Unicode Version
ယုံကြည်ခြင်းဆိုသည်မှာ မမြင်နိုင်တဲ့အရာကို ယုံကြည်ခြင်း
ဖြစ်ပါတယ်။
ဟေဗြဲဩဝါဒစာ ၁၁း၁ “ယုံကြည်ခြင်းသည်
မြော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏။ မမြင်သေးသော အရာတို့ကို
သိမှတ်စွဲလမ်းခြင်းအကြောင်းဖြစ်၏။”
အသက်ရှင်နေထိုင်ဖို့ရန်
သင့်အတွက် ဘုရားသခင် စီမံထားသည့် အသက်တာသည် ရိုးရှင်းပါတယ်။ ၎င်းသည် ယုံကြည်ခြင်း နှင့်
ချစ်ခြင်း အသက်တာ ဖြစ်ပါတယ်။
ချစ်ခြင်းဆိုင်ရာ
အခြေခံသဘောတရားကို သမ္မာကျမ်းစာက ရှင်းလင်းထားပါတယ်။ “ယေရှုက၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့်
ချစ်လော့၊ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ် သော ပညတ်လည်းဖြစ်၏။ ထိုမှတပါး
ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယက ပညတ်သည် ပဌမ
ပညတ်နှင့် သဘောတူ၏။” ရှင်မဿဲခရစ်ဝင်ကျမ်း
၂၂း၃၇, ၃၉
ယုံကြည်ခြင်းအသက်တာ၌
အသက်ရှင်ခြင်း၏ အဓိပ္ပါယ်ကို ဟေဗြဲဩဝါဒစာ ၁၁း၆ တွင် ရှင်းလင်းထားပါတယ်။ “ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏
စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့် အထံတော်သို့
ချဉ်းကပ်သောသူသည်၊ ဘုရားသခင်ရှိတော်မူသည်ကို၎င်း၊ ကိုယ်တော်ကို ရှာသောသူအား
အကျိုးပေး တော်မူသည် ကို၎င်း၊ ယုံကြည်ရမည်။”
သင်က
မိဘဖြစ်တယ်ဆိုလျှင် သားသမီးတို့ သင့်ကို ယုံကြည်တဲ့အခါမှာ သင်ဘယ်လောက် စိတ်ကျေနပ် နေမလဲဆိုတာကို
သိပါမည်။ ထိုနည်း၎င်းပင် ဘုရားသခင်နှင့် ထပ်တူ ဖြစ်ပါတယ်။ သင်၏ ယုံကြည်ခြင်း၊ ဘုရားသခင်၌
ကိုးစားခြင်းသည် - ဘုရားသခင်ကို ကျေနပ်စေပါတယ်။
ယုံကြည်ခြင်းဆိုတာ
ဘာလဲ။ မမြင်နိုင်တဲ့အရာကို သင်က ယုံကြည်နေခြင်း ဖြစ်ပါတယ်။
“မြင်ရခြင်းအရာမှ
ယုံကြည်ခြင်းဖြစ်စေတယ်” လို့လူတွေ ပြောကြပါတယ်။ ဘုရားသခင်ကတော့ အတိအကျ ဆန့်ကျင်ဘက်ကို
ပြောထားတာက “ယုံကြည်ခြင်းမှသည် မြင်ရခြင်းအရာ ဖြစ်စေတယ်”
တစ်ချို့အရာတွေကို သင်အရင်မယုံဘဲနဲ့ သင်ဘယ်တော့မှာ မြင်နိုင်မှာ မဟုတ်ပါဘူး။
ဟေဗြဩဝါဒစာ ၁၁း၁ “ယုံကြည်ခြင်းသည်
မြော်လင့်သောအရာတို့ကို မျက်မှောက်ပြု ခြင်းဖြစ်၏။ မမြင်သေးသော အရာတို့ကို
သိမှတ်စွဲလမ်းခြင်းအကြောင်းဖြစ်၏။”
ကြီးမားတဲ့
အောင်မြင်မှုတိုင်းသည် တစ်စုံတစ်ယောက်က ဖြစ်နိုင်ခြေရှိတယ်ဆိုပြီး စတင်ယုံကြည်သည့်အချိန်ကနေ
စတင်ပါတယ်။ ယုံကြည်ခြင်းသည် အိမ်မက်တို့ကို လက်တွေ့အဖြစ်သို့ ပြောင်းလဲစေပါသည်။ တနည်းအားဖြင့်
ယုံကြည်ခြင်းသည် သင့်စိတ်ကူးထဲ၌ ရှိသောအရာများမှ အမှန်တကယ်ဖြစ်လာသည်။ ဖြစ်နိုင်သည်ဟု
တစ်စုံတစ်ဦးမှ မယုံမချင်း ဘာမှ ဖြစ်မလာပါ။
လွန်ခဲ့တဲ့
နှစ်ပေါင်း ၄၀ ကျော်က Saddleback အသင်းတော်ဆိုင်ရာ ပထမဆုံး ဝတ်ပြုစည်းဝေးတွင် အဖွဲ့ငယ်လေးရှေ့တွင်
ကျွန်တော် ပထမဦးဆုံး ရပ်ခဲ့ပါတယ်။ တစ်ပတ်လျှင် လူ နှစ်သောင်းကို အမှုဆောင်မည့် ဘုရားကျောင်းမြေဧက
၅၀ ရှိသော အသင်းတော်တစ်ခုအတွက် ဘုရားသခင် ကျွန်တော့အား အိမ်မက်ပေး ကြောင်းကို ကျွန်တော်
မျှဝေခဲ့ပါတယ်။ လူတွေက ရယ်ကြပါတယ်။ ရှင်းရှင်းပြောရမယ်ဆို ကျွန်တော်လည်း ရယ်ခဲ့ပါတယ်။
ကယ်လီဖိုးနီးယားမှာရှိတဲ့ လိမ္မော်ရောင်နယ်မြေတွေရဲ့
ဈေးတွေက မြင့်မားတယ်ဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။ မဖြစ်နိုင်ဘူးလို့ ထင်စရာ
ဖြစ်ပါတယ်။
သို့ပေမဲ့
ဘုရားသခင် လုပ်ဆောင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၄ ခုတွင် Saddleback အသင်းတော်အားဖြင့် ဘုရားသခင် လုပ်ဆောင်ခဲ့သမျှသော
အရာအားလုံးတို့သည် ဖြစ်မလာသေးတဲ့ အချိန်မတိုင်မီကာလ၌ မဖြစ်နိုင်ဟု ထင်စရာ ဖြစ်ခဲ့ပါတယ်။
သို့ပေမဲ့ ဘုရားသခင်သည် မဖြစ်နိုင်တဲ့အရာကို
လုပ်ဆောင်မည်ဟု ကျွန်ုပ်တို့ ယုံကြည်မှု ရှိခဲ့ကြပါတယ်။
သင်ရော
ဘယ်လိုလဲ။ မည်ကဲ့သို့သော သင့်အိပ်မက်တို့၌
ယနေ့တွင် ယုံကြည်ခြင်း လိုအပ်နေပါသနည်း။
ဘုရားသခင်အား
အချိန်ပေးလျက် “ကျွန်ုပ်အား ဘာကို လုပ်ဆောင်စေလိုသနည်း” ဟု ယနေ့တွင် ဘုရားသခင်အား မေးလိုက်ပါ။
ဘုရားသခင်ထံ သင်စေ့စေ့ကြည့်လျက် ပြောဆိုတဲ့အခါ ချမှတ်ထားသော ပန်းတိုင်တို့သည် ယုံကြည်ခြင်း၏
ရလဒ် ဖြစ်လာပါမည်။
ဆင်ခြင်ရန်
-
မဖြစ်နိုင်ဘူးဆို သင်ထင်ခဲ့တဲ့ မည်ကဲ့သို့သောအရာတစ်ခုပေါ် ဘုရားသခင် လုပ်ဆောင်မှုပြုခဲ့သည်ကို
သင်မြင်တွေ့ခဲ့ပါသနည်း။
-
မည်သို့သော အိမ်မက်တစ်ခုကို လက်တွေ့အဖြစ်သို့ ပြောင်းလဲဖို့ရန် ဘုရားသခင်အား သင်ယုံကြည်နေပါသနည်း။
-
သင့်အသက်တာအတွက် ဘုရားသခင် ပေးထားသည့်အိမ်မက်
(သို့) ရူပါရုံနှင့် ပတ်သက်လာသောအခါ သင်၏ အကြီးမားဆုံးသော ကြောက်ရွံ့မှုက အဘယ်နည်း။
---------------------------------------------------------------
Zawgyi Version
ယုံၾကည္ျခင္းဆိုသည္မွာ မျမင္ႏိုင္တဲ့အရာကို ယုံၾကည္ျခင္း ျဖစ္ပါတယ္။
ေဟၿဗဲဩဝါဒစာ ၁၁း၁ “ယုံၾကည္ျခင္းသည္ ေျမာ္လင့္ေသာအရာတို႔ကို မ်က္ေမွာက္ျပဳျခင္းျဖစ္၏။ မျမင္ေသးေသာ အရာတို႔ကို သိမွတ္စြဲလမ္းျခင္းအေၾကာင္းျဖစ္၏။”
အသက္ရွင္ေနထိုင္ဖို႔ရန္ သင့္အတြက္ ဘုရားသခင္ စီမံထားသည့္ အသက္တာသည္ ႐ိုးရွင္းပါတယ္။ ၎သည္ ယုံၾကည္ျခင္း ႏွင့္ ခ်စ္ျခင္း အသက္တာ ျဖစ္ပါတယ္။
ခ်စ္ျခင္းဆိုင္ရာ အေျခခံသေဘာတရားကို သမၼာက်မ္းစာက ရွင္းလင္းထားပါတယ္။ “ေယရႈက၊ သင္၏ဘုရားသခင္ ထာဝရဘုရားကို စိတ္ႏွလုံးအႂကြင္းမဲ့ဉာဏ္ရွိသမွ်ႏွင့္ ခ်စ္ေလာ့၊ဟူေသာ ပညတ္သည္ ပဌမပညတ္ျဖစ္၏။ ႀကီးျမတ္ ေသာ ပညတ္လည္းျဖစ္၏။ ထိုမွတပါး ကိုယ္ႏွင့္စပ္ဆိုင္ေသာသူကို ကိုယ္ႏွင့္အမွ် ခ်စ္ေလာ့ဟူေသာ ဒုတိယက ပညတ္သည္ ပဌမ ပညတ္ႏွင့္ သေဘာတူ၏။” ရွင္မႆဲခရစ္ဝင္က်မ္း ၂၂း၃၇, ၃၉
ယုံၾကည္ျခင္းအသက္တာ၌ အသက္ရွင္ျခင္း၏ အဓိပၸါယ္ကို ေဟၿဗဲဩဝါဒစာ ၁၁း၆ တြင္ ရွင္းလင္းထားပါတယ္။ “ယုံၾကည္ျခင္းမရွိလွ်င္၊ ဘုရားသခင္၏ စိတ္ေတာ္ႏွင့္မေတြ႕ႏိုင္။ အေၾကာင္းမူကား၊ ဘုရားသခင့္ အထံေတာ္သို႔ ခ်ဥ္းကပ္ေသာသူသည္၊ ဘုရားသခင္ရွိေတာ္မူသည္ကို၎၊ ကိုယ္ေတာ္ကို ရွာေသာသူအား အက်ိဳးေပး ေတာ္မူသည္ ကို၎၊ ယုံၾကည္ရမည္။”
သင္က မိဘျဖစ္တယ္ဆိုလွ်င္ သားသမီးတို႔ သင့္ကို ယုံၾကည္တဲ့အခါမွာ သင္ဘယ္ေလာက္ စိတ္ေက်နပ္ ေနမလဲဆိုတာကို သိပါမည္။ ထိုနည္း၎ပင္ ဘုရားသခင္ႏွင့္ ထပ္တူ ျဖစ္ပါတယ္။ သင္၏ ယုံၾကည္ျခင္း၊ ဘုရားသခင္၌ ကိုးစားျခင္းသည္ - ဘုရားသခင္ကို ေက်နပ္ေစပါတယ္။
ယုံၾကည္ျခင္းဆိုတာ ဘာလဲ။ မျမင္ႏိုင္တဲ့အရာကို သင္က ယုံၾကည္ေနျခင္း ျဖစ္ပါတယ္။
“ျမင္ရျခင္းအရာမွ ယုံၾကည္ျခင္းျဖစ္ေစတယ္” လို႔လူေတြ ေျပာၾကပါတယ္။ ဘုရားသခင္ကေတာ့ အတိအက် ဆန႔္က်င္ဘက္ကို ေျပာထားတာက “ယုံၾကည္ျခင္းမွသည္ ျမင္ရျခင္းအရာ ျဖစ္ေစတယ္” တစ္ခ်ိဳ႕အရာေတြကို သင္အရင္မယုံဘဲနဲ႔ သင္ဘယ္ေတာ့မွာ ျမင္ႏိုင္မွာ မဟုတ္ပါဘူး။
ေဟျဗဩဝါဒစာ ၁၁း၁ “ယုံၾကည္ျခင္းသည္ ေျမာ္လင့္ေသာအရာတို႔ကို မ်က္ေမွာက္ျပဳ ျခင္းျဖစ္၏။ မျမင္ေသးေသာ အရာတို႔ကို သိမွတ္စြဲလမ္းျခင္းအေၾကာင္းျဖစ္၏။”
ႀကီးမားတဲ့ ေအာင္ျမင္မႈတိုင္းသည္ တစ္စုံတစ္ေယာက္က ျဖစ္ႏိုင္ေျခရွိတယ္ဆိုၿပီး စတင္ယုံၾကည္သည့္အခ်ိန္ကေန စတင္ပါတယ္။ ယုံၾကည္ျခင္းသည္ အိမ္မက္တို႔ကို လက္ေတြ႕အျဖစ္သို႔ ေျပာင္းလဲေစပါသည္။ တနည္းအားျဖင့္ ယုံၾကည္ျခင္းသည္ သင့္စိတ္ကူးထဲ၌ ရွိေသာအရာမ်ားမွ အမွန္တကယ္ျဖစ္လာသည္။ ျဖစ္ႏိုင္သည္ဟု တစ္စုံတစ္ဦးမွ မယုံမခ်င္း ဘာမွ ျဖစ္မလာပါ။
လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၄၀ ေက်ာ္က Saddleback အသင္းေတာ္ဆိုင္ရာ ပထမဆုံး ဝတ္ျပဳစည္းေဝးတြင္ အဖြဲ႕ငယ္ေလးေရွ႕တြင္ ကြၽန္ေတာ္ ပထမဦးဆုံး ရပ္ခဲ့ပါတယ္။ တစ္ပတ္လွ်င္ လူ ႏွစ္ေသာင္းကို အမႈေဆာင္မည့္ ဘုရားေက်ာင္းေျမဧက ၅၀ ရွိေသာ အသင္းေတာ္တစ္ခုအတြက္ ဘုရားသခင္ ကြၽန္ေတာ့အား အိမ္မက္ေပး ေၾကာင္းကို ကြၽန္ေတာ္ မွ်ေဝခဲ့ပါတယ္။ လူေတြက ရယ္ၾကပါတယ္။ ရွင္းရွင္းေျပာရမယ္ဆို ကြၽန္ေတာ္လည္း ရယ္ခဲ့ပါတယ္။ ကယ္လီဖိုးနီးယားမွာရွိတဲ့ လိေမၼာ္ေရာင္နယ္ေျမေတြရဲ႕ ေဈးေတြက ျမင့္မားတယ္ဆိုတာ ကြၽန္ေတာ္တို႔အားလုံး သိၾကပါတယ္။ မျဖစ္ႏိုင္ဘူးလို႔ ထင္စရာ ျဖစ္ပါတယ္။
သို႔ေပမဲ့ ဘုရားသခင္ လုပ္ေဆာင္ခဲ့ပါတယ္။ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ ၄ ခုတြင္ Saddleback အသင္းေတာ္အားျဖင့္ ဘုရားသခင္ လုပ္ေဆာင္ခဲ့သမွ်ေသာ အရာအားလုံးတို႔သည္ ျဖစ္မလာေသးတဲ့ အခ်ိန္မတိုင္မီကာလ၌ မျဖစ္ႏိုင္ဟု ထင္စရာ ျဖစ္ခဲ့ပါတယ္။ သို႔ေပမဲ့ ဘုရားသခင္သည္ မျဖစ္ႏိုင္တဲ့အရာကို လုပ္ေဆာင္မည္ဟု ကြၽႏ္ုပ္တို႔ ယုံၾကည္မႈ ရွိခဲ့ၾကပါတယ္။
သင္ေရာ ဘယ္လိုလဲ။ မည္ကဲ့သို႔ေသာ သင့္အိပ္မက္တို႔၌ ယေန႔တြင္ ယုံၾကည္ျခင္း လိုအပ္ေနပါသနည္း။
ဘုရားသခင္အား အခ်ိန္ေပးလ်က္ “ကြၽႏ္ုပ္အား ဘာကို လုပ္ေဆာင္ေစလိုသနည္း” ဟု ယေန႔တြင္ ဘုရားသခင္အား ေမးလိုက္ပါ။ ဘုရားသခင္ထံ သင္ေစ့ေစ့ၾကည့္လ်က္ ေျပာဆိုတဲ့အခါ ခ်မွတ္ထားေသာ ပန္းတိုင္တို႔သည္ ယုံၾကည္ျခင္း၏ ရလဒ္ ျဖစ္လာပါမည္။
ဆင္ျခင္ရန္
- မျဖစ္ႏိုင္ဘူးဆို သင္ထင္ခဲ့တဲ့ မည္ကဲ့သို႔ေသာအရာတစ္ခုေပၚ ဘုရားသခင္ လုပ္ေဆာင္မႈျပဳခဲ့သည္ကို သင္ျမင္ေတြ႕ခဲ့ပါသနည္း။
- မည္သို႔ေသာ အိမ္မက္တစ္ခုကို လက္ေတြ႕အျဖစ္သို႔ ေျပာင္းလဲဖို႔ရန္ ဘုရားသခင္အား သင္ယုံၾကည္ေနပါသနည္း။
- သင့္အသက္တာအတြက္ ဘုရားသခင္ ေပးထားသည့္အိမ္မက္ (သို႔) ႐ူပါ႐ုံႏွင့္ ပတ္သက္လာေသာအခါ သင္၏ အႀကီးမားဆုံးေသာ ေၾကာက္႐ြံ႕မႈက အဘယ္နည္း။