Unicode Version
ပြသနာတွေက သင့်ကို နိစ္စထာဝရအတွက် ပြင်ဆင်ပေးပါတယ်။
ရှင်ပေတရုဩဝါဒစာပဌမစောင် ၁း၆-၇ “အရည်ကျို၍စုံစမ်းခြင်းကိုခံနိုင်သော်လည်း၊
ပျက်စီးတတ်သော ရွှေကိုစစ် ကြောစုံစမ်းခြင်းထက်၊ သင်တို့ယုံကြည်ခြင်းကို
စစ်ကြောစုံစမ်းခြင်းအရာသည်သာ၍ မြတ်သည်နှင့်၊ ယေရှုခရစ် ပေါ်ထွန်းတော် မူသောအခါ
အချီးအမွမ်း၊ ဂုဏ်သရေ၊ ဘုန်းအာနုဘော် အလိုငှါဖြစ်မည်အကြောင်း၊ အထူးထူး အပြားပြားသော
စုံစမ်းနှောင့်ရှက်ခြင်းကို ခံရသောအကြောင်းရှိလျှင်၊သင်တို့သည် ယခုခဏခံရ၍
ဝမ်းနည်းသော် လည်း၊ အထက်ဆိုခဲ့ပြီးသော ကျေးဇူးတော်ကိုထောက်၍ ရွှင်လန်းသော စိတ်ရှိကြ၏။”
ဤကမ္ဘာလောကကြီးမှာ ရှင်သန်ဖို့အတွက် အပြုသဘောဆောင်တဲ့ အတွေးတွေထက်ကို များစွာသင်လို အပ်ပါတယ်။ မျှော်လင့်ခြင်းကို ကျွန်ုပ်တို့ လိုအပ်ပါတယ်။
ရှင်ပေတရုဩဝါဒစာပဌမစောင်တွင်
သခင်ယေရှုအားဖြင့် ရရှိနိုင်သော မျှော်လင့်ခြင်း အကြောင်းကို အကြောင်းရင်း (၅) ချက်ဖြင့်
သမ္မာကျမ်းစာက ဖော်ပြထားပါတယ်။
သင်မရွေးချယ်ခင်ကတည်းက
ဘုရားသခင်သည် သင့်အား ရွေးချယ်ပြီးဖြစ်ပါတယ်။
ဘုရားသခင်သည်
သင့်အား ကျေးဇူးတော် နှင့် ဂရုဏာတော်ဖြင့် အမြဲတမ်း ဆက်ဆံပါတယ်။
သင့်အနာဂတ်အတွက်
ဘုရားသခင် အာမခံထားပါတယ်။
ဘုရားသခင်၏
တန်ခိုးတော်သည် သင့်အား အကာအကွယ်ဖြစ်စေပါတယ်။
နောက်ဆုံးအနေဖြင့် သင့်အား နိစ္စထာဝရအတွက် ဘုရားသခင် ပြင်ဆင်ပေးနေခြင်းကြောင့် သင်၌ မျှော်လင့်ခြင်း ရရှိနိုင်ပြီဖြစ်ပါတယ်။
သင့်အသက်တာရှိ
အကောင်း ၊ အဆိုး၊ ရုပ်ဆိုးခြင်း စသောအရာရှိသမျှတို့ကို ဘုရားသခင်အသုံးပြုနေပါတယ်။ ၎င်းကို
သင်နားလည်လာသည်နှင့် တပြိုင်နက် အသက်တာက အဓိပ္ပါယ်စတင်ရှိလာမှာ ဖြစ်ပါတယ်။ “ဘုရားသခင်
..ဒါဘာကြောင့်ဖြစ်ရသနည်း” လို့မေးခွန်းထုတ်ခြင်းမျိုးကို သင်ရပ်တန့်သွားမှာ ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ နိစ္စထာဝရအတွက် ဘုရားသခင် ပြင်ဆင်နေခြင်း အကြောင်းကို သင်သိနေလို့
ဖြစ်ပါတယ်။
သမ္မာကျမ်းစာတွင်
ဖော်ပြထားသည်မှာ “အရည်ကျို၍စုံစမ်းခြင်းကိုခံနိုင်သော်လည်း၊
ပျက်စီးတတ်သော ရွှေကိုစစ် ကြောစုံစမ်းခြင်းထက်၊ သင်တို့ယုံကြည်ခြင်းကို
စစ်ကြောစုံစမ်းခြင်းအရာသည်သာ၍ မြတ်သည်နှင့်၊ ယေရှုခရစ် ပေါ်ထွန်းတော် မူသောအခါ
အချီးအမွမ်း၊ ဂုဏ်သရေ၊ ဘုန်းအာနုဘော် အလိုငှါဖြစ်မည်အကြောင်း၊ အထူးထူး အပြားပြားသော
စုံစမ်းနှောင့်ရှက်ခြင်းကို ခံရသောအကြောင်းရှိလျှင်၊သင်တို့သည် ယခုခဏခံရ၍
ဝမ်းနည်းသော် လည်း၊ အထက်ဆိုခဲ့ပြီးသော ကျေးဇူးတော်ကိုထောက်၍ ရွှင်လန်းသော စိတ်ရှိကြ၏။” ရှင်ပေတရုဩဝါဒစာပဌမ စောင် ၁း၆-၇
အထက်ပါကျမ်းပိုဒ်တွင်
ပြသနာအကြောင်းနှင့်ပတ်သက်ပြီး အမှန်တရား (၆) မျိုးကို ဖော်ပြထားပါတယ်။
(၁)
ပြသနာတို့သည် ယာယီခဏတာ ဖြစ်ပါတယ်။ ထာဝရ တည့်တံ့နေမှာ မဟုတ်ပါဘူး။
(၂)ပြသနာတို့သည်
လိုအပ်နေခြင်းတွေ မဟုတ်ပါ။ ကောင်းကင်ဘုံအတွက် သင့်အား ပြင်ဆင်ပေးနေသည့် မရှိမဖြစ်သော
အစိတ်အပိုင်း ဖြစ်ပါတယ်။
(၃)
ပြသနာတို့သည် ကွဲပြားစုံလင်ပါတယ်။ မတူညီသော ပုံသဏ္ဍာန် ၊ အရွယ်အစား နှင့် ပြင်းထန်မှု
အဆင့်အားလုံး၏ စစ်ဆေးခြင်းတို့ကို သင်တွေ့ကြုံခံစားရပါမည်။
(၄)
ပြသနာတွေက သင်၏ ယုံကြည်ခြင်းကို စမ်းသပ်ပါတယ်။
အားစမ်းခြင်းဖြင့် သင်၏ ကြွက်သားတို့အား တည်ဆောက်ပါတယ်။ ထိုနည်းတူစွာ သင်၏ ယုံကြည်ခြင်းသည်
စမ်းသပ်ခံရပါလျှင် ထိုယုံကြည်ခြင်း အားသည် ကြီးထွားလာမည်ဖြစ်သည်။
(၅)
ပြသနာတွေက သင်၏ စိတ်ရင်းကို သန့်စင်စေပါတယ်။ သင်၏ စိတ်ချမ်းသာခြင်းထက် သင်၏စရိုက် လက္ခဏာကို
ဘုရားသခင် ပိုပြီး စိတ်ဝင်စားပါတယ်။ သင်၏ စရိုက်လက္ခဏာတို့ကို ပြင်ဆင်မွမ်းမံဖို့ရန်
အခက်အခဲ တို့ကို ဘုရားသခင် အသုံးပြုပါတယ်။
(၆)
ကြုံတွေ့ရတဲ့ ခက်ခဲမှုအရာတွေက သင်၏ ဆုလဒ်သရဖူအတွက် သင့်ကို ပြင်ဆင်ပေးပါတယ်။ သင်ယခု
ကြုံတွေ့ရင်ဆိုင်ဖြတ်သန်းရမည့် ခက်ခဲမှုတွေက ကောင်းကင်ဘုံဆုလဒ်သရဖူနှင့် နှိုင်းယှဉ်လို့မရပါဘူး။
သင်
တွေ့ကြုံရင်ဆိုင်နေရတဲ့ အခက်အခဲပြသနာတွေသည် ပျော်စရာမကောင်းပါဘူး။ နာကျင်စရာတွေ ဖြစ်ကောင်းဖြစ်မည်။
သို့ပေမဲ့ သင်၏ ယုံကြည်ခြင်းကို အားကောင်းစေဖို့ ဖြစ်တယ်လို့ သမ္မာကျမ်းစာက ရှင်းလင်းစွာ
ဖော်ပြထားပါတယ်။ ထို့နောက်တွင် သင်၏ ယုံကြည်ခြင်းသည် မဆုတ်မနစ်သော လုံ့လကို ထုတ်လုပ်ပါလိမ့်မည်။
ဒါကြောင့်
ယခုတွင် မည်သို့သော အရာကို သင်ရင်ဆိုင်ဖြတ်သန်းရပါစေ သင်၌ မျှော်လင့်ခြင်း ရရှိပိုင်ဆိုင်နိုင်မည်
ဖြစ်သည်။
ဆင်ခြင်ရန်
-
သင်၏ ယုံကြည်ခြင်း အားကောင်းလာစေဖို့ရန် ဘုရားသခင် က အခက်အခဲတို့ကို မည်ကဲ့သို့ အသုံးပြုသည်ကို
တွေ့ကြုံဖူးပါသနည်း။
-
ယနေ့ဖတ်ရှုရသော Devotional မှ အမှန်တရားကို နားလည်ခြင်းအရာက မျှော်လင့်ခြင်း အပြည့်ဖြင့်
အသက်တာကို ရှင်သန်ဖို့ရန် မည်သို့ အကူအညီဖြစ်စေပါသနည်း။
------------------------------------------------------------------
Zawgyi Version
ျပသနာေတြက သင့္ကို နိစၥထာဝရအတြက္ ျပင္ဆင္ေပးပါတယ္။
ရွင္ေပတ႐ုဩဝါဒစာပဌမေစာင္ ၁း၆-၇ “အရည္က်ိဳ၍စုံစမ္းျခင္းကိုခံႏိုင္ေသာ္လည္း၊ ပ်က္စီးတတ္ေသာ ေ႐ႊကိုစစ္ ေၾကာစုံစမ္းျခင္းထက္၊ သင္တို႔ယုံၾကည္ျခင္းကို စစ္ေၾကာစုံစမ္းျခင္းအရာသည္သာ၍ ျမတ္သည္ႏွင့္၊ ေယရႈခရစ္ ေပၚထြန္းေတာ္ မူေသာအခါ အခ်ီးအမြမ္း၊ ဂုဏ္သေရ၊ ဘုန္းအာႏုေဘာ္ အလိုငွါျဖစ္မည္အေၾကာင္း၊ အထူးထူး အျပားျပားေသာ စုံစမ္းေႏွာင့္ရွက္ျခင္းကို ခံရေသာအေၾကာင္းရွိလွ်င္၊သင္တို႔သည္ ယခုခဏခံရ၍ ဝမ္းနည္းေသာ္ လည္း၊ အထက္ဆိုခဲ့ၿပီးေသာ ေက်းဇူးေတာ္ကိုေထာက္၍ ႐ႊင္လန္းေသာ စိတ္ရွိၾက၏။”
ဤကမာၻေလာကႀကီးမွာ ရွင္သန္ဖို႔အတြက္ အျပဳသေဘာေဆာင္တဲ့ အေတြးေတြထက္ကို မ်ားစြာသင္လို အပ္ပါတယ္။ ေမွ်ာ္လင့္ျခင္းကို ကြၽႏ္ုပ္တို႔ လိုအပ္ပါတယ္။
ရွင္ေပတ႐ုဩဝါဒစာပဌမေစာင္တြင္ သခင္ေယရႈအားျဖင့္ ရရွိႏိုင္ေသာ ေမွ်ာ္လင့္ျခင္း အေၾကာင္းကို အေၾကာင္းရင္း (၅) ခ်က္ျဖင့္ သမၼာက်မ္းစာက ေဖာ္ျပထားပါတယ္။
သင္မေ႐ြးခ်ယ္ခင္ကတည္းက ဘုရားသခင္သည္ သင့္အား ေ႐ြးခ်ယ္ၿပီးျဖစ္ပါတယ္။
ဘုရားသခင္သည္ သင့္အား ေက်းဇူးေတာ္ ႏွင့္ ဂ႐ုဏာေတာ္ျဖင့္ အၿမဲတမ္း ဆက္ဆံပါတယ္။
သင့္အနာဂတ္အတြက္ ဘုရားသခင္ အာမခံထားပါတယ္။
ဘုရားသခင္၏ တန္ခိုးေတာ္သည္ သင့္အား အကာအကြယ္ျဖစ္ေစပါတယ္။
ေနာက္ဆုံးအေနျဖင့္ သင့္အား နိစၥထာဝရအတြက္ ဘုရားသခင္ ျပင္ဆင္ေပးေနျခင္းေၾကာင့္ သင္၌ ေမွ်ာ္လင့္ျခင္း ရရွိႏိုင္ၿပီျဖစ္ပါတယ္။
သင့္အသက္တာရွိ အေကာင္း ၊ အဆိုး၊ ႐ုပ္ဆိုးျခင္း စေသာအရာရွိသမွ်တို႔ကို ဘုရားသခင္အသုံးျပဳေနပါတယ္။ ၎ကို သင္နားလည္လာသည္ႏွင့္ တၿပိဳင္နက္ အသက္တာက အဓိပၸါယ္စတင္ရွိလာမွာ ျဖစ္ပါတယ္။ “ဘုရားသခင္ ..ဒါဘာေၾကာင့္ျဖစ္ရသနည္း” လို႔ေမးခြန္းထုတ္ျခင္းမ်ိဳးကို သင္ရပ္တန႔္သြားမွာ ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ နိစၥထာဝရအတြက္ ဘုရားသခင္ ျပင္ဆင္ေနျခင္း အေၾကာင္းကို သင္သိေနလို႔ ျဖစ္ပါတယ္။
သမၼာက်မ္းစာတြင္ ေဖာ္ျပထားသည္မွာ “အရည္က်ိဳ၍စုံစမ္းျခင္းကိုခံႏိုင္ေသာ္လည္း၊ ပ်က္စီးတတ္ေသာ ေ႐ႊကိုစစ္ ေၾကာစုံစမ္းျခင္းထက္၊ သင္တို႔ယုံၾကည္ျခင္းကို စစ္ေၾကာစုံစမ္းျခင္းအရာသည္သာ၍ ျမတ္သည္ႏွင့္၊ ေယရႈခရစ္ ေပၚထြန္းေတာ္ မူေသာအခါ အခ်ီးအမြမ္း၊ ဂုဏ္သေရ၊ ဘုန္းအာႏုေဘာ္ အလိုငွါျဖစ္မည္အေၾကာင္း၊ အထူးထူး အျပားျပားေသာ စုံစမ္းေႏွာင့္ရွက္ျခင္းကို ခံရေသာအေၾကာင္းရွိလွ်င္၊သင္တို႔သည္ ယခုခဏခံရ၍ ဝမ္းနည္းေသာ္ လည္း၊ အထက္ဆိုခဲ့ၿပီးေသာ ေက်းဇူးေတာ္ကိုေထာက္၍ ႐ႊင္လန္းေသာ စိတ္ရွိၾက၏။” ရွင္ေပတ႐ုဩဝါဒစာပဌမ ေစာင္ ၁း၆-၇
အထက္ပါက်မ္းပိုဒ္တြင္ ျပသနာအေၾကာင္းႏွင့္ပတ္သက္ၿပီး အမွန္တရား (၆) မ်ိဳးကို ေဖာ္ျပထားပါတယ္။
(၁) ျပသနာတို႔သည္ ယာယီခဏတာ ျဖစ္ပါတယ္။ ထာဝရ တည့္တံ့ေနမွာ မဟုတ္ပါဘူး။
(၂)ျပသနာတို႔သည္ လိုအပ္ေနျခင္းေတြ မဟုတ္ပါ။ ေကာင္းကင္ဘုံအတြက္ သင့္အား ျပင္ဆင္ေပးေနသည့္ မရွိမျဖစ္ေသာ အစိတ္အပိုင္း ျဖစ္ပါတယ္။
(၃) ျပသနာတို႔သည္ ကြဲျပားစုံလင္ပါတယ္။ မတူညီေသာ ပုံသ႑ာန္ ၊ အ႐ြယ္အစား ႏွင့္ ျပင္းထန္မႈ အဆင့္အားလုံး၏ စစ္ေဆးျခင္းတို႔ကို သင္ေတြ႕ႀကဳံခံစားရပါမည္။
(၄) ျပသနာေတြက သင္၏ ယုံၾကည္ျခင္းကို စမ္းသပ္ပါတယ္။ အားစမ္းျခင္းျဖင့္ သင္၏ ႂကြက္သားတို႔အား တည္ေဆာက္ပါတယ္။ ထိုနည္းတူစြာ သင္၏ ယုံၾကည္ျခင္းသည္ စမ္းသပ္ခံရပါလွ်င္ ထိုယုံၾကည္ျခင္း အားသည္ ႀကီးထြားလာမည္ျဖစ္သည္။
(၅) ျပသနာေတြက သင္၏ စိတ္ရင္းကို သန႔္စင္ေစပါတယ္။ သင္၏ စိတ္ခ်မ္းသာျခင္းထက္ သင္၏စ႐ိုက္ လကၡဏာကို ဘုရားသခင္ ပိုၿပီး စိတ္ဝင္စားပါတယ္။ သင္၏ စ႐ိုက္လကၡဏာတို႔ကို ျပင္ဆင္မြမ္းမံဖို႔ရန္ အခက္အခဲ တို႔ကို ဘုရားသခင္ အသုံးျပဳပါတယ္။
(၆) ႀကဳံေတြ႕ရတဲ့ ခက္ခဲမႈအရာေတြက သင္၏ ဆုလဒ္သရဖူအတြက္ သင့္ကို ျပင္ဆင္ေပးပါတယ္။ သင္ယခု ႀကဳံေတြ႕ရင္ဆိုင္ျဖတ္သန္းရမည့္ ခက္ခဲမႈေတြက ေကာင္းကင္ဘုံဆုလဒ္သရဖူႏွင့္ ႏႈိင္းယွဥ္လို႔မရပါဘူး။
သင္ ေတြ႕ႀကဳံရင္ဆိုင္ေနရတဲ့ အခက္အခဲျပသနာေတြသည္ ေပ်ာ္စရာမေကာင္းပါဘူး။ နာက်င္စရာေတြ ျဖစ္ေကာင္းျဖစ္မည္။ သို႔ေပမဲ့ သင္၏ ယုံၾကည္ျခင္းကို အားေကာင္းေစဖို႔ ျဖစ္တယ္လို႔ သမၼာက်မ္းစာက ရွင္းလင္းစြာ ေဖာ္ျပထားပါတယ္။ ထို႔ေနာက္တြင္ သင္၏ ယုံၾကည္ျခင္းသည္ မဆုတ္မနစ္ေသာ လုံ႔လကို ထုတ္လုပ္ပါလိမ့္မည္။
ဒါေၾကာင့္ ယခုတြင္ မည္သို႔ေသာ အရာကို သင္ရင္ဆိုင္ျဖတ္သန္းရပါေစ သင္၌ ေမွ်ာ္လင့္ျခင္း ရရွိပိုင္ဆိုင္ႏိုင္မည္ ျဖစ္သည္။
ဆင္ျခင္ရန္
- သင္၏ ယုံၾကည္ျခင္း အားေကာင္းလာေစဖို႔ရန္ ဘုရားသခင္ က အခက္အခဲတို႔ကို မည္ကဲ့သို႔ အသုံးျပဳသည္ကို ေတြ႕ႀကဳံဖူးပါသနည္း။
- ယေန႔ဖတ္ရႈရေသာ Devotional မွ အမွန္တရားကို နားလည္ျခင္းအရာက ေမွ်ာ္လင့္ျခင္း အျပည့္ျဖင့္ အသက္တာကို ရွင္သန္ဖို႔ရန္ မည္သို႔ အကူအညီျဖစ္ေစပါသနည္း။