Unicode Version
သက်သာလောနိတ်ဩဝါဒစာ ပဌမစောင် ၅း၁၈ “အရာရာ၌
ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည်
ထိုသို့ကျင့်စေခြင်းငှါ၊ ယေရှုခရစ်၌ ဘုရားသခင်အလိုတော်ရှိ၏။”
ဘုရားသခင်၏
ချစ်ခြင်းမေတ္တာတော်ကို နက်ရှိုင်းစွာဖြင့် သင်ပိုမိုသိနားလည်လေလေ သင်ပိုပြီး ကျေးဇူးတင်တတ်
သောသူ ဖြစ်လာပါမည်။
တကယ်တမ်းတော့
ကျေးဇူးတရားဖြင့် သင့်အသက်တာကို စိုရွှဲစေသင့်တယ်လို့ သမ္မာကျမ်းစာက ဆိုထားပါတယ်။ “အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
အကြောင်းမူကား၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှါ၊ ယေရှုခရစ်၌
ဘုရားသခင်အလိုတော်ရှိ၏။” သက်သာလောနိတ်ဩဝါဒစာ ပဌမစောင် ၅း၁၈
အသက်တာ၌
ဖြစ်ပျက်လာသော မကောင်းမှုမှန်သမျှအတွက် ကျေးဇူးတင်ဖို့ မဟုတ်ပါ။ ဤကမ္ဘာလောကတွင် ဖြစ်ပျက်သမျှတို့သည်
ဘုရားသခင်၏ အလိုဆန္ဒ မဟုတ်ပါဘူး။ တကယ်တော့ အချိန်အများစုတို့တွင် ဘုရားသခင် ၏ အလိုတော်ထက်
လူတွေ၏ လိုအင်ဆန္ဒက ပိုပြီး ပြီးမြောက်နေပါတယ်။
ဤကမ္ဘာလောကတွင် မကောင်းမှုများစွာ ရှိနေပါတယ်။ ထိုအရာအတွက်ကို ဘုရားသခင်အား
ကျေးဇူးတင်ဖို့ မလိုအပ်ပါ။ သို့ပေမဲ့ ထိုအခြေအနေတို့ အလယ်၌ ဘုရားသခင်ကို ကျေးဇူးတင်နိုင်ပါတယ်။
ကျွန်ုပ်၏
အသက်တာတွင် အခြေအနေ အားလုံးတို့၌ ဘုရားသခင်ကို ကျေးဇူးတင်နိုင်ကြောင်းကို သင်ယူခဲ့ရပါတယ်။
ဘာကြောင့်လဲဆိုတဲ့ အကြောင်းအရာတစ်ချို့ကို ကြည့်ရအောင်။
-
ဘုရားသခင် ထိန်းချုပ်ပါသည်။
-
ဘုရားသခင်သည် အဆိုးထဲမှ အကောင်းကို ယူဆောင်ပေးနိုင်ပါသည်။
-
ကျွန်ုပ်၏ မှားယွင်းမှုများမှပင်လျှင် တစ်စုံတစ်ခုကို ကောင်းမွန်သောအရာအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။
-
ဤလောကမြေပေါ် ကျွန်ုပ်ထာဝရ အသက်မရှင်ပါ။ တစ်နေ့တွင် ကောင်းကင်ဘုံ သွားပါမည်။
-
အကျွန်ုပ်၏ ကယ်တင်ခြင်းကို မဆုံးရှုံးနိုင်ပါ။
-
ဘာဘဲဖြစ်ဖြစ် ဘုရားသခင်သည် ကျွန်ုပ်အား ချစ်နေခြင်းကို ဘယ်တော့မှ ရပ်တန့်ပစ်မည် မဟုတ်ပါ။
အခြေအနေတွေက
ဆိုးဆိုးရွားရွား ပုံပေါက်နေသည့်တိုင် အမှန်တရားက အရာရာ၌ ကျေးဇူးတင်စရာ ရာချီသော အကြောင်းရင်းကို
ကျွန်ုပ်တွေးကြည့်လို့ရနိုင်ပါတယ်။
၁သက်
၅း၁၈ ကို ထပ်ဖတ်ကြည့်လိုက်ပါ။ ဘုရားသခင်ကို “အရာရာ၌” ကျေးဇူးတင်သင့်တယ်လို့ ဆိုပါတယ်။
ဂရိစကားလုံးတွင် Pos ဆိုတဲ့ စကားလုံးကို သုံးထားပြီး ၎င်းသည် အရာအားလုံး ၊ လူတိုင်း
၊ အချိန်တိုင်း ၊ မည်သည့်နေရာမဆို ၊ နေရာတိုင်း ၊ အရာတစ်ခုလုံးကို ဆိုလိုပါတယ်။ မှတပါး
မရှိ ၊ ဆင်ခြင်မရှိ ၊ ကင်းလွှတ်ခြင်းမရှိ။
ထိုအရာက
တော်တော်အစွန်းရောက်တယ်လို့ ထင်ရတယ်မဟုတ်လား။ ဒါကြောင့်လည်း အစွန်းရောက် ကျေးဇူးတင်ရှိခြင်း
ဖြစ်နေတာပါ။
ကောင်းမွန်တဲ့
လက်ဆောင်ပစ္စည်းတစ်ခုကို တစ်ယောက်ယောက်က သင့်အား လက်ဆောင်ပေးခြင်းအတွက် ကျေးဇူးတင်ဖို့ရန်
အားထုတ်စရာ တစ်စုံတစ်ရာ မလိုအပ်ခဲ့ပါ။ လူတိုင်းလုပ်နိုင်ပါတယ်။ သို့ပေမဲ့ အရာရာ၌ အခြေနေတိုင်း၌
ကျေးဇူးတင်ရှိခြင်းက အစွန်းရောက်ကျေးဇူးတင်ခြင်းမျိုး ဖြစ်ပါတယ်။
ဘုရားသခင်ရဲ့
အလိုတော်ကို သိချင်ကြတယ်လို့ လူတွေပြောတတ်ကြပါတယ်။ သူတို့၏ အသက်တာဖြင့် ဘာကို လုပ်ဆောင်စေချင်သလဲဆိုတာကို
သိချင်ကြပါတယ်။ ထိုအရာကို ၁သက် ၅း၁၈ တွင် ရှင်းလင်းစွာ ဘုရားသခင်
ပြုပြီဖြစ်ပါတယ်။ “အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
အကြောင်းမူကား၊ သင်တို့သည် ထိုသို့ကျင့်စေ ခြင်းငှါ၊ ယေရှုခရစ်၌
ဘုရားသခင်အလိုတော်ရှိ၏။”
အခြေအနေတိုင်းတွင်
ကျေးဇူးတင်တတ်ခြင်းသည် သင့်အတွက် ဘုရားသခင်၏ အလိုတော် ဖြစ်ပါတယ်။ သင်ပိုပြီး ကျေးဇူးတင်ရှိလေလေ
ဘုရားသခင်နှင့် ပိုမို နီးကပ်လာ လေလေ ဖြစ်ပါတယ်။
ဆင်ခြင်ရန်
ခက်ခဲသောအခြေအနေများတွင်ပင်
ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း သတိရဖို့ ကူညီပေးရန်အတွက် သမ္မာကျမ်းစာမှ မည်သည့်ကတိတော်ကို သင်အလွတ်ကျက်နိုင်သနည်း။ အဲဒါကို ကတ်တစ်ခုပေါ်မှာ ရေးပြီး
မကြာခဏတွေ့ရင် မြင်ရမယ့် နေရာမှာ ထားလိုက်ပါ။
•
ခက်ခဲသောအခြေအနေများတွင် အခြားလူများက
အစွန်းရောက်ကျေးဇူးတင်ကြောင်းပြသသည်ကို သင်မြင်သောအခါ ၎င်းသည် သင့်အား
မည်သို့အကျိုးသက်ရောက်ပါသနည်း။
•
“အခြေအနေတိုင်းတွင်” အစွန်းရောက်ကျေးဇူးတရားကို ကျင့်သုံးရန်
သင့်အတွက် အဘယ်ကြောင့် ဘုရားသခင်အလိုတော်ရှိသနည်း။ ထိုအလေ့အကျင့်သည် သင့်ဘဝ၏
အခြားကဏ္ဍများကို မည်သို့အကျိုးသက် ရောက်သနည်း။
-------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်