Unicode Version
ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၃း၁၇
“ဤအရာများကို သင်တို့သိ၍ သိသည်အတိုင်းကျင့်လျှင် မင်္ဂလာရှိကြ၏။”
အသင်းတော်
မိသားစုဝင်တို့နှင့် ဆက်သွယ်အသက်ရှင်ခြင်းအရာသည် အရေးကြီးကြောင်းကို ကျွန်ုပ်တို့ လေ့လာခဲ့
ပြီး ဖြစ်ပါတယ်။ ယနေ့တွင် ပျက်စီးစေတဲ့ တိုက်ခတ်မှုများအတွက် နောက်ထပ် ဖြေဆေးတစ်ခုကို
ရှာဖွေကြည့် ရအောင်။
လေ့လာသမျှသောအရာတို့ကို လက်တွေ့ကျင့်သုံးခြင်း
ဘုရားသခင်သည် သင့်အား နှုတ်ကပတ်တော်ကို ကြားနာရုံမျှသာ အလိုရှိတာ မဟုတ်ပါ။
၎င်းကို နာခံ လုပ်ဆောင် ကျင့်သုံးဖို့ရန် အလိုတော်ရှိတာ ဖြစ်ပါတယ်။
သမ္မာကျမ်းစာတွင် ဖော်ပြထားသည်မှာ “အကြင်သူသည်
ငါဟောပြောသော ဤစကားကို ကြား၍နားထောင်၏။ ထိုသူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သော
ပညာရှိနှင့် တူကြောင်းကို ငါပုံပြမည်။ မိုဃ်းရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကိုတိုက်သည်ရှိသော်၊
ကျောက်ပေါ်မှာ တည်သော ကြောင့် မပြိုမလဲနေ၏။” ရှင်မဿဲ ခရစ်ဝင်ကျမ်း ၇း၂၄-၂၅
မုန်တိုင်းတစ်ခုတွင်
ဖြစ်ပျက်သော အရာ (၃) မျိုးကို သတိပြုပါ။ မိုးရွာလာတယ်။ သင့်အသက်တာ ၏ ခေါင်မိုးကို စတင်တိုက်ခတ်ပါတယ်။
ချောင်းရေတွေ မြင့်လာပြီး သင့်အသက်တာ အခြေအုတ်မြစ်ကို ဖုံးလွှမ်းသွားပါတယ်။ ပြီးတော့
လေတိုက်ခတ်ပါတယ်။ အသက်တာ နံရံတို့ကို ရိုက်ခတ်လာတယ်။ ထိပ်ဖျားပိုင်း။ အခြေပိုင်း ၊
ဘေးပိုင်းရှိသမျှတို့တွင် တိုက်ခတ်မှုများကို သင်ခံစားရရှိလာပါတယ်။ ထိုအရာအားလုံးပေါ်
သင်၌ ထိန်းချုပ်နိုင်စွမ်း လုံးဝမရှိပါဘူး။
အသက်တာရှိ သင် မထိန်းချုပ်နိုင်တဲ့ ရောဂါလ က္ခဏာတွေ ၊ သားသမီးတွေ (သို့) ငွေကြေးဆိုင်ရာ ခက်ခဲမှုများ၌ သင်ဘာကို လုပ်ဆောင်မလဲ။ နှုတ်ကပတ်တော်မှ သင်လေ့လာခဲ့တဲ့အရာအားလုံး တို့ကို လေ့ကျင့်မှု ပြုလိုက်ပါ။ ထိုသို့ လုပ်ဆောင်တဲအ့ခါတွင် သင် လဲမကျသွားတော့ပါ။ ဘာကြောင့်လဲဆိုတော့ သင့်အိမ်ကို ကျောက်ပေါ်တွင် အခြေပြုထားလို့ ဖြစ်ပါတယ်။
ကျောက်ဆိုတာ ဘာလဲ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်ပါတယ်။
သင့်အသက်တာကို ထိုကျောက်ပေါ်တွင် သင်တည်နေသရွေ့ သင်ပိုပြီး ကြံ့ခိုင်လာမှာ ဖြစ်ပါတယ်။ လေကတော့ တိုက်လာပြီး များစွာသော ပြသနာတွေကို
ဖြစ်စေလာနိုင်ပေမဲ့ ဘုရားသခင် ပြောတဲ့အတိုင်း သင်လုပ်ဆောင်တဲ့အခါမှာ ထိုပြသနာတွေက သင့်ကို
မွှေနှောက်ဖျက်ဆီးလို့ မရနိုင်တော့ပါ။
ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၃း၁၇ “ဤအရာများကို သင်တို့သိ၍ သိသည်အတိုင်းကျင့်လျှင် မင်္ဂလာရှိကြ၏။”
ထိုကျမ်းပိုဒ်က ထိုအရာတွေကို သင်သိပါလျှင် ကောင်းချီးခံစားရမယ်လို့
မဆိုထားပါဘူး။ ထိုအရာတွေကို လုပ်ဆောင်မှသာ ကောင်းချီးခံစားရမယ်လို့
ဆိုထားတာ ဖြစ်ပါတယ်။
ယခုတွင်
မုန်တိုင်းကာလတစ်ခု၌ သင် ဖြတ်သန်းကောင်း ဖြတ်သန်းနေပါမည်။ မလှုပ်နိုင်တဲ့ ဘုရားသခင်၏
နှုတ်ကပတ် တော်ပေါ်တွင် သင့်အသက်တာကို တည်ဆောက်ပါ။ ၎င်းသည် သင်ယုံကြည်နိုင်သော တစ်ခုတည်း
သော အခြေခံအုတ်မြစ်ဖြစ်ပါတယ်။
ဆင်ခြင်ရန်
-
ဘုရားသခင်၏ နှုတ်ကပတ်တော်
အုတ်မြစ်ပေါ်တွင် “သင်၏အိမ်” ကို သင်တည်ဆောက်သောအခါ၊ ၎င်းကို
မပြိုလဲစေရန် မည်သည့်အရာက တားဆီးပါသနည်း။
•
ဘုရားသခင့်နှုတ်မြွက်စကားတော်ကို နာခံရန် မည်သည့်ကဏ္ဍများတွင် သင်ရုန်းကန်နေရသနည်း။ အိမ်တွင်
ကြင်နာမှုပြတာပဲဖြစ်ဖြစ်၊ အလုပ်မှာ စိတ်ရှည်တာပဲဖြစ်ဖြစ်၊ ဘုရားသခင်က သင့်အား
လုပ်ခိုင်းတာကို လုပ်ဆောင်ရင် ဒီတစ်ပတ်မှာ ဘယ်လိုပုံစံနဲ့
ကွာခြားသွားမည်နည်း။
•
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို
သိရုံသာမကဘဲ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို တစိုက်မတ်မတ်နာခံ သူ၏ စံနမူနာကောင်းကို သင့်အသက်တာ၌
မည်သူ့ထံ၌ သင်တွေ့မြင်ဖူးပါသနည်း။
----------------------------------------------------------------------
Zawgyi Version
အသက်တာတွင် ထိန်းချုပ်လို့မရတဲ့ လေပြင်း တိုက်ခတ်မှုများဖြစ်တဲ့ “ပတ်သက်မှု”ဆိုင်ရာ တိုက်ခတ်မှု ၊ ငွေကြေးဆိုင်ရာ တိုက်ခတ်မှု ၊ နှင့် ဝိညာဉ်ရေးပိုင်းဆိုင်ရာ တိုက်ခတ်မှုတို့သည် သင့်အား စိတ်ထိခိုက်စေပြီး လွှင့်စင်သွားစေနိုင်ပါတယ်။ သို့ပေမဲ့ အပြင်းထန်ဆုံးသော လေပြင်းတိုက်ခတ်မှုကိုပင် ခံနိုင်ရည်ရှိစေဖို့ရန်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အခြေခံမူတို့ဖြင့် ပြည့်စုံပါတယ်။
ဆင်ခြင်ရန်