Faith and Persistence Go Hand in Hand
 Unicode Version
ယုံကြည်ခြင်းနှင့် ဇွဲလုံ့လတို့သည် တပူးတတွဲရှိကြသည်။
ဟေဗြဲဩဝါဒစာ ၁၁း၂၇ “ယုံကြည်ခြင်းအားဖြင့် ရှင်ဘုရင်အမျက်ကို မကြောက်ဘဲ၊ အဲဂုတ္တုပြည်ကိုစွန့်သွား၏။ အကြောင်းမူ ကား၊ မျက်မြင်မရသော ဘုရားသခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ၏။
 ကောင်းတယ်လို့ ခံစားရတဲ့အရာဆိုလျှင် “လုပ်ပါ” ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်မှုက ကျွန်ုပ်တို့ ယဉ်ကျေးမှုမှာ ရှိနေပါတယ်။ လိုချင်သည်ဖြစ်စေ ၊ မလိုချင်သည်ဖြစ်စေ ၎င်းသည် ကျွန်ုပ်တို့အားလုံးပေါ် လွှမ်းမိုးနေပါတယ်။ သို့ပေမဲ့ သင်ရဲ့ စိတ်ခံစားမှုပေါ် သင့်ကိုယ်သင် ကိုင်တွယ်ဖြေရှင်းဖို့ ခွင့်ပြုလိုက်တဲ့ အခါမှာတော့ သင်သည် ခံစားချက်တွေအတိုင်း အသက်ရှင်နေတာ ဖြစ်သွားပါတယ်။
သို့ပေမဲ့ သင့်အား မတူညီတဲ့ အသက်တာနဲ့ (ခံစားချက်အတိုင်း ရှင်သန်ခြင်းမဟုတ်ဘဲ ယုံကြည်ခြင်း အသက်တာဖြင့် ) အသက်ရှင်ဖို့ရန် ဘုရားသခင် အလိုတော်ရှိတာ ဖြစ်ပါတယ်။ ကျွန်ုပ်သည် အမြဲတမ်း မှန်ကန်တဲ့ အရာကို လုပ်နေတယ်လို့ မခံစားရဘူးဆိုတာ အမှန်တရား ဖြစ်ပါတယ်။ သင်လည်း မခံစားရဘူးဆိုတာ သေချာပါတယ်။  သို့ပေမဲ့ ဘုရားသခင်သည် ခံစားချက်များထက် မြဲမြံတည်ကြည်မည့် ယုံကြည်ခြင်းမျိုးကို သင့်အား ပေးနိုင်ပါတယ်။
ဘေးပတ်ဝန်းကျင်ကို ကြည့်မယ်ဆိုလျှင် အောင်မြင်တဲ့သူတွေမှာ သူတို့ မလုပ်ချင်တဲ့အရာတွေကို လုပ်ဆောင် နေတာ တွေ့ရပါလိမ့်မည်။ လုပ်ဆောင်မှုများပေါ် ငြီးငွေ့ ပင်ပန်းလာကြပြီး ကွဲပြားတဲ့ အရာတွေကို လုပ်ဆောင်လိုကြပါတယ်။ သူများတွေ မလုပ်ချင်တဲ့အရာတွေကို သူတို့လုပ် ဆောင်ကြပါတယ်။
နာရီပေါင်းများစွာ လေ့ကျင့်ထားမှု မရှိသရွေ့ အိုလံပစ် အားကစားသမားတစ်ယောက် မဖြစ်လာနိုင်ပါဘူး။ များစွာသော အချိန်နာရီပေးပြီး လေ့ကျင့်မှု မပြုထားပါလျှင် ကျွမ်းကျင်တဲ့ ဂီတသမားတစ်ယောက် မဖြစ်လာ နိုင်ပါဘူး။
ရင့်ကျက်မှုသော ခရစ်ယာန်အသက်တာအတွက်လည်း အလားတူ ဖြစ်ပါတယ်။ ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်မှု နက်ရှိုင်းစေလိုပါလျှင် ဘုရားသခင်နှင့်အတူ အချိန်ပေးရပါမည်။ ဘုရားသခင်နှင့်အတူ အချိန်ပေးပြီး တကယ့်ကို ပျော်ရွှင်ဝမ်းမြောက်မှု ရှိတဲ့လူတွေကို သင်သိပါသလား။ ဘာကြောင့်လဲဆိုတော့ သူတို့က ဘုရားနဲ့ အချိန်များစွာ ကုန်လွန်တည်ရှိနေလို့ဖြစ်ပါတယ်။
ယုံကြည်ခြင်းနှင့် ဇွဲလုံ့လတို့သည် အတူတကွ ရှိကြပါတယ်။ ယုံကြည်ခြင်းသည် သင်ပင်ပန်းနေသည့်တိုင် ဇွဲမလျော့ခြင်းကို ဆိုလိုပါတယ်။ ယုံကြည်ခြင်း၌ အသက်ရှင်တဲ့အခါ သင်မြဲမြံတည်ကြည်ခြင်း ရှိနေပါမည်။
ယုံကြည်ခြင်း၌ တည်တဲ့အသက်တာဖြင့် အသက်ရှင်ခဲ့တဲ့ မောရှေ၏ သာဓက ရှိပါတယ်။ ဟေဗြဲ ၁၁း၂၇ တွင် ဖော်ပြထားသည်မှာ ယုံကြည်ခြင်းအားဖြင့် ရှင်ဘုရင်အမျက်ကို မကြောက်ဘဲ၊ အဲဂုတ္တုပြည်ကိုစွန့်သွား၏။ အကြောင်းမူ ကား၊ မျက်မြင်မရသော ဘုရားသခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ၏။
မောရှေသည် အရေးကြီးတဲ့ အမှန်တရားတစ်ခုကို သဘောပေါက်ခဲ့ပါတယ်။ မမြင်နိုင်တဲ့အချိန်အခါမှာ မဖြစ်နိုင် တဲ့အရာကို ပြီးမြောက်စေနိုင်တာ ဖြစ်ပါတယ်။
ခံနိုင်ရည်ရှိဖို့ ခွန်အားကို ဘုရားသခင် သင့်အား ပေးပါလိမ့်မည်။ မျှော်လင့်ချက်မဲ့နေတဲ့ အိမ်ထောင်ရေးပေါ်တွင် ဆက်လက်မြဲမြံဖို့ရန် သင့်အား စွမ်းအားပေးပါလိမ့်မည်။ သင်လဲကျတဲ့အခါတွင် သင့်ကိုယ်သင်ကူမဖို့ ၊ သင် ဒေဝါလီခံရချိန်တွင် ဆက်လက်ရပ်တည်ဖို့ နှင့် သင့်ပတ်ဝန်းကျင်က သင့်အား အရာအားလုံးကို စွန့်လွှတ်ဖို့ပြောနေချိန်တွင် သင်၏ ယုံကြည်ချက်တွေကို ထိန်းသိမ်းထားဖို့ တန်ခိုးစွမ်းအားကို ဘုရားသခင် ပေးပါလိမ့်မည်။
ယုံကြည်ခြင်း၏ သော့ချက်က မြဲမြံနေဖို့ ဖြစ်ပါတယ်။ သင်၏ ပြသနာပေါ်တွင် မမျှော်ကြည့်ဘဲ ဘုရားသခင်ကိုသာ အစဉ်မျှော်ကြည့်ပါ။
ဆက်လက်လျှောက်လှမ်းနေဖို့ ဘုရားသခင်၏ တန်ခိုးတော်သည် သင့်အတွက် အမြဲတမ်းရှိပါသည်။ ၎င်းအတွက် သင်တောင်းလျှောက်ဖို့သာ လိုအပ်ပါတယ်။
ဆင်ခြင်ရန်
- သင့်အသက်တာရှိ မည်သို့သော အခန်းကဏ္ဍတွင် လက်လျော့အရှုံးပေးဖို့ရန် သွေးဆောင်ခံရပါသနည်း။ သင့်အား ဂရုစိုက်သော သူတို့နှင့် ထိုအကြောင်းကို ပြောပါ။
- မည်သည့်အရာက သင်၏ စိတ်ပိုင်းဖြတ်မှုနှင့် ဇွဲလုံ့လကို ကန့်သတ်စေသော အတားအဆီး ဖြစ်ပါသနည်း။ ခန္ဓာပိုင်း ဆိုင်ရာ ပင်ပန်းနေသလား။ စိတ်ပျက်အားငယ်မှုကို ကျော်လွှားနေသလား။ အတိတ်က အရာတွေကနေ စိတ်ဓါတ်ကျနေလား။
-------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်