Unicode Version
မကြောက်ပါနှင့်။ ဘုရားသခင်သည် သင့်အတွက်ဖြစ်တယ်။
ရောမဩဝါဒစာ ၈း၃၁ “သို့ဖြစ်၍ ဤအရာများတို့၌ အဘယ်သို့
ပြောစရာရှိသနည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူလျှင်၊ အဘယ်သူသည် ငါတို့တဘက်၌
နေနိုင်မည်နည်း။”
သို့ပေမဲ့
ဒီမှာ သတင်းကောင်းရှိပါတယ်။ သင်ကြောက်နေစရာ မလိုပါဘူး။ သင့်ဘက်မှာ ဘုရားသခင် ရှိပါတယ်။
သမ္မာကျမ်းစာက
သင့်ကို သတိပေးနှိုးဆော်ထားသည်မှာ “သို့ဖြစ်၍ ဤအရာများတို့၌ အဘယ်သို့ ပြောစရာရှိသနည်း။ ဘုရားသခင်သည် ငါတို့ဘက်၌
ရှိတော်မူလျှင်၊ အဘယ်သူသည် ငါတို့တဘက်၌ နေနိုင်မည်နည်း။” ရောမဩဝါဒစာ
၈း၃၁
ဘုရားသခင်က
သင့်ဘက်၌ ရှိတော်မူလျှင် သင်ဘာကိုမှ မလိုအပ်တော့ပါ။ ဘုရားသခင်၏ (၁) ပေါင်းခြင်းသည်
အများစုနှင့် ညီမျှပါသည်။
သင်၏
အကြောက်ဆုံးအရာက ဘယ်အရာနည်း။ ကသိကအောက်ဖြစ်ခြင်းလား။ ကျရှုံးခြင်းလား။ ငြင်းပယ်ခံရခြင်း
လား။ သူတစ်ပါးကို စိတ်ပျက်ခြင်းလား။ အံမဝင်ဖြစ်ခြင်းလား။
သင်၏
ပျော်ရွှင်ခြင်းကို လုယူဖို့ရန် စာတန်က ဤအကြောက်တရားတွေကို အသုံးပြုပါတယ်။ ဘယ်အရာက
သင့်ကို ပြုံးပျော်စေမလဲဆိုတာကို စာတန်သိပါတယ်။ ဒါကြောင့် ထိုအရာတို့နှင့် ဆန့်ကျင်ဘက်ပြုဖို့
ထိုအကြောက် တရားတို့ကို သူဖန်တီးပါတယ်။
ဥပမာအားဖြင့် ဘုရားသခင်ကို နာခံခြင်းအရာသည်
သင့်အား အမြဲတမ်း ပျော်ရွှင်မှု ယူဆောင်လာပေးမယ်ဆိုတာကို စာတန်က သိနေပါတယ်။ ဒါကြောင့် မှန်ကန်သောအရာကို သင်လုပ်ဆောင်လျှင်
တခြားသူတွေ ဘာကို တွေးမြင်မလဲဆိုတဲ့အရာပေါ် သင်ကြောက်စေဖို့ စာတန်လုပ်ဆောင်ပါတယ်။ ဘုရားသခင်
နှစ်သက်တာထက်ကို သင်၏ ကြော်ကြားမှုနှင့်ပတ်သက်ပြီး ပိုမိုစိုးရိမ်ဖို့ကို စာတန်လုပ်ဆောင်ပါတယ်။
မယုံကြည်သူတွေကို သခင်ယေရှု၏ ချစ်ခြင်းအကြောင်း သင်ဝေမျှတဲ့အရာသည် အသက်တာ၏
အကြီးမား ဆုံးသော ပျော်ရွှင်မှု အရင်းအမြစ် တစ်ခုဖြစ်ကြောင်းကို စာတန်လည်း သိနေပါတယ်။
ဒါကြောင့် သခင်ယေရှု အကြောင်းနှင့်ပတ်သက်ပြီး တခြားသောသူတွေကို ပြောပြဖို့ရန် သင့်အား
ကြောက်ရွံ့စေတာ ဖြစ်ပါတယ်။
အမှန်တရားက
ပျော်ရွှင်ခြင်းကို ရှာဖို့ရန် သင်၌ တစ်ခုသာ လိုပါတယ်။ ဘုရားသခင်၏ ပရိတ်သတ်တစ်ဉီးအဖြစ်
အသက်ရှင်ဖို့ လိုအပ်ပါတယ်။ ၎င်းသည် ပြီးပြည့်စုံပြီး အကြွင်းမဲ့ဝမ်းမြောက်ဖို့ရန် သခင်ယေရှု၏
လမ်းတော် ဖြစ်ပါတယ်။
သခင်ယေရှု
ဖော်ပြထားသည်မှာ “သင်တို့၌
ငါဝမ်းမြောက်စရာအကြောင်း တည်စေခြင်းငှါ၎င်း၊ သင်တို့ ဝမ်းမြောက်စရာအကြောင်း
စုံလင်စေခြင်းငှါ၎င်း၊ ဤစကားကို သင်တို့အားငါဟောပြော၏။” ယောဟန် ၁၅း၁၁
သင့်အသက်တာတွင် ပျော်ရွှင်ခြင်း ရရှိနိုင်ပါတယ်။ ဘုရားသခင်သည် သင့်အတွက်
ဖြစ်ကြောင်းကို သိရှိခြင်းပင် ဖြစ်ပါတယ်။ မကြောက်ပါနှင့်။
ဆင်ခြင်ရန်
-
အကြောက်တရားက သင်ချစ်ရတဲ့သူတွေရဲ့ အသက်တာတွေကို
ဘယ်လိုသက်ရောက်မှုမျိုးတွေ ရှိတယ်လို့ သင်မြင်ဖူးပါသနည်း။
•
သင့်ဘဝအတွက် ဘယ်အကြောက်တရားက အဖျက်စီးဆုံးဖြစ်သနည်း။
•
သင့်အတွက် ဘုရားသခင်ဖြစ်တော်မူကြောင်း သိရှိနားလည်ခြင်းက သင်၏ကြောက်ရွံ့မှုကို မည်သို့အကျိုးသက်ရောက်မှု ဖြစ်စေသနည်း။
----------------------------------------------------------------
Zawgyi Version
စိတ်ပညာရှင်တို့သည် လူတွေမှာ ရှိနိုင်တဲ့ အကြောက်တရားပေါင်းများစွာကို ဖော်ထုတ်ခဲ့ကြပါတယ်။ အကြောက်တရားဆိုသည်မှာ ပြသနာတစ်ခုဖြစ်ပြီး သင်၏ ပျော်ရွှင်မှုကို ယူဆောင်သွားပါတယ်။
ဆင်ခြင်ရန်