How to Build a Dream for Your Life
 Unicode Version
သင့်အသက်တာအတွက် အိမ်မက်တစ်ခုကို ဘယ်လိုတည်ဆောက်မလဲ။ (By Pastor Rick Warren)
ဒေသနာကျမ်း ၄း၉-၁၀ “လူသည်တယောက်တည်းထက် နှစ်ယောက် သာ၍ကောင်း၏။ ကြိုးစားအားထုတ်လျှင်၊ ကောင်းသော အကျိုးကို ရတတ်၏။ တယောက်လဲလျှင် တယောက်ထူလိမ့်မည်။ တယောက်တည်းသော သူလဲလျှင်မူကား အကျိုးနည်းပြီ။ ထူသော သူမရှိ။
သင့်အသက်တာ၌ ကောင်းမြတ်သောအရာများကို ဘုရားသခင်ပြုဖို့ရန် သင်မျှော်လင့်သည့်အလျှောက် ဘုရားသခင် သင့်အားပေးသည့် အိမ်မက်တို့နှင့် ပတ်သက်၍ သင်နားလည်ဖို့ရန် လိုအပ်သည့် အချက် (၂) ချက်ရှိပါတယ်။
ပထမဦးစွာ တစ်ခြားသူတွေ၏ ပံ့ပိုးကူညီမစမှု မရှိဘဲ အိမ်မက်ကို မတည်ဆောက်နိုင်ပါ။
အဆောက်အဦးတစ်ခုကို တည်ဆောက်သလိုမျိုး အထောက်အပံ့တွေ လိုအပ်သလိုပေါ့။ သင်၏ အိမ်မက်သည်လည်း အထောက်အပံ့တွေ လိုအပ်ပါတယ်။ စစ်မှန်သော အောင်မြင်မှုတစ်ခုသည် တစ်ကိုယ်တော် လှုပ်ရှားမှုကနေ ဘယ်တော့မှ ဖြစ်လာခြင်း မဟုတ်ပါ။ အသက်တာတွင် သင်လုပ်ဆောင်သမျှသော အရာတို့၌ တခြားသူတို့၏ အကူအညီ လိုအပ်ပါလိမ့်မည်။ အတူတကွ လုပ်ဆောင်ခြင်းကို တစ်ဦးနှင့်တစ်ဦး အကူအညီလိုအပ်ခြင်းအားဖြင့် မည်သို့ လေ့လာမှုရရှိဖို့ရန် ဘုရားသခင်က ကျွန်ုပ်တို့ကို ရည်ရွယ်ချက်ရှိရှိ ရစ်ပတ် ဖွဲ့စည်း ထားပါတယ်။
ဒေသနာကျမ်း ၄း၉-၁၀ “လူသည်တယောက်တည်းထက် နှစ်ယောက် သာ၍ကောင်း၏။ ကြိုးစားအားထုတ်လျှင်၊ ကောင်းသော အကျိုးကို ရတတ်၏။ တယောက်လဲလျှင် တယောက်ထူလိမ့်မည်။ တယောက်တည်းသော သူလဲလျှင်မူကား အကျိုးနည်းပြီ။ ထူသော သူမရှိ။
သင်၏ အိမ်မက်ကို သင်ကိုယ်တိုင်ဘာကြောင့် လိုက်လို့မရနိုင်သနည်း။ အကြောင်းရင်း (၃) ရပ်ရှိပါတယ်။
(၁) သိဖို့ လိုအပ်တဲ့အရာတိုင်းကို သင်မသိပါ။
(၂) သင်တစ်ဦးတည်း အရာရာကို လုပ်ဆောင်ဖို့ အင်အား (သို့) အချိန် မလုံလောက်ပါ။
(၃) သင်၏ အိပ်မက်ကို ပြီးပြည့်စုံဖို့ရန် လိုအပ်လျက်ရှိသော အရည်အချင်းများအားလုံး သင်၌ မရှိပါ။
အဓိက ဆိုလိုသည်မှာ အိမ်မက်တစ်ခုကို အကောင်အထည်ဖော်ဖို့ရန် အသင်းအဖွဲ့တစ်ခု လိုအပ်ပါသည်။
ဒုတိယအနေဖြင့် ဆန့်ကျင်ဘက်မရှိဘဲ မည်သည့်အိမ်မက်မှ အကောင်အထည် မဖော်နိုင်ပါ။
ဘုရားသခင် သင့်အားပေးတဲ့ အိမ်မက် နောက်သို့ သင်လိုက်ဖို့ရန် ဆုံးဖြတ်လိုက်တဲ့ အခိုက်အတန့်တွင် တစ်ဦးဦးက သင့်ကို စိတ်ဓါတ်ကျအောင် ကြိုးစားလုပ်ဆောင်ပါလိမ့်မည်။ “ငါတို့ လုပ်လိုက်ရအောင်” လို့သင်ပြောတဲ့ အခိုက်အတန့်တွင် သူတို့က “မလုပ်ဘူး” လို့ပြောပါလိမ့်မည်။ အိမ်မက်ကို တားဆီးသူတွေသည် နေရာတိုင်းမှာ ရှိနေပါတယ်။  သူတို့သည် ပြောင်းလဲဖို့ကို ခံနိုင်ကြပြီး သင့်အား စိတ်ဓတ်ကျအောင်ပြုဖို့က သူတို့ရဲ့ အလုပ်လို့ ခံစားကြပါတယ်။
ယေရုရှလင်မြို့တော်ကို ပြန်လည်တည်ဆောက်ဖို့ရန် နေဟမိ အစီအစဉ်များချစဉ်အခါတွင် ဟောရနိလူ သမ္ဘာလက်နှင့် အမ္မုန်အမျိုးသား တောဘိတို့သည် နေဟမိ၏ အစီအစဉ်ကို အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။ ဣသရေလအမျိုးသားတို့၏ အကျိုးကို ပြုစု ခြင်းငှါ၊ လူတယောက် လာကြောင်းကငိ၊ ဟောရနိလူ သမ္ဘာလက်နှင့် ကျွန်ခံသူ အမ္မုန်အမျိုးသား တောဘိတို့ သည် ကြားသော်၊ အလွန်နှလုံးမသာရှိကြ၏။” နေဟမိမှတ်စာ ၂း၁၀
နေဟမိနှင့် ဣသရေလလူတို့၏ ဆန္ဒဖြစ်တဲ့ ပြန်လည်တည်ဆောက်ခြင်းအရာကို ထိုသူတို့ လှောင်ပြောင် သရော်ခဲ့ကြပါတယ်။
သို့ပေမဲ့ နေဟမိသည် သူ့အားနှောင့်ယှက်သည့်အရာတို့ကို တုံ့ပြန်ဖို့ရန် အချိန်များစွာ မပေးခဲ့ပါဘူး။ သင်သည်လည်း ထိုနည်းတူစွာ မပေးသင့်ပါဘူး။ အကယ်၍ သင့်အား သူတစ်ပါးထင်မြင်သည့်အရာပေါ် သင်တုံ့ပြန်မှု ပြုပါလျှင် ဘယ်အရာကိုမျှ သင်ပြီးမြောက်မှာ မဟုတ်ပါဘူး။ ၎င်းအစား နေဟမိ ကဲ့သို့ ရိုးရှင်းစွာ ဖြေရှင်းပြီး ရှေ့ဆက်လိုက်ပါ။ ငါကလည်း၊ ကောင်းကင်ဘုံ၏အရှင် ဘုရား သခင်သည် ငါတို့ကို အခွင့်ပေးတော်မူမည်။ ထိုကြောင့် ဘုရားသခင်၏ ကျွန်ဖြစ်သော ငါတို့သည် ထ၍တည်မည်။ သင်တို့မူကား၊ ယေရုရှလင်မြို့တွင် ဘာမျှမဆိုင်မပိုင်၊ မှတ်စရာသက်သေမရှိဟု ပြန်ပြော၏။” နေဟမိ ၂း၂၀
အိမ်မက်တစ်ခုကို အကောင်အထည်ဖော်ဖို့ရန် အသင်းအဖွဲ့လိုအပ်ကြောင်းကို သတိပြုပြီး ထိုအိမ်မက်နောက်ကို လိုက်လျှောက်တဲ့အခါမှာ ဆန့်ကျင်ဘက်အရာကို အမြဲတွေ့ကြုံရမှာ ဖြစ်ပါတယ်။ အိမ်မက်ကို တည်ဆောက်ခြင်းအကြောင်းနှင့် ပတ်သက်ပြီး ယနေ့ဖော်ပြတဲ့ အကြောင်းရင်း (၂) ချက်ကို သင်နားလည်သဘောပေါက်တဲ့အခါတွင် သင့်အသက်တာအတွက် ဘုရားသခင်ကြံစည်ထားတဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ရန် သင်၌ ပိုမိုကောင်းမွန်တဲ့ စိတ်ဓါတ်ရေးရာ၌ အဆင်သင့်ရှိနေပါလိမ့်မည်။
ဆင်ခြင်ရန်
- သင့်ဘဝတွင် အိပ်မက်တစ်ခု (သို့) ပန်းတိုင်တစ်ခုရောက်ရန် သင့်အား မည်သူ ပံ့ပိုးပေးခဲ့သနည်း။ သူတို့က သင့်အား မည်သို့ကူညီခဲ့ပါသနည်း
သင့်အလုပ်၊ ကျောင်း၊ သို့မဟုတ် အိမ်တွင်—အိမ်မက်တစ်ခု လက်တွေ့ဖြစ်လာစေရန် အဖွဲ့လိုက်လုပ် ဆောင်ခြင်းကို အသုံးပြုသည့် ဘုရားသခင်၏စံနမူနာကား မည်သို့နည်း
ဝေဖန်သူများကို သင်ပုံမှန်တုံ့ပြန်မှုကား မည်သို့နည်း။ ဘုရားသခင်၏အကြံအစည်ကိုလိုက် လျှောက်ခြင်း အတွက် နောက်တစ်ကြိမ်ဝေဖန်ခံရသည့်အခါတွင် ကွဲပြားစွာတုံ့ပြန်ရန် ယနေ့ Devotional က သင့်အား မည်သို့ အားပေးစေပါသနည်း။
-------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်