God Wants to Spend Eternity With You

 Unicode Version

နိစ္စထာဝရတွင် သင်နှင့် အတူဖြတ်သန်းဖို့ ဘုရားသခင် အလိုတော်ရှိပါသည်။ (By Pastor Rick Warren)

ရောမဩဝါဒစာ ၈း၁၁ “ထိုမျှမက၊ ယေရှုကိုသေခြင်းမှ ထမြောက်စေတော်မူသော ဘုရား၏ဝိညာဉ်တော်သည် သင်တို့ အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူသော ဘုရားသည် သင်တို့အထဲ၌ ကျိန်းဝတ်သောမိမိဝိညာဉ်တော်အားဖြင့်၊ သေတတ်သော သင်တို့၏ ကိုယ်ကာယကိုပင် ရှင်စေ တော်မူမည်။

အသက်တာသည် တရားမျှတဖြစ်မယ်လို့ ဘုရားသခင် ဘယ်တော့မှ ကတိပေးမထားပါဘူး။ ဘုရားသခင်၏ နည်းလမ်းတို့ဖြင့် အရာအားလုံးကို ကောင်းကင်ဘုံတွင် လုပ်ဆောင်ထားပေမဲ့ ကမ္ဘာမြေကြီးပေါ်မှာတော့ ထိုကဲ့သို့ မဟုတ်ပါ။ ကျွန်ုပ်တို့က ပျက်စီးနေတဲ့ ကမ္ဘာင်္ဂြိုလ်ပေါ်မှာ နေထိုင်နေတာ ဖြစ်ပါတယ်။

သို့ပေမဲ့ ကမ္ဘာပေါ်မှာ ဖြစ်ပျက်သမျှအရာတို့သည် အသက်ရှင်ခြင်း မဟုတ်ပါဘူး။

ဤကမ္ဘာမြေပေါ်မှာ လူ့သက်တမ်းသည် နှစ်ပေါင်း ၆၀ ၊ ၈၀ (သို့) ၁၀၀ ဖြစ်ကောင်းဖြစ်ပါမည်။ နိစ္စထာဝရမှာတော့ နှစ်ပေါင်း ကုဋေများစွာ နေထိုင်ရပါလိမ့်မည်။ သင်၏ယုံကြည်ခြင်းကို သခင်ယေရှု၌ ထားရှိပါလျှင် ဘုရားသခင် နှင့်အတူ ကောင်းကင်ဘုံတွင် အတူရှိလိမ့်မည်ဟု သမ္မာကျမ်းစာက ဖော်ပြထားပါတယ်။

၎င်းသည် ခရစ်ယာန်တို့အတွက် ဝမ်းမြောက်ဖွယ်ရာ အဓိက အကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်။ ထာဝရအသက်ကို ဘုရားသခင် ကျွန်ုပ်တို့အား ပေးပြီးဖြစ်ပါတယ်။ ထို ထာဝရကာလသည် အံ့ဩဖွယ်ရာ ဖြစ်ပါသည်။

သမ္မာကျမ်းစာတွင် ကတိတော်ပေးထားသည်မှာ ထိုမျှမက၊ ယေရှုကိုသေခြင်းမှ ထမြောက်စေတော်မူသော ဘုရား၏ဝိညာဉ်တော်သည် သင်တို့ အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေ တော်မူသော ဘုရားသည် သင်တို့အထဲ၌ ကျိန်းဝတ်သောမိမိဝိညာဉ်တော်အားဖြင့်၊ သေတတ်သော သင်တို့၏ ကိုယ်ကာယကိုပင် ရှင်စေ တော်မူမည်။” ရောမဩဝါဒစာ ၈း၁၁

‌ကောင်းကင်ဘုံသည် မည်ကဲ့သို့သော ပုံစံဖြစ်မည်နည်း။ သင်ချစ်သော သူတွေနှင့် ပြန်လည်ဆုံတွေ့ရပါလိမ့်မည်။ ဆုလဒ်များလည်း သင်ရရှိမှာ ဖြစ်ပါတယ်။ အနားယူရပါလိမ့်မည်။ သင်နှစ်သက်သော တာဝန်တို့ကိုလည်း သင်ရရှိပါလိမ့်မည်။

ရောမဩဝါဒစာ ၈း၁၁ တွင် ပြောထားသည်အတိုင်း အသစ်သော ခန္ဓာကိုယ်ကို သင်ရရှိပိုင်ဆိုင်ရပါမည်။ ၎င်းသည် ကောင်းကင်ဘုံတွင် ကျွန်တော့အတွက် စိတ်လှုပ်ရှားစရာ အကောင်းဆုံးတစ်ခု ဖြစ်ပါတယ်။ အိုးမင်းပြီး ဆွေးမြေ့တဲ့ ခန္ဓာကိုယ် မဟုတ်လို့ပေါ့။

ဘုရားသခင်က မိသားစုကို အလိုရှိတာကြောင့် သင် ဖန်ဆင်းခြင်း ခံထားရတာ ဖြစ်ပါတယ်။ ဘုရားသခင်သည် သူ၏ မိသားစုတို့နှင့်အတူ နိစ္စထာဝရ နေချင်ပါတယ်။ သင် နှင့်အတူ ၊ ကျွန်ုပ်နှင့်အတူ နေချင်တာ ဖြစ်ပါတယ်။ ကြီးမြတ် တဲ့ ဝမ်းမြောက်ပျော်ရွှင်ခြင်းအရာကို အမှန်တရားသည် သင့်ဆီ သယ်ဆောင်လာပေးမှာ ဖြစ်ပါတယ်။

ဆင်ခြင်ရန်

- ထာဝရကာလ နှင့် ယှဉ်လျှင် လောကအသက်တာသည် တိုတောင်းသည်လို့ သိရှိခြင်းက သင့်အသက်တာ နေထိုင်မှုပုံစံ ၊ အသက်ရှင်ခြင်းနည်းလမ်းကို မည်ကဲ့သို့ ပြောင်းလဲစေပါသနည်း။

- ဘုရားသခင်က သူနှင့်အတူ သင့်အား ကောင်းကင်ဘုံတွင်ရှိနေစေချင်ပါလျှင် ဘာကြောင့်များ ယခု ကမ္ဘာမြေပေါ်၌ အသက်ရှင်ရသည်ဟု ထင်မြင်ပါသနည်း။ ဤကမ္ဘာမြေပေါ် သင်ရှိနေတဲ့ အချိန်ကာလအတွက် သင်၏ ရည်ရွယ်ချက် တွေက ဘာဖြစ်မည်နည်း။

- သင်၏ ရည်ရွယ်ချက်ကို ဖြည့်ဆည်းဖို့ရန် သင်မည်သို့ လုပ်ဆောင်မှုတို့ကို ပြုနေပါသနည်း။

----------------------------------------------------------------

Zawgyi Version

နိစၥထာဝရတြင္ သင္ႏွင့္ အတူျဖတ္သန္းဖို႔ ဘုရားသခင္ အလိုေတာ္ရွိပါသည္။ (By Pastor Rick Warren)

ေရာမဩဝါဒစာ ၈း၁၁ “ထိုမွ်မက၊ ေယရႈကိုေသျခင္းမွ ထေျမာက္ေစေတာ္မူေသာ ဘုရား၏ဝိညာဥ္ေတာ္သည္ သင္တို႔ အထဲ၌ က်ိန္းဝပ္ေတာ္မူလွ်င္၊ ခရစ္ေတာ္ကို ေသျခင္းမွ ထေျမာက္ေစေတာ္မူေသာ ဘုရားသည္ သင္တို႔အထဲ၌ က်ိန္းဝတ္ေသာမိမိဝိညာဥ္ေတာ္အားျဖင့္၊ ေသတတ္ေသာ သင္တို႔၏ ကိုယ္ကာယကိုပင္ ရွင္ေစ ေတာ္မူမည္။”


အသက္တာသည္ တရားမွ်တျဖစ္မယ္လို႔ ဘုရားသခင္ ဘယ္ေတာ့မွ ကတိေပးမထားပါဘူး။ ဘုရားသခင္၏ နည္းလမ္းတို႔ျဖင့္ အရာအားလုံးကို ေကာင္းကင္ဘုံတြင္ လုပ္ေဆာင္ထားေပမဲ့ ကမာၻေျမႀကီးေပၚမွာေတာ့ ထိုကဲ့သို႔ မဟုတ္ပါ။ ကြၽႏ္ုပ္တို႔က ပ်က္စီးေနတဲ့ ကမာၻၿဂႋဳလ္ေပၚမွာ ေနထိုင္ေနတာ ျဖစ္ပါတယ္။

သို႔ေပမဲ့ ကမာၻေပၚမွာ ျဖစ္ပ်က္သမွ်အရာတို႔သည္ အသက္ရွင္ျခင္း မဟုတ္ပါဘူး။ 

ဤကမာၻေျမေပၚမွာ လူ႔သက္တမ္းသည္ ႏွစ္ေပါင္း ၆၀ ၊ ၈၀ (သို႔) ၁၀၀ ျဖစ္ေကာင္းျဖစ္ပါမည္။ နိစၥထာဝရမွာေတာ့ ႏွစ္ေပါင္း ကုေဋမ်ားစြာ ေနထိုင္ရပါလိမ့္မည္။ သင္၏ယုံၾကည္ျခင္းကို သခင္ေယရႈ၌ ထားရွိပါလွ်င္ ဘုရားသခင္ ႏွင့္အတူ ေကာင္းကင္ဘုံတြင္ အတူရွိလိမ့္မည္ဟု သမၼာက်မ္းစာက ေဖာ္ျပထားပါတယ္။ 

၎သည္ ခရစ္ယာန္တို႔အတြက္ ဝမ္းေျမာက္ဖြယ္ရာ အဓိက အေၾကာင္းရင္းတစ္ရပ္ ျဖစ္ပါတယ္။ ထာဝရအသက္ကို ဘုရားသခင္ ကြၽႏ္ုပ္တို႔အား ေပးၿပီးျဖစ္ပါတယ္။ ထို ထာဝရကာလသည္ အံ့ဩဖြယ္ရာ ျဖစ္ပါသည္။ 

သမၼာက်မ္းစာတြင္ ကတိေတာ္ေပးထားသည္မွာ “ထိုမွ်မက၊ ေယရႈကိုေသျခင္းမွ ထေျမာက္ေစေတာ္မူေသာ ဘုရား၏ဝိညာဥ္ေတာ္သည္ သင္တို႔ အထဲ၌ က်ိန္းဝပ္ေတာ္မူလွ်င္၊ ခရစ္ေတာ္ကို ေသျခင္းမွ ထေျမာက္ေစ ေတာ္မူေသာ ဘုရားသည္ သင္တို႔အထဲ၌ က်ိန္းဝတ္ေသာမိမိဝိညာဥ္ေတာ္အားျဖင့္၊ ေသတတ္ေသာ သင္တို႔၏ ကိုယ္ကာယကိုပင္ ရွင္ေစ ေတာ္မူမည္။” ေရာမဩဝါဒစာ ၈း၁၁

‌ေကာင္းကင္ဘုံသည္ မည္ကဲ့သို႔ေသာ ပုံစံျဖစ္မည္နည္း။ သင္ခ်စ္ေသာ သူေတြႏွင့္ ျပန္လည္ဆုံေတြ႕ရပါလိမ့္မည္။ ဆုလဒ္မ်ားလည္း သင္ရရွိမွာ ျဖစ္ပါတယ္။ အနားယူရပါလိမ့္မည္။ သင္ႏွစ္သက္ေသာ တာဝန္တို႔ကိုလည္း သင္ရရွိပါလိမ့္မည္။

ေရာမဩဝါဒစာ ၈း၁၁ တြင္ ေျပာထားသည္အတိုင္း အသစ္ေသာ ခႏၶာကိုယ္ကို သင္ရရွိပိုင္ဆိုင္ရပါမည္။ ၎သည္ ေကာင္းကင္ဘုံတြင္ ကြၽန္ေတာ့အတြက္ စိတ္လႈပ္ရွားစရာ အေကာင္းဆုံးတစ္ခု ျဖစ္ပါတယ္။ အိုးမင္းၿပီး ေဆြးေျမ့တဲ့ ခႏၶာကိုယ္ မဟုတ္လို႔ေပါ့။

ဘုရားသခင္က မိသားစုကို အလိုရွိတာေၾကာင့္ သင္ ဖန္ဆင္းျခင္း ခံထားရတာ ျဖစ္ပါတယ္။ ဘုရားသခင္သည္ သူ၏ မိသားစုတို႔ႏွင့္အတူ နိစၥထာဝရ ေနခ်င္ပါတယ္။ သင္ ႏွင့္အတူ ၊ ကြၽႏ္ုပ္ႏွင့္အတူ ေနခ်င္တာ ျဖစ္ပါတယ္။ ႀကီးျမတ္ တဲ့ ဝမ္းေျမာက္ေပ်ာ္႐ႊင္ျခင္းအရာကို အမွန္တရားသည္ သင့္ဆီ သယ္ေဆာင္လာေပးမွာ ျဖစ္ပါတယ္။ 

ဆင္ျခင္ရန္

- ထာဝရကာလ ႏွင့္ ယွဥ္လွ်င္ ေလာကအသက္တာသည္ တိုေတာင္းသည္လို႔ သိရွိျခင္းက သင့္အသက္တာ ေနထိုင္မႈပုံစံ ၊ အသက္ရွင္ျခင္းနည္းလမ္းကို မည္ကဲ့သို႔ ေျပာင္းလဲေစပါသနည္း။

- ဘုရားသခင္က သူႏွင့္အတူ သင့္အား ေကာင္းကင္ဘုံတြင္ရွိေနေစခ်င္ပါလွ်င္ ဘာေၾကာင့္မ်ား ယခု ကမာၻေျမေပၚ၌ အသက္ရွင္ရသည္ဟု ထင္ျမင္ပါသနည္း။ ဤကမာၻေျမေပၚ သင္ရွိေနတဲ့ အခ်ိန္ကာလအတြက္ သင္၏ ရည္႐ြယ္ခ်က္ ေတြက ဘာျဖစ္မည္နည္း။ 

- သင္၏ ရည္႐ြယ္ခ်က္ကို ျဖည့္ဆည္းဖို႔ရန္ သင္မည္သို႔ လုပ္ေဆာင္မႈတို႔ကို ျပဳေနပါသနည္း။