Three Realities of Heaven

 Unicode Version

ကောင်းကင်းဘုံ၏ စစ်မှန်သော အရာသုံးမျိုး

ကောလောသဲဩဝါဒစာ ၃း၁ “အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်ကြသည် မှန်လျှင်၊ ဘုရား သခင်၏ လက်ျာတော်ဘက်မှာ ခရစ်တော်သည် ထိုင်နေ တော်မူရာအရပ်၌ရှိသော အထက်အရာ တို့ကို ရှာကြာလော့။

ကောင်းကင်ဘုံနှင့် ပတ်သက်ပြီး လူအများတို့တွင် အထင်အမြင် လွှဲမှားမှု များစွာ ရှိပါတယ်။ သင် ကောင်းကင်တမန် ဖြစ်မည်မဟုတ်။ အတောင်ပံလည်း ရှိမည်မဟုတ်။ ခေရုဗိမ် လိုကြီးသော သူ၊ အဖြူရောင်ဝတ်လုံ ဝတ်ထားမှာလည်း မဟုတ်ပါ။ တိမ်တိုက်တွေပေါ်မှာ စီးမျှောနေမှာလည်း မဟုတ်ပါ။

 

ကောင်းကင်ဘုံ၏ မှန်ကန်သော အမြင် သင်၌ရှိဖို့လိုအပ်ပါတယ်။ သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ ကောလော သဲ ၃း၁ “အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်ကြသည် မှန်လျှင်၊ ဘုရား သခင်၏ လက်ျာတော်ဘက်မှာ ခရစ်တော်သည် ထိုင်နေ တော်မူရာအရပ်၌ရှိသော အထက်အရာ တို့ကို ရှာကြာ လော့။

ဒါဆိုရင် “ကောင်းကင်ဘုံ၏ စစ်မှန်မှု” အကြောင်းကို သမ္မာကျမ်းစာကို ဘယ်လို ပြောထားပါသလဲ။

(၁) ကောင်းကင်ဘုံသည် ထာဝရဘုရားသခင်နေထိုင်ပြီး အုပ်ချုပ်သော နေရာဖြစ်ပါတယ်။ သမ္မာကျမ်းစာက ကောင်းကင်ဘုံကို “ဘုရားသခင်၏ ကျိန်းဝပ်ရာ” ၊ “ဘုရားသခင်၏ အိမ်တော်” နှင့် “ဘုရားသခင်၏ မြို့တော်” လို့ ခေါ်တွင်ပါတယ်။ ဤစကားစုများ၏ အဆိုအရာ ‌ကောင်းကင်ဘုံသည် ဘုရားသခင် နေထိုင်ရာ နေရာ ဖြစ်ပါတယ်။

သို့ပေမဲ့ သခင်ယေရှုက ကောင်းကင်ဘုံကို “ဘုရားသခင်၏ နိုင်ငံတော်” (သို့) ကောင်းကင်နိုင်ငံတော် လို့ သမ္မာကျမ်းစာတွင် ၃၁ကြိမ် ခေါ်ဆိုခဲ့ပါတယ်။ ဒါကြောင့် ကောင်းကင်ဘုံသည် ဘုရားသခင် တည်ရှိသောနေရာ ဖြစ်ရုံသာမက ဘုရားသခင် အုပ်ချုပ်သော နေရာလည်းဖြစ်ပါတယ်။ ဆာလံကျမ်း ၁၂၃း၁ “ကောင်းကင်ဘုံ၌ ကျိန်းဝပ်တော် မူသောဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် မျှော်ကြည့်ပါ၏။” Psalm 123:1 says, “Lord, I look up to you, up to heaven, where you rule” (GNT).

(၂) ကောင်းကင်ဘုံသည် တကယ့်စစ်မှန်သော နေရာဖြစ်ပါတယ်။

(၂) ကောင်းကင်ဘုံသည် တကယ့်စစ်မှန်သော နေရာဖြစ်ပါတယ်။ 

ကောင်းကင်ဘုံသည် စိတ်ကူးပုံဖော်ခြင်းမျိုးမဟုတ်ပါ။  ဖြစ်တည်နေသော အရာဖြစ်ပါတယ်။ ပြီးတော့ သရဲတစ္ဆေလို လွင့်နေတဲ့ နေရာလည်း မဟုတ်ပါဘူး။ စစ်မှန်တဲ့ နေရာဖြစ်ပါတယ်။ တကယ်တော့ သမ္မာကျမ်း စာတွင် ဖော်ပြထားသည်မှာ ကောင်းကင်ဘုံတွင် လမ်းများ ၊ သစ်ပင်များ ၊ ရေ နှင့် အိမ်တို့ ရှိကြပါတယ်။ များစွာသော ကျမ်းပိုဒ်တို့တွင်လည်း တိရစ္ဆာန်တို့ရှိကြောင်းကို ရည်ညွှန်းထားပါတယ်။ သင်၌ ခန္ဓာကိုယ်ရှိပါမည်။ သင်၏ ထမြောက်ခြင်းမှတစ်ဆင့် အသစ်တစ်ဖန် ဖြစ်ခြင်းဆိုတဲ့ ခန္ဓာကိုယ်ကို ရရှိပါမည်။ သင်၏ အစစ်အမှန် ခန္ဓာကိုယ်ဖြင့် တကယ့်နေရာတွင် နေထိုင်ရပါလိမ့်မည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၄း၂ “ ငါ့အဘ၏အိမ်တော်၌ နေစရာ အခန်းများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကိုသင်တို့အား ငါ မပြောဘဲမနေ။ သင်တို့နေစရာအရပ်ကို ပြင်ဆင် ခြင်းငှါ ငါသွားရ၏။

 ရှင်မဿဲခရစ်ဝင်ကျမ်း ၆း၂၀ တွင်လည်း သခင်ယေရှု ဆိုထားသည်မှာ “သံချေး၊ ပိုးရွ မဖျက်ဆီး၍ သူခိုးမထွင်း မဖောက် မခိုးမယူရာ ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုဆည်းဖူး ကြလော့။” အစစ်အမှန် မဟုတ်တဲ့နေရာမှာ သင်၏ ဘဏ္ဍာကို သိမ်းဆည်းလို့ မရနိုင်ပါဘူး။

 (၃) ကောင်းကင်ဘုံသည် သင်နှင့်ကျွန်ုပ်အတွက် ဖန်တီးထားတာဖြစ်ပါတယ်။

ဘုရားသခင်သည် ကောင်းကင်ဘုံကို သူ့အတွက် ဖန်တီးထားတာ မဟုတ်ပါ။ သူ့နောက် လိုက်သောသူတို့အတွက် ဖန်တီးထားခြင်း ဖြစ်ပါတယ်။ သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ ထိုအခါ လက်ျာတော်ဘက်၌ရှိသော သူတို့အား မင်းကြီးက၊ ငါ့ခမည်းတော်ထံ ကောင်းကြီးမင်္ဂလာကို ခံသောသူတို့၊ ကမ္ဘာဦးကပင် သင်တို့အဘို့ ပြင်ဆင်သော နိုင်ငံကို လာ၍ အမွေခံကြလော့။” ရှင်မဿဲခရစ်ဝင်ကျမ်း ၂၅း၃၄

 ကမ္ဘာမြေကြီးနှင့် ပတ်သက်ပြီး ဘုရားသခင်သည် စတင်စဉ်းစားတဲ့အခါမှာ ကောင်းကင်ဘုံကို စတင်စဉ်းစား ပါတယ်။ သမ္မာကျမ်းစာတွင် ဖော်ပြထားသည်မှာ ဘုရားသခင်သည် စကြာဝဌာ တစ်ခုလုံးကို ဖန်ဆင်းခဲ့ခြင်းသည် မိသားစုတို့နှင့်အတူ ထာဝရ နေထိုင်လိုတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဘုရားသခင်သည် ကောင်းကင်ဘုံကို သူ၏ မိသားစုအတွက် ဖန်ဆင်းခဲ့ပြီး ကောင်းကင်ဘုံသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတို့ ဖော်ပြရာ အံ့ဩဖွယ်နေရာ တစ်ခု ဖြစ်ပါတယ်။

လူသားတွေကို ဤကမ္ဘာကြီးပေါ်မှာ ထာဝရနေရဖို့ မရည်ရွယ်ပါဘူး။ သင်နှင့် ကျွန်ုပ်ကို ကောင်းကင်ဘုံအတွက် ဖန်ဆင်းထားတာ ဖြစ်ပါတယ်။ ဟေဗြဲ ၁၃း၁၄ တွင် ဆိုထားသည်မှာ အကြောင်းမူကား၊ ငါတို့သည် ဤဘဝ၌ အမြဲတည်သော မြို့မရှိ၊ နောက်ဖြစ်လတံ့သော မြို့ကိုရှာကြ၏။ ဘုရားသခင်၏ မိသားစုဝင်အဖြစ် သင်ဖြစ်လာတာနဲ့ တစ်ပြိုင်နက် ဤနေရာနှင့် ယခုဘဝအတွက် များစွာ သာလွန်နေပါတယ်။ တကယ်ပါ။ ဤလောက ကြီးက သင့်ရဲ့အိမ် မဟုတ်ပါဘူး။ သင်က ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

 

ကောင်းကင်ဘုံ ရောက်သွားတဲ့အခါမှာတော့ ကျမ်းစာလာသည်နှင့်အညီ၊ ဘုရားသခင်ကို ချစ်သော သူတို့အဘို့အလိုငှါ၊ ဘုရားသခင်ပြင်ဆင်တော် မူသော အရာတို့ကို လူမျက်စိဖြင့်မမြင်၊ နားဖြင့်မကြား၊ စိတ်နှလုံးဖြင့် မကြံစည်သေး” ကောရိန္သုဩဝါဒစာ ပဌမစောင် ၂း၉

ကောင်းကင်ဘုံနှင့် ပတ်သက်ပြီး ဘယ်လိုပင် သင်မြင်မက်နေပါစေ အရေးမကြီးပါ။ စစ်မှန်ခြင်းအရာက သင်မြင်မက်တာထက်ကို ကျော်လွန်နေပါလိမ့်မည်။

 

ဆင်ခြင်ရန်

- ဤ Devotional ကိုဖတ်ပြီးတဲ့နောက်တွင် ကောင်းကင်ဘုံနှင့်ပတ်သက်၍ သင်၏ နားလည်ထားခြင်းအရာက မည်ကဲ့သို့ ပြောင်းလဲသွားပါသနည်း။

- ယနေ့ ဤ devotional ရှိ “ဘုရားသခင်သည် ကောင်းကင်ဘုံကို သူ့အတွက် ဖန်ဆင်းထားတာမဟုတ်ဘဲ သူ၏ သားသမီးတို့အတွက်ဖြစ်တယ်၊ ကမ္ဘာကြီးကို စတင်စဉ်းစားတဲ့အခါမှာ ကောင်းကင်ဘုံကို စတင်စဉ်းစားပါတယ်” ဆိုတဲ့ ဝါကျတွေကနေ ဖတ်ရှုခြင်းမှ သင်၏ တွေးခေါ်မှုပုံစံကို သုံးသပ် ကြည့်လိုက်ပါ။

- ဤ devotional မှ ကောင်းကင်ဘုံ၏ စစ်မှန်မှု (၃) မျိုးနှင့် ပတ်သက်ပြီး မည်သည့်အရာက သင့်အား  အံ့ဩသင့်ဆုံးအရာ စေပါသနည်း။

 ကောင်းကင်ဘုံ သင်ရောက်မယ်ဆိုတာကို သေချာပေါက် သိနိုင်ပါတယ်။

လူတော်တော်များများ သေခြင်းနှင့် စီရင်ခြင်းကို ကြောက်ကြပါတယ်။ သို့ပေမဲ့ သခင်ယေရှု၏ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်တော်မူခြင်းသည် ထိုကြောက်ရွံ့ခြင်းများထဲကနေ ကင်းဝေးစေနိုင်သည်။

ကျွန်ုပ်တို့ အယောက်စီတိုင်း၏ အပြစ်များနှင့် အပြစ်၏ ပြစ်ဒဏ်တို့သည် အဆုံးသတ်သွားပြီလို့ သမ္မာကျမ်းစာတွင် ဆိုထားပါတယ်။ ဘုရားသခင်က သင့်ကို ချစ်အားကြီးတဲ့အတွက်ကြောင့် သင်၏ အပြစ်တို့အတွက် အဖိုးအခ ပေးချေဖို့ရန် နှင့် သင့်အား ဘုရားသခင်၏ မိသားစုဝင်ထဲသို့ ခေါ်ဝင်နိုင်ဖို့ရန် နှင့် စီရင်ခြင်းမှ ကယ်တင်နိုင်ဖို့ရန် သူ၏ သားတော် ယေရှုကို စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

ဘုရားသခင်၏ မိသားစု ထဲသို့ သင်ပါဝင်ဖို့ အဆင်သင့်ဘဲဆိုလျှင် ဤဆုတောင်းချက်ဖြင့် စတင်ဆုတောင်း နိုင်ပါတယ်။

“အဖ ဘုရားသခင်..ကျွန်ုပ်သေတဲ့အခါ ကျွန်ုပ်အသက်တာ စာရင်းကို သခင့်အား ပေးရမည်ကို ကျွန်ုပ်သိရှိပါသည်။ သခင့်အား လစ်လျူရှုခဲ့ခြင်းကို ဝန်ခံပါသည်။ သခင့်အလိုတော်အတိုင်းမဟုတ်ဘဲ သခင့်အား ဆန့်ကျင်သော အပြစ်ပြုပြီး ကိုယ့်အသက်တာအကြံအစည်အတိုင်း လျှောက်လှမ်းခဲ့ပါတယ်။ ယခုအချိန်တွင် ကျွန်ုပ်စတင်ပြောင်း လဲချင်ပါတယ်။ မိမိအပြစ်နွံထဲကနေ လှည့်ပြန်ပြီး သခင့်ဆီသို့ ဦးတည်ချင်ပါသည်။

ကျွန်ုပ် မှားယွင်းခဲ့သော အပြစ်အားလုံးတို့အတွက် အသေခံဖို့ရန် သခင်ယေရှုအား စေလွှတ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ထို့အတွက်ကြောင့် စီရင်ခြင်းအစား သခင်နှင့်အတူ နိစ္စထာဝရတွင် အတူနေထိုင်နိုင်မည် ဖြစ်ပါသည်။ သခင့်၏ ခွင့်လွှတ်မှုအတွက် ကျွန်ုပ် မထိုက်တန်ပါဘူး။ သခင်၏ ကောင်းမြတ်ခြင်းသာ ကျွန်ုပ်ကို ကယ်တင်နိုင် မည်ကို သိရှိပါသည်။

 သခင်ယေရှုဘုရား… ကျွန်ုပ်အား အလွန်ချစ်၍ အပြစ်အားလုံးတို့ကို ယူဆောင်သွားသည့်အတွက် ကျေးဇူးအထူး တင်ရှိပါသည်။ ကျွန်ုပ်အား ကောင်းကင်ဘုံတွင် လက်ခံခြင်း ပြုနိုင်အောင် သခင်လုပ်ဆောင်ခဲ့ပါပြီ။ ကျွန်ုပ်ကို ကယ်တင်တော်မူပါ။ ကျွန်ုပ်အပြစ်တို့အတွက် စီရင်ခြင်းမှ ကယ်နှုတ်တော်မူပါ။ သခင်ယေရှုအား ယုံကြည်ပါ၏။ သခင်သည် ကျွန်ုပ်အား ပြီးပြည့်စုံစွာဖြင့် ကယ်တင်မည်ဆိုတဲ့ ကတိတော်ကို တည်မည်ကိုလည်း ကျွန်ုပ်ယုံကြည် ပါ၏။ သခင်ယေရှု၏ မြတ်သောနာမတော်၌ ဆုတောင်းပါ၏။..အာမင်.

-----------------------------------------------------------------------------

Zawgyi Version

ေကာင္းကင္းဘုံ၏ စစ္မွန္ေသာ အရာသုံးမ်ိဳး

ေကာေလာသဲဩဝါဒစာ ၃း၁ “အထက္ဆိုခဲ့ၿပီးသည္အတိုင္း၊ သင္တို႔သည္ ခရစ္ေတာ္ႏွင့္အတူ ထေျမာက္ၾကသည္ မွန္လွ်င္၊ ဘုရား သခင္၏ လက္်ာေတာ္ဘက္မွာ ခရစ္ေတာ္သည္ ထိုင္ေန ေတာ္မူရာအရပ္၌ရွိေသာ အထက္အရာ တို႔ကို ရွာၾကာေလာ့။”



ေကာင္းကင္ဘုံႏွင့္ ပတ္သက္ၿပီး လူအမ်ားတို႔တြင္ အထင္အျမင္ လႊဲမွားမႈ မ်ားစြာ ရွိပါတယ္။ သင္ ေကာင္းကင္တမန္ ျဖစ္မည္မဟုတ္။ အေတာင္ပံလည္း ရွိမည္မဟုတ္။ ေခ႐ုဗိမ္ လိုႀကီးေသာ သူ၊ အျဖဴေရာင္ဝတ္လုံ ဝတ္ထားမွာလည္း မဟုတ္ပါ။ တိမ္တိုက္ေတြေပၚမွာ စီးေမွ်ာေနမွာလည္း မဟုတ္ပါ။


ေကာင္းကင္ဘုံ၏ မွန္ကန္ေသာ အျမင္ သင္၌ရွိဖို႔လိုအပ္ပါတယ္။ သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ ေကာေလာ သဲ ၃း၁ “အထက္ဆိုခဲ့ၿပီးသည္အတိုင္း၊ သင္တို႔သည္ ခရစ္ေတာ္ႏွင့္အတူ ထေျမာက္ၾကသည္ မွန္လွ်င္၊ ဘုရား သခင္၏ လက္်ာေတာ္ဘက္မွာ ခရစ္ေတာ္သည္ ထိုင္ေန ေတာ္မူရာအရပ္၌ရွိေသာ အထက္အရာ တို႔ကို ရွာၾကာ ေလာ့။”

ဒါဆိုရင္ “ေကာင္းကင္ဘုံ၏ စစ္မွန္မႈ” အေၾကာင္းကို သမၼာက်မ္းစာကို ဘယ္လို ေျပာထားပါသလဲ။

(၁) ေကာင္းကင္ဘုံသည္ ထာဝရဘုရားသခင္ေနထိုင္ၿပီး အုပ္ခ်ဳပ္ေသာ ေနရာျဖစ္ပါတယ္။ သမၼာက်မ္းစာက ေကာင္းကင္ဘုံကို “ဘုရားသခင္၏ က်ိန္းဝပ္ရာ” ၊ “ဘုရားသခင္၏ အိမ္ေတာ္” ႏွင့္ “ဘုရားသခင္၏ ၿမိဳ႕ေတာ္” လို႔ ေခၚတြင္ပါတယ္။ ဤစကားစုမ်ား၏ အဆိုအရာ ‌ေကာင္းကင္ဘုံသည္ ဘုရားသခင္ ေနထိုင္ရာ ေနရာ ျဖစ္ပါတယ္။ 


သို႔ေပမဲ့ သခင္ေယရႈက ေကာင္းကင္ဘုံကို “ဘုရားသခင္၏ ႏိုင္ငံေတာ္” (သို႔) ေကာင္းကင္ႏိုင္ငံေတာ္ လို႔ သမၼာက်မ္းစာတြင္ ၃၁ႀကိမ္ ေခၚဆိုခဲ့ပါတယ္။ ဒါေၾကာင့္ ေကာင္းကင္ဘုံသည္ ဘုရားသခင္ တည္ရွိေသာေနရာ ျဖစ္႐ုံသာမက ဘုရားသခင္ အုပ္ခ်ဳပ္ေသာ ေနရာလည္းျဖစ္ပါတယ္။ ဆာလံက်မ္း ၁၂၃း၁ “ေကာင္းကင္ဘုံ၌ က်ိန္းဝပ္ေတာ္ မူေသာဘုရား၊ ကိုယ္ေတာ္ကို အကြၽႏ္ုပ္ ေမွ်ာ္ၾကည့္ပါ၏။” Psalm 123:1 says, “Lord, I look up to you, up to heaven, where you rule” (GNT).

(၂) ေကာင္းကင္ဘုံသည္ တကယ့္စစ္မွန္ေသာ ေနရာျဖစ္ပါတယ္။

ေကာင္းကင္ဘုံသည္ စိတ္ကူးပုံေဖာ္ျခင္းမ်ိဳးမဟုတ္ပါ။  ျဖစ္တည္ေနေသာ အရာျဖစ္ပါတယ္။ ၿပီးေတာ့ သရဲတေစၦလို လြင့္ေနတဲ့ ေနရာလည္း မဟုတ္ပါဘူး။ စစ္မွန္တဲ့ ေနရာျဖစ္ပါတယ္။ တကယ္ေတာ့ သမၼာက်မ္း စာတြင္ ေဖာ္ျပထားသည္မွာ ေကာင္းကင္ဘုံတြင္ လမ္းမ်ား ၊ သစ္ပင္မ်ား ၊ ေရ ႏွင့္ အိမ္တို႔ ရွိၾကပါတယ္။ မ်ားစြာေသာ က်မ္းပိုဒ္တို႔တြင္လည္း တိရစာၦန္တို႔ရွိေၾကာင္းကို ရည္ၫႊန္းထားပါတယ္။ သင္၌ ခႏၶာကိုယ္ရွိပါမည္။ သင္၏ ထေျမာက္ျခင္းမွတစ္ဆင့္ အသစ္တစ္ဖန္ ျဖစ္ျခင္းဆိုတဲ့ ခႏၶာကိုယ္ကို ရရွိပါမည္။ သင္၏ အစစ္အမွန္ ခႏၶာကိုယ္ျဖင့္ တကယ့္ေနရာတြင္ ေနထိုင္ရပါလိမ့္မည္။ ရွင္ေယာဟန္ခရစ္ဝင္က်မ္း ၁၄း၂ “ ငါ့အဘ၏အိမ္ေတာ္၌ ေနစရာ အခန္းမ်ားရွိ၏။ သို႔မဟုတ္လွ်င္ မဟုတ္ေၾကာင္းကိုသင္တို႔အား ငါ မေျပာဘဲမေန။ သင္တို႔ေနစရာအရပ္ကို ျပင္ဆင္ ျခင္းငွါ ငါသြားရ၏။”


ရွင္မႆဲခရစ္ဝင္က်မ္း ၆း၂၀ တြင္လည္း သခင္ေယရႈ ဆိုထားသည္မွာ “သံေခ်း၊ ပိုး႐ြ မဖ်က္ဆီး၍ သူခိုးမထြင္း မေဖာက္ မခိုးမယူရာ ေကာင္းကင္ဘုံ၌ ဘ႑ာကိုဆည္းဖူး ၾကေလာ့။” အစစ္အမွန္ မဟုတ္တဲ့ေနရာမွာ သင္၏ ဘ႑ာကို သိမ္းဆည္းလို႔ မရႏိုင္ပါဘူး။


(၃) ေကာင္းကင္ဘုံသည္ သင္ႏွင့္ကြၽႏ္ုပ္အတြက္ ဖန္တီးထားတာျဖစ္ပါတယ္။

ဘုရားသခင္သည္ ေကာင္းကင္ဘုံကို သူ႔အတြက္ ဖန္တီးထားတာ မဟုတ္ပါ။ သူ႔ေနာက္ လိုက္ေသာသူတို႔အတြက္ ဖန္တီးထားျခင္း ျဖစ္ပါတယ္။ သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ “ထိုအခါ လက္်ာေတာ္ဘက္၌ရွိေသာ သူတို႔အား မင္းႀကီးက၊ ငါ့ခမည္းေတာ္ထံ ေကာင္းႀကီးမဂၤလာကို ခံေသာသူတို႔၊ ကမာၻဦးကပင္ သင္တို႔အဘို႔ ျပင္ဆင္ေသာ ႏိုင္ငံကို လာ၍ အေမြခံၾကေလာ့။” ရွင္မႆဲခရစ္ဝင္က်မ္း ၂၅း၃၄


ကမာၻေျမႀကီးႏွင့္ ပတ္သက္ၿပီး ဘုရားသခင္သည္ စတင္စဥ္းစားတဲ့အခါမွာ ေကာင္းကင္ဘုံကို စတင္စဥ္းစား ပါတယ္။ သမၼာက်မ္းစာတြင္ ေဖာ္ျပထားသည္မွာ ဘုရားသခင္သည္ စၾကာဝဌာ တစ္ခုလုံးကို ဖန္ဆင္းခဲ့ျခင္းသည္ မိသားစုတို႔ႏွင့္အတူ ထာဝရ ေနထိုင္လိုတဲ့အတြက္ေၾကာင့္ ျဖစ္ပါတယ္။ ဘုရားသခင္သည္ ေကာင္းကင္ဘုံကို သူ၏ မိသားစုအတြက္ ဖန္ဆင္းခဲ့ၿပီး ေကာင္းကင္ဘုံသည္ ဘုရားသခင္၏ ခ်စ္ျခင္းေမတၱာတို႔ ေဖာ္ျပရာ အံ့ဩဖြယ္ေနရာ တစ္ခု ျဖစ္ပါတယ္။

လူသားေတြကို ဤကမာၻႀကီးေပၚမွာ ထာဝရေနရဖို႔ မရည္႐ြယ္ပါဘူး။ သင္ႏွင့္ ကြၽႏ္ုပ္ကို ေကာင္းကင္ဘုံအတြက္ ဖန္ဆင္းထားတာ ျဖစ္ပါတယ္။ ေဟၿဗဲ ၁၃း၁၄ တြင္ ဆိုထားသည္မွာ “အေၾကာင္းမူကား၊ ငါတို႔သည္ ဤဘဝ၌ အၿမဲတည္ေသာ ၿမိဳ႕မရွိ၊ ေနာက္ျဖစ္လတံ့ေသာ ၿမိဳ႕ကိုရွာၾက၏။” ဘုရားသခင္၏ မိသားစုဝင္အျဖစ္ သင္ျဖစ္လာတာနဲ႔ တစ္ၿပိဳင္နက္ ဤေနရာႏွင့္ ယခုဘဝအတြက္ မ်ားစြာ သာလြန္ေနပါတယ္။ တကယ္ပါ။ ဤေလာက ႀကီးက သင့္ရဲ႕အိမ္ မဟုတ္ပါဘူး။ သင္က ျဖတ္သန္းေနတာ ျဖစ္ပါတယ္။ 


ေကာင္းကင္ဘုံ ေရာက္သြားတဲ့အခါမွာေတာ့ “က်မ္းစာလာသည္ႏွင့္အညီ၊ ဘုရားသခင္ကို ခ်စ္ေသာ သူတို႔အဘို႔အလိုငွါ၊ ဘုရားသခင္ျပင္ဆင္ေတာ္ မူေသာ အရာတို႔ကို လူမ်က္စိျဖင့္မျမင္၊ နားျဖင့္မၾကား၊ စိတ္ႏွလုံးျဖင့္ မႀကံစည္ေသး” ေကာရိႏ္သဳဩဝါဒစာ ပဌမေစာင္ ၂း၉ 

ေကာင္းကင္ဘုံႏွင့္ ပတ္သက္ၿပီး ဘယ္လိုပင္ သင္ျမင္မက္ေနပါေစ အေရးမႀကီးပါ။ စစ္မွန္ျခင္းအရာက သင္ျမင္မက္တာထက္ကို ေက်ာ္လြန္ေနပါလိမ့္မည္။


ဆင္ျခင္ရန္

- ဤ Devotional ကိုဖတ္ၿပီးတဲ့ေနာက္တြင္ ေကာင္းကင္ဘုံႏွင့္ပတ္သက္၍ သင္၏ နားလည္ထားျခင္းအရာက မည္ကဲ့သို႔ ေျပာင္းလဲသြားပါသနည္း။ 

- ယေန႔ ဤ devotional ရွိ “ဘုရားသခင္သည္ ေကာင္းကင္ဘုံကို သူ႔အတြက္ ဖန္ဆင္းထားတာမဟုတ္ဘဲ သူ၏ သားသမီးတို႔အတြက္ျဖစ္တယ္၊ ကမာၻႀကီးကို စတင္စဥ္းစားတဲ့အခါမွာ ေကာင္းကင္ဘုံကို စတင္စဥ္းစားပါတယ္” ဆိုတဲ့ ဝါက်ေတြကေန ဖတ္ရႈျခင္းမွ သင္၏ ေတြးေခၚမႈပုံစံကို သုံးသပ္ ၾကည့္လိုက္ပါ။ 

- ဤ devotional မွ ေကာင္းကင္ဘုံ၏ စစ္မွန္မႈ (၃) မ်ိဳးႏွင့္ ပတ္သက္ၿပီး မည္သည့္အရာက သင့္အား  အံ့ဩသင့္ဆုံးအရာ ေစပါသနည္း။


ေကာင္းကင္ဘုံ သင္ေရာက္မယ္ဆိုတာကို ေသခ်ာေပါက္ သိႏိုင္ပါတယ္။

လူေတာ္ေတာ္မ်ားမ်ား ေသျခင္းႏွင့္ စီရင္ျခင္းကို ေၾကာက္ၾကပါတယ္။ သို႔ေပမဲ့ သခင္ေယရႈ၏ အေသခံျခင္းႏွင့္ ရွင္ျပန္ထေျမာက္ေတာ္မူျခင္းသည္ ထိုေၾကာက္႐ြံ႕ျခင္းမ်ားထဲကေန ကင္းေဝးေစႏိုင္သည္။

ကြၽႏ္ုပ္တို႔ အေယာက္စီတိုင္း၏ အျပစ္မ်ားႏွင့္ အျပစ္၏ ျပစ္ဒဏ္တို႔သည္ အဆုံးသတ္သြားၿပီလို႔ သမၼာက်မ္းစာတြင္ ဆိုထားပါတယ္။ ဘုရားသခင္က သင့္ကို ခ်စ္အားႀကီးတဲ့အတြက္ေၾကာင့္ သင္၏ အျပစ္တို႔အတြက္ အဖိုးအခ ေပးေခ်ဖို႔ရန္ ႏွင့္ သင့္အား ဘုရားသခင္၏ မိသားစုဝင္ထဲသို႔ ေခၚဝင္ႏိုင္ဖို႔ရန္ ႏွင့္ စီရင္ျခင္းမွ ကယ္တင္ႏိုင္ဖို႔ရန္ သူ၏ သားေတာ္ ေယရႈကို ေစလႊတ္ခဲ့တာ ျဖစ္ပါတယ္။


ဘုရားသခင္၏ မိသားစု ထဲသို႔ သင္ပါဝင္ဖို႔ အဆင္သင့္ဘဲဆိုလွ်င္ ဤဆုေတာင္းခ်က္ျဖင့္ စတင္ဆုေတာင္း ႏိုင္ပါတယ္။

“အဖ ဘုရားသခင္..ကြၽႏ္ုပ္ေသတဲ့အခါ ကြၽႏ္ုပ္အသက္တာ စာရင္းကို သခင့္အား ေပးရမည္ကို ကြၽႏ္ုပ္သိရွိပါသည္။ သခင့္အား လစ္လ်ဴရႈခဲ့ျခင္းကို ဝန္ခံပါသည္။ သခင့္အလိုေတာ္အတိုင္းမဟုတ္ဘဲ သခင့္အား ဆန႔္က်င္ေသာ အျပစ္ျပဳၿပီး ကိုယ့္အသက္တာအႀကံအစည္အတိုင္း ေလွ်ာက္လွမ္းခဲ့ပါတယ္။ ယခုအခ်ိန္တြင္ ကြၽႏ္ုပ္စတင္ေျပာင္း လဲခ်င္ပါတယ္။ မိမိအျပစ္ႏြံထဲကေန လွည့္ျပန္ၿပီး သခင့္ဆီသို႔ ဦးတည္ခ်င္ပါသည္။


ကြၽႏ္ုပ္ မွားယြင္းခဲ့ေသာ အျပစ္အားလုံးတို႔အတြက္ အေသခံဖို႔ရန္ သခင္ေယရႈအား ေစလႊတ္ေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္။ ထို႔အတြက္ေၾကာင့္ စီရင္ျခင္းအစား သခင္ႏွင့္အတူ နိစၥထာဝရတြင္ အတူေနထိုင္ႏိုင္မည္ ျဖစ္ပါသည္။ သခင့္၏ ခြင့္လႊတ္မႈအတြက္ ကြၽႏ္ုပ္ မထိုက္တန္ပါဘူး။ သခင္၏ ေကာင္းျမတ္ျခင္းသာ ကြၽႏ္ုပ္ကို ကယ္တင္ႏိုင္ မည္ကို သိရွိပါသည္။


သခင္ေယရႈဘုရား… ကြၽႏ္ုပ္အား အလြန္ခ်စ္၍ အျပစ္အားလုံးတို႔ကို ယူေဆာင္သြားသည့္အတြက္ ေက်းဇူးအထူး တင္ရွိပါသည္။ ကြၽႏ္ုပ္အား ေကာင္းကင္ဘုံတြင္ လက္ခံျခင္း ျပဳႏိုင္ေအာင္ သခင္လုပ္ေဆာင္ခဲ့ပါၿပီ။ ကြၽႏ္ုပ္ကို ကယ္တင္ေတာ္မူပါ။ ကြၽႏ္ုပ္အျပစ္တို႔အတြက္ စီရင္ျခင္းမွ ကယ္ႏႈတ္ေတာ္မူပါ။ သခင္ေယရႈအား ယုံၾကည္ပါ၏။ သခင္သည္ ကြၽႏ္ုပ္အား ၿပီးျပည့္စုံစြာျဖင့္ ကယ္တင္မည္ဆိုတဲ့ ကတိေတာ္ကို တည္မည္ကိုလည္း ကြၽႏ္ုပ္ယုံၾကည္ ပါ၏။ သခင္ေယရႈ၏ ျမတ္ေသာနာမေတာ္၌ ဆုေတာင္းပါ၏။..အာမင္.။