Gratitude: Four Ways to Develop Joy

Unicode Version

ပျော်ရွှင်မှုကို မွေးမြူရန် နည်းလမ်း (၄)ခု

ဖိလိပ္ပိဩဝါဒစာ ၄း၄ “သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်း ရှိကြလော့။ တဖန် ငါဆိုသည်ကား ဝမ်းမြောက် ကြလော့။

တမန်တော်ရှင်ပေါလု ဆိုထားသည်မှာ သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်း ရှိကြလော့။ တဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့။ ကောင်းမွန်တဲ့ အချိန်တွေ၌သာ ဝမ်းမြောက်သင့်တယ်လို့ သူ မဆိုထား ပါဘူး။ အမြဲတမ်း ဝမ်းမြောက်ခြင်း အပြည့်အဝ ဖြစ်သင့်တယ်လို့ ဆိုပါတယ်။ သို့ပေမဲ့ ထိုကဲ့သို့ သင်ဘယ်လို လုပ်ဆောင်နိုင်မှာလဲ။

ခက်ခဲကြမ်းတမ်းတဲ့ အချိန်၌ပင်လျှင် အောက်ပါ ရိုးရှင်းသော ဗျူဟာကို သင်လိုက်လျှောက်ပါလျှင် သင်ဝမ်းမြောက် နိုင်မှာ ဖြစ်တယ်လို့ သမ္မာကျမ်းစာက သွန်သင်ပေးထားပါတယ်။

(၁) အရာအားလုံး၌ ဘုရားသခင်ကို ကျေးဇူးတင်ပါ။

သင်ဆုတောင်းတဲ့အခါမှာ ကျေးဇူးတော် ချီးမွမ်းခြင်းနှင့်တကွ လုပ်ဆောင်ပါ။ အကျန်းမာဆုံးသော လူသားတို့၏ စိတ်ခံစားမှုသည် ကျေးဇူးတရား ဖြစ်ပါတယ်။ ၎င်းသည် သင်၏ ကိုယ်ခံအားကို ဧကန်အမှန် တိုးစေပါတယ်။ စိတ်ဖိစီးမှုကို ပိုမိုခံနိုင်ရည်ရှိပြီး ဖျားနာမှုကို လျော့စေပါတယ်။

ကျေးဇူးသိတတ်တဲ့ သူတွေသည် ပျော်ရွှင်ကြပါတယ်။ သို့ပေမဲ့ ကျေးဇူးမသိတတ်တဲ့ လူတွေကတော့ ပျော်ရွှင်စေမဲ့အရာ မရှိတဲ့အတွက်ကြောင့် စိတ်ဆင်းရဲကြပါတယ်။ ဘယ်တော့မှ မကျေနပ်နိုင်ကြပါဘူး။ ဘယ် တော့မှ လုံလောက် မနေပါဘူး။

သို့ပေမဲ့ အခြေအနေတိုင်းမှာ ကျေးဇူးတင်ရှိခြင်း - ကျေးဇူးသိတတ်သည့် သဘောထားကို မွေးမြူထားပါက သင်၏ စိတ်ဖိစီးမှု လျော့နည်းသွားစေမည် ဖြစ်သည်။

 

(၂) ဘယ်အရာကိုမျှ မစိုးရိမ်ပါနှင့်။

စိုးရိမ်ခြင်းအရာက ဘယ်အရာကိုမျှ မပြောင်းလဲစေပါ။ ၎င်းသည် ဘာမှ မလုပ်ဘဲနဲ့ကို ထိတ်ထိတ်ပျာပျာ ဖြစ်နေ စေပါတယ်။ ဘယ်သူမှ စိုးရိမ်မှုကို မမွေးဖွားကြပါဘူး။ စိုးရိမ်ခြင်းက သင်ခန်းစာယူစရာ တုံ့ပြန်မှုတစ်ခု ဖြစ်ပါတယ်။ ၎င်းသည် သတင်းကောင်း ပင်ဖြစ်ပါတယ်။ တကယ်တော့ စိုးရိမ်ခြင်းသည် အကျင့်ဆိုး ဖယ်ဖျောက်ခြင်း ကိုလေ့လာ ခြင်းမျိုးဖြစ်ပါတယ်။

 

ဘယ်လို ဖယ်ဖျောက်မလဲ။ ရှင်မဿဲခရစ်ဝင်ကျမ်း ၆း၂၄ တွင် ဆိုထားသည်မှာ “ထို့ကြောင့် နက်ဖြန်အဘို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဘို့စိုးရိမ်လိမ့်မည်။ ယခုနေ့၌ရှိသော မကောင်းမသင့်သောအရာသည် ယခုနေ့ဘို့ လောက်ပေ၏။

ကျွန်ုပ်၏ ယဉ်ကျေးမှုတွင် “မိုး စတင်မရွာမချင်း ထီးကို မဖွင့်ပါနဲ့” (သို့) “ယနေ့အဖို့ အသက်ရှင်ပါ” လို့ပြောတတ်ကြပါတယ်။

 

(၃) အရာရာတိုင်းအတွက် ဆုတောင်းပါ။

စိုးရိမ်နေမည့်အစား သင်၏ အချိန်တွေကို ဆုတောင်းဖို့ရန် အသုံးပြုလိုက်ပါ။ သင်စိုးရိမ်နေတဲ့ အချိန်တွေအတိုင်း ဝတ်ပြုဆုတောင်းမှု ပြုပါလျှင် စိုးရိမ်စရာတွေနှင့် ပတ်သက်၍ များစွာ လျော့ကျသွားမည် ဖြစ်သည်။

 

သင်၏ ကားအတွက် ငွေပေးချေမှုတို့ကို ဘုရားသခင် စိတ်ဝင်စားပါသလား။ ဟုတ်ပါတယ်။ ဘုရားသခင်သည် သင့်အသက်တာရှိ အသေးစိတ်သောအရာတိုင်းတို့ကို စိတ်ဝင်စားပါတယ်။ ထို့အတွက်ကြောင့် သင်ရင်ဆိုင်နေရတဲ့ ဘယ်လို ပြသနာမျိုးကိုမဆို ဘုရားသခင်ထံ အပ်နှံနိုင်ပါတယ်။

 

(၄) မှန်ကန်တဲ့ အရာတွေကိုသာ စဉ်းစားပါ။

သင့်အသက်တာတွင် စိတ်ဖိစီးမှုအဆင့်ကို လျော့ချချင်ပါလျှင် သင်စဉ်းစားတွေးခေါ်နေတဲ့ နည်းလမ်းကို ပြောင်းလဲ သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်စဉ်းစားတွေးခေါ်တဲ့အတိုင်း သင်ခံစားရတာ ဖြစ်ပါတယ်။ သင်၏ ခံစားရမှုတွေသည် သင်၏ ပြုမူပုံကို အဆုံးအဖြတ် ပေးပါတယ်။ ၎င်းကို သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ သင်၏ အသက်တာကို ပြောင်းလဲချင်ပါလျှင် သင်စဉ်းစားတွေးခေါ်နေတာတွေကို ပြောင်းလဲဖို့ရန် လိုအပ်ပါတယ်။ ၎င်းတွင် မှန်ကန်သောအရာများကို စဉ်းစားရန် တမင်တကာ သတိရှိရှိ ရွေးချယ်မှု ပါဝင်ပါတယ်။ သင်သည် အပြုသဘောဆောင်သောအရာများကို စဉ်းစားရန် ရွေးချယ်ပြီး ဘုရားသခင့်နှုတ်မြွက်စကားတော်ကို အာရုံစိုက်ရန် လိုအပ်သည်။

မစိုးရိမ်ခြင်း၊ အရာအားလုံးအတွက် ဆုတောင်းခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် မှန်ကန်သောအရာများကို အာရုံစိုက်ခြင်း၏ ရလဒ်ကား အဘယ်နည်း။

တမန်တော်ရှင်ပေါလုဆိုထားသည်မှာ– “ထိုသို့ပြုလျှင် အဘယ်သူမျှကြုံ၍ မမှီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။” (ဖိလိပ္ပိ ၄း၇)။

ဆင်ခြင်ရန်

• သင်ဘာကိုစိုးရိမ်နေသနည်း။ သင်၏စိုးရိမ်ပူပန်မှုများအကြောင်း ဘုရားသခင်အားပြောဆိုပြီး သင်ဘာကြောင့် စိုးရိမ်နေရသည်ကို ရိုးသားစွာပြောပြပါ။

သင်စိုးရိမ်သလောက် ဆုတောင်းပါက သင့်အသက်တာ မည်သို့ပြောင်းလဲမည်ဟု ထင်မြင်ပါသနည်း။ ဘုရားသခင်သည် သင်၏စိတ်နှလုံးကို အကောင်းဆုံးစိတ်ဝင်စားသည်ဟု ဆိုသည်။ သင့်ဘဝတွင် ဘုရားသခင်နှင့်ပတ်သက်သည့်အရာကို သင်နားမလည်နိုင်သော်လည်း အရာခပ်သိမ်း၌ သူ့ကို ကျေးဇူးတင်ပါ။

• မည်သည့်အရာကို အများဆုံး သင်စဉ်းစားတွေးမြင်ပါသနည်း။ ဘုရားသခင်က သင့်အား ဘာကို တွေးစေချင်တယ်လို့ ထင်မြင်ပါသနည်း။ ဤအရာနှစ်ခုသည် ညီညွတ်နေပါသလား။ မဟုတ်ရင် ဘာကြောင့်လဲ။ 

-------------------------------------------------------------

Zawgyi Version 

ေပ်ာ္႐ႊင္မႈကို ေမြးျမဴရန္ နည္းလမ္း (၄)ခု

ဖိလိပၸိဩဝါဒစာ ၄း၄ “သခင္ဘုရား၌ အစဥ္မျပတ္ ဝမ္းေျမာက္ျခင္း ရွိၾကေလာ့။ တဖန္ ငါဆိုသည္ကား ဝမ္းေျမာက္ ၾကေလာ့။”

တမန္ေတာ္ရွင္ေပါလု ဆိုထားသည္မွာ “သခင္ဘုရား၌ အစဥ္မျပတ္ ဝမ္းေျမာက္ျခင္း ရွိၾကေလာ့။ တဖန္ ငါဆိုသည္ကား ဝမ္းေျမာက္ၾကေလာ့။” ေကာင္းမြန္တဲ့ အခ်ိန္ေတြ၌သာ ဝမ္းေျမာက္သင့္တယ္လို႔ သူ မဆိုထား ပါဘူး။ အၿမဲတမ္း ဝမ္းေျမာက္ျခင္း အျပည့္အဝ ျဖစ္သင့္တယ္လို႔ ဆိုပါတယ္။ သို႔ေပမဲ့ ထိုကဲ့သို႔ သင္ဘယ္လို လုပ္ေဆာင္ႏိုင္မွာလဲ။

ခက္ခဲၾကမ္းတမ္းတဲ့ အခ်ိန္၌ပင္လွ်င္ ေအာက္ပါ ႐ိုးရွင္းေသာ ဗ်ဴဟာကို သင္လိုက္ေလွ်ာက္ပါလွ်င္ သင္ဝမ္းေျမာက္ ႏိုင္မွာ ျဖစ္တယ္လို႔ သမၼာက်မ္းစာက သြန္သင္ေပးထားပါတယ္။

(၁) အရာအားလုံး၌ ဘုရားသခင္ကို ေက်းဇူးတင္ပါ။ 

သင္ဆုေတာင္းတဲ့အခါမွာ ေက်းဇူးေတာ္ ခ်ီးမြမ္းျခင္းႏွင့္တကြ လုပ္ေဆာင္ပါ။ အက်န္းမာဆုံးေသာ လူသားတို႔၏ စိတ္ခံစားမႈသည္ ေက်းဇူးတရား ျဖစ္ပါတယ္။ ၎သည္ သင္၏ ကိုယ္ခံအားကို ဧကန္အမွန္ တိုးေစပါတယ္။ စိတ္ဖိစီးမႈကို ပိုမိုခံႏိုင္ရည္ရွိၿပီး ဖ်ားနာမႈကို ေလ်ာ့ေစပါတယ္။ 

ေက်းဇူးသိတတ္တဲ့ သူေတြသည္ ေပ်ာ္႐ႊင္ၾကပါတယ္။ သို႔ေပမဲ့ ေက်းဇူးမသိတတ္တဲ့ လူေတြကေတာ့ ေပ်ာ္႐ႊင္ေစမဲ့အရာ မရွိတဲ့အတြက္ေၾကာင့္ စိတ္ဆင္းရဲၾကပါတယ္။ ဘယ္ေတာ့မွ မေက်နပ္ႏိုင္ၾကပါဘူး။ ဘယ္ ေတာ့မွ လုံေလာက္ မေနပါဘူး။

သို႔ေပမဲ့ အေျခအေနတိုင္းမွာ ေက်းဇူးတင္ရွိျခင္း - ေက်းဇူးသိတတ္သည့္ သေဘာထားကို ေမြးျမဴထားပါက သင္၏ စိတ္ဖိစီးမႈ ေလ်ာ့နည္းသြားေစမည္ ျဖစ္သည္။ 


(၂) ဘယ္အရာကိုမွ် မစိုးရိမ္ပါႏွင့္။ 

စိုးရိမ္ျခင္းအရာက ဘယ္အရာကိုမွ် မေျပာင္းလဲေစပါ။ ၎သည္ ဘာမွ မလုပ္ဘဲနဲ႔ကို ထိတ္ထိတ္ပ်ာပ်ာ ျဖစ္ေန ေစပါတယ္။ ဘယ္သူမွ စိုးရိမ္မႈကို မေမြးဖြားၾကပါဘူး။ စိုးရိမ္ျခင္းက သင္ခန္းစာယူစရာ တုံ႔ျပန္မႈတစ္ခု ျဖစ္ပါတယ္။ ၎သည္ သတင္းေကာင္း ပင္ျဖစ္ပါတယ္။ တကယ္ေတာ့ စိုးရိမ္ျခင္းသည္ အက်င့္ဆိုး ဖယ္ေဖ်ာက္ျခင္း ကိုေလ့လာ ျခင္းမ်ိဳးျဖစ္ပါတယ္။


ဘယ္လို ဖယ္ေဖ်ာက္မလဲ။ ရွင္မႆဲခရစ္ဝင္က်မ္း ၆း၂၄ တြင္ ဆိုထားသည္မွာ “ထို႔ေၾကာင့္ နက္ျဖန္အဘို႔ မစိုးရိမ္ၾကႏွင့္။ နက္ျဖန္ေန႔သည္ မိမိအဘို႔စိုးရိမ္လိမ့္မည္။ ယခုေန႔၌ရွိေသာ မေကာင္းမသင့္ေသာအရာသည္ ယခုေန႔ဘို႔ ေလာက္ေပ၏။”

ကြၽႏ္ုပ္၏ ယဥ္ေက်းမႈတြင္ “မိုး စတင္မ႐ြာမခ်င္း ထီးကို မဖြင့္ပါနဲ႔” (သို႔) “ယေန႔အဖို႔ အသက္ရွင္ပါ” လို႔ေျပာတတ္ၾကပါတယ္။ 


(၃) အရာရာတိုင္းအတြက္ ဆုေတာင္းပါ။

စိုးရိမ္ေနမည့္အစား သင္၏ အခ်ိန္ေတြကို ဆုေတာင္းဖို႔ရန္ အသုံးျပဳလိုက္ပါ။ သင္စိုးရိမ္ေနတဲ့ အခ်ိန္ေတြအတိုင္း ဝတ္ျပဳဆုေတာင္းမႈ ျပဳပါလွ်င္ စိုးရိမ္စရာေတြႏွင့္ ပတ္သက္၍ မ်ားစြာ ေလ်ာ့က်သြားမည္ ျဖစ္သည္။


သင္၏ ကားအတြက္ ေငြေပးေခ်မႈတို႔ကို ဘုရားသခင္ စိတ္ဝင္စားပါသလား။ ဟုတ္ပါတယ္။ ဘုရားသခင္သည္ သင့္အသက္တာရွိ အေသးစိတ္ေသာအရာတိုင္းတို႔ကို စိတ္ဝင္စားပါတယ္။ ထို႔အတြက္ေၾကာင့္ သင္ရင္ဆိုင္ေနရတဲ့ ဘယ္လို ျပသနာမ်ိဳးကိုမဆို ဘုရားသခင္ထံ အပ္ႏွံႏိုင္ပါတယ္။


(၄) မွန္ကန္တဲ့ အရာေတြကိုသာ စဥ္းစားပါ။

သင့္အသက္တာတြင္ စိတ္ဖိစီးမႈအဆင့္ကို ေလ်ာ့ခ်ခ်င္ပါလွ်င္ သင္စဥ္းစားေတြးေခၚေနတဲ့ နည္းလမ္းကို ေျပာင္းလဲ သင့္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သင္စဥ္းစားေတြးေခၚတဲ့အတိုင္း သင္ခံစားရတာ ျဖစ္ပါတယ္။ သင္၏ ခံစားရမႈေတြသည္ သင္၏ ျပဳမူပုံကို အဆုံးအျဖတ္ ေပးပါတယ္။ ၎ကို သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ သင္၏ အသက္တာကို ေျပာင္းလဲခ်င္ပါလွ်င္ သင္စဥ္းစားေတြးေခၚေနတာေတြကို ေျပာင္းလဲဖို႔ရန္ လိုအပ္ပါတယ္။ ၎တြင္ မွန္ကန္ေသာအရာမ်ားကို စဥ္းစားရန္ တမင္တကာ သတိရွိရွိ ေ႐ြးခ်ယ္မႈ ပါဝင္ပါတယ္။ သင္သည္ အျပဳသေဘာေဆာင္ေသာအရာမ်ားကို စဥ္းစားရန္ ေ႐ြးခ်ယ္ၿပီး ဘုရားသခင့္ႏႈတ္ႁမြက္စကားေတာ္ကို အာ႐ုံစိုက္ရန္ လိုအပ္သည္။


မစိုးရိမ္ျခင္း၊ အရာအားလုံးအတြက္ ဆုေတာင္းျခင္း၊ ေက်းဇူးေတာ္ခ်ီးမြမ္းျခင္းႏွင့္ မွန္ကန္ေသာအရာမ်ားကို အာ႐ုံစိုက္ျခင္း၏ ရလဒ္ကား အဘယ္နည္း။

တမန္ေတာ္ရွင္ေပါလုဆိုထားသည္မွာ– “ထိုသို႔ျပဳလွ်င္ အဘယ္သူမွ်ႀကဳံ၍ မမွီႏိုင္ေသာ ဘုရားသခင္၏ ၿငိမ္သက္ျခင္းသည္ ေယရႈခရစ္အားျဖင့္ သင္တို႔၏စိတ္ႏွလုံးတို႔ကို ေစာင့္မလိမ့္မည္။” (ဖိလိပၸိ ၄း၇)။

ဆင္ျခင္ရန္

• သင္ဘာကိုစိုးရိမ္ေနသနည္း။ သင္၏စိုးရိမ္ပူပန္မႈမ်ားအေၾကာင္း ဘုရားသခင္အားေျပာဆိုၿပီး သင္ဘာေၾကာင့္ စိုးရိမ္ေနရသည္ကို ႐ိုးသားစြာေျပာျပပါ။

• သင္စိုးရိမ္သေလာက္ ဆုေတာင္းပါက သင့္အသက္တာ မည္သို႔ေျပာင္းလဲမည္ဟု ထင္ျမင္ပါသနည္း။ ဘုရားသခင္သည္ သင္၏စိတ္ႏွလုံးကို အေကာင္းဆုံးစိတ္ဝင္စားသည္ဟု ဆိုသည္။ သင့္ဘဝတြင္ ဘုရားသခင္ႏွင့္ပတ္သက္သည့္အရာကို သင္နားမလည္ႏိုင္ေသာ္လည္း အရာခပ္သိမ္း၌ သူ႔ကို ေက်းဇူးတင္ပါ။

• မည္သည့္အရာကို အမ်ားဆုံး သင္စဥ္းစားေတြးျမင္ပါသနည္း။ ဘုရားသခင္က သင့္အား ဘာကို ေတြးေစခ်င္တယ္လို႔ ထင္ျမင္ပါသနည္း။ ဤအရာႏွစ္ခုသည္ ညီၫြတ္ေနပါသလား။ မဟုတ္ရင္ ဘာေၾကာင့္လဲ။