Can I Be Sure I’ll Get Into Heaven?

Unicode Version

ကျွန်ုပ်ကောင်းကင်ဘုံဝင်ရဖို့ရန် သေချာပါရဲ့လား။

ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၅း၂၄ “ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်၍ ငါ့ကိုစေလွှတ် တော်မူသောသူကို ယုံကြည် သောသူသည် ထာဝရအသက်ကို ရသည်ဖြစ်၍ အပြစ်စီရင်ခြင်းကိုမခံရ။ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူး မြောက်သောသူဖြစ်၏။


သခင်ယေရှု အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းသည် သင့်အား စီရင်ခြင်းမှ လွှတ်မြောက်စေပါတယ်။ သင်က စီရင်ခြင်းနေ့ရက်ကို စိတ်ကူးထဲမှာ တစ်စုံတစ်ရာ တွေးမြင်ကောင်း တွေးမြင်ပါမည်။ ကောင်းကင်ဘုံ တံခါးဝမှာ ရှည်လျားစွာ တမ်းစီနေပြီး တဖြည်းဖြည်းနဲ့ တစ်လှမ်းချင်းရှေ့ကို ရွေ့သွားမယ်။ နီးလာတဲ့အလျှောက် ချွေးတွေထက်ပြီး သိချင်စိတ်တွေ စတင်လာမယ် “ငါဝင်ရပါ့မလား ။ ငါဝင်ရဖို့ရှိပါ့မလား။ ငါလုပ်ခဲ့ဖူးတဲ့ အမှားတွေ (သို့) ဆိုးမိုက်ခြင်းတွေကို ပြသဖို့ ကြီးမားတဲ့ TV ဖန်သားပြင်ကို ဘုရားသခင် အသုံးပြုမှာလား။ ငါ့အပြစ်အားလုံး ဖော်ပြခြင်း ခံရမှာလား။

ကျွန်ုပ်မှာ သင့်အတွက် သတင်းကောင်းရှိပါတယ်။ သခင်ယေရှုကိုယ်တော်တိုင် ကတိတော်ရှိပါတယ်။ သားတော်ကိုယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ။ မယုံကြည်သောသူမူကား၊ ဘုရားသခင်၌ တပါးတည်းသောသား တော်ကို မယုံကြည်သောကြောင့် ယခုပင်အပြစ်စီရင်ခြင်းကိုခံရ၏။” ရှင်ယောဟန်ခရစ် ဝင်ကျမ်း ၃း၁၈

(သို့) ယောဟန်ခရစ်ဝင်ကျမ်း နောက်ပိုင်းလေးမှာ သခင်ယေရှု ပြောထားသည်မှာ ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်၍ ငါ့ကိုစေလွှတ် တော်မူသောသူကို ယုံကြည် သောသူသည် ထာဝရအသက်ကို ရသည်ဖြစ်၍ အပြစ်စီရင်ခြင်းကိုမခံရ။ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူး မြောက်သောသူဖြစ်၏။” ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၅း၂၄

 

ထိုအရာက သတင်းကောင်းလား။ ဟုတ်ပါတယ်။ သတင်းကောင်းပါ။

 

Buddy လို့ခေါ်တဲ့ ကျွန်တော့ သူငယ်ချင်းတစ်ယောက် ပြောခဲ့ဖူးတာက “ငါ ငယ်ငယ်တုန်းက ဥပုဒ်နေ့ စာသင်တန်းကျောင်းက ဆရာမက ပြောခဲ့တာရှိတယ်။ ဘုရားသခင်က ကောင်းကင်ဘုံမှ ထိုင်နေပြီး Buddy လုပ်ခဲ့သမျှ မကောင်းတဲ့အရာအားလုံးကို ချရေးနေပါတယ်။ သူမက အပတ်စဉ်တိုင်း အတန်းသားတွေကို သီချင်းဆိုစေခဲ့ပါတယ်။ ထိုသီချင်းက “ငါ၏ ဘုရားသခင် အချိန်တိုင်း စာရေးနေပါတယ်… ရေးနေပါတယ်…ရေးနေပါတယ်….အချိန်တိုင်း…..”။ Buddy ပြောတာက “ထိုအရာက ငါ့ကို ကြောက်စေခဲ့တယ်။ ငါထင်ထားတာက ငါကောင်းကင်ဘုံ ရောက်နိုင်ဖို့ ဘယ်တော့မှ မလုပ်နိုင်တော့ဘူးပေါ့။ ငါ့ရဲ့ မကောင်းတဲ့အရာ ရေးသားခြင်း စာရင်းက ပိုပြီး ရှည်လာ နေတာပေါ့”။

 

သခင်ယေရှု၌ ယုံကြည်ခြင်းဖြင့် သင်ရောက်လာတဲ့အခါတွင် ဘုရားသခင်က ထိုသို့ဆက်ဆံသလော။ မဟုတ်ပါ။ တကယ်တော့ ဘုရားသခင်က အချိန်တိုင်း ဖျက်နေတာ….. ဖျက်နေတာ ဖြစ်ပါတယ်။ ခွင့်လွှတ်နေတာ ..ခွင့်လွှတ်နေတာ …အချိန်တိုင်း ဖြစ်ပါတယ်။ ကောင်းကင်ဘုံတွင် ဘုရားသခင်ထိုင်နေပြီး “delete” ဆိုတဲ့ ခလုတ်ကို နှိပ်နေတာ ဖြစ်ပါတယ်။

ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။” ၁ယော ၄း၈

မလျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိသည်ဟု မထင်တတ်၊ မတရားသော အမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌ ဝမ်းမြောက်တတ်၏။” ၁ကော ၁၃း၅

သခင်ယေရှု၏ ချစ်ခြင်းမေတ္တာ၌ သင်၏ ယုံကြည်ခြင်းကို အပ်နှံပါလျှင် သင်၏ အပြစ်အားလုံး ဖယ်ရှားခြင်း ခံရမှာ ဖြစ်ပါတယ်။

“ဘုရားသခင်ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌တည်၍၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ် ပကတိအတိုင်း ကျင့်သောသူတို့သည် အပြစ်စီရင်ခြင်း နှင့် လွတ်ကြ၏။” ရောမဩဝါဒစာ ၈း၁

 

ဆင်ခြင်ရန်

- လူတွေက “စီရင်ခြင်း နေ့ရက်” အကြောင်းပြောနေကြတာကို သင်ကြားတဲ့အခါ သင်မည်သို့ တွေးမြင်ပါသနည်း။

- ကောင်းကင်ဘုံရှိ အနာဂတ်၏ စိတ်ချရမှုသည် သင်၏ နေ့စဉ် လုပ်ဆောင်မှု နှင့် ရွေးချယ်မှုတို့ကို မည်သို့ ပုံဖော်စေပါသနည်း။

- မှားယွင်းမှု ၊ ဆိုးမိုက်မှု မှတ်တမ်းတို့ကို ဘုရားသခင် မမှတ်တော်မူပါလျှင် မှန်ကန်သောအရာကို ကြိုးစားလုပ်ဆောင် ဖို့ရန် ဘာကြောင့် အရေးကြီးနေစဲ ဖြစ်သနည်း။

 

သင်ကောင်းကင်ဘုံ ဝင်ရဖို့ရန် သေချာပါတယ်။

လူတော်တော်များများ သေဆုံးခြင်းနှင့် စီရင်ခြင်းကို ကြောက်ကြပါတယ်။ သို့ပေမဲ့ သခင်ယေရှုရဲ့ အသေခံခြင်း နှင့် ရှင်ပြန်ထမြောက်ခြင်းအရာက သင်အား ထိုကြောက်ရွံ့မှုကနေ ကင်းလွှတ်စေနိုင်ပါတယ်။ 


-----------------------------------------------------------------------

Zawgyi Version

ကြၽႏ္ုပ္ေကာင္းကင္ဘုံဝင္ရဖို႔ရန္ ေသခ်ာပါရဲ႕လား။

ရွင္ေယာဟန္ခရစ္ဝင္က်မ္း ၅း၂၄ “ငါအမွန္အကန္ဆိုသည္ကား၊ ငါ့စကားကို နားေထာင္၍ ငါ့ကိုေစလႊတ္ ေတာ္မူေသာသူကို ယုံၾကည္ ေသာသူသည္ ထာဝရအသက္ကို ရသည္ျဖစ္၍ အျပစ္စီရင္ျခင္းကိုမခံရ။ ေသျခင္းမွ အသက္ရွင္ျခင္းသို႔ ကူး ေျမာက္ေသာသူျဖစ္၏။”

သခင္ေယရႈ အေသခံျခင္းႏွင့္ ရွင္ျပန္ထေျမာက္ျခင္းသည္ သင့္အား စီရင္ျခင္းမွ လႊတ္ေျမာက္ေစပါတယ္။ သင္က စီရင္ျခင္းေန႔ရက္ကို စိတ္ကူးထဲမွာ တစ္စုံတစ္ရာ ေတြးျမင္ေကာင္း ေတြးျမင္ပါမည္။ ေကာင္းကင္ဘုံ တံခါးဝမွာ ရွည္လ်ားစြာ တမ္းစီေနၿပီး တျဖည္းျဖည္းနဲ႔ တစ္လွမ္းခ်င္းေရွ႕ကို ေ႐ြ႕သြားမယ္။ နီးလာတဲ့အေလွ်ာက္ ေခြၽးေတြထက္ၿပီး သိခ်င္စိတ္ေတြ စတင္လာမယ္ “ငါဝင္ရပါ့မလား ။ ငါဝင္ရဖို႔ရွိပါ့မလား။ ငါလုပ္ခဲ့ဖူးတဲ့ အမွားေတြ (သို႔) ဆိုးမိုက္ျခင္းေတြကို ျပသဖို႔ ႀကီးမားတဲ့ TV ဖန္သားျပင္ကို ဘုရားသခင္ အသုံးျပဳမွာလား။ ငါ့အျပစ္အားလုံး ေဖာ္ျပျခင္း ခံရမွာလား။
ကြၽႏ္ုပ္မွာ သင့္အတြက္ သတင္းေကာင္းရွိပါတယ္။ သခင္ေယရႈကိုယ္ေတာ္တိုင္ ကတိေတာ္ရွိပါတယ္။ “သားေတာ္ကိုယုံၾကည္ေသာသူသည္ အျပစ္စီရင္ျခင္းကို မခံရ။ မယုံၾကည္ေသာသူမူကား၊ ဘုရားသခင္၌ တပါးတည္းေသာသား ေတာ္ကို မယုံၾကည္ေသာေၾကာင့္ ယခုပင္အျပစ္စီရင္ျခင္းကိုခံရ၏။” ရွင္ေယာဟန္ခရစ္ ဝင္က်မ္း ၃း၁၈
(သို႔) ေယာဟန္ခရစ္ဝင္က်မ္း ေနာက္ပိုင္းေလးမွာ သခင္ေယရႈ ေျပာထားသည္မွာ “ငါအမွန္အကန္ဆိုသည္ကား၊ ငါ့စကားကို နားေထာင္၍ ငါ့ကိုေစလႊတ္ ေတာ္မူေသာသူကို ယုံၾကည္ ေသာသူသည္ ထာဝရအသက္ကို ရသည္ျဖစ္၍ အျပစ္စီရင္ျခင္းကိုမခံရ။ ေသျခင္းမွ အသက္ရွင္ျခင္းသို႔ ကူး ေျမာက္ေသာသူျဖစ္၏။” ရွင္ေယာဟန္ခရစ္ဝင္က်မ္း ၅း၂၄

ထိုအရာက သတင္းေကာင္းလား။ ဟုတ္ပါတယ္။ သတင္းေကာင္းပါ။

Buddy လို႔ေခၚတဲ့ ကြၽန္ေတာ့ သူငယ္ခ်င္းတစ္ေယာက္ ေျပာခဲ့ဖူးတာက “ငါ ငယ္ငယ္တုန္းက ဥပုဒ္ေန႔ စာသင္တန္းေက်ာင္းက ဆရာမက ေျပာခဲ့တာရွိတယ္။ ဘုရားသခင္က ေကာင္းကင္ဘုံမွ ထိုင္ေနၿပီး Buddy လုပ္ခဲ့သမွ် မေကာင္းတဲ့အရာအားလုံးကို ခ်ေရးေနပါတယ္။ သူမက အပတ္စဥ္တိုင္း အတန္းသားေတြကို သီခ်င္းဆိုေစခဲ့ပါတယ္။ ထိုသီခ်င္းက “ငါ၏ ဘုရားသခင္ အခ်ိန္တိုင္း စာေရးေနပါတယ္… ေရးေနပါတယ္…ေရးေနပါတယ္….အခ်ိန္တိုင္း…..”။ Buddy ေျပာတာက “ထိုအရာက ငါ့ကို ေၾကာက္ေစခဲ့တယ္။ ငါထင္ထားတာက ငါေကာင္းကင္ဘုံ ေရာက္ႏိုင္ဖို႔ ဘယ္ေတာ့မွ မလုပ္ႏိုင္ေတာ့ဘူးေပါ့။ ငါ့ရဲ႕ မေကာင္းတဲ့အရာ ေရးသားျခင္း စာရင္းက ပိုၿပီး ရွည္လာ ေနတာေပါ့”။

သခင္ေယရႈ၌ ယုံၾကည္ျခင္းျဖင့္ သင္ေရာက္လာတဲ့အခါတြင္ ဘုရားသခင္က ထိုသို႔ဆက္ဆံသေလာ။ မဟုတ္ပါ။ တကယ္ေတာ့ ဘုရားသခင္က အခ်ိန္တိုင္း ဖ်က္ေနတာ….. ဖ်က္ေနတာ ျဖစ္ပါတယ္။ ခြင့္လႊတ္ေနတာ ..ခြင့္လႊတ္ေနတာ …အခ်ိန္တိုင္း ျဖစ္ပါတယ္။ ေကာင္းကင္ဘုံတြင္ ဘုရားသခင္ထိုင္ေနၿပီး “delete” ဆိုတဲ့ ခလုတ္ကို ႏွိပ္ေနတာ ျဖစ္ပါတယ္။ 
ဘာေၾကာင့္လဲ။ ဘာေၾကာင့္လဲဆိုေတာ့ “ဘုရားသခင္သည္ ခ်စ္ျခင္းေမတၱာ ျဖစ္ေတာ္မူ၏။” ၁ေယာ ၄း၈
“မေလ်ာက္ပတ္စြာမက်င့္တတ္၊ ကိုယ္အက်ိဳးကို မရွာတတ္၊ ေဒါသအမ်က္မထြက္တတ္၊ အျပစ္ရွိသည္ဟု မထင္တတ္၊ မတရားေသာ အမႈ၌ ဝမ္းေျမာက္ျခင္းမရွိတတ္၊ သမၼာတရား၌ ဝမ္းေျမာက္တတ္၏။” ၁ေကာ ၁၃း၅
သခင္ေယရႈ၏ ခ်စ္ျခင္းေမတၱာ၌ သင္၏ ယုံၾကည္ျခင္းကို အပ္ႏွံပါလွ်င္ သင္၏ အျပစ္အားလုံး ဖယ္ရွားျခင္း ခံရမွာ ျဖစ္ပါတယ္။ 
“ဘုရားသခင္ကယ္လႊတ္ေတာ္မူေသာေၾကာင့္ ေယရႈခရစ္၌တည္၍၊ ဇာတိပကတိအတိုင္းမက်င့္၊ ဝိညာဥ္ ပကတိအတိုင္း က်င့္ေသာသူတို႔သည္ အျပစ္စီရင္ျခင္း ႏွင့္ လြတ္ၾက၏။” ေရာမဩဝါဒစာ ၈း၁

ဆင္ျခင္ရန္
- လူေတြက “စီရင္ျခင္း ေန႔ရက္” အေၾကာင္းေျပာေနၾကတာကို သင္ၾကားတဲ့အခါ သင္မည္သို႔ ေတြးျမင္ပါသနည္း။
- ေကာင္းကင္ဘုံရွိ အနာဂတ္၏ စိတ္ခ်ရမႈသည္ သင္၏ ေန႔စဥ္ လုပ္ေဆာင္မႈ ႏွင့္ ေ႐ြးခ်ယ္မႈတို႔ကို မည္သို႔ ပုံေဖာ္ေစပါသနည္း။
- မွားယြင္းမႈ ၊ ဆိုးမိုက္မႈ မွတ္တမ္းတို႔ကို ဘုရားသခင္ မမွတ္ေတာ္မူပါလွ်င္ မွန္ကန္ေသာအရာကို ႀကိဳးစားလုပ္ေဆာင္ ဖို႔ရန္ ဘာေၾကာင့္ အေရးႀကီးေနစဲ ျဖစ္သနည္း။

သင္ေကာင္းကင္ဘုံ ဝင္ရဖို႔ရန္ ေသခ်ာပါတယ္။
လူေတာ္ေတာ္မ်ားမ်ား ေသဆုံးျခင္းႏွင့္ စီရင္ျခင္းကို ေၾကာက္ၾကပါတယ္။ သို႔ေပမဲ့ သခင္ေယရႈရဲ႕ အေသခံျခင္း ႏွင့္ ရွင္ျပန္ထေျမာက္ျခင္းအရာက သင္အား ထိုေၾကာက္႐ြံ႕မႈကေန ကင္းလႊတ္ေစႏိုင္ပါတယ္။