Unicode Version
သင်နားမလည်သည့်အခါ ဘုရားသခင်ကို ယုံကြည်နေပါ။
သုတ္တံကျမ်း ၃း၅ “ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့
ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။”
လုပ်ဆောင်စေလိုသောအရာတို့ကို
ကြိုးစား မလုပ်ဆောင်ခင်တွင် လူတော်တော်များများတို့သည် သူတို့၏ အောင်မြင်မှုကို အာမခံဖို့ရန်
ဘုရားသခင်ကို တောင်းလျှောက်ကြပါတယ်။ သို့ပေမဲ့ ၎င်းသည် ယုံကြည်ခြင်း မဟုတ်ပါ။ ယုံကြည်ခြင်း
ဆိုတာ အမြဲတမ်း အရဲစွန့်ခြင်း လိုပါတယ်။
ယုံကြည်ခြင်းဆိုတာ
သင်နားမလည်သည့်တိုင် နာခံခြင်းမျိုးကို ဆိုလိုပါသည်။ ဥပမာ အပြစ်လွှတ်ခြင်းသည် အပြစ်မလုပ်ဆောင်ခင်တွင်
ကောင်းသော ယူဆချက်တစ်ခုလိုမျိုး ဘယ်တော့မှ ထင်စရာ မရှိပါ။ သို့ပေမဲ့ ၎င်းသည် သင့်ယုံကြည်ခြင်း၏
အကြီးမားဆုံးသော စမ်းသပ်မှု တစ်ခုဖြစ်ပါတယ်။ တစ်ယောက်ယောက်က သင့်ကို နာကျင်စေပါလျှင်
ထိုသူကို ခွင့်လွှတ်ဖို့ရန် ခံစားချက် မရှိပါဘူး။ မဖြစ်ပေါ်လာသေးတာလည်း ဖြစ်ကောင်းဖြစ်မည်။
သို့ပေမဲ့ ခွင့်လွှတ်ခြင်းဆိုတာ သင်နားမလည်သည်ဖြစ်စေ အမြဲတမ်းမှန်ကန်သော ရွေးချယ်မှုဖြစ်ပါတယ်။
သင်ငယ်စဉ်တုန်းက
သင်အတွက် အဓိပ္ပါယ်မရှိဘူးလို့ ထင်ရတဲ့ တစ်စုံတစ်ရာကို လုပ်ဆောင်ဖို့ရန် သင်၏မိဘက သင့်အား
ပြောစဉ် အချိန်ကို ပြန်အောက်မေ့ကြည့်ပါ။ သို့ပေမဲ့ ယခုတွင် သင် ၂၀/၂၀ အမြင်ဖြင့် ပြန်ပြောင်းတွေးကြည့်နိုင်ပြီး
သင့်မိဘ၏ အမြင်ကို သင်နားလည်နိုင်ပါမည်။
၎င်းကဲ့သို့ပင်
ဘုရားသခင် လုပ်ဆောင်ပါတယ်။
ယုံကြည်ခြင်းသည်
ဖြစ်နိုင်ခြေမရှိဘူးလို့ ထင်ရသည့်တိုင် မှန်ကန်သောအရာကို လုပ်ဆောင်ပါတယ်။ သုတ္တံကျမ်း ၃း၅ တွင် ဆိုထားသည်မှာ “ထာဝရဘုရားကို
စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။” သင်က
ရုပ်ပုံတစ်ခုလုံးကို ဘယ်တော့မှ မသိပေမဲ့လည်း ဘုရားသခင် သိပါတယ်။
သမ္မာကျမ်းစာက
အကြီးမြတ်ဆုံးသော ဥပမာဖြစ်သည့် တရားသူကြီးမှတ်စာ (၇) တွင် ပါဝင်သော ဂိဒေါင် ၏အ ကြောင်းကို
ဖော်ပြပေးထားပါတယ်။ ရန်သူစစ်သား ၁၃၅၀၀၀ ဆီ ဂိဒေါင်သည် ဣသရေလလူ ၃၀၀ ကို ခေါ်ဆောင် ခဲ့ပါတယ်။
တဖက်တွင် ၁ ယောက်ကို စစ်သား ၄၅၀ နှုန်း ဖြစ်နေပါတတယ်။ ဘုရားသခင်သည် စစ်သား တို့အား
မီးရှူး၊ တံပိုးနှင့် မြေအိုးတို့ကို ယူဆောင်စေခဲ့ပါတယ်။ ဤအမိန့်တော်သည် အဓိပ္ပါယ်မရှိဘူးလို့
ဂိဒေါင်တွေးမိခဲ့မယ် ဆိုတာ ကျွန်တော်သေချာပါတယ်။
ပြီးနောက်
ဘုရားသခင်က ဂိဒေါင်အား မီးခွက်ပေါ်သို့ မြေအိုးတို့ကို ထားရှိစေခြင်းဖြင့် ညအချိန်တွင်
အလင်းရောင်ကို မမြင်စေဖို့ရန် နှင့် ရန်သူစခန်းအနားသွားဖို့ ပြောကြားခဲ့ပါတယ်။ ဘုရားသခင်၏
ညွှန်ကြားမှုက တခါတရံ ဤကဲ့သို့မျိုး ဖြစ်စေမည် … “သင့်အား ပြောစဉ်တွင် တံပိုးတို့ကိုမှုတ်ပြီး
မြေအိုးတို့ကိုခွဲပါ။ ပြီးနောက် အမှောင်ထဲတွင် မီးအလင်းကို ရုတ်တရက် ထွန်းလင်းစေပါ။
၎င်းသည် စခန်းအနီးတဝှိုက် ကြီးမားတဲ့ စစ်တပ်ကဲ့သို့ မြင်ရလိမ့်မည်။ စိတ်တို့ကိုရှုပ်ထွေးစေမည်ဖြစ်ပြီး
ရန်သူစစ်သားတို့ အချင်းချင်းတိုက်ခိုက်ကြလိမ့်မည်။”
အဓိပ္ပါယ်မရှိဘူးလို့
ထင်စရာရှိသည့်တိုင် ဂိဒေါင် နာခံခဲ့ပါတယ်။ ဣသရေလတို့သည် သူတို့၏ တံပိုးကို မှုတ်ကြ
၊ အိုးတို့ကို ခွဲပြီး မီးအလင်းတို့ကို ဖော်ပြခဲ့ကြပါတယ်။ ရန်သူစစ်သားတို့ ရုတ်တရက်
ထိတ်လန့်ခြင်းတို့ဖြင့် နိုးထလာကြပြီး အချင်းချင်း တစ်ဦးကို တစ်ဦးစတင် တိုက်ခိုက်ပါတော့တယ်။
ဘုရားသခင် ပြောထားတဲ့အရာကို ဂိဒေါင်လုပ်ဆောင်ခဲ့တဲ့အတွက်ကြောင့် သူနားမလည်ခဲ့သည့်တိုင်
ဣသရေလ လူတို့သည် စစ်ပွဲကို အောင်နိုင်ခဲ့ ပါတယ်။
တစ်ခါတစ်ရံတွင်
ရူးမိုက်တယ်လို့ ထင်ရတဲ့အရာတစ်ခုခုကို လုပ်ဆောင်ဖို့ရန် သင့်အး ဘုရားသခင်ပြောပါမည်။
သို့ပေမဲ့ သင်၌ ယုံကြည်ခြင်းရှိပါလျှင် သင့်အား ဘုရားသခင် လုပ်စေလို့သည့်အရာကို သင်နားမလည်သည့်တိုင်
ဘုရားသခင်ကို သင်နာခံပါလိမ့်မည်။
ဂိဒေါင်နှင့်
သူ၏ စစ်သားတို့ကဲ့သို့ပင် အရဲစွန့်ခြင်းမျိုး မရှိဘဲလျက် ယုံကြည်ခြင်းဖြင့် အသက်မရှင်နိုင်ပါဘူး။
သို့ပေမဲ့ ဘုရားသခင်သည် ရုပ်ပုံကို ၂၀/၂၀ အမြင်ဖြင့် မြင်နေပါတယ်။ သင့်အား လုပ်ဆောင်စေလိုသော
အရာကို သင်ယုံကြည်နိုင်ပါတယ်။
ဆင်ခြင်ရန်
ဘုရားသခင် မည်သို့သော
အံ့ဩစရာအကောင်းဆုံးအရာကို သင့်အား လုပ်ဆောင်ဖို့ပြောပါသနည်း။ ၎င်းသည် ဘယ်လိုဖြစ် သွားခဲ့သနည်း။
•
သင့်ကိုယ်ပိုင်ဥာဏ်ကို မယုံကြည်သင့်ဘူးလို့ သမ္မာကျမ်းစာက ဆိုပါတယ်။
ဘုရားသခင်ရဲ့အကြံဉာဏ်တွေထက် သင့်ကိုယ်ပိုင်စိတ်ကူးတွေကို ယုံကြည်ဖို့
အထူးသွေးဆောင်ခံရတဲ့ သင့်ဘဝရဲ့ နယ်ပယ်အချို့မှာ ရှိပါသလား။ အဘယ်ကြောင့်နည်း။
•
သင်နားမလည်သောအရာကို နာခံရန် တောင်းဆိုသောအခါ သင်အကြောက်ဆုံးအရာမှာ အဘယ်နည်း။
---------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်