God’s Love Is Forever

 Unicode Version

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ထာဝရဖြစ်ပါတယ်။

ရောမဩဝါဒစာ ၈း၃၈-၃၉ “အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင် ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွဋ်အမြတ် ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတံ့သောအရာဖြစ်စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ် အားဖြင့် ခံရသော ဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါသည်သဘောကျလျက်ရှိ၏။

အသက်တာတွင် ဘယ်လောက်ဘဲ ဆိုးဝါးနေပါစေ အရေးကြီးတဲ့ အမှန်တရားတစ်ခု၌ သင်ယုံကြည် စိတ်ချ နိုင်ပါတယ်။ ၎င်းသည် သင့်အပေါ်ထားသော ဘုရားသခင် ချစ်ခြင်းမေတ္တာသည် ဘယ်တော့မှ မရပ်တန့် သွားပါ။

သင့်အသက်တာ၌ မှန်ကန်စွာ သွားနေတဲ့အရာတွေ ၊ မှားယွင်းစွာသွားနေတဲ့အရာတွေ သင်၌ရှိပါမည်။ သို့ပေမဲ့ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက ဘယ်တော့မှ အဆုံးမသတ်သွားပါ။ ထိုအရာပေါ် သင်ရေတွက်နိုင်ပါတယ်။

တကယ်တော့ သင့်အသက်တာတွင် အရေးကြီးဆုံးသော ဝမ်းမြောက်ခြင်း၏ အရင်းအမြစ်တစ်ခုသည် အမှန်တရား ဖြစ်သင့်ပါသည်။

သမ္မာကျမ်းစာတွင် ဖော်ပြထားသည်မှာ ရောမဩဝါဒစာ ၈း၃၈-၃၉ တွင် “အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင် ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွဋ်အမြတ် ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက် အရာဖြစ်စေ၊ နောင်လာလတံ့သောအရာဖြစ်စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတ အရာမျှသည်၊ ငါတို့သခင်ယေရှုခရစ် အားဖြင့် ခံရသောဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါသည်သဘောကျလျက်ရှိ၏။

၎င်းသည် သတင်းကောင်းဖြစ်ပါတယ်။

သင်၏လက်ကို ဘုရားသခင်၏ လက်တော်၌ အပ်နှံသည့်အခါ သင့်အား ဆုပ်ကိုင်ပြီး လက်လွှတ်မှာ မဟုတ်ပါ။ ဘုရားသခင်သည် သင့်အား ဆုပ်ကိုင်ထားလို့ရသမျှ ဆုပ်ကိုင်ထားပါမည်။

ကျွန်တော့ ကလေးတွေ ငယ်စဉ်ချိန်ခါတုန်းက ကျွန်တော်တို့ Grand Canyon ကိုသွားခဲ့ကြပါတယ်။ အစွန်အဖျားပိုင်း နေရာကို လျှောက်လှမ်းတဲ့အခါတွင် ကျွန်တော့ ကလေး ၂ယောက်၏ လက်တို့ကို ကျွန်တော် ဆုပ်ကိုင်ခဲ့ပါတယ်။ သူတို့လေးတွေက အစွန်းဘက်အနား သွားချင်ကြပြီး ကျွန်တော်ကလည်း ခွင့်ပြုချင်လို့လည်း ဖြစ်ပါတယ်။ သူတို့ လူးလွန့်လျက် လွှတ်လွှတ်လပ်လပ် လှုပ်ယမ်းကြပေမဲ့လည်း ကျွန်တော် သူတို့လက်ကို မလွှတ်ခဲ့ပါဘူး။ ကျွန်တော်က သူတို့ရဲ့ အဖေဖြစ်တယ်။ သူတို့ကို ချစ်ပါတယ်။

သင့်အသက်တာတွင် ဘုရားသခင်၏ လက်တော်မှ ထွက်သွားချင်တဲ့အချိန်တွေ ရှိပါလိမ့်မယ်။ အခက်အခဲ ကြုံတွေ့ရင်ဆိုင်ရချိန်တွင် သခင်ယေရှုထံ ပြုထားသောသင်၏ ကတိကို လက်လျော့ပေးချင်ပါလိမ့်မည်။

သို့ပေမဲ့ ဘုရားသခင်သည် သင့်အား ဘယ်သောအခါမှ လက်မလွှတ်ချင်ပါ။ ဘုရားသခင်၏ လက်တော်ထဲသို့ သင်၏ လက်တို့ကို အပ်နှံထားသည်နှင့် တပြိုင်နက် ထိုနေရာသည် တည်ရှိနေဖို့ ဖြစ်သွားပါပြီ။

သင်၏ ကယ်တင်ခြင်းကို သင်က ရယူနိုင်တယ်ဆိုလျှင် ၎င်းအတွက် သင်ကြိုးစားနေခြင်းကို ရပ်တန့်ပစ် လိုက်တဲ့အခိုက်အတန့်တွင် ၎င်းကို သင်ဆုံးရှုံးသွားနိုင်ပါတယ်။ သို့ပေမဲ့ ဘုရားသခင်နှင့် ဆက်နွယ်မှုကို သင်ကြိုးစားရယူစရာ မလိုပါ။ ၎င်းသည် အခခဲ့ လက်ဆောင်ဖြစ်ခဲ့ပါတယ်။ ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ပြန်မယူနိုင်ပါ။

၎င်းသည် ယုံကြည်သူတိုင်းအတွက် စိတ်ကူးမယဉ်နိုင်သော ပျော်ရွှင်မှု အရင်းအမြစ်တစ်ခု ဖြစ်ပါသည်။

ဆင်ခြင်ရန်

- ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ဘယ်တော့မှ အဆုံးမသတ်သွားပါ။ ၎င်းအမှန်တရားသည် သင့်အား မည်သို့သော နည်းလမ်းဖြင့် ဝမ်းမြောက်ခြင်းကို ဖြစ်စေပါသနည်း။

- ဘုရားသခင်၏ လက်တော်မှု ထွက်သွားရန် မည်သည့်အချိန်တွင် သွေးဆောင်ခံခဲ့ရပါသနည်း။ ထိုအချိန် ကာလတွင် ဘုရားသခင်သည် သင့်အား သူ၏ သစ္စာရှိမှုကို မည်ကဲ့သို့ ဖော်ြပပါသနည်း။

- သင့်အတွက် ဘုရားသခင်၏ ကြီးမားသော ချစ်ခြင်းမေတ္တာအလင်းတော်၌ မည်သို့သော စိုးရိမ်မှု (သို့) ကြောက်ရွံ့မှုတို့ကို ဘုရားသခင်ထံ အပ်နှံဖို့ လိုအပ်ပါသနည်း။

---------------------------------------------------------------

Zawgyi Version

ဘုရားသခင္၏ ခ်စ္ျခင္းေမတၱာသည္ ထာဝရျဖစ္ပါတယ္။

ေရာမဩဝါဒစာ ၈း၃၈-၃၉ “အေၾကာင္းမူကား၊ ေသျခင္းျဖစ္ေစ၊ အသက္ရွင္ ျခင္းျဖစ္ေစ၊ ေကာင္းကင္တမန္ျဖစ္ေစ၊ အထြဋ္အျမတ္ ျဖစ္ေစ၊ အာဏာတန္ခိုးျဖစ္ေစ၊ မ်က္ေမွာက္အရာျဖစ္ေစ၊ ေနာင္လာလတံ့ေသာအရာျဖစ္ေစ၊ အျမင့္ျဖစ္ေစ၊ အနိမ့္ျဖစ္ေစ၊ ဤအရာမွစ၍ အဘယ္နိမၼိတအရာမွ်သည္၊ ငါတို႔သခင္ေယရႈခရစ္ အားျဖင့္ ခံရေသာ ဘုရားသခင္၏ ေမတၱာေတာ္ႏွင့္ ငါတို႔ကို မကြာေစႏိုင္ဟု ငါသည္သေဘာက်လ်က္ရွိ၏။”


အသက္တာတြင္ ဘယ္ေလာက္ဘဲ ဆိုးဝါးေနပါေစ အေရးႀကီးတဲ့ အမွန္တရားတစ္ခု၌ သင္ယုံၾကည္ စိတ္ခ် ႏိုင္ပါတယ္။ ၎သည္ သင့္အေပၚထားေသာ ဘုရားသခင္ ခ်စ္ျခင္းေမတၱာသည္ ဘယ္ေတာ့မွ မရပ္တန႔္ သြားပါ။ 

သင့္အသက္တာ၌ မွန္ကန္စြာ သြားေနတဲ့အရာေတြ ၊ မွားယြင္းစြာသြားေနတဲ့အရာေတြ သင္၌ရွိပါမည္။ သို႔ေပမဲ့ ဘုရားသခင္၏ ခ်စ္ျခင္းေမတၱာက ဘယ္ေတာ့မွ အဆုံးမသတ္သြားပါ။ ထိုအရာေပၚ သင္ေရတြက္ႏိုင္ပါတယ္။

တကယ္ေတာ့ သင့္အသက္တာတြင္ အေရးႀကီးဆုံးေသာ ဝမ္းေျမာက္ျခင္း၏ အရင္းအျမစ္တစ္ခုသည္ အမွန္တရား ျဖစ္သင့္ပါသည္။ 

သမၼာက်မ္းစာတြင္ ေဖာ္ျပထားသည္မွာ ေရာမဩဝါဒစာ ၈း၃၈-၃၉ တြင္ “အေၾကာင္းမူကား၊ ေသျခင္းျဖစ္ေစ၊ အသက္ရွင္ ျခင္းျဖစ္ေစ၊ ေကာင္းကင္တမန္ျဖစ္ေစ၊ အထြဋ္အျမတ္ ျဖစ္ေစ၊ အာဏာတန္ခိုးျဖစ္ေစ၊ မ်က္ေမွာက္ အရာျဖစ္ေစ၊ ေနာင္လာလတံ့ေသာအရာျဖစ္ေစ၊ အျမင့္ျဖစ္ေစ၊ အနိမ့္ျဖစ္ေစ၊ ဤအရာမွစ၍ အဘယ္နိမၼိတ အရာမွ်သည္၊ ငါတို႔သခင္ေယရႈခရစ္ အားျဖင့္ ခံရေသာဘုရားသခင္၏ ေမတၱာေတာ္ႏွင့္ ငါတို႔ကို မကြာေစႏိုင္ဟု ငါသည္သေဘာက်လ်က္ရွိ၏။”

၎သည္ သတင္းေကာင္းျဖစ္ပါတယ္။ 

သင္၏လက္ကို ဘုရားသခင္၏ လက္ေတာ္၌ အပ္ႏွံသည့္အခါ သင့္အား ဆုပ္ကိုင္ၿပီး လက္လႊတ္မွာ မဟုတ္ပါ။ ဘုရားသခင္သည္ သင့္အား ဆုပ္ကိုင္ထားလို႔ရသမွ် ဆုပ္ကိုင္ထားပါမည္။

ကြၽန္ေတာ့ ကေလးေတြ ငယ္စဥ္ခ်ိန္ခါတုန္းက ကြၽန္ေတာ္တို႔ Grand Canyon ကိုသြားခဲ့ၾကပါတယ္။ အစြန္အဖ်ားပိုင္း ေနရာကို ေလွ်ာက္လွမ္းတဲ့အခါတြင္ ကြၽန္ေတာ့ ကေလး ၂ေယာက္၏ လက္တို႔ကို ကြၽန္ေတာ္ ဆုပ္ကိုင္ခဲ့ပါတယ္။ သူတို႔ေလးေတြက အစြန္းဘက္အနား သြားခ်င္ၾကၿပီး ကြၽန္ေတာ္ကလည္း ခြင့္ျပဳခ်င္လို႔လည္း ျဖစ္ပါတယ္။ သူတို႔ လူးလြန႔္လ်က္ လႊတ္လႊတ္လပ္လပ္ လႈပ္ယမ္းၾကေပမဲ့လည္း ကြၽန္ေတာ္ သူတို႔လက္ကို မလႊတ္ခဲ့ပါဘူး။ ကြၽန္ေတာ္က သူတို႔ရဲ႕ အေဖျဖစ္တယ္။ သူတို႔ကို ခ်စ္ပါတယ္။ 

သင့္အသက္တာတြင္ ဘုရားသခင္၏ လက္ေတာ္မွ ထြက္သြားခ်င္တဲ့အခ်ိန္ေတြ ရွိပါလိမ့္မယ္။ အခက္အခဲ ႀကဳံေတြ႕ရင္ဆိုင္ရခ်ိန္တြင္ သခင္ေယရႈထံ ျပဳထားေသာသင္၏ ကတိကို လက္ေလ်ာ့ေပးခ်င္ပါလိမ့္မည္။

သို႔ေပမဲ့ ဘုရားသခင္သည္ သင့္အား ဘယ္ေသာအခါမွ လက္မလႊတ္ခ်င္ပါ။ ဘုရားသခင္၏ လက္ေတာ္ထဲသို႔ သင္၏ လက္တို႔ကို အပ္ႏွံထားသည္ႏွင့္ တၿပိဳင္နက္ ထိုေနရာသည္ တည္ရွိေနဖို႔ ျဖစ္သြားပါၿပီ။

သင္၏ ကယ္တင္ျခင္းကို သင္က ရယူႏိုင္တယ္ဆိုလွ်င္ ၎အတြက္ သင္ႀကိဳးစားေနျခင္းကို ရပ္တန႔္ပစ္ လိုက္တဲ့အခိုက္အတန႔္တြင္ ၎ကို သင္ဆုံးရႈံးသြားႏိုင္ပါတယ္။ သို႔ေပမဲ့ ဘုရားသခင္ႏွင့္ ဆက္ႏြယ္မႈကို သင္ႀကိဳးစားရယူစရာ မလိုပါ။ ၎သည္ အခခဲ့ လက္ေဆာင္ျဖစ္ခဲ့ပါတယ္။ ေပးလိုက္သည္ႏွင့္ တစ္ၿပိဳင္နက္ ျပန္မယူႏိုင္ပါ။ 

၎သည္ ယုံၾကည္သူတိုင္းအတြက္ စိတ္ကူးမယဥ္ႏိုင္ေသာ ေပ်ာ္႐ႊင္မႈ အရင္းအျမစ္တစ္ခု ျဖစ္ပါသည္။ 

ဆင္ျခင္ရန္

- ဘုရားသခင္၏ ခ်စ္ျခင္းေမတၱာသည္ ဘယ္ေတာ့မွ အဆုံးမသတ္သြားပါ။ ၎အမွန္တရားသည္ သင့္အား မည္သို႔ေသာ နည္းလမ္းျဖင့္ ဝမ္းေျမာက္ျခင္းကို ျဖစ္ေစပါသနည္း။

- ဘုရားသခင္၏ လက္ေတာ္မႈ ထြက္သြားရန္ မည္သည့္အခ်ိန္တြင္ ေသြးေဆာင္ခံခဲ့ရပါသနည္း။ ထိုအခ်ိန္ ကာလတြင္ ဘုရားသခင္သည္ သင့္အား သူ၏ သစၥာရွိမႈကို မည္ကဲ့သို႔ ေဖာ္ျပပါသနည္း။

- သင့္အတြက္ ဘုရားသခင္၏ ႀကီးမားေသာ ခ်စ္ျခင္းေမတၱာအလင္းေတာ္၌ မည္သို႔ေသာ စိုးရိမ္မႈ (သို႔) ေၾကာက္႐ြံ႕မႈတို႔ကို ဘုရားသခင္ထံ အပ္ႏွံဖို႔ လိုအပ္ပါသနည္း။