Unicode Version
သင့်အား ဘုရားသင် ကောင်းချီးပေးပါတယ်။ ထိုနည်းတူ သူတစ်ပါးတို့အား
သင်ကျေးဇူးပြုနိုင်ပြီ။
တမန်တော်ဝတ္တု ၂း၄၄-၄၅ “ယုံကြည်သော သူအပေါင်းတို့သည်
တစုတဝေးတည်းနေကြသဖြင့်၊ မိမိတို့၌ရှိသမျှကို ဆက်ဆံ၍ သုံးဆောင်ကြ၏။ မိမိတို့ဥစ္စာပစ္စည်းများကိုရောင်းပြီးလျှင်၊ လူများ
ဆင်းရဲသည်အတိုင်း အသီးအသီး တို့အား ဝေဌခြင်းကို ပြုကြ၏။”
သင်၏
ကိုယ်ပိုင် ပျော်ရွှင်မှုအတွက်သာ ဘုရားက သင့်အား အရင်းအမြစ်တွေ ပေးထားတာ မဟုတ်ပါဘူး။
သင်ပတ်ဝန်းကျင် ကမ္ဘာလောကကြီးကို ထူးခြားစေဖို့အတွက် ဖြစ်ပါတယ်။ သင်၌ ရှိသောအရာပေါ်တွင်
ထိုင်နေနိုင် ရုံမျိုး ဘုရားက ဘယ်တော့မှ ကောင်းချီးပေးခြင်း မဟုတ်ဘဲ သင်က တခြားသောသူတို့ကိုပါ
ကျေးဇူးပြု နိုင်အောင် ကောင်းချီးပေးထားတာ ဖြစ်ပါတယ်။
ဘုရားသခင်
အလိုတော်ရှိသည့်အတိုင်း သင်၏ ကောင်းချီးတို့ကို အသုံးပြုသလို သင်အောက်မေ့ဖို့ရန် လိုအပ်သည့်
အရာ (၄) မျိုးကို ဖော်ြပလိုက်ပါတယ်။
(၁) သင်၏ ကောင်းချီးများသည် တခြားသော သူများဆီ စီးဆင်းသင့်ပါတယ်။
“ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ၊ သူ့အမှုအရာကို
အချင်းချင်းရှုမှတ်ကြလော့။” ဖိလိပ္ပိဩဝါဒစာ ၂း၄
၎င်းသည်
ကောင်းချီးမင်္ဂလာ၏ ပထမနိယာမ ဖြစ်ပါတယ်။ အပြင်ဘက်သို့ စီးဆင်း ရပါမည်။
တခြားသူတွေကို
သင်မည်ကဲ့သို့ ကျေးဇူးပြုပါသနည်း။ ခန္ဓာပိုင်းဆိုင်ရာ (သို့) စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု
၊ ငွေကြေးအကူအညီ (သို့) လက်တွေ့ကျသော အကြံဉာဏ်အတွက် လိုအပ်သည်များကို ဖြည့်ဆည်းပေးခြင်းအားဖြင့်
ကျေးဇူးပြုနိုင်ပါသည်။
(၂) သူတစ်ပါးကို သင်က ကျေးဇူးပြုသည့်အခါတွင် သင်၏ လိုအပ်ချက်တို့ကို
ဘုရားသခင် ဂရုပြုတော်မူသည်။
ရှင်လုကာခရစ်ဝင်ကျမ်း ၁၈း၂၉-၃၀ တွင် ဖော်ပြထားသည်မှာ “ကိုယ်တော်က၊ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏ နိုင်ငံတော်ကြောင့်၊
အိမ်ရာ၊ မိဘ၊ ညီအစ်ကို၊ သားမယားတည်းဟူသော တပါးပါးကို စွန့်၏။ထိုသူသည်
ယခုကာလ၌ အဆများစွာသောအကျိုးကို၎င်း၊ နောင်ဘဝ၌ ထာဝရအသက်ကို၎င်း ခံရ လတံ့ဟု
မိန့်တော်မူ၏။”
တခြားသော
သူတွေအား ကူညီခြင်းပေါ် သင်အာရုံစူးစိုက်တဲ့အခါတွင် သင်၏ ပြသနာတို့အတွက် ဘုရားသခင်က
တာဝန်ယူပါတယ်။ ၎င်းသည် တကယ့် ကောင်းချီးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင့်အခက်အခဲတွေကို
သင်လုပ်နိုင်တာထက်ကို ဘုရားသခင်က ပိုပြီး ကောင်းမွန်စွာ ကိုင်တွယ်နိုင်တာ ဖြစ်ပါတယ်။
(၃) သူတစ်ပါးအား ကျေးဇူးပြုမှုတို့သည် သင့်ထံ ပြန်ရောက်လာပါလိမ့်မည်။
သူတစ်ပါးကို
သင်က ကူညီပြီး ကျေးဇူးပြုခြင်းတို့ များလေလေ သင့်အသက်တာကို ဘုရားသခင် ပိုပြီး ကောင်းချီးပေးလေလေ
ဖြစ်ပါတယ်။ ရှင်လုကာခရစ်ဝင်ကျမ်း ၆း၃၈ “သူတပါးအားပေးကြလော့။
ပေးလျှင် သူတပါးသည် သင်တို့အားပေးကြလိမ့်မည်။ အမှန်ခြင်းရုံမျှမက၊ သိပ်နှက်လျက်၊
လှုပ်လျက်၊ လျှံလျက်ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်။ အကြောင်းမူကား၊
အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတပါးအားပေး၏၊ ထိုပမာဏအတိုင်း
ကိုယ်ခံရကြမည်။”
ဘုရားသခင်ကို
သင်စွန့်၍မရပါ။ ဘုရားသခင် ပြောနေသော စကားတို့ကို ကျွန်တော် တခါတရံ တွေးမြင်မိပါတယ်။
“ငါတို့တွေ ဂိမ်းကစားရအောင်။ အများဆုံး မည်သူ ပေးနိုင်မလဲ။ ဒါပေမဲ့ ငါက
အမြဲတမ်းနိုင်မှာ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ သူတစ်ပါးကို ကျေးဇူးပြုလေလေ ငါ သင့်ကို
ပိုပြီးကောင်းချီး ပြန်ပေးမှာ ဖြစ်တယ်”
(၄) ဘုရားသခင်အားဖြင့် သင်ကောင်းချီးများစွာ ခံစားရလေလေ သူတစ်ပါးကို
သင်က ကူညီဖို့ရန် ပိုပြီး မျှော်လင့်လေလေ ဖြစ်ပါတယ်။
၎င်းနည်းလမ်းကို
ရှင်လုကာခရစ်ဝင်ကျမ်း ၁၂း၄၈ တွင် သခင်ယေရှု ပြောထားပါတယ်။
“သခင်၏အလိုကို မသိဘဲလျက်၊ ဒဏ်ခံထိုက်သောအမှုကို ပြုမိသောသူမူကား၊
အနည်းငယ်သော ဒဏ် ကိုသာ ခံရ၏။ အကြင်သူသည် အများကိုဆပ်ရ၏။ အကြင်သူ၌
များစွာသောဥစ္စာကို အပ်နှင်း၏။ ထိုသူကို များစွာတောင်းလိမ့်မည်။”
ကျေးဇူးပြုသောသူ ဖြစ်ဖို့ရန် သင်ကောင်းချီးခံစားရတာ ဖြစ်ပါတယ်။ ၎င်းသည် မျှော်လင့်စရာ ၊ အားတက်စရာ မှတ်သားဖွယ်
အမှန်တရား ဖြစ်ပါတယ်။ လောကကြီးကတော့ သင့်ကိုယ်သင် ကြည့်ရှုဖို့ရန်သာ တိုက်တွန်းထားတာ
ဖြစ်ပါတယ်။ သင့်အသက်တာ၌ ဘုရားသခင် ထားရှိသော လူတို့ကို လုံးလုံးလျားလျား ကျေးဇူးပြုဖို့ရန်
နည်းလမ်းများကို ရှာဖွေပါ။
ဆင်ခြင်ရန်
-
သင်က အလွန် ရက်ရောသောသူ ဖြစ်ပါလျှင် သင့်အသက်တာ မည်သို့ ပြောင်းလဲမည်နည်း။ မည်သို့သော
ပုံစံမျိုး ဖြစ်မည်နည်း။
-
သူတစ်ပါးကို သင်ရက်ရောပေးကမ်းသည့်အလျှောက် ဘုရားသခင်က သင်၏ လိုအပ်ချက်တို့ကို ပံ့ပိုးပေးကြောင်း
ကို မည်သို့ တွေ့မြင်ဖူးပါသနည်း။
- တခြားသူတွေကို ကျေးဇူးပြုနိုင်အောင် ဘုရားသခင်က သင့်ကို ကောင်းချီးပေးတယ်ဆိုတာ အခု သင်သိပါလျှင် ရက်ရောမှုဆီ ယနေ့ သင်လှမ်းနိုင်တဲ့ ခြေလှမ်းတစ်လှမ်းကား မည်သို့နည်း။
--------------------------------------------
Zawgyi Version
ကနဦးအသင်းတော် ကဲ့သို့ စွန့်လွှတ်အနစ်နာခံ ရက်ရောသော သူမျိုး တစ်ဦးမှမရှိပါ။ တမန်တော်ဝတ္တုတွင် ဖော်ပြထားသည့်မှာ ထိုယုံကြည်သူ ခရစ်ယာန်တို့သည် သူတို့၏ ငွေကြေးတို့ကိုသာ ပေးကမ်းရုံမဟုတ် သူတို့၌ ရှိသမျှသော အရာအားလုံးတို့ကို ရက်ရောကြပါတယ်။ သူတို့ တကယ့်ကို စေတနာစိတ် ကြီးမားတဲ့သူတွေ ဖြစ်ကြပါ တယ်။
ဘုရားသခင် အလိုတော်ရှိသည့်အတိုင်း သင်၏ ကောင်းချီးတို့ကို အသုံးပြုသလို သင်အောက်မေ့ဖို့ရန် လိုအပ်သည့် အရာ (၄) မျိုးကို ဖော်ပြလိုက်ပါတယ်။
ဆင်ခြင်ရန်