်တို့၌ ထား၊ လှံ၊ လေးလက်နက်ပါသော လူများကို အဆွေအမျိုးအလိုက် ငါခန့်ထား၏။ နေဟမိမှတ်စာ ၄း၁၃ နေဟမိသည် သူလုပ်စရာ ရှိသောအရာကို လုပ်ဆောင်ခဲ့ပါတယ်။ မြို့တော်၏ အထိခိုက်နိုင်ဆုံးသော နေရာကို သူသိနေခဲ့ပြီး အစီအစဉ် ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။
သင့်အသက်တာရှိ နယ်ပယ်တစ်ခုတွင် အားဖြည့်မှုတစ်ချို့ကို သင်လိုအပ်ကောင်း လိုအပ်ပါမည်။ စိတ်ဓါတ်ကျ ခြင်းကို တွန်းလှန်ဖို့ရန် တစ်ချို့သော အရာများကို ပြန်လည်ဖွဲ့စည်းပြီး စီစစ်ဖို့ လိုအပ်ပါလိမ့်မည်။ သင် အကြွေးတင် နေပါသလား။ သင်၏ အသုံးစရိတ်ကို ပြန်စီစစ်ပါ။ သင်ပုံပျက်နေပါသလား။ သင့်ဘဝနေထိုင်မှု ပုံစံကို ပြန်စီစစ်ပါ။ သင်၏ အားနည်းသော နယ်ပယ်တို့ကို အရှုံးမပေးပါနှင့်။ ၎င်းအစား ထိုနယ်ပယ်တို့ကို အားဖြည့် လိုက်ပါ။
ဘုရားသခင်ကို အာရုံစိုက်ပါ။
ဘုရားသခင်၏ ကတိတော်တို့ပေါ် စတင်၍ အာရုံစိုက်ပြီး သင်မဖြစ်စေချင်သော အရာပေါ်အာရုံစိုက်မှုကို ရပ်တန့်လိုက်တဲ့အခါတွင် စိတ်ဓါတ်ကျခြင်းကို သင်ကျော်လွှားနိုင်ပါမည်။ တခါတရံတွင် သင်ဖြစ်စေလိုသည့် အတိုင်း သင်စိတ်ဓါတ်ကျနေမည်။ သင်ပျော်ရွှင်လိုသည်အတိုင်း သင်ပျော်ရွှင်ပါမည်။ စိတ်ဓါတ်ကျဖို့အတွက် ဘယ်သူကမှ သင့်ကို တွန်းအားမပေးပါဘူး။
လူတွေ၏ စိုးရိမ်ကြောင့်ကြမှုကို နေဟမိ သတိမူမိတဲ့အခါတွင် သူမတ်တပ်ရပ်ပြီး ရန်သူတို့ကို မကြောက်ကြနှင့်။ ကြီးမြတ်၍ ကြောက်မက်ဘွယ် ဖြစ် တော်မူသော ထာဝရဘုရားကို အောက်မေ့ ကြလော့။ ညီအစ်ကို သားမယား အိမ်ရာအဘို့ တိုက်ကြလော့ဟု ဆို၏။” နေဟမိမှတ်စာ ၄း၁၄
နေဟမိသည် ဘုရားသခင်၏ တန်ခိုးတော်နှင့် ကောင်းမြတ်ခြင်းတို့ကို သူတို့အား သတိပေးခဲ့ပါတယ်။
သင့်အတွေးထဲတွင် စိတ်ဓါတ်ကျခြင်း ပုံရိပ်တွေကို ပြန်လည်ပုံဖော်ခြင်း မပြုပါနှင့်။ ၎င်းအစား ဘုရားသခင် အကြောင်းနှင့် ပတ်သက်ပြီး စဉ်းစားဖို့ရန် ရွေးချယ်လိုက်ပါ။ ယေနဝတ္တု ၄းရ “အကျွန်ုပ်သည် စိတ်ပျက်သောအခါ ထာဝရဘုရား ကို အောက်မေ့၍၊ အကျွန်ုပ်၏ပဌနာသည် သန့်ရှင်းသော ဗိမာန်တော်၌ ကိုယ်တော်ထံသို့ ဝင်ပါ၏။
ပြန်လည်တိုက်ခိုက်ပါ။ သင်သည် ဝိညာဉ်ရေးရာ တိုက်ပွဲတွင် ပါဝင်နေသည်ကို သိပါသလား။ သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ ရန်သူတည်းဟူသော မာရ်နတ်သည်၊ ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။ သို့ဖြစ်၍၊ လူပြည် အရပ်ရပ်တို့၌ရှိသော သင်တို့ ညီအစ်ကိုများတို့သည် ထိုသို့သောဆင်းရဲကို ခံရကြသည်ဟုသိမှတ်လျက်၊ ယုံကြည် ခြင်း၌တည်၍မာရ်နတ်ကို ဆီးတားကြလော့။” ၁ပေ ၅း၈-၉ ရန်သူကို စိတ်အားထက်သန်စွာ သင်တွန်းလှန်လို့ မရပါဘူး။ သင့်အသက်တာဖြင့် ဘုရားသခင် လုပ်ဆောင်စေလိုသော အရာကို သင်သိပြီး သင်တွန်းလှန်ဖို့ ဖြစ်ပါတယ်။
နေဟမိမှတ်စာ ၄း၁၄ နောက်ပိုင်းတွင် “ညီအစ်ကို သားမယားအိမ်ရာအဘို့ တိုက်ကြလော့ဟု ဆို၏။နောက် ဘာထပ်ဖြစ်သလဲဆိုတာ သင်သိပါသလား။ “ထိုသို့ငါတို့သည် သတိရ၍၊ ရန်သူအကြံကို ဘုရားသခင် ဖျက်ဆီးတော်မူကြောင်းကို သူတို့ ကြားသိသောအခါ၊ ငါတို့ရှိသမျှသည် အသီးအသီး လုပ်ရာအရပ် မြို့ရိုးသို့ ပြန်လုပ်ကြ၏” နေဟမိမှတ်စာ ၄း၁၅
ဘုရားသခင်ထံ အာရုံစိုက်ပြီး တွန်းလှန်ဖို့ရန် သင်ယူလျက် အားနည်းသော သင်၏ ကဏ္ဍနယ်ပယ်ကို အားဖြည့်တဲ့ အခါတွင် သင်သည် စိတ်ဓာတ်ကျခြင်းကို တွန်းလှန်ရန် စိတ်ဓါတ်ရေးရာ၌ အဆင်သင့်ဖြစ်နေပါလိမ့်မည်။ 
----------------------------------------------------------------------------------
Zawgyi Version